- By CNI
- Category: နိုင်ငံရေး
- Hits: 678
CNI International News
ဘေကျင်း၊ အောက်တိုဘာ ၂
ဂျပန်၊ တောင်ကိုရီးယားတို့ဖြင့် ဆိုက်ဘာနှင့် AI နည်းပညာ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုများ ချဲ့ထွင်နေသော အမေရိကန်စစ်တပ်၏ လုပ်ဆောင်ချက်များသည် ဒေသတွင်း လုံခြုံရေးအတွက် အန္တရာယ်တစ်ခု ဖြစ်သည်ဟု တရုတ်စစ်တပ်က သတိပေး ပြောကြားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်ပြည်သူ့တပ်မတော်၏ နေ့စဉ်ထုတ် သတင်းစာ တစ်စောင်ဖြစ်သည့် PLA Daily သတင်းစာတွင် PLA ၏ စစ်သိပ္ပံအကယ်ဒမီမှ ကျွမ်းကျင်သူ ကျီချန်း(Ji Cheng)က မကြာသေးမီ သီတင်းပတ်များအတွင်း တစ်ဖက်သတ် စစ်ရေးလေ့ကျင့်မှုများ၏ ရှုပ်ထွေးပွေလီမှုအကြောင်းကို ရည်ညွှန်းပြောဆိုခဲ့သည်။
“အဲဒီစစ်ရေးလေ့ကျင့်မှုတွေက သမားရိုးကျ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုထက် ကျော်လွန်ပြီး ဒေသတွင်း လုံခြုံရေး အရှိန်အဟုန်ကို ထိခိုက်စေမယ့် ပြည်ပအင်အားစုအတွက် မဟာဗျူဟာမြောက် အခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်” ဟု ကျီက ပြောကြားခဲ့သည်။

တိုက်လေယာဉ်အုပ်စုကိုတွေ့ရစဉ်
ထိုကဲ့သို့ မြင့်တက်လာသည့် ဒေသတွင်း ခြိမ်းခြောက်မှုများကြောင့် တရုတ်နှင့် မြောက်ကိုရီးယား၏ စစ်ရေး လေ့ကျင့်မှုများသည် ကာကွယ်ရေးအတွက် တရားဝင်မှုရှိကြောင်း ၎င်းက ပြောသည်။
လွန်ခဲ့သည့် ၂ လခန့်က အမေရိကန်စစ်တပ်သည် တောင်ကိုရီးယားနှင့် Ulchi Freedom Shield စစ်ရေး လေ့ကျင့်မှု၊ ဂျပန်နှင့် Resolute Dragon 2025 စစ်ရေးလေ့ကျင့်မှု၊ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ပါဝင်သည့် Freedom Edge အမည်ရှိ သုံးပွင့်ဆိုင် စစ်ရေးလေ့ကျင့်မှုတို့ ပြုလုပ်ခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 436
CNI International News
တိုင်ပေ၊ အောက်တိုဘာ ၂
ထိုင်ဝမ်တွင် အတိုက်အခံပါတီဖြစ်သည့် ကူမင်တန်ပါတီ(KMT)၌ ခေါင်းဆောင်မှု အပြိုင်အဆိုင်မှာ လွှတ်တော် ကိုယ်စားလှယ် ချန်းလီဝမ်(Cheng Li-wun)က ဦးဆောင်နေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ကူမင်တန် (KMT) ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ချန်းလီဝမ် (Cheng Li-wun) က တရုတ်ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရေးကို လုပ်ဆောင်သွားမည်ဟု အောက်တိုဘာ ၁၈ ရက်တွင် ပြုလုပ်မည့် ပါတီဥက္ကဋ္ဌ ရွေးကောက်ပွဲမတိုင်မီ ပြောကြားခဲ့သည်။
တစ်ချိန်က ကူမင်တန်ပါတီ၏ ပြိုင်ဘက်ပါတီဖြစ်သည့် DPP ပါတီ အဖွဲ့ဝင်ဟောင်းဖြစ်သော ချန်း (အသက် ၅၅ နှစ်) သည် ပါတီတွင်း ခေါင်းဆောင်ရာထူး နေရာအတွက် ဩဇာအာဏာကို ထူထောင်နိုင်ခဲ့သည်။
ချန်းသည် လက်ရှိ DPP ပါတီ ခေါင်းဆောင်ဖြစ်သည့် ထိုင်ဝမ်သမ္မတ လိုင်ချင်တေး (Lai Ching-te) ကို ဝေဖန်လေ့ ရှိပြီး ပြည်မကြီးနှင့် ရေလက်ကြားဖြတ်ကျော် ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးကို တွေ့ရစဉ်
“ဆုံးရှုံးနစ်နာမှုတွေကို ရှောင်လွှဲဖို့အတွက် အကောင်းမြင်စိတ်နဲ့ မျှော်လင့်နေလို့ မရပါဘူး။ ငြိမ်းချမ်းရေး ဖော်ဆောင်သူတွေ ဖြစ်လာအောင်နဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ရပါလိမ့်မယ်” ဟု ချန်းက ထိုင်ဝမ် နိုင်ငံခြားသတင်းထောက်များကလပ်တွင် ပြောကြားခဲ့သည်။
ထို့ပြင် လိုင်သည် တရုတ်ကို တန်ပြန်ရာတွင် အမေရိကန်အပေါ် အလွန်အကျူး မှီခိုနေကြောင်းလည်း ချန်းက စွပ်စွဲခဲ့သည်။
“ကျနော်တို့က စတေးခံရသူတွေ မဖြစ်ရပါဘူး။ ဒေါ်နယ်ထရမ့် (Donald Trump) ရဲ့ ဝှက်ဖဲတစ်ချပ် မဖြစ်ရပါဘူး” ဟု ချန်းက ပြောကြားခဲ့သည်။
ချန်းသည် 1992 Consensus ဟုခေါ်သည့် ကူမင်တန်(KMT)ပါတီ၏ မူဝါဒကို အခြေခံပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။
1992 Consensus အမည်ရှိ နားလည်မှုသည် ၁၉၉၂ ခုနှစ်က ကူမင်တန်ဦးဆောင်သည့် ထိုင်ဝမ်အစိုးရနှင့် တရုတ် အစိုးရကြား တရုတ်တစ်နိုင်ငံတည်း မူဝါဒအောက်တွင် ရရှိခဲ့သည့် နားလည်မှုတစ်ခု ဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 458
CNI International News
မော်စကို၊ အောက်တိုဘာ ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)သည် ရုရှား၏ ကမ်းခြေဒေသများသို့ နျူကလီးယား ရေငုပ်သင်္ဘောများ စေလွှတ်မည်ဟု ကတိပြုခဲ့သော်လည်း ထိုသင်္ဘောများကို စေလွှတ်ခြင်း မရှိခဲ့၍ ရုရှားသမ္မတ ဟောင်း ဗလာဒီမာ မက်ဗီဒက်ဗ် (Dmitry Medvedev)က လှောင်ပြောင်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် စက်တင်ဘာ ၃၀ ရက်က မက်ဗီဒက်ဗ်ကို ရူးမိုက်သည့် ပုဂ္ဂိုလ်ဟု ပြောကြားခဲ့ပြီး ရုရှား၏ ကမ်းရိုးတန်းဒေသသို့ ရေငုပ်သင်္ဘော ၁ စင်း သို့မဟုတ် ၂ စင်း စေလွှတ်သွားမည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လ အတွင်းကလည်း ထရမ့်က သူသည် မက်ဗီဒက်ဗ်၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့် အနေဖြင့် သင့်တော်သော ဒေသများသို့ ရေငုပ်သင်္ဘော ၂ စင်းစေလွှတ်ရန် အမိန့်ပေးခဲ့ကြောင်း ပြောကြားခဲ့ဖူး သည်။

ရုရှားသမ္မတ ဟောင်း ဗလာဒီမာ မက်ဗီဒက်ဗ်ကို တွေ့ရစဉ်
“သည်းထိပ်ရင်ဖို ရုပ်ရှင် ဇာတ်လမ်းတွဲတွေရဲ့ အပိုင်းသစ် တစ်ခုလိုပေါ့။ ထရမ့်က ရုရှား ကမ်းရိုးတန်းတွေဆီကို ရေငုပ်သင်္ဘောတွေ စေလွှတ်ပြီး လျှို့ဝှက်စွာ ဖြန့်ကြက်ချထားတယ်လို့ ပြောပါတယ်။ အမှောင်ခန်းထဲက ကြောင်နက်တစ်ကောင်ကို ရှာဖို့ ခက်ခဲလိမ့်မယ်ဆိုတဲ့ စကားပုံလိုမျိုးပေါ့။ တကယ်က အဲဒီကြောင်နက်က အခန်း ထဲမှာ ရှိမနေတာမျိုးလည်း ဖြစ်ပါလိမ့်မယ်”ဟု မက်ဗီဒက်ဗ်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားနှင့်ယူကရိန်းကြား စစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် ကြိုးပမ်းနေ သော်လည်း လက်တွေ့မှာ အခက်အခဲများဖြင့် ရင်ဆိုင်နေရပြီး နှစ်နိုင်ငံစလုံးကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည် ဟုလည်း ခြိမ်းခြောက်လျက်ရှိသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 481
CNI International News
ဂါဇာစီးတီး၊ အောက်တိုဘာ ၁
အမေရိကန်၏ ဂါဇာဒေသ ယာယီအုပ်ချုပ်ရေး အစီအစဉ်တွင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ(Tony Blair) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)တို့ အဓိကပါဝင်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် အစ္စရေး၏ စစ်ပွဲကို အဆုံးသတ်ရန်အတွက် စက်တင်ဘာ ၂၉ ရက်၌ အိမ်ဖြူတော်က ယာယီအုပ်ချုပ်ရေး အစီအစဉ်အား ထုတ်ပြန်ခဲ့သည်။
ထိုအဆိုပြုချက်တွင် ဂါဇာကမ်းမြောင်ဒေသကို နိုင်ငံရေး ကင်းရှင်းသည့် ပါလက်စတိုင်း ကော်မတီဖြစ်သော ယာယီအသွင်ကူးပြောင်းရေး တက်ကနိုကရက်များက အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ပါဝင်မည့် မည်သည့် အဖွဲ့အစည်း သို့မဟုတ် မည်သည့် ပါလက်စတိုင်း ခေါင်းဆောင်တစ်ဦး၏ အမည်ကိုမှ ထုတ်ဖော်မည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

တိုနီဘလဲ၊ ဒေါ်နယ်ထရမ့်နဲ့ နေတန်ယာဟုကိုတွေ့ရစဉ်
ဤကော်မတီသည် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) အမည်ရှိ နိုင်ငံတကာ အသွင်ကူးပြောင်းရေးအဖွဲ့ သစ်ကို ကြီးကြပ်သွားမည်ဖြစ်ပြီး ထိုနိုင်ငံတကာ အသွင်ကူးပြောင်းရေးအဖွဲ့ကို ထရမ့်၊ တိုနီဘလဲနှင့် အခြား နိုင်ငံ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ ပါဝင်လိမ့်မည်ဟု ဆိုသည်။
အဆိုပါ ကော်မတီသည် ဂါဇာတွင် ပြည်သူ့ဝန်ဆောင်မှုများနှင့် စည်ပင်သာယာရေး လုပ်ငန်းများကို နေ့စဉ် တာဝန် ယူရမည်ဖြစ်ပြီး ထိုကော်မတီအတွင်း အရည်အချင်း ပြည့်မီသည့် ပါလက်စတိုင်းများနှင့် နိုင်ငံတကာ ကျွမ်းကျင် သူများ ပါဝင်မည်ဖြစ်သော်လည်း ၎င်းတို့၏ အမည်များကို ထုတ်ဖော်ကြေညာမည် မဟုတ်ကြောင်း သိရသည်။
သို့သော် ဂါဇာအား ယာယီအုပ်ချုပ်ရေး ကဏ္ဍတွင် ဟားမာ့စ်အဖွဲ့ ပါဝင်လိမ့်မည် မဟုတ်ကြောင်း သတင်းရင်းမြစ် များက ပြောကြားခဲ့သည်။
မကြာသေးမီ သီတင်းပတ်များအတွင်း ဂါဇာငြိမ်းချမ်းရေး အစီအစဉ်၌ တိုနီဘလဲ ပါဝင်မည်ဆိုသည့် သတင်းများ အပေါ် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တိုနီဘလဲသည် အရှေ့အလယ်ပိုင်းဒေသကို ဗြိတိန်၏ နယ်ချဲ့ဝါဒ သမိုင်းကြောင်းအား ထပ်တလဲလဲ ပြောကြားခဲ့ပြီး အီရတ်အား ကျူးကျော်သည့် အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာ ပူးပေါင်း
တပ်ဖွဲ့များတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာတပ်ဖွဲ့များသည် ၂၀၀၃ ခုနှစ်က အီရတ်ကို ဝင်ရောက် ကျူးကျော်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တပ်များပြန်လည် ရုပ်သိမ်းသွားခဲ့သည်။
ထိုကျူးကျော်မှုသည် ဒေသတွင်း သေဆုံးသူ များပြားခဲ့သည့် ကျူးကျော်စစ်အဖြစ် ဝေဖန်ခံခဲ့ရသည်။
Source: ရိုက်တာ
ဂါဇာယာယီအုပ်ချုပ်ရေး အစီအစဉ်တွင် ထရမ့်နှင့်တိုနီဘလဲ ပါနေ
CNI International News
ဂါဇာစီးတီး၊ အောက်တိုဘာ ၁
အမေရိကန်၏ ဂါဇာဒေသ ယာယီအုပ်ချုပ်ရေး အစီအစဉ်တွင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ(Tony Blair) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)တို့ အဓိကပါဝင်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် အစ္စရေး၏ စစ်ပွဲကို အဆုံးသတ်ရန်အတွက် စက်တင်ဘာ ၂၉ ရက်၌ အိမ်ဖြူတော်က ယာယီအုပ်ချုပ်ရေး အစီအစဉ်အား ထုတ်ပြန်ခဲ့သည်။
ထိုအဆိုပြုချက်တွင် ဂါဇာကမ်းမြောင်ဒေသကို နိုင်ငံရေး ကင်းရှင်းသည့် ပါလက်စတိုင်း ကော်မတီဖြစ်သော ယာယီအသွင်ကူးပြောင်းရေး တက်ကနိုကရက်များက အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ပါဝင်မည့် မည်သည့် အဖွဲ့အစည်း သို့မဟုတ် မည်သည့် ပါလက်စတိုင်း ခေါင်းဆောင်တစ်ဦး၏ အမည်ကိုမှ ထုတ်ဖော်မည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ဤကော်မတီသည် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) အမည်ရှိ နိုင်ငံတကာ အသွင်ကူးပြောင်းရေးအဖွဲ့ သစ်ကို ကြီးကြပ်သွားမည်ဖြစ်ပြီး ထိုနိုင်ငံတကာ အသွင်ကူးပြောင်းရေးအဖွဲ့ကို ထရမ့်၊ တိုနီဘလဲနှင့် အခြား နိုင်ငံ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ ပါဝင်လိမ့်မည်ဟု ဆိုသည်။
အဆိုပါ ကော်မတီသည် ဂါဇာတွင် ပြည်သူ့ဝန်ဆောင်မှုများနှင့် စည်ပင်သာယာရေး လုပ်ငန်းများကို နေ့စဉ် တာဝန် ယူရမည်ဖြစ်ပြီး ထိုကော်မတီအတွင်း အရည်အချင်း ပြည့်မီသည့် ပါလက်စတိုင်းများနှင့် နိုင်ငံတကာ ကျွမ်းကျင် သူများ ပါဝင်မည်ဖြစ်သော်လည်း ၎င်းတို့၏ အမည်များကို ထုတ်ဖော်ကြေညာမည် မဟုတ်ကြောင်း သိရသည်။
သို့သော် ဂါဇာအား ယာယီအုပ်ချုပ်ရေး ကဏ္ဍတွင် ဟားမာ့စ်အဖွဲ့ ပါဝင်လိမ့်မည် မဟုတ်ကြောင်း သတင်းရင်းမြစ် များက ပြောကြားခဲ့သည်။
မကြာသေးမီ သီတင်းပတ်များအတွင်း ဂါဇာငြိမ်းချမ်းရေး အစီအစဉ်၌ တိုနီဘလဲ ပါဝင်မည်ဆိုသည့် သတင်းများ အပေါ် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တိုနီဘလဲသည် အရှေ့အလယ်ပိုင်းဒေသကို ဗြိတိန်၏ နယ်ချဲ့ဝါဒ သမိုင်းကြောင်းအား ထပ်တလဲလဲ ပြောကြားခဲ့ပြီး အီရတ်အား ကျူးကျော်သည့် အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာ ပူးပေါင်း
တပ်ဖွဲ့များတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာတပ်ဖွဲ့များသည် ၂၀၀၃ ခုနှစ်က အီရတ်ကို ဝင်ရောက် ကျူးကျော်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တပ်များပြန်လည် ရုပ်သိမ်းသွားခဲ့သည်။
ထိုကျူးကျော်မှုသည် ဒေသတွင်း သေဆုံးသူ များပြားခဲ့သည့် ကျူးကျော်စစ်အဖြစ် ဝေဖန်ခံခဲ့ရသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 522
CNI International News
ဒီလီ၊ အောက်တိုဘာ ၁
အရှေ့တီမောနိုင်ငံတွင် စီးပွားရေး မကျေနပ်မှုများ ကြီးထွားလာခြင်းနှင့်အတူ လူထုဆန္ဒပြ အုံကြွလာခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အရှေ့တီမောနိုင်ငံတွင် လွှတ်တော်အမတ်များက လွှတ်တော်ကိုယ်စားလှယ်များအား ရာသက်ပန် ပင်စင်ခံစားခွင့် ပေးထားသည့် ဥပဒေကို အဆုံးသတ်ရန် မဲပေးခဲ့ကြသည်။
အရှေ့တောင်အာရှ၏ အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်သည့် အရှေ့တီမော၌ လွှတ်တော်အမတ်များ၏ အကျိုးခံစားခွင့်များ မြင့်မားနေမှုကို ဆန့်ကျင်သည့် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ ပြီးနောက် ထိုကဲ့သို့ မဲပေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် လစာငွေ တစ်လစာနှင့်အတူ ရာသက်ပန် ပင်စင်ခံစားခွင့် စာရင်းတွင် သမ္မတ ဟောင်းများ၊ ဝန်ကြီးချုပ်ဟောင်းများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းများနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း များ ပါဝင်ခဲ့သည်။

အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟော်တာကို တွေ့ရစဉ်
သို့သော် စက်တင်ဘာ ၂၆ ရက်တွင် လွှတ်တော်ကိုယ်စားလှယ် ၆၂ ဦးက ရာသက်ပန် ပင်စင်ခံစားခွင့်ကို ပယ်ဖျက် သည့် ဥပဒေကို တညီတညွတ်တည်း အတည်ပြုခဲ့သည်။
“တက္ကသိုလ်ကျောင်းသား အားလုံးကို ပြောချင်တာက သင်တို့ရဲ့ တောင်းဆိုမှုတွေဟာ ပြည့်ဝသွားခဲ့ပါပြီ။ ကျေးဇူး ပြုပြီးတော့ ဆန္ဒပြမှုတွေကို ရပ်တန့်ကြပါ” ဟု ခွန်တိုပါတီမှ လွှတ်တော်အမတ် တစ်ဦးဖြစ်သည့် အိုလင်ဒါ ဂူတာရက်စ် (Olinda Guterres) က ပြောကြားခဲ့သည်။
ထိုဥပဒေကို ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဖြစ်ပြီး လွတ်လပ်ရေးခေါင်းဆောင် တစ်ဦးဖြစ်သည့် အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟော်တာ (Jose Ramos Horta) ထံ ပေးပို့သွားမည်ဖြစ်သည်။
အရှေ့တီမောတွင် ပြီးခဲ့သည့်နှစ်က တစ်စီးလျှင် ဒေါ်လာ ၆၁၅,၀၀၀ ခန့် ကုန်ကျသည့် တိုယိုတာပရာဒို ကားများ ကို လွှတ်တော်ကိုယ်စားလှယ် ၆၅ ဦးအတွက် တစ်ဦးလျှင် တစ်စီးစီ ဝယ်ယူပေးရန်အတွက် ဒေါ်လာ ၄ ဒသမ ၂ သန်းရှိသည့် ဘတ်ဂျက်အား ဆန္ဒပြသူများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။
ထိုဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များက ကားများ ဝယ်ယူရေး အစီအစဉ်နှင့် ရာသက်ပန် ပင်စင်ခံစားခွင့် အစီအစဉ်တို့ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 581
CNI International News
နယူးဒေလီ၊ စက်တင်ဘာ ၃၀
ယခုလ အစောပိုင်းက ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်နိုင်ငံတို့ကြား အပြန်အလှန် ကာကွယ်ရေးစာချုပ် ချုပ်ဆို ခဲ့မှုသည် အကျပ်အတည်းများဖြင့် ပြည့်နေသည့် ဒေသတွင် မွတ်ဆလင်နိုင်ငံများကြား စည်းလုံးညီညွတ်မှုကို ပြသ သော လုပ်ဆောင်ချက်အဖြစ် ရှုမြင်ခံခဲ့ရသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
သို့သော် ဆော်ဒီနှင့် ပါကစ္စတန်တို့၏ ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုမှုသည် ပြိုင်ဘက်ဖြစ်သည့် အိန္ဒိယရှိ မူဝါဒ ရေးဆွဲသူများကြား စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။
ဆော်ဒီနှင့် ပါကစ္စတန်တို့၏ ကာကွယ်ရေး သဘောတူညီချက်သည် ပင်လယ်ကွေ့နိုင်ငံများနှင့် သံတမန် ဆက်ဆံရေးကို ထိန်းညှိလိုသည့် အိန္ဒိယ၏ အားထုတ်ကြိုးပမ်းမှုကို ရှုပ်ထွေးစေနိုင်ကြောင်း အိန္ဒိယ နိုင်ငံရေး သမားများက သုံးသပ်ခဲ့ကြသည်။
စက်တင်ဘာ ၁၇ ရက်က ဆော်ဒီအာရေဗျနိုင်ငံ ရီးယာ့ဒ် (Riyadh) မြို့တော်တွင် လက်မှတ် ရေးထိုးခဲ့သည့် ထိုသဘောတူ စာချုပ်အရ ပါကစ္စတန်နှင့် ဆော်ဒီတို့သည် တစ်နိုင်ငံ အတိုက်ခိုက်ခံရမည်ဆိုပါက ၂ နိုင်ငံစလုံးကို တိုက်ခိုက်သည်ဟု ယူဆသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဆော်ဒီမင်းသားနဲ့ အိန္ဒိယဝန်ကြီးချုပ်ကို တွေ့ရစဉ်
အစ္စရေးက ကာတာကို တိုက်ခိုက်ခဲ့ပြီး၊ ပါကစ္စတန်နှင့် အိန္ဒိယကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆော်ဒီ နှင့် ပါကစ္စတန်ကြား ကာကွယ်ရေးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အစ္စရေးက ကာတာကို တိုက်ခိုက်ခဲ့ပြီးနောက် ပင်လယ်ကွေ့နိုင်ငံများကြား အစ္စရေး၏ မဟာမိတ်ဖြစ်သည့် အမေရိကန်၏ ကာကွယ်ရေးနှင့် လုံခြုံရေး အာမခံချက်များအပေါ် မည်မျှ အားကိုးနိုင်လိမ့်မည် ဆိုခြင်းကို သံသယ များ မြင့်တက်လာခဲ့သည်။
ပါကစ္စတန်သည် ဆော်ဒီအာရေဗျနိုင်ငံနှင့် ကာလကြာရှည် စစ်ဘက် ဆက်ဆံရေး ရှိခဲ့ပြီး ယခုသဘောတူ စာချုပ်သည် ထိုဆက်ဆံရေးများကို ပိုမိုမြင့်တက် စေလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ဆော်ဒီနှင့် ယူအေအီးကဲ့သို့ ပင်လယ်ကွေ့နိုင်ငံများနှင့် ကုန်သွယ်ရေး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နေသည့် အိန္ဒိယအတွက် ထိုသဘောတူ စာချုပ်သည် အိန္ဒိယ နှင့် ပင်လယ်ကွေ့နိုင်ငံများကြား ဆက်ဆံရေးကို အလှမ်းဝေး သွားစေနိုင်မည်ကို အိန္ဒိယနိုင်ငံရေးသမားများမှ စိုးရိမ်နေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 605
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၃၀
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က ထိုင်းပြည်သူများ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ကြွေးမြီများ ပြန်လည်ပေးဆပ်မှုတွင် ကူညီပေးရန်အတွက် ထောက်ပံ့ကြေးများ ထုတ်ပေးသွားမည်ဟု စက်တင်ဘာ ၂၉ ရက်က ကြေညာခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အနူတင်သည် အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေး အင်အားအကြီးဆုံးဖြစ်သည့် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ပြန်လည် အသက်သွင်းရန် ချက်ချင်းလုပ်ဆောင်မည့် အစီအစဉ်များအား အဓိကထားပြီး လွှတ်တော်တွင် ကြေညာ ခဲ့ခြင်းဖြစ်သည်။
အနူတင်၏ မူဝါဒများအနက် စားဝတ်နေရေး ကုန်ကျစရိတ်များ လျှော့ချရေး၊ အိမ်ထောင်စု ကြွေးမြီပြဿနများကို ဖြေရှင်းရေး၊ ပြည်တွင်း ခရီးသွားလာရေး လုပ်ငန်းကို ပြန်လည်လှုံ့ဆော်ရေး၊ အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့် မှုများ အပါအဝင် စီးပွားရေး လှုံ့ဆော်ရေး အစီအစဉ်များကို အလေးထား ဖော်ပြခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနူတင်နဲ့ ဝန်ကြီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာကို တွေ့ရစဉ်
"ကျနော်တို့ အစိုးရအဖွဲ့မှာက အချိန် အကန့်အသတ် ရှိပါတယ်။ ပြီးတော့ ဒီဘတ်ဂျက်ကလည်း အရင်အစိုးရက ပြင်ဆင်သွားတာ ဖြစ်ပါတယ်။ ကျနော်တို့ အစိုးရအဖွဲ့ဟာ လူနည်းစု ဖြစ်တာကြောင့် နိုင်ငံက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ချက်ချင်း ဖြေရှင်းရပါမယ်" ဟု အနူတင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
စီးပွားရေး အစီအစဉ်များအနက် အစိုးရသည် ထိုင်းပြည်သူများကို ဘတ် ၁၀၀,၀၀၀ ထက်မပိုသည့် ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်ပြီး အသေးစား စီးပွားရေး လုပ်ငန်းများအတွက် ဘတ် ၁ သန်းအထိ ချေးငွေထုတ်ပေးမည်ဟု အနူတင်က ပြောသည်။
စက်တင်ဘာ ၂၆ ရက်ကလည်း ထိုင်းအစိုးရသည် ပြည်သူများအတွက် ကုန်ကျစရိတ်ကို ထက်ဝက်ကျခံပေးမည့် ဘတ် ၄၇ ဘီလျံ တန်ဖိုးရှိ အစီအစဉ်များကို ကြေညာခဲ့သည်။
အနူတင်၏ ဘူဂျထိုင်းပါတီသည် ယခုလ အစောပိုင်းကတည်းက ထိုင်းနိုင်ငံတွင် ပစ္စည်းများကို ဝယ်ယူမည်ဆိုပါက ပစ္စည်းတန်ဖိုး၏ ထက်ဝက် (၅၀ ရာခိုင်နှုန်း)ကို အစိုးရက စိုက်ပေးမည့် အစီအစဉ်အား ပြန်လည် ကျင့်သုံးသွားမည် ဟု အတည်ပြုခဲ့သည်။
“half-half” co-payment scheme ဟု လူသိများသည့် ထိုအစီအစဉ်ကို ဝန်ကြီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာ (Prayut Chan O cha) လက်ထက် ၂၀၂၀ ပြည့်နှစ်က ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးမူဝါဒရုံးတို့က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် အနူတင်ကို တွေ့ရစဉ်
“half-half” co-payment scheme အရ အစိုးရသည် အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံသားများအတွက် အစားအစာ၊ အချိုရည်နှင့် အခြေခံ ကုန်ပစ္စည်းများကဲ့သို့ နေ့စဉ်မရှိမဖြစ် လိုအပ်သည့် ကုန်စည်များ ဝယ်ယူရာတွင် ၅၀ ရာခိုင်နှုန်းကို စိုက်ပေးမည်ဖြစ်သည်။
သို့သော် တစ်နေ့လျှင် လူတစ်ယောက်စီအတွက် သတ်မှတ်ထားသည့် နှုန်းထားမှာ ဘတ် ၁၅၀ ဖြစ်သည်။
ဥပမာ အနေဖြင့် လူတစ်ဦးသည် တစ်ရက်စာအတွက် ဘတ် ၃၀၀ ဖိုး ဝယ်ယူမည်ဆိုပါက အစိုးရက ဘတ် ၁၅၀ စိုက်ပေးမည်ဖြစ်သည်။
အစိုးရက တစ်ရက်စာအတွက် စိုက်ပေးရန် သတ်မှတ်ထားသည့် ဘတ် ၁၅၀ ဖိုး ပြည့်သွားချိန်တွင် နောက်ထပ် ကုန်ပစ္စည်းများကို ဝယ်ယူမည်ဆိုပါက ကိုယ့်ဘာသာ ငွေရှင်းရမည်ဖြစ်သည်။
အနူတင်၏ ကြားဖြတ်အစိုးရအဖွဲ့သည် လာမည့်နှစ် ဇန်နဝါရီလကုန်ပိုင်းတွင် လွှတ်တော်ကို ဖျက်သိမ်းပြီး မတ်လ သို့မဟုတ် ဧပြီလ၌ ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။
လက်ရှိတွင် ထိုရွေးကောက်ပွဲ၌ အနိုင်ရရှိရန် လူထုထောက်ခံမှုနှုန်း အများဆုံး ရရှိနေသည့် ပါတီသည် ပြည်သူ့ပါတီဖြစ်ပြီး ဘူဂျထိုင်းပါတီက ဒုတိယနေရာ၌ ရပ်တည်နေသည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 584
CNI International News
တမီးလ်နာဒူး ၊ စက်တင်ဘာ ၃၀
အိန္ဒိယနိုင်ငံမှ တမီးလ်သရုပ်ဆောင် မင်းသား ဗီဂျေး(Vijay)၏ ပါတီကို နိုင်ငံရေးမဲဆွယ်ပွဲတွင် လူသေဆုံးခဲ့မှု ကြောင့် အစိုးရက တရားစွဲဆိုထားကြောင်း DW မှ ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် စက်တင်ဘာ ၂၇ ရက်က တမီးလ်သရုပ်ဆောင် ဗီဂျေး(Vijay)၏ မဲဆွယ်ပွဲ၌ လူအုပ် ကသောင်းကနင်း ဖြစ်ပွားပြီး လူ ၃၉ ဦးထက်မနည်း သေဆုံးကာ ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
တမီးလ်နာဒူးပြည်နယ် ကာရူရာမြို့တွင် သရုပ်ဆောင်အဖြစ်မှ နိုင်ငံရေး လောကအတွင်းသို့ ကူးပြောင်းခဲ့သည့် ဗီဂျေးက ၎င်း၏ Tamilaga Vettri Kazhagam (TVK) ပါတီအတွက် မဲဆွယ်ပွဲ ပြုလုပ်ချိန်၌ ထိုဖြစ်စဉ် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများထဲတွင် ၈ ဦးထက် မနည်းသည် ကလေးများဖြစ်ကြောင်း ဒေသခံမီဒီယာ၌ ဖော်ပြထားသည်။

မဲဆွယ်ဟောပြောနေတဲ့ မင်းသား ဗီဂျေးကိုတွေ့ရစဉ်
ရဲတပ်ဖွဲ့က TVK ပါတီခေါင်းဆောင် ဘူဆီအာနန့်(Bussy Anand)၊ နီရာမယ်ကူးမား (Nirmal Kumar)နှင့် ဗီပီ မာသီရာလာဂန်(V.P. Mathiyalagan)တို့ကို အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း အာဏာပိုင်များမှ စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
လူ ၃၀,၀၀၀ ခန့်သည် ဗီဂျေး မိန့်ခွန်းပြောမည့် အချိန်ကို စောင့်ဆိုင်းနေစဉ် လူအုပ် ကသောင်းကနင်း စတင် ဖြစ်ပွားခဲ့သည်။
သတင်းများတွင် ဗီဂျေးသည် နာရီပေါင်းများစွာ နောက်ကျပြီးမှ ရောက်လာခဲ့သည့်အတွက် လူအုပ်ကို ကသောင်းကနင်း ဖြစ်စေခဲ့သည်ဟု ဖော်ပြထားသည်။
လူအုပ်ထဲမှ အချို့မှာ ဗီဂျေး၏ မော်တော်ယာဉ်ဆီသို့ အလျင်အမြန် ရောက်ရှိရန် ကြိုးပမ်းသောကြောင့် လူအုပ်ပိမိမှုနှင့် ဖရိုဖရဲ ဖြစ်ခဲ့သည်ဟု မျက်မြင် တွေ့ရှိသူများက ဆိုသည်။
တမီးလ်ရုပ်ရှင် နယ်ပယ်၏ နှစ်ပေါင်း ၃၀ ကြာ ထိပ်တန်းမင်းသားဖြစ်သည့် ဗီဂျေးက ထိုဖြစ်ရပ်ကြောင့် စိတ်ထိခိုက် ကြေကွဲရကြောင်း၊ ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူ စိတ်မကောင်းဖြစ်မိကြောင်း လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။
တမီးလ်နာဒူးပြည်နယ် ဝန်ကြီးချုပ် အမ်ကေ စတာလင်(M.K. Stalin)က အငြိမ်းစား တရားသူကြီး တစ်ဦး ဦးဆောင်သည့် ကော်မရှင်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန်နှင့် နစ်နာသူ မိသားစုဝင် တစ်ဦးချင်းစီကို နစ်နာကြေး ရူပီးတစ်သန်း(ဒေါ်လာ ၁၁,၂၀၀)ပေးမည်ဟု ကြေညာခဲ့သည်။
ဝန်ကြီးချုပ် မိုဒီက ထိုဖြစ်ရပ်ကို အလွန်စိတ်မကောင်း ဖြစ်မိကြောင်းနှင့် စိတ်ထိခိုက် ကြေကွဲရကြောင်း လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 503
CNI International News
ဘေကျင်း၊ စက်တင်ဘာ ၃၀
ဗိုလ်ကျစိုးမိုးမှု ပုံစံများအားလုံးကို ဆန့်ကျင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ဖို့ တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများက စက်တင်ဘာ ၂၉ ရက်တွင် သဘောတူညီခဲ့ကြသည်ဟု DW မှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ(Wang Yi)နှင့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်းဟွေ( Choe Son Hui)တို့ ဘေကျင်းမြို့တော်တွင် တွေ့ဆုံချိန်၌ သဘောတူခဲ့ကြခြင်းဖြစ်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်(Xi Jinping) ဦးဆောင်သည့် ဘေကျင်းမြို့တော်၌ ပြုလုပ်သော စစ်ရေးပြ အခမ်းအနား သို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un )နှင့် ရုရှားသမ္မတ ပူတင်(Vladimir Putin )တို့ တက်ရောက်လာခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် တရုတ်နှင့်မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ထိန်းသိမ်းခြင်း၊ ခိုင်မာစေခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်းသည် အမြဲတစေ တရုတ်အစိုးရ၏ အဓိကမူဝါဒဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
တရုတ်အနေဖြင့် ကမ္ဘာ့အရေးနှင့် ဒေသဆိုင်ရာ အရေးများ အပြင် မြောက်ကိုရီးယားနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားရန် ဆန္ဒရှိခြင်း၊ ဗိုလ်ကျစိုးမိုးခြင်းကို ဆန့်ကျင်ခြင်းနှင့် သာတူညီမျှရှိမှု၊ တရားမျှတမှု အပါအဝင် နှစ်နိုင်ငံလုံး၏ ဘုံအကျိုးစီးပွားကို ပူးပေါင်းကာကွယ်သွားရန် ဆန္ဒရှိကြောင်း ဝမ်က ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
နှစ်နိုင်ငံဝန်ကြီးများသည် ပြဿနာ အများအပြားနှင့်ပတ်သက်ပြီး သဘောတူညီချက်များ ရရှိခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယား အနေဖြင့်လည်း နိုင်ငံပေါင်းစုံ အရေးကိစ္စများတွင် တရုတ်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်၊ တစ်ဖက်သတ်ဝါဒနှင့် အာဏာနိုင်ငံရေးကို တိုက်ဖျက်ကာ ပိုမိုမျှတသော ကမ္ဘာ့စည်းမျဉ်းတစ်ခု ရရှိစေရန် ချိုက ပြောကြားခဲ့သည်။
တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံလုံးက အမေရိကန်ကို ဘုံရန်သူအဖြစ် ရှုမြင်ထားပြီး အမေရိကန်အစိုးရက မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းကို ဆန့်ကျင်သည့်အပြင် တရုတ်နိုင်ငံအနေဖြင့်လည်း ကုန်သွယ် ရေးနှင့် မဟာဗျူဟာတွင် အမေရိကန်နှင့် ပြိုင်ဘက်အဖြစ် တည်ရှိနေသည်။
မြောက်ကိုရီးယားက ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲ၌ ရုရှားကို ကူညီထောက်ပံ့ပေးခဲ့သောကြောင့် ကင်မ် သည် လက်ရှိ၌ တရုတ်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေး ရရှိလိုကြောင်း၊ လာမည့်လတွင် ပြုံယမ်းမြို့တော်၌ ပြုလုပ်မည့် နှစ်ပေါင်း ၈၀ ပြည့် အလုပ်သမားပါတီ အထိမ်းအမှတ်ပွဲကို တက်ရောက်ရန် တရုတ်က ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားဖွယ်ရှိသည်။
Source: DW
