CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ထဲသို့ မြန်မာ့တပ်မတော်မှ စစ်ကြောင်းများ ပြန်လည် ဝင်ရောက်လာပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ထိန်းချုပ်လိုက်ကြောင်း ဓာတ်ပုံများဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၆ ရက်တွင် မြန်မာ့တပ်မတော်အား တိုက်ခိုက်ပြီးနောက် ထိန်းချုပ်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က ကျောက်မဲမြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လက စတင်ပြီး ထိုးစစ်ဆင်လာ၍ TNLA နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် စစ်ကြောင်းများသည် အောက်တိုဘာ ၁ ရက်၌ ကျောက်မဲမြို့ထဲသို့ ရောက်ရှိလာပြီး မြို့ကို ပြန်လည်ထိန်းချုပ်လိုက်သည်။