- By CNI
- Category: နိုင်ငံရေး
- Hits: 1433
CNI International News
ဂျေရုဆလင်၊ ဇူလိုင် ၁၅
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အစ္စရေးဝန်ကြီးချုပ် ယာယစ်လာပစ် (Yair Lapid) တို့သည် အီရန် နျူကလီးယားလက်နက် မထုတ်လုပ်နိုင်စေရန် တားဆီးရေး ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်လျက် ၎င်းတို့၏ရပ်တည်ချက်များကို ထပ်လောင်းပြောကြားခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။
ဘိုင်ဒန်၏ ၄ ရက်ကြာ အရှေ့အလယ်ပိုင်းခရီးစဉ်၏ ဒုတိယနေ့တွင် အနောက်ဂျေရုဆလင်၌ ဇူလိုင် ၁၄ ရက်၊ နံနက်ပိုင်းမှာ တစ်ဦးချင်းတွေ့ဆုံခဲ့ကြပြီးနောက် ခေါင်းဆောင်နှစ်ဦးတို့သည် အဆိုပါကြေညာချက်ကို လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ကြသည်။ ထို့နောက် အိန္ဒိယနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် အွန်လိုင်းထိပ်သီးအစည်းအဝေး ကျင်းပခဲ့ကြသည်။
အီရန်အပေါ် နျူကလီးယားလက်နက်ဖြင့် ၎င်းဘာသာ လက်နက်တပ်ဆင်နိုင်စွမ်းကို ဟန့်တားရန်အတွက် အမေရိကန်၏နိုင်ငံတော်အဆင့် စွမ်းအားအလုံးစုံကို အသုံးပြုသွားမည်ဟု အဆိုပါပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
အစ္စရေးကို အမေရိကန်၏စစ်ရေးအကူအညီ ဆက်လက်ပေးအပ်ရန် ဝါရှင်တန်က ကတိပြုကြောင်း ကြေညာချက် တွင် ဆက်လက်ဖော်ပြထားသည်။
သမ္မတဟောင်း ဘာရတ်အိုဘားမားလက်ထက် ဘိုင်ဒန် ဒုတိယသမ္မတအဖြစ် တာဝန်ယူစဉ်က အစ္စရေးကို ၁၀ နှစ် တာကာလအတွက် စံချိန်တင်အကူအညီ ဒေါ်လာ ၃၈ ဘီလီယံပေးအပ်ရေးအစီအစဉ်အား ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ယခု လက်မှတ်ရေးထိုးပြီးနောက် သတင်းစာရှင်းလင်းပွဲ ဆက်လက်ကျင်းပရာ ဘိုင်ဒန်နှင့် လာပစ်တို့က “အမေရိကန်-အစ္စရေးဆက်ဆံရေးအတွက် မိမိအတည်ပြုကြောင်းနှင့် အီရန်ထံမှ ခြိမ်းခြောက်မှုရှိနေသည်ဟု ယူဆကြောင်း” ထုတ်ဖော်ပြောကြားခဲ့ကြသည်။
“အီရန်နျူကလီးယားအစီအစဉ်ကို ရပ်တန့်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ လွတ်လပ်တဲ့ကမ္ဘာကနေ အင်အားသုံးမယ်ဆိုတာ အီရန်သိဖို့ပါပဲ” ဟု လာပစ်က ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဘိုင်ဒန်က “သံတမန်ဆက်ဆံရေးသည် အီရန် နျူလက်နက် မထုတ်နိုင်စေရန် တားဆီးရေး အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယုံကြည်သော်လည်း အစ္စရေးအတွက် လုံခြုံရေးအာမခံချက်ရှိရန် လိုအပ်ကြောင်း” ထပ်လောင်းပြောကြားခဲ့သည်။
Source: Aljazeera

- By CNI
- Category: နိုင်ငံရေး
- Hits: 926
CNI International News
ပြုံယမ်း၊ ဇူလိုင် ၁၄
ရုရှား ကျူးကျော်စစ်နှင့်အတူ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသည့် ခွဲထွက်ရေး ဒေသနှစ်ခု၏ လွတ်လပ်ရေးကို အသိ အမှတ်ပြု ထောက်ခံသည့် နိုင်ငံအနည်းငယ်သာရှိရာမှ ယခုအခါ မြောက်ကိုရီးယားလည်း တစ်နိုင်ငံအဖြစ် တိုးလာကြောင်း အေပီသတင်းတွင် ရေးသားထားသည်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး ယခုကဲ့သို့ မိမိတို့ ခွဲထွက် ဒေသများ၏ လွတ်လပ်ရေးကို ထောက်ခံသည့် ပြုံယမ်း(မြောက်ကိုရီးယား)ဆုံးဖြတ်ချက်မှာ ယူကရိန်း အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထိခိုက်စေကြောင်း ပြောကြား၍ ရှုတ်ချခဲ့သည်။
မြောက်ကိုရီးယား အစိုးရမီဒီယာက ယနေ့ (ဇူလိုင် ၁၄ ရက်) ထုတ်လွှင့်ချက်ထဲတွင် “မိမိတို့ နိုင်ငံခြားရေးဝန်ကြီး ချိုစွန်ဟွိုင်သည် ဒွန်နက်စ်နှင့် လူဟန့်စ် ခွဲထွက်ရေးဒေသများမှ ခေါင်းဆောင်များထံသို့ စာအသီးသီး ရေးသားပေးပို့ခဲ့ကြောင်း၊ စာပါ အကြောင်းအရာမှာ ၎င်းတို့ဒေသ လွတ်လပ်ရေးကို မြောက်ကိုရီးယားအနေဖြင့် အသိအမှတ်ပြု ထောက်ခံကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနဲ့ ဖွံ့ဖြိုးရေး တိုးတက်ရန် ဆန္ဒရှိကြောင်း စသည်ဖြင့် ဖော်ပြထားသည်” ဟု သိရသည်။
အဆိုပါ စာလွှာများကို ယခုကဲ့သို့ မြောက်ကိုရီးယား၏ ဆုံးဖြတ်ချက်များအား ထုတ်ဖော်ကြေညာရန် တစ်ရက်အလိုတွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ဒွန်နက်စ်ဒေသ ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ်ပွတ်ရှီလင်
အထက်ပါ ဆုံးဖြတ်ချက်ကို ဒွန်နက်စ်ဒေသ ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ်ပွတ်ရှီလင် (Denis Pushilin) က သိရှိပါကြောင်း ဇူလိုင် ၁၃ ရက်၌ ပြောကြားခဲ့သည်။
ဒွန်နက်စ်နှင့် လူဟန့်စ်တို့သည် ယူကရိန်း အရှေ့ဘက်ပိုင်းရှိ ဒွန်ဘတ်စ် ဒေသကြီးထဲတွင် ယှဉ်တွဲတည်ရှိကြပြီး သံမဏိစက်ရုံများ၊ သတ္တုတွင်းများနှင့် အခြား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးသည်။
အဓိကသုံးစွဲသော ဘာသာစကားမှာ ရုရှားဘာသာစကား ဖြစ်သည်။
အဆိုပါ ဒေသနှစ်ခု စလုံးကို ခွဲထွက်ရေးသမားများက ၂၀၁၄ ခုနှစ်ကတည်းက ထိန်းချုပ်ခဲ့သော်လည်း ရုရှားသမ္မတ ပူတင်က ၎င်း၏ ကျူးကျော်စစ် မစတင်မီ အချိန်ပိုင်းအတွင်း ဒေသနှစ်ခု၏ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။
၎င်းတို့၏ လွတ်လပ်ရေးကို ဆီးရီးယားနိုင်ငံကလည်း အသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်။
“မြောက်ကိုရီးယားကို ယခုလို ထောက်ခံဖို့ ရုရှား၏ မေတ္တာရပ်ခံချက်သည် မော်စကိုထံတွင် ငွေကြေးနှင့်နိုင်ငံရေးအရ မှီခိုနေရသော နိုင်ငံ များမှအပ ကမ္ဘာပေါ်တွင် မဟာမိတ်များ မရှိတော့ကြောင်း ပြသရာရောက်သည်” ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာ (Dmytro Kuleba) က ပြောကြားခဲ့သည်။
“ရုရှားဖက်ဒရေးရှင်း၏ အထီးကျန်အဆင့်သည် မကြာမီ DPRK ၏ အထီးကျန်အဆင့်သို့ ရောက်ရှိလိမ့်မည်” ဟု မြောက်ကိုရီးယား၏ တရားဝင် အမည်ဖြစ်သော ကိရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ အတိုကောက် DPRK ဟု သုံးနှုန်းလျက် ကူလီဘာက ကြေညာ ချက် တစ်စောင်တွင် ပြောကြားခဲ့သည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 1016
CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄
အင်တာနက် ဝက်ဘ်ဆိုက် အခြေခံ၍ မော်တော်ယာဉ် ငှားရမ်းစီးနင်းခြင်း ဝန်ဆောင်မှု အပါအဝင် အစိုးရ၏ ယှဉ်ပြိုင်မှု ပိုမို ခွင့်ပြုရေး ဥပဒေမူကြမ်းကို မကျေနပ်ကြသော တက္ကစီယာဉ်မောင်းများသည် အီတလီနိုင်ငံ၊ ရောမမြို့၊ ချီဂီနန်းတော်အနီးရှိ Via del Corso နေရာတွင် စုဝေး၍ ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြမှု နေရာအနီးတွင် ရဲတပ်ဖွဲ့က ဇူလိုင် ၁၃ ရက်၌ လုံခြုံရေးအစီအမံများ ချမှတ် ဆောင်ရွက်နေသည်ကို တွေ့ရသည်။
အီတလီနိုင်ငံ တဝန်းမှ တက္ကစီယာဉ်များသည် အစိုးရချပြသည့် ဥပဒေကြမ်းကို ဆန့်ကျင် ကန့်ကွက်ကြရာတွင် Uber ကုမ္ပဏီ၏ မှတ်တမ်းများနှင့် ဆက်နွှယ်မှုရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ထိုမှတ်တမ်းများ၌ ပေါက်ကြား ခဲ့သည့် စာရွက်စာတမ်းပေါင်း ၁၂၄,၀၀၀ ကျော်ကို အခြေခံ၍ Uber အငှားယာဉ် ကုမ္ပဏီအကြောင်း အချက်အလက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစ်ခုလည်း ပါဝင်သည်။
နိုင်ငံအသီးသီးရှိ စည်းကမ်းထိန်းသိမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ဟန့်တားရာရောက်သည့် အစပျိုး လုပ်ဆောင်ချက် (start-up) များသည် တည်ဆဲဥပဒေများနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်ခဲ့ကြောင်း ထင်ဟပ်နေစေပြီး အစိုးရဘက်လိုက်ရန် အတွက် လော်ဘီနည်း ပရိယာယ်များကို အသုံးချနေကြောင်း ပေါ်လွင်နေသည်ဟု သိရသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 745
CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄
သီရိလင်္ကာ၏ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် တရားဝင် အဆောက်အအုံများ သိမ်းပိုက်မှုကို အဆုံးသတ်ရန် သဘောတူညီခဲ့ကြသည်ဟု AFP က ရေးသားဖော်ပြခဲ့သည်။
ဆိုးရွားလှသည့် စီးပွားရေး အကျပ်အတည်းမှုသည် သမ္မတနှင့် ဝန်ကြီးချုပ်ကို ဖြုတ်ချရန် ဆန္ဒပြသူများအား တွန်းအားပေးလာခဲ့သည်။ သမ္မတနှင့် ဝန်ကြီးချုပ် နုတ်ထွက်ရေးကိုတော့ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆန္ဒပြသူများက ကတိပြုခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1132
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၁၄
ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များကို ဖြုတ်ချရန် ကြိုးပမ်းမှုများနှင့် ပြည်ပနိုင်ငံအချို့၏ အစိုးရအပြောင်းအလဲများ ဖြစ် ပေါ်ရန် ကြိုးပမ်းရာ တခန်းတကဏ္ဍတွင် မိမိလည်း ပါဝင်ခဲ့ဖူးကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဟောင်း ဂျွန်ဘော်လ်တန် (John Bolton)က ဝန်ခံပြောကြားခဲ့သည်။
အမေရိကန်ပြည်တွင်း၌ အင်အားသုံး၍ အစိုးရတစ်ရပ် ဖြုတ်ချရေး လုပ်ဆောင်ရာတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ လုပ်ရပ်များ အမျှော်အမြင် ကင်းမဲ့ကြောင်း ဝေဖန်နေကြချိန်၌ ယခုကဲ့သို့ ဂျွန်ဘော်လ်တန်၏ ဝန်ခံချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် အမေရိကန်၊ ကာပီတို အဓိကရုဏ်း အမှုကို ယခု ဇူလိုင် ၁၂ ရက်တွင် လွှတ်တော်တွင် ကြားနာပြီး နောက် CNN သတင်းဌာနမှ ဂျက်တက်ပါ (Jake Tapper) နှင့် တွေ့ဆုံမေးမြန်းတွင် ဂျွန်ဘော်လ်တန်က “သေချာစွာ စီစဉ် ထားသော အာဏာသိမ်းမှုကို ဦးစီးချုပ်ဟောင်းက မရုပ်သိမ်းနိုင်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွင် ဒေါ်နယ်ထရမ့်၏ လုပ်ဆောင်ပုံ ဟန်မကျကြောင်း” ပြောကြားခဲ့သည်။
“အာဏာသိမ်းဖို့ကိစ္စမှာ ထက်မြက်စရာ မလိုဘူးလား” ဟု CNN က စောဒတက်ခဲ့ရာ ဘော်လ်တန်က ပြည်ပအစိုးရများကို ဖြုတ်ချရာတွင် မိမိလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ဖူးကြောင်း၊ ထိုသို့ စီမံချက်များအတွက် သိသာထင်ရှားသော အစီအစဉ် များ ချမှတ်ရန် လိုအပ်ကြောင်း တုံ့ပြန်ခဲ့သည်။
ဗင်နီဇွဲလား သမ္မတ နီကိုလပ်မာဒျူရိုနဲ့ လုံခြုံရေးတပ်ဖွဲ့များ
“အဲဒါကို ကျနော် လက်မခံဘူးဗျ။ အာဏာသိမ်းဖို့ စီမံချက်ကို ကူညီခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ ဒီနေရာမှာတင် မဟုတ်ဘဲ တခြားနေရာတွေမှာ အများကြီး လုပ်စရာတွေ လိုတယ်ဗျ။ နောက်ပြီးတော့ အဲဒီမျိုးလည်း ထရမ့်က မစီမံခဲ့ဘူး။ စိတ်ကူးတစ်ခု ကနေ နောက်တစ်ခု လှည့်ပတ်နေတာ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အသေးစိတ် အချက်အလက်များကို CNN မှ တက်ပါက မေးမြန်းခဲ့သော်လည်း ဘော်လ်တန်က အသေးစိတ် ရှင်းပြရန် ငြင်းဆန်ခဲ့သည်။ သို့သော် ဗင်နီဇွဲလား အရေးကိစ္စကိုတော့ ဆက်လက် ဖြေကြားခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ သမ္မတ နီကိုလပ်မာဒျူရို (Nicolas Maduro) ကို ဖြုတ်ချရန် အမေရိကန် ကျောထောက် နောက်ခံ ပေးထားသည့် အတိုက်အခံ သမားများက ကြိုးပမ်းခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် ဘက်ပြောင်း ရေး လှုံ့ဆော်ပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ဗင်နီဇွဲလားအတွက် အမေရိကန် ကြိုးပမ်းချက်မှာ “မအောင်မြင်ခဲ့ပါဘူး” ဟု ဂျွန်ဘော်လ်တန်က ဖြေကြားခဲ့သည်။
“ကျနော်တို့ အဲဒီနိုင်ငံမှာ ပါဝင်ပတ်သက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တရားမဝင် ရွေးကောက် တင်မြှောက်ခံရတဲ့ သမ္မတကို ဖြုတ်ချနိုင်ဖို့ အတိုက်အခံတွေဘက်မှာ ဘာတွေလိုတယ်ဆိုတာ ကျနော်တို့ မြင်ပါတယ်။ မအောင်မြင်ခဲ့ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Source: အာရ်တီသတင်းဌာန

- By CNI
- Category: နိုင်ငံရေး
- Hits: 1010
CNI International News
ဘဲလ်ဂရိတ်၊ ဇူလိုင် ၁၄
ယူကရိန်းပဋိပက္ခသည် ရုရှားနိုင်ငံကို ယူကရိန်းတပ်ဖွဲ့ဝင်များသုံး၍ အနောက်အုပ်စုနိုင်ငံများက ဝိုင်းဝန်း တိုက်ခိုက် နေသော ကမ္ဘာစစ်တစ်ခုဖြစ်ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန္ဒားဘူချိ (Aleksandar Vucic) က ဇူလိုင် ၁၃ တွင် ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
“ကမ္ဘာစစ်ကြားထဲ ရောက်နေပြီဆိုတာ ကျနော်တို့ နားလည်သင့်တယ်။ ဒေသတွင်း (သို့မဟုတ်) ပြည်တွင်းစစ် ဖြစ်စေမယ့် ဆွေးနွေးညှိနှိုင်းမှုမျိုးကို ကျနော်တို့ အားလုံး ဖျက်သိမ်းရမယ်။ အနောက်ကမ္ဘာတစ်ခုလုံးက ယူကရိန်း ကနေတစ်ဆင့် ရုရှားကို တိုက်နေတယ်။ ဒါဟာ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပဋိပက္ခပါပဲ” ဟု Pink TV နှင့် အင်တာဗျူး တွင် ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းအခြေအနေသည် ဘော်လကန်ဒေသရှိ နိုင်ငံများကို စကားပြောနေကြောင်း ဆားဘီးယားသမ္မတ၏ အဆိုအရ သိရသည်။ သို့သော်လည်း ဆားဘီယားသည် ဘော်လကန်ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ကြိုးစားအားထုတ်မှုကို တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။
ဆားဘီးယားသမ္မတ အလက်ဇန္ဒားဘူချိ(ဓါတ်ပုံ-TASS)
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒွန်ဘတ်စ်ဒေသရှိ သမ္မတနိုင်ငံနှစ်နိုင်ငံမှ ခေါင်းဆောင်များ၏ အကူအညီ တောင်းခံမှုကို တုံ့ပြန်သောအားဖြင့် အထူးစစ်ဆင်ရေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ကြေညာခဲ့ကြောင်း ရုရှားအာဘော်တာ့စ်သတင်းဌာနက ဆက်လက်ရေးသားထားသည်။
မော်စကိုသည် ယူကရိန်းပိုင်နက်များကို သိမ်းပိုက်ရန် အစီအစဉ်မရှိသော်လည်း လက်နက်ဖြုတ်သိမ်းရေးနှင့် ခေတ်သစ်နာဇီကင်းစင်စေရေး အလေးပေးကြောင်း ပူတင်က ပြောကြားခဲ့ပြီးဖြစ်သည်။
ထို့နောက် အနောက်အုပ်စုနိုင်ငံများကို ရုရှားအပေါ် ပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြသည်။
Source: တာ့စ်သတင်းဌာန

- By CNI
- Category: နိုင်ငံရေး
- Hits: 931
CNI International News
ပေါ့အူပရင့်စ်၊ ဇူလိုင် ၁၃
ဟေတီနိုင်ငံ၏မြို့တော် ပေါ့အူပရင့်စ်ရှိ လူနေရပ်ကွက် တစ်ခုအတွင်း ၄ ရက်တိုင်တိုင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း၊ နိုင်ငံတဝန်း တိုးလာနေသည့် အကြမ်းဖက်မှု လှိုင်းဂယက်အတွင်း ယခုဖြစ်စဉ်သည် နောက်ဆုံး သွေးထွက်သံယိုမှုဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့ကြသည်။
ပြိုင်ဘက်ဂိုဏ်း နှစ်ဂိုဏ်း၏ အဖွဲ့ဝင်များအကြား ဇူလိုင် ၈ ရက်မှစတင်၍ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၀ ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အေပီသတင်းအရ သိရသည်။
သမ္မတ ဂျိုဗီနယ်မိုအိ လုပ်ကြံရခံရပြီး တစ်နှစ်အကြာ အဆိုပါ အကြမ်းဖက်မှုများ စတင်လာခဲ့ခြင်း ဖြစ်သည်။ မိုအိ လုပ်ကြံ သတ်ဖြတ် ခံရပြီးကတည်းက အကြမ်းဖက်မှုများ ပိုမိုတိုးပွားလာခဲ့ရာ အစိုးရက နှိမ်နင်းနိုင်ရန် ကြိုးစားရုန်းကန် နေရဆဲ ဖြစ် သည်။
မြို့တော်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ဆိုက်ဆိုလင်း (Cite Soleil) ဒေသတွင် သောက်ရေ၊ အစားအသောက်နှင့် ဆေးဝါး ကုသမှု မရရှိဘဲ ပိတ်မိနေသူပေါင်း ထောင်နှင့်ချီ၍ ရှိနေကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ပြောကြားခဲ့သည်။
ဟေတီ လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးရေးလုပ်နေစဉ် (AP)
၎င်းအဖွဲ့က အခြားလူသားချင်း စာနာမှုအဖွဲ့များကို ဟေတီအတွက် အကူအညီပေးရန် တောင်းဆိုခဲ့ပြီး အကြမ်းဖက် ဂိုဏ်းများ အနေဖြင့် အရပ်သားများကို ညှာတာထောက်ထားရန် သတင်းထုတ်ပြန်ချက် တစ်စောင်တွင် ဖြန့်ဝေ၍ တိုက်တွန်းခဲ့သည်။
နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ အဖွဲ့ဝင် ၃ ဦးသည် ယခုအခါ ဘရွတ်ကလင်းဟုလည်း ခေါ်ကြသည့် ဆိုက်ဆိုလင်းဒေသ တွင် ဒဏ်ရာရလူနာများကို လက်ခံ ကုသပေးနေသည်။
“ဘရွတ်ကလင်းသို့ သွားသည့်လမ်းတလျှောက်တွင် ပုပ်ပွနေသော (သို့မဟုတ်) မီးရှို့ အသတ်ခံထားရသော အလောင်းများကို ကျနော် မြင်ခဲ့ရပါတယ်” ဟု ဟေတီနိုင်ငံရောက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ အကြီးအကဲဖြစ်သူ မူမူဆာမူဟင်ဒိုက ၎င်းအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ပြောကြားခဲ့သည်။
“သူတို့က တိုက်ရင်းခိုက်ရင်း သေတဲ့လူတွေ (ဒါမှမဟုတ်) ထွက်ပြေးဖို့ ကြိုးစားသူတွေ ဖြစ်နိုင်ပါတယ်။ တကယ့် စစ်မြေပြင် လိုပါပဲ။ လူဘယ်လောက် သေတယ်ဆိုတာ ခန့်မှန်းလို့ မရပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများတွင် G-9 နှင့် G-Pep အမည်ရှိ ပြိုင်ဘက် အကြမ်းဖက်ဂိုဏ်း နှစ်ဂိုဏ်း အဓိက ပါဝင်ကြောင်း ဟေတီ အာဏာပိုင်များက ပြောကြားသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 934
CNI International News
ကိုလံဘို၊ ဇူလိုင် ၁၃
သီရိလင်္ကာတွင် ချွတ်ခြုံကျနေသော စီးပွားရေးကြောင့် ပြည်တွင်းကျန်းမာရေးစောင့်ရှောက်မှုစနစ်၌ ဆေးဝါးနှင့် အခြားအရေးပါသောအထောက်အပံ့များ ပြတ်တောက်ကုန်သဖြင့် ဖျားနာခြင်း (သို့မဟုတ်) မတော်တဆ ထိခိုက် ရှနာခြင်းများ မဖြစ်ပွားအောင် ဆင်ခြင်နေထိုင်ကြရန် သီရိလင်္ကာဆရာဝန်များက ပြည်သူများကို သတိပေးနှိုးဆော် နေရကြောင်း အေပီသတင်းအရ သိရသည်။
တောင်အာရှဒေသရှိ ကျွန်းနိုင်ငံဖြစ်သော သီရိလင်္ကာတွင် လောင်စာဆီနှင့်စားသောက်ကုန်စသည့် ပြည်တွင်း တင်သွင်းကုန်များအတွက် ပေးချေစရာ ငွေကြေးပြတ်လပ်နေခဲ့သလို ဆေးဝါးများလည်း ကုန်ခမ်းနေပြီဖြစ်သည်။
ထိုပြဿနာများသည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်ခဲ့သော နိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစနစ်ကို ခြိမ်းခြောက်နေပြီဖြစ်သည်။
အချို့ဆရာဝန်များက ထောက်ပံ့ရေးပစ္စည်း လှူဒါန်းနိုင်ရန် (သို့မဟုတ်) ၎င်းတို့ကို ဝယ်ယူနိုင်ရေး ရန်ပုံငွေရရှိရန် လူမှုကွန်ရက်မီဒီယာများကို အားကိုးနေကြသည်။ ထို့ပြင် ပြည်ပရောက် သီရိလင်္ကာနိုင်ငံသားများကိုလည်း မိခင် တိုင်းပြည်ကို ပြန်လှည့်ကြည့်ကြရန် တိုက်တွန်းထားကြသည်။
သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ အစိုးရဆေးရုံတစ်ရုံတွင် ဆေးရုံဝန်ထမ်းတစ်ဦး ဆေးဗန်းများ သယ်ဆောင်နေစဉ်(ဓါတ်ပုံ-အေပီ)
တိုင်းပြည်ကို စီးပွားရေးနှင့် နိုင်ငံရေးအရ ပြိုလဲသွားစေသော လတ်တလောအကျပ်အတည်းကို အဆုံးသတ်သွား စေမည့် အရိပ်အယောင်လည်း မတွေ့ရသေးပေ။
ကင်ဆာဆေးရုံများတွင်လည်း ကုသရေးအတွက် မရှိမဖြစ်ဆေးဝါးများ ချွေတာသုံးစွဲရန် ကြိုးစားရုန်းကန်နေရ သည်။
“မဖျားကြပါနဲ့။ ဒဏ်ရာအနာတရ မရအောင် နေကြပါ။ မလိုအပ်ဘဲ ဆေးကုရဖို့၊ ဆေးရုံပြေးရဖို့ကိစ္စ ဘာမှ မဖြစ်အောင် ဆင်ခြင်ကြပါဗျာ။ အခုက အခြေအနေ တော်တော်ဆိုးနေလို့ပါ” ဟု သီရိလင်္ကာဆရာဝန်များ အသင်းဥက္ကဋ္ဌ ဆာမက်ဒါမာရက် (Samath Dharmaratne) က တိုက်တွန်းနှိုးဆော်ခဲ့သည်။
ကိုလံဘိုမြို့တော်ရှိ ကျောက်ကပ်ဆေးရုံကို ဦးစီးကြီးကြပ်နေသော ဒေါက်တာ ချားလ်စ်နူဂါဗီလာ (Charles Nugavela) က “၎င်း၏ဆေးရုံသည် အလှူရှင်များ၏ကျေးဇူးကြောင့် ဆက်လက်လည်ပတ်နေသော်လည်း ကျောက်ကပ်ဆေးကြောရသည့်အဆင့်ထိ ဆိုးဝါးနေသော လူနာများကိုသာ လက်ခံကုသပေးနိုင်တော့ကြောင်း” ပြောကြားခဲ့သည်။
ထို့ပြင် ခွဲစိတ်ခန်းသုံးပစ္စည်းများ ပြတ်တောက်နေ၍ ဆေးရုံတင်လူနာမှအပ အခြားအရေးပေါ်ခွဲစိတ်ကုသပေးမှု အားလုံးကို ရပ်ဆိုင်းလိုက်ရမည့်အရေးကို ဒေါက်တာ ချားလ်စ်နူဂါဗီလာက စိုးရိမ်နေသည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 904
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၁၃
ရုရှားနိုင်ငံအပေါ် ထောင်နှင့်ချီသော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် အမေရိကန်နှင့်၎င်း၏ မဟာမိတ်များသည် ယခု တိုက်ခိုက်နေသော ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကို ဟန့်တားနိုင်ရန်အတွက် ရုရှားရေနံဈေးကွက်ကို ကန့်သတ်ရန် ကြိုး ပမ်းနေသည်ဟု အေပီက ရေးသားသည်။
ထို့နောက် အစီအမံအသစ်များ ရေးဆွဲလျက်ရှိကြောင်း၊ ရေနံနှင့် လောင်စာဆီ ဈေးတက်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်စေနိုင်သည့် အဆင့်ကို ရပ်တန့်စေနိုင်ခဲ့ကြောင်း အေပီက ဆက်လက် ဖော်ပြထားသည်။
အခြားတဖက်တွင်လည်း ကရင်မလင်၏ အဓိက အားထားရာ မဏ္ဍိုင်ဖြစ်သည့် ရေနံသည် ပို့ကုန်ပိတ်ဆို့မှု၊ ဒဏ်ခတ်အရေး ယူများနှင့်အတူ ရုရှားဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများ ဆိုင်းငံ့ခံထားရသော်လည်း ရုရှားစီးပွားရေးကို မယိမ်းမယိုင်အောင် ထိန်းနိုင် ခဲ့သည်။
အမေရိကန်၏ ဥရောပမဟာမိတ်များသည် ဘိုင်ဒန်အစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာပြီး ရုရှားရေနံ သုံးစွဲခြင်းကို ယခု နှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်မည့် ခြေလှမ်းများ လုပ်ဆောင်ရန် စီစဉ်ထားကြသည်။
ထိုသို့ အခင်းအကျင်းများသည် ယခုအခါ ကမ္ဘာတလွှား ရေနံရောင်းလိုအား ကျဆင်းစေပြီး ရေနံစိမ်း တစ်စည်လျှင် ဒေါ်လာ ၂၀၀ အထိ ဈေးတက်လာစေနိုင်ကြောင်း စီးပွားရေးပညာရှင်အချို့က ထောက်ပြနေကြသည်။
ပူတင် ကိုတွေ့ရစဉ် (GETTY IMAGES)
ထိုသို့ အန္တရာယ်များနေချိန်တွင် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ရုရှား၏ ရေနံဈေးနှုန်းကို ကန့်သတ် ထိန်းချုပ်ရန် အတွက် ဝယ်လက် အစုအဖွဲ့တစ်ခုကို တည်ထောင်ရန် ကြိုးပမ်းနေကြပြီး စက်မှုထိပ်သီး (G-7) ၇ နိုင်ငံမှ ခေါင်းဆောင်များက ထိုသို့ ကန့်သတ်ထိန်းချုပ်ရေးအတွက် အကြိုသဘောတူထားကြသည်။
ရိုးရှင်းစွာ ပြောရလျှင် ထိုအစီအစဉ်ကို လက်ခံကြသည့် နိုင်ငံများအနေဖြင့် ရေနံကို ဈေးကွက် ပေါက်ဈေးထက် သက်သာ သော နှုန်းထားဖြင့် ဝယ်ယူရန် လိုလိုလားလား သဘောတူ လက်ခံခဲ့ကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်စစ်ကြောင့် ရုရှားသမ္မတ ပူတင်ကို ဆန့်ကျင်သည့် နိုင်ငံများ၌ စွမ်းအင် စရိတ် မြင့်မားလာခြင်းမှာ ၎င်းတို့နိုင်ငံ အသီးသီး၏ စီးပွားရေးကို ကျပ်တည်းစေခဲ့ပြီး ပြတ်လပ်မှုများ၏ ခြိမ်းခြောက်မှု ခံနေ ရပြီ ဖြစ်သည်။
ဗြိတိန်၊ ဂျာမနီနှင့် အီတလီရှိ ခေါင်းဆောင်များသည် ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ခပ်ကင်းကင်း နေကြည့်ကြရာမှ ဖြစ်ပေါ်လာသော စီးပွားရေး ပျက်သုဉ်းမှုနှင့် ရင်ဆိုင်နေကြရသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံတွင် သမ္မတ ဂျိုးဘိုင်ဒန်သည် ကြားဖြတ်ရွေးကောက်ပွဲများ၌ ဒီမိုကရက်တစ်ပါတီဝင်များ အခွင့်အလမ်း ထိခိုက်စေသည့် ၎င်းအပေါ် လူထုထောက်ခံမှု အင်အား ကျဆင်းနေခဲ့သည်။
ထိုသို့ အခင်းအကျင်းများ၏ နောက်ကွယ်၌ ရှိနေသည့် အယူအဆများမှာ စားသုံးသူများအတွက် ဓာတ်ငွေ့နှင့်လောင်စာဆီ ဈေးလျှော့ ချပေးရေးနှင့် ယူကရိန်းစစ်ပွဲ ရပ်တန့်ရေး အကူအညီပေးကြဖို့ ဖြစ်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ယဲလန်း (Janet Yellen) ဿည် လက်ရှိကာလ၌ အထက်ပါ အဆိုပြုချက်များအတွက် စည်းရုံးဆွဲဆောင်နိုင်ရန် အင်ဒို-ပစိဖိတ်ဒေသရှိ နိုင်ငံများသို့ ခရီးလှည့်လည်နေကြောင်း အေပီသတင်းအရ သိရသည်။
Source: AP