CNI International News
မော်စကို၊ အောက်တိုဘာ ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)သည် ရုရှား၏ ကမ်းခြေဒေသများသို့ နျူကလီးယား ရေငုပ်သင်္ဘောများ စေလွှတ်မည်ဟု ကတိပြုခဲ့သော်လည်း ထိုသင်္ဘောများကို စေလွှတ်ခြင်း မရှိခဲ့၍ ရုရှားသမ္မတ ဟောင်း ဗလာဒီမာ မက်ဗီဒက်ဗ် (Dmitry Medvedev)က လှောင်ပြောင်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် စက်တင်ဘာ ၃၀ ရက်က မက်ဗီဒက်ဗ်ကို ရူးမိုက်သည့် ပုဂ္ဂိုလ်ဟု ပြောကြားခဲ့ပြီး ရုရှား၏ ကမ်းရိုးတန်းဒေသသို့ ရေငုပ်သင်္ဘော ၁ စင်း သို့မဟုတ် ၂ စင်း စေလွှတ်သွားမည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လ အတွင်းကလည်း ထရမ့်က သူသည် မက်ဗီဒက်ဗ်၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့် အနေဖြင့် သင့်တော်သော ဒေသများသို့ ရေငုပ်သင်္ဘော ၂ စင်းစေလွှတ်ရန် အမိန့်ပေးခဲ့ကြောင်း ပြောကြားခဲ့ဖူး သည်။
ရုရှားသမ္မတ ဟောင်း ဗလာဒီမာ မက်ဗီဒက်ဗ်ကို တွေ့ရစဉ်
“သည်းထိပ်ရင်ဖို ရုပ်ရှင် ဇာတ်လမ်းတွဲတွေရဲ့ အပိုင်းသစ် တစ်ခုလိုပေါ့။ ထရမ့်က ရုရှား ကမ်းရိုးတန်းတွေဆီကို ရေငုပ်သင်္ဘောတွေ စေလွှတ်ပြီး လျှို့ဝှက်စွာ ဖြန့်ကြက်ချထားတယ်လို့ ပြောပါတယ်။ အမှောင်ခန်းထဲက ကြောင်နက်တစ်ကောင်ကို ရှာဖို့ ခက်ခဲလိမ့်မယ်ဆိုတဲ့ စကားပုံလိုမျိုးပေါ့။ တကယ်က အဲဒီကြောင်နက်က အခန်း ထဲမှာ ရှိမနေတာမျိုးလည်း ဖြစ်ပါလိမ့်မယ်”ဟု မက်ဗီဒက်ဗ်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားနှင့်ယူကရိန်းကြား စစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် ကြိုးပမ်းနေ သော်လည်း လက်တွေ့မှာ အခက်အခဲများဖြင့် ရင်ဆိုင်နေရပြီး နှစ်နိုင်ငံစလုံးကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည် ဟုလည်း ခြိမ်းခြောက်လျက်ရှိသည်။
Source: ရိုက်တာ