CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

ပြည်သူ့စစ်မှုထမ်းဥပဒေကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ် ရေးထိုး၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အတည်ပြု ပြဋ္ဌာန်းလိုက်သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် နစကဥက္ကဋ္ဌ တွေ့ဆုံပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်း အခြေအနေနှင့် အားလုံးကို စစ်မှုထမ်းခိုင်းမည်မဟုတ် ကြောင်း ပြောကြားခဲ့သည်။

အလားတူ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း စစ်မှုထမ်းရန် အကျုံး ဝင်သူ ၁၄ သန်းရှိသည့်အနက် အားလုံးကို တာဝန်ထမ်းဆောင်မည်မဟုတ်ဘဲ ရပ်ကွက်တစ်ခု သို့မဟုတ် ကျေးရွာ တစ်ရွာလျှင် လူ ၂ ဦးလောက်သာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။