CNI International News

ဂါဇာစီးတီး၊ အောက်တိုဘာ ၁

အမေရိကန်၏ ဂါဇာဒေသ ယာယီအုပ်ချုပ်ရေး အစီအစဉ်တွင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ(Tony Blair) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)တို့ အဓိကပါဝင်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် အစ္စရေး၏ စစ်ပွဲကို အဆုံးသတ်ရန်အတွက် စက်တင်ဘာ ၂၉ ရက်၌ အိမ်ဖြူတော်က ယာယီအုပ်ချုပ်ရေး အစီအစဉ်အား ထုတ်ပြန်ခဲ့သည်။

ထိုအဆိုပြုချက်တွင် ဂါဇာကမ်းမြောင်ဒေသကို နိုင်ငံရေး ကင်းရှင်းသည့် ပါလက်စတိုင်း ကော်မတီဖြစ်သော ယာယီအသွင်ကူးပြောင်းရေး တက်ကနိုကရက်များက အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ပါဝင်မည့် မည်သည့် အဖွဲ့အစည်း သို့မဟုတ် မည်သည့် ပါလက်စတိုင်း ခေါင်းဆောင်တစ်ဦး၏ အမည်ကိုမှ ထုတ်ဖော်မည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

တိုနီဘလဲ၊ ဒေါ်နယ်ထရမ့်နဲ့ နေတန်ယာဟုကိုတွေ့ရစဉ်

ဤကော်မတီသည် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) အမည်ရှိ နိုင်ငံတကာ အသွင်ကူးပြောင်းရေးအဖွဲ့ သစ်ကို ကြီးကြပ်သွားမည်ဖြစ်ပြီး ထိုနိုင်ငံတကာ အသွင်ကူးပြောင်းရေးအဖွဲ့ကို ထရမ့်၊ တိုနီဘလဲနှင့် အခြား နိုင်ငံ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ ပါဝင်လိမ့်မည်ဟု ဆိုသည်။

အဆိုပါ ကော်မတီသည် ဂါဇာတွင် ပြည်သူ့ဝန်ဆောင်မှုများနှင့် စည်ပင်သာယာရေး လုပ်ငန်းများကို နေ့စဉ် တာဝန် ယူရမည်ဖြစ်ပြီး ထိုကော်မတီအတွင်း အရည်အချင်း ပြည့်မီသည့် ပါလက်စတိုင်းများနှင့် နိုင်ငံတကာ ကျွမ်းကျင် သူများ ပါဝင်မည်ဖြစ်သော်လည်း ၎င်းတို့၏ အမည်များကို ထုတ်ဖော်ကြေညာမည် မဟုတ်ကြောင်း သိရသည်။

သို့သော် ဂါဇာအား ယာယီအုပ်ချုပ်ရေး ကဏ္ဍတွင် ဟားမာ့စ်အဖွဲ့ ပါဝင်လိမ့်မည် မဟုတ်ကြောင်း သတင်းရင်းမြစ် များက ပြောကြားခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း ဂါဇာငြိမ်းချမ်းရေး အစီအစဉ်၌ တိုနီဘလဲ ပါဝင်မည်ဆိုသည့် သတင်းများ အပေါ် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် တိုနီဘလဲသည် အရှေ့အလယ်ပိုင်းဒေသကို ဗြိတိန်၏ နယ်ချဲ့ဝါဒ သမိုင်းကြောင်းအား ထပ်တလဲလဲ ပြောကြားခဲ့ပြီး အီရတ်အား ကျူးကျော်သည့် အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာ ပူးပေါင်း 
တပ်ဖွဲ့များတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာတပ်ဖွဲ့များသည် ၂၀၀၃ ခုနှစ်က အီရတ်ကို ဝင်ရောက် ကျူးကျော်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တပ်များပြန်လည် ရုပ်သိမ်းသွားခဲ့သည်။

ထိုကျူးကျော်မှုသည် ဒေသတွင်း သေဆုံးသူ များပြားခဲ့သည့် ကျူးကျော်စစ်အဖြစ် ဝေဖန်ခံခဲ့ရသည်။

Source: ရိုက်တာ

ဂါဇာယာယီအုပ်ချုပ်ရေး အစီအစဉ်တွင် ထရမ့်နှင့်တိုနီဘလဲ ပါနေ