CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင့်တင့်လျောက်ပတ် သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်ဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မှတ်ပုံတင်ခွင့် ပြုထားသည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် နစကဥက္ကဋ္ဌတို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အာဏာတည်စေခဲ့ကြောင်း၊ ယင်းဥပဒေသည် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ အထူး သဖြင့် ဒို့တာဝန် အရေးပါးသုံးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ယခင်ကတည်းကပင် ပြဋ္ဌာန်းခဲ့သည့်ဥပဒေ ဖြစ်ကြောင်း၊ ယင်းဥပဒေနှင့်ပတ်သက်၍ တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန် ထုပ်ဝန်ပိုး မဖြစ်ရန်လိုကြောင်း၊ သတ်မှတ် အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အခြေ အနေ ဖြစ်အောင် ဆောင်ရွက်သွားမည်”ဟု ပြောသည်။

အရန်တပ်ဖွဲ့ဥပဒေကိုလည်း စစ်မှုထမ်းဟောင်းများမှ တောင်းဆိုခြင်းကြောင့် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်မှု ထမ်းဟောင်း အားလုံးကို ပြန်လည်ခေါ်ယူမည်ဟု မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည် ခေါ်ယူ တာဝန်ပေးအပ်သွားမည်ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း လူဦးရေ ၁၃ သန်းရှိကြောင်း၊ ထိုအထဲမှ အမျိုးသားများကိုသာ ပထမဆုံး စစ်မှုထမ်းရန် ဆင့် ခေါ်မည် ဖြစ်ကြောင်း၊ စစ်မှုထမ်းရန် ဆင့်ခေါ်သည့်အခါမှာလည်း အားလုံးကိုမဟုတ်ဘဲ လိုအပ်သည့် အရေအ တွက်သာ ဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၎င်းက “ ကျနော်တို့အနေနဲ့ လူဦးရေ ၁၃ သန်းပေါ့နော်၊ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းထဲမှာ အမျိုးသမီးတွေကို ထည့်မတွက်နဲ့အုံး အမျိုးသားတွေပဲ ထည့်တွက်အုံး အမျိုးသားတွေပဲ ထည့်တွက် ရင် ဒီ ၆ ဒသမ ၃ သန်းရဲ့ ၁ ရာခိုင်နှုန်းဆိုရင် တစ်သိန်းနှစ်သောင်း ရှိပြီဖြစ်ပါတယ်။ ၁၀ ရာခိုင်နှုန်းဆိုရင် လူဦး ရေ ၆ သိန်းရှိပြီး ဖြစ်ပါတယ်။ ကျနော်တို့ ဒီလောက် လူဦးရေလိုသလား ၁၀ ရာခိုင်နှုန်းလိုသလား မလိုနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆ သောင်းရှိတယ်။ ရပ်ကွက်တွေပါ ထည့်တွက်ရင် ၆ သောင်းကျော်ရှိတယ်။ ရပ်ကွက်တစ်ခုမှာ စစ်မှုထမ်းဆောင်ဖို့ ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့ တစ်ဦးထက် ဒါမှမဟုတ် နှစ်ဦးထက် ပိုစရာ အကြောင်းမရှိပါဘူး”ဟု ပြောသည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများကို အခြေခံစစ်သင်တန်း တစ်ကြိမ်လျှင် ၆ လကြာမြင့်ကြောင်း၊ ထို ၆ လအတွင်း လစာ၊ နေထိုင်စရာ၊ ရိက္ခာနှင့် အသုံးအဆောင်များကို နိုင်ငံတော်က ကျခံရမည်ဖြစ်၍ ငွေကြေး သိန်းပေါင်းသောင်းချီ ကုန်ကျနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး ကျွမ်းကျင်သူများက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်

ထို့ကြောင့် တပ်မတော်သည် ငွေကြေး အပါအဝင် လိုအပ်သော အခြေခံအရင်းအမြစ်များ အကုန်အကျများမည် ဖြစ်၍ စစ်မှုထမ်းရန် အကျုံးဝင်သည်ဟု ပြောနေသည့် လူဦးရေအားလုံးကို ခေါ်ယူနိုင်ခြေမရှိကြောင်း၊ နိုင်ငံ သူ/သားများအနေဖြင့် စိုးရိမ်စရာမလိုကြောင်း ၎င်းတို့က ထောက်ပြကြသည်။

နစက အနေဖြင့် သတင်းထုတ်ပြန်မှုများ လုပ်သည့်အခါမှာ ပြည်သူလူထုကို ရှင်းလင်း ပြတ်သားစွာ ထုတ်ပြန် သင့်ကြောင်း၊ ပြည်သူလူထု စိုးရိမ်နေသော အကြောင်းအရာများကို သိရှိနားလည်အောင် လုပ်ပြီးမှ ထုတ်ပြန် စေလိုကြောင်း နိုင်ငံရေးသမားများက ထောက်ပြကြသည်။