- By CNI
- Category: နိုင်ငံရေး
- Hits: 1037
CNI International News
နယူးဒေလီ၊ မေလ ၂
ဝါရှင်တန်ပို့စ်နှင့် ဂါးဒီးယန်း သတင်းစာများ အပါအဝင် အမေရိကန်မီဒီယာများသည် အိန္ဒိယအစိုးရနှင့်ပတ်သက်ပြီး သတင်းဖော်ပြရာတွင် ဘက်လိုက်မှုများရှိနေသည်ဟု Khalsa Vox သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ အနောက်အုပ်စု မီဒီယာများ၏ လိုတစ်မျိုး၊ မလိုတစ်မျိုး သတင်းထုတ်ပြန်မှုများသည် နိုင်ငံတကာ စာနယ်ဇင်းကဏ္ဍကို အန္တရာယ်ရှိစေနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အိန္ဒိယတွင် ရွေးကောက်ပွဲများ ပြုလုပ်နေချိန် အတောအတွင်း အမေရိကန်မြေပေါ်၌ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတစ်ခုကို အိန္ဒိယအစိုးရနှင့် ချိတ်ဆက်ဖော်ပြမှုသည် အနောက်အုပ်စု မီဒီယာများ၏ ဘက်လိုက်ဖော်ပြမှု ကိုသာမက ရွေးကောက်ပွဲနှင့် အချိန်ကိုက် သတင်းထုတ်ပြန်ခဲ့သည့် လုပ်ဆောင်ချက်များအပေါ် မေးခွန်းများ မြင့်တက်စေခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားကို တွေ့ရစဉ်
ထိုဖြစ်စဉ်များသည် အထူးအဆန်းတော့ မဟုတ်ပေ။ များစွာသော အနောက်အုပ်စု မီဒီယာသည် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ (Narendra Modi) အစိုးရအဖွဲ့နှင့်ပတ်သက်ပြီး အဆိုးမြင်သည့်ဘက်မှ သတင်းများဖော်ပြခဲ့ပြီး အချက်အလက်များကို မျက်ကွယ်ပြုခဲ့သည်။
ဥပမာအားဖြင့် မီုဒီသည် ဝါရှင်တန်သို့ သွားရောက်ခဲ့ချိန်က အနောက်အုပ်စု မီဒီယာများသည် သံတမန်ရေးရာ ကောင်းမွန်သည့် ဆက်ဆံရေးများကို ဖော်ပြခြင်းထက် ဒီမိုကရေစီဆိုင်ရာ စိုးရိမ်စရာ ကိစ္စရပ်များကိုသာ ခေါင်းကြီးပိုင်း သတင်းများအဖြစ် ဖော်ပြခဲ့ကြသည်။
ထိုကဲ့သို့ အချိုးအစား မညီသည့် သတင်းထုတ်ပြန်မှုများကြောင့် အနောက်အုပ်စု မီဒီယာများသည် အနောက်နိုင်ငံ များ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး အပြုသဘောဆောင်သည့်ဘက်မှ ရေးသားဖော်ပြနေသည့် အချက်ကို ပေါ်လွင်စေခဲ့သည်။
ဥပမာအားဖြင့် အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမား (Barrack Obama) လက်ထက်က ဒရုန်းများ အသုံးပြု သည့် စစ်ဆင်ရေးများတွင် အရပ်သားများ ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်း အနောက်နိုင်ငံများ၌ ထိုစစ်ဆင် ရေးများနှင့်ပတ်သက်ပြီး အမွှမ်းတင် ဖော်ပြခဲ့ကြသည်။

မိုဒီနဲ့မီဒီယာတွေကိုတွေ့ရစဉ်
ပါကစ္စတန်တွင် အိုဘားမား အစိုးရအဖွဲ့၏ ဒရုန်းစစ်ဆင်ရေးများကြောင့် အရပ်သား သေဆုံးမှုများ မြင့်တက်ခဲ့ပြီး ထိုဖြစ်စဉ်များကို အနည်းငယ်သာ ဖော်ပြခဲ့ကြသည်။
ထို့ပြင် အနောက်နိုင်ငံများမှ အစိုးရများသည် ၎င်းတို့၏ ပြည်တွင်းတွင် အစိုးရ အတိုက်အခံများနှင့် ဆန္ဒပြမှုများကို ပြင်းထန်စွာ တုန့်ပြန်ကိုင်တွယ်ခဲ့သည်။
သို့သော် အိန္ဒိယ အပါအဝင် အခြားနိုင်ငံများတွင် ထိုကဲ့သို့ အစိုးရ အတိုက်အခံများနှင့် ဆန္ဒပြမှုများကို ပြင်းထန်စွာ တုန့်ပြန်ကိုင်တွယ်မည်ဆိုပါက အနောက်အုပ်စုသည် ဝေဖန်ရှုတ်ချလေ့ ရှိကြောင်းလည်း လေ့လာစောင့်ကြည့် သူများက ပြောကြားခဲ့သည်။
Source: Khalsa Vox
- By CNI
- Category: နိုင်ငံရေး
- Hits: 1740
CNI International News
နယူးဒေလီ၊ ဧပြီ ၃၀
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက “၂၀၂၃ ခုနှစ် လူ့အခွင့်အရေး လုပ်ဆောင်မှုများနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်။ အိန္ဒိယ” ဟူသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့သည့် လူ့အခွင့်အရေး ထုတ်ပြန်ချက်ကို အိန္ဒိယက ပြင်းထန်စွာ ငြင်းဆိုခဲ့ကြောင်း India Blooms မှ ဖော်ပြခဲ့သည်။
အမေရိကန်၏ ထိုထုတ်ပြန်ချက်ထဲတွင် ပြီးခဲ့သည့်နှစ်အတွင်း အိန္ဒိယသည် ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ဟု စွပ်စွဲထားသည်။
အထူးသဖြင့် အကြမ်းဖက်မှုများနှင့် အိုးမဲ့အိမ်မဲ့ အခြေအနေများကို ဖြစ်စေခဲ့သည့် မဏိပူရ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးစုပဋိပက္ခကို ရည်ညွှန်းဖော်ပြထားသည်။
ထိုပဋိပက္ခများအတွင်း လူပေါင်း ၁၇၅ ဦး သေဆုံးကာ လူပေါင်း ၆၀,၀၀၀ ကျော် အိမ်ပစ်ရာပစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မဏိပူရ်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ကြသူများကိုတွေ့ရစဉ်
အိန္ဒိယကမူ ထိုထုတ်ပြန်ချက်သည် အလွန်ဘက်လိုက်မှုရှိပြီး အမေရိကန်သည် အိန္ဒိယ၏ အခြေအနေအား ကောင်စွာ နားလည်ခြင်းမရှိသည့် လက္ခဏာတစ်ခုကို ပြသရာရောက်ကြောင်း ပြောကြားခဲ့သည်။
ထိုထုတ်ပြန်ချက်ကို အမေရိကန်လွှတ်တော်၏ ထောက်ခံမှုဖြင့် နှစ်စဉ် ထုတ်ပြန်လေ့ရှိကာ နိုင်ငံအများအပြားရှိ လူ့အခွင့်အရေး အခြေအနေများကို အကျဉ်းချုံး ဖော်ပြထားခြင်းဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ကိုယ်တိုင်က ထိုထုတ်ပြန်ချက်ကို ရှက်စရာကောင်းကြောင်း ရှုတ်ချ ပြောဆိုခဲ့သည်။
ထိုထုတ်ပြန်ချက်ထဲတွင် ဒေလီ (Delhi) နှင့် မွမ်ဘိုင်း (Mumbai) မြို့များရှိ ဘီဘီစီ သတင်းဌာန၏ ရုံးခွဲများကို အိန္ဒိယအာဏာပိုင်များ ဝင်ရောက်ရှာဖွေခဲ့သည့် ဖြစ်စဉ်များကိုလည်း စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

မိုဒီကိုတွေ့ရစဉ်
ဘီဘီစီ သတင်းဌာနက ဝန်ကြီးချုပ်မိုဒီအား ဝေဖန်ထားသည့် မှတ်တမ်း အစီအစဉ်တစ်ခုကို ထုတ်လွှင့်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် ထိုကဲ့သို့ ရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ အိန္ဒိယ၏ လူ့အခွင့်အရေး အခြေအနေသည် တိုးတက်မှုအချို့ ရှိခဲ့သည်ကိုလည်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ဥပမာအားဖြင့် အိန္ဒိယအစိုးရသည် ရှီယား (Shia) အသိုင်းအဝိုင်းမှ အဖွဲ့ဝင်များကို အစ္စလာမ်ဘာသာရေး ပွဲတော်ဖြစ်သည့် Muharram ကို အထိန်းအမှတ်အဖြစ် ကျင်းပရန် ဆရီနာဂါ (Srinagar) တွင် လမ်းလျှောက် ချီတက်ခွင့် ပြုပေးခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သီု့ ခွင့်ပြုပေးမှုသည် ဆရီနာဂါတွင် ၁၉၈၉ ခုနှစ်ကစပြီး ထိုပွဲအခမ်းအနား ပြုလုပ်ခွင့် ပိတ်ပင်ခဲ့ပြီးနောက် အိန္ဒိယအစိုးရ၏ ပထမဆုံးအကြိမ် တရားဝင် ခွင့်ပြုပေးမှုဖြစ်ပြီး သမိုင်းမှတ်တိုင် တစ်ခုအဖြစ် မှတ်တမ်းဝင် ခဲ့သည်။
Source: India Blooms
- By CNI
- Category: နိုင်ငံရေး
- Hits: 2529
CNI International News
ဆိုးလ်၊ ဧပြီ ၃၀
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk-yeol) သည် လစ်ဘရယ် အတိုက်အခံခေါင်းဆောင် လီဂျေမြောင် (Lee Jae-myung) နှင့် ဧပြီ ၂၉ ရက်က တွေ့ဆုံခဲ့ပြီး ပါတီနှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက် မှုများကို မည်သို့ ပြန်လည် အသက်သွင်းမည်ဆိုသည့် အချက်ကို ဆွေးနွေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ယွန်း၏ ကွန်ဆာဗေးတစ်ပါတီသည် မကြာသေးမီက ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုကဲ့သို့ အတိုက်အခံခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲတွင် ယွန်းက လီကို အနိုင်ရရှိခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၌ ယွန်းဆော့ရွဲ စတင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ယခုအကြိမ် တွေ့ဆုံမှုသည် ပထမဆုံးအကြိမ် ဖြစ်သည်။
ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးချိန် ကာလများအတွင်း ယွန်းနှင့်လီတို့သည် တစ်ဦးနှင့်တစ်ဦး အမှုအခင်း များဖြင့် အပြန်အလှန် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။
ဧပြီ ၁၀ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် လီ၏ ဒီမိုကရက်တစ်ပါတီ အနိုင်ရခဲ့ပြီးနောက် ပူးပေါင်း ဆောင်ရွက်ရန် တောင်းဆိုမှုများ မြင့်တက်လာသဖြင့် ယွန်းသည် အထက်ပါတွေ့ဆုံမှုကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲကို တွေ့ရစဉ်
လီ၏ ပါတီသည် ၂၀၂၇ ခုနှစ်တွင် ယွန်း၏ ၅ နှစ်သက်တမ်း ကုန်ဆုံးမည့် အချိန်အထိ အမျိုးသားလွှတ်တော်ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ယွန်းနှင့်လီတို့သည် အစည်းအဝေး အစီအစဉ်များ ကြိုတင်သတ်မှတ်ခြင်း မရှိဘဲ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦး၏ အစည်းအဝေးသည် နိုင်ငံ၏ အရေးကိစ္စများ အပေါ်တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ပြည်သူများ၏ စားဝတ်နေရေးကို တိုးတက်စေရန် အာရုံစိုက် ဆွေးနွေးခဲ့ကြောင်း ယွန်း၏ သမ္မတရုံးနှင့် လီ၏ ပါတီက ထုတ်ပြန်ခဲ့သည်။
“သမ္မတ ယွန်းဆော့ရွဲ အနေနဲ့ သူ့ရဲ့ အခြေခံမူဝါဒတွေကို ကြီးကြီးမားမား ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လူထုက ဆန္ဒရှိနေကြပါတယ်” ဟု ဒီမိုကရက်တစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ပတ်ခ်ဆွန်ဂျွန်း (Park Sung-joon) က ပြောကြားခဲ့သည်။
ယွန်း၏ ပါတီသည် ဧပြီ ၁၀ ရက်က ကျင်းပခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း လွှတ်တော်၏ ထောက်ခံမှုအများစုကို မလိုအပ်သည့် နိုင်ငံခြားရေးမူဝါဒ၏ အဓိက လုပ်ငန်းစဉ်များကို ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1525
CNI International News
ဘန်ကောက်၊ ဧပြီ ၃၀
ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ၎င်း၏ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ပန်ပရီ ဘာဟီဒါ နျူကရာ (Parnpree Bahiddha-Nukara) အား ရာထူးမှ ဖယ်ရှားခဲ့သည့် မိမိ၏ ဆုံးဖြတ်ချက်ကြောင့် နောက်ဆက်တွဲ အကျိုးဆက်များကို တာဝန်ယူမည်ဟု ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ပန်ပရီသည် ဒုတိယဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားခံခဲ့ရပြီးနောက် နိုင်ငံခြားရေးဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သည်။
“ကျနော်ဟာ ခွန်ပန်ပရီကို တောင်းပန်တဲ့အကြောင်း Line chat group ကနေ ပို့ပြီးပါပြီ။ ကျနော့်ရဲ့ ဆုံးဖြတ်ချက် ကြောင့် သူစိတ်ပျက်သွားခဲ့မယ်ဆိုရင် ကျနော် တောင်းပန်ပါတယ်လို့ ပြောခဲ့ပါတယ်”ဟု ဆရီသာက သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့ပြင် ပန်ပရီ၏ ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ချက်ကိုလည်း မိမိအနေဖြင့် လေးစားကြောင်း မိမိတို့နှစ်ဦး အကြား ပုဂ္ဂိုလ်ရေး မကျေလည်မှု မရှိကြောင်း ဆရီသာက ပြောသည်။
အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲမှုသည် ပုံမှန်အခြေအနေ တစ်ခုသာဖြစ်ကြောင်း နိုင်ငံအအတွက် အကျိုးရှိစေမည့် အချက်အပေါ် အခြေခံပြီး အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မိမိအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးသစ်တစ်ဦး ခန့်အပ်မည်ဖြစ်ကြောင်းနှင့် ခန့်အပ်ခံရမည့် သူသည် ဖြူးထိုင်းပါတီနှင့် အချိန်ကြာမြင့်စွာ လက်တွဲခဲ့ဖူးသူ ဖြစ်လိမ့်မည်ဖြစ်ကြောင်း ဆရီသာက ပြောကြားခဲ့သည်။

ဆရီသာနဲ့ ပန်ပရီကို တွေ့ရစဉ်
အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းကြောင်း တော်ဝင်အမိန့်ပြန်တမ်း ကြေညာခဲ့ပြီးနောက် ပန်ပရီက နိုင်ငံခြားရေးရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
သူသည် ဒုတိယဝန်ကြီးချုပ် ရာထူးကိုလည်း ဆုံးရှုံးခဲ့ရသည့်တိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဌာနတစ်ခုတွင် ဆက်လက် ပါဝင်လိမ့်မည်ဖြစ်သည်။
ဖြူးထိုင်းပါတီ၏ ဝါရင့် ပါတီဝင်ဖြစ်သည့် ပန်ပရီ ရာထူးမှ နုတ်ထွက်မှုနှင့်ပတ်သက်ပြီး ဆရီသာက အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ပန်ပရီကမူ ဒုတိယဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားခံရခြင်းသည် ၎င်း၏ အသိအမှတ်ပြုခံရမှု နည်းပါးခြင်း၊ အထူး သဖြင့် နိုင်ငံတကာ စင်မြင့်ထက်တွင် ၎င်း၏ အခန်းကဏ္ဍပေါ်လွင်မှု မရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
မိမိ၏ အလုပ်တာဝန် စွမ်းဆောင်ရည်ကြောင့် ထုတ်ပယ်ခံရခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။
မိမိသည် နိုင်ငံ၏ အကျိုးအတွက်သာ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းသည် ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပိုမိုအကျိုးဖြစ်ထွန်းမည့် အုပ်ချုပ်ရေးစနစ်ကို ဦးတည်စေလိမ့်မည်ဟု ပန်ပရီက ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 1383
CNI International News
အစ္စလာမ်မာဘက်၊ ဧပြီ ၃၀
ပါကစ္စတန်နိုင်ငံ၏ နယ်နိမိတ်အတွင်း တရုတ်လုံခြုံရေးတပ်ဖွဲ့များ ဖြန့်ကြက်ချထားခွင့်ပြုရန် တရုတ်က ပါကစ္စတန်ကို မကြုံစဖူး တောင်းဆိုခဲ့သည်။
ထိုသို့ တောင်းဆိုမှုက ပါကစ္စတန်၏ နယ်နိမိတ်ကို တရုတ်က ထိန်းချုပ်လိုသည့်သဘော သက်ရောက်နေသည်ဟု Greek City Times မှ ဖော်ပြခဲ့သည်။
တရုတ်သည် ပါကစ္စတန်နိုင်ငံအတွင်းရှိ တရုတ်လုပ်သား ၁၂၀၀ ခန့်ကို ကာကွယ်ရန် ရည်ရွယ်သည့် အနေဖြင့် ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ တရုတ်လုပ်သားများသည် ဒေါ်လာ ၆၀ ဘီလျံ တန်ဖိုးရှိ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန့်(CPEC) နှင့် ဆက်နွှယ်သည့် အခြေခံ အဆောက်အအုံများနှင့် ပညာရေး အဆောက်အအုံများကို တည်ဆောက်နေခြင်း ဖြစ်သည်။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ် ရှရှစ်ဖ်ကို တွေ့ရစဉ်
မကြာသေးမီ နှစ်များအတွင်း ပါကစ္စတန်နိုင်ငံအတွင်းရှိ တရုတ်လုပ်သားများကို စစ်သွေးကြွများက ပစ်မှတ်ထား တိုက်ခိုက်လာခဲ့သည်။
ပါကစ္စတန်က တရုတ်၏ ပတ်လမ်း၊ ရပ်ဝန်း စီမံကိန်း (BRI) ၏ CPEC တည်ဆောက်ရေးကို အောင်မြင်အောင် ကူညီပေးမည်ဆိုသည့်တိုင် တရုတ်လုပ်သားများအတွက် လုံခြုံရေးအန္တရာယ်များ ရှိနေဆဲဖြစ်သည်။
ပြီးခဲ့သည့်လက ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန် (Balochistan) ပြည်နယ်တွင် အသေခံ ဗုံးခွဲသမားတစ်ဦးသည် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် ကားဖြင့် တရုတ်အင်ဂျင်နီယာများ လိုက်ပါလာသော ဘတ်စ်ကား ကို ဝင်တိုက်ပြီး အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့သဖြင့် လူ ၅ ဦးသေဆုံးခဲ့သည်။
ပါကစ္စတန်အစိုးရကလည်း ဝန်ကြီးချုပ် နာဝက်ဇ် ရှရှစ်ဖ် (Nawaz Sharif) လက်ထက်ဖြစ်သည့် ၂၀၁၆ ခုနှစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားခွင့်ပြုရန် တရုတ်၏ တောင်းဆိုချက်ကို လက်ခံတော့မည့် အခြေအနေ အထိ ရောက်ရှိခဲ့သည်။
သို့သော် ထိုတောင်းဆိုချက်ကို ထိုအချိန်က စစ်တပ်အကြီးအကဲ ရာဟီးလ် ရှရစ်ဖ် (Raheel Sharif) ဦးဆောင်သည့် ပါကစ္စတန်၏ ဩဇာကြီးမားသော စစ်တပ်က လက်မခံခဲ့သဖြင့် အောင်မြင်ခဲ့ခြင်းမရှိပေ။

ပါကစ္စတန်စစ်တပ် အကြီးအကဲဟောင်း ရာဟီးလ် ရှရစ်ဖ်ကိုတွေ့ရစဉ်
တရုတ်တပ်ဖွဲ့များ ဖြန့်ကြက်ချထားမည့် အစီအစဉ်အစား ရှရစ်ဖ်သည် CPEC ပရောဂျက်များနှင့် ဝန်ထမ်းများကို ကာကွယ်ပေးရန် ကြည်းတပ်နှင့် ရေတပ်မှ တပ်ဖွဲ့ဝင် ၁၂,၀၀၀ ပါသည့် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းထူထောင်ခဲ့သည်။
သို့သော် ထိုတပ်ဖွဲ့သည် ၎င်းတို့၏ အဓိကတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်းမရှိဘဲ တရုတ်လုပ်သား များအား သယ်ယူပို့ဆောင်ရေးကဏ္ဍကဲ့သို့ အခြားကဏ္ဍများတွင် လစ်ဟင်းမှုများရှိခဲ့ကာ စစ်သွေးကြွများ၏ အလွယ်တကူ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံနေရသည်။
အဓိကပြဿနာမှာ ပါကစ္စတန် အစိုးရနှင့် စစ်တပ်သည် မကြာသေးမီ နှစ်များအတွင်း ပြည်တွင်း နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများကို ရင်ဆိုင်နေရသဖြင့် CPEC လုံခြုံရေးကိစ္စအား အာရုံသိပ် မစိုက်နိုင်ခြင်းကြောင့် ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။
Source: Greek City Times
- By CNI
- Category: နိုင်ငံရေး
- Hits: 1165
CNI International News
ဝါရှင်တန်၊ ဧပြီ ၂၉
တရုတ်သည် အမေရိကန်တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲကို ဩဇာလွှမ်းမိုးရန်နှင့် ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းနေသည့် အထောက်အထားကို အမေရိကန်က တွေ့ရှိခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) က ပြောကြားခဲ့ကြောင်း The Print သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က တရုတ်သည် ထိုကဲ့သို့ ပြုလုပ်မည်မဟုတ်ဟု ကတိပြုခဲ့သည့်တိုင် တရုတ်သို့ ၃ ရက်ကြာခရီးစဉ် သွားရောက်ခဲ့သည့် ဘလင်ကင်က CNN သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
အမေရိကန်၏ နည်းပညာ ထိန်းချုပ်မှုများမှအစ ရုရှားကို တရုတ်၏ ထောက်ခံမှုအဆုံး နှစ်နိုင်ငံအကြား အရေး ကိစ္စများကို စီမံဆောင်ရွက်ရန် ကြိုးပမ်းနေချိန်တွင် ဘလင်ကင်သည် ၎င်း၏ တရုတ်ခရီးစဉ်အတွင်း ရှီ အပါအဝင် တရုတ်၏ ထိပ်သီးအရာရှိများနှင့် နာရီပေါင်းများစွာကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အမေရိကန်ရွေးကောက်ပွဲ မဲထည့်နေကြစဉ်
ပြီးခဲ့သည့် နိုဝင်ဘာလက အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို (San Francisco)တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ရှီတို့၏ အစည်းအဝေး၌ တရုတ်အနေဖြင့် အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ပြောကြားခဲ့သည့် ဘိုင်ဒန်၏ အမှာစကားကို ဘလင်ကင်က တရုတ်ခရီးစဉ်အတွင်း ထပ်လောင်း ပြောကြားခဲ့သည်။
ထို့နောက် ရှီက တရုတ်သည် ထိုကဲ့သို့ လုပ်ဆောင်လိမ့်မည် မဟုတ်ကြောင်း ကတိပြုခဲ့သည်ဟု CNN မှ ဖော်ပြခဲ့ သည်။
“ဘာပဲဖြစ်ဖြစ် တရုတ်ဟာ အမေရိကန်ရွေးကောက်ပွဲကို ဩဇာလွှမ်းမိုးဖို့နဲ့ ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းနေတဲ့ အထောက်အထားကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ကျနော်တို့အနေနဲ့ ဒါကို အမြန်ဆုံး ရပ်တန့်စေချင်ပါတယ်” ဟု ဘလင်ကင်က ရှီ၏ ကတိစကားနှင့်ပတ်သက်ပြီး ၎င်း၏အမြင်ကို မေးမြန်းခံရချိန်တွင် ထိုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဘလင်ကင်ကိုတွေ့ရစဉ်
“ကျနော်တို့ ရွေးကောက်ပွဲကို တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုဟာ ကျနော်တို့ သတိထားစောင့်ကြည့်ရမယ့်ကိစ္စ ဖြစ်ပြီး ဒါကို လုံးဝ လက်မခံနိုင်ပါဘူး။ သူတို့အနေနဲ့ ဒီအမှာစကားကို နောက်တစ်ကြိမ် ကြားသိစေချင်ပါတယ်” ဟု ဘလင်ကင်က ပြောကြားခဲ့သည်။
တရုတ်နှင့် အခြားနိုင်ငံများသည် အမေရိကန်တွင် ဩဇာလွှမ်းမိုးမှု ရရှိစေရန် လှုပ်ရှားမှုများ၌ အမေရိကန်၏ လူမှု အသိုင်းအဝိုင်းအကြား သဘောထား ကွဲလွဲမှုများအပေါ် ကြိုးကိုင်ခြယ်လှယ်မည့် အရေးကို စိုးရိမ်ရကြောင်းလည်း ဘလင်ကင်က ပြောကြားခဲ့သည်။
တရုတ်ကမူ အမေရိကန်ရွေးကောက်ပွဲကို ကြားဝင်နှောင့်ယှက်မည် မဟုတ်ကြောင်း ထပ်တလဲလဲ ပြောကြားခဲ့ သည့်တိုင် တရုတ်နှင့်ဆက်နွှယ်သည့် အခြားနိုင်ငံများတွင် နိုင်ငံရေးအရ ကြားဝင်စွက်ဖက်မှုများ ပြုလုပ်နေသည် ဟု စွပ်စွဲခံခဲ့ရသည်။
Source: The Print
- By CNI
- Category: နိုင်ငံရေး
- Hits: 1554
CNI International News
ကိယက်ဗ်၊ ဧပြီ ၂၉
ဥရောပသမဂ္ဂ (EU) ကို ထောက်ပံ့ပေးနေသည့် ယူကရိန်း၏ အဓိက ဓာတ်ငွေ့စက်ရုံများကို ရုရှားက တိုက်ခိုက်ခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုက ရုရှားသည် ယူကရိန်း၏ စွမ်းအင်ကဏ္ဍကို ပစ်မှတ်ထားလာခဲ့ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) က ပြောကြားခဲ့သည်။
ရုရှားသည် ၎င်း၏ Gazprom ကုမ္ပဏီနှင့် ယူကရိန်းအကြား သဘောတူညီချက်အရ ယူကရိန်းမှတဆင့် EU သို့ ဓာတ်ငွေ့များ ဆက်လက် ထောက်ပံ့ပေးလျက်ရှိသည်။
ထိုသဘောတူညီချက်သည် ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ယူကရိန်းက ဓာတ်ငွေ့စက်ရုံ ပေါက်ကွဲနေစဉ်
ထိုကဲ့သို့ ဓာတ်ငွေ့များကို ယူကရိန်းနိုင်ငံမှဖြတ်ပြီး EU သို့ ပို့ဆောင်ပေးရသည့်အတွက် ရုရှားသည် ယူကရိန်းကို အကျိုးဆောင်ခ ပေးနေရသည်။
ယူကရိန်းကမူ ရုရှားနှင့် ထိုသဘောတူညီချက်ကို ဆက်လက် သက်တမ်းတိုးရန် အစီအစဉ်မရှိကြောင်း ယူကရိန်း စွမ်းအင်ဝန်ကြီးက ပြီးခဲ့သည့်လအတွင်း ပြောကြားခဲ့သည်။
“ရုရှားရဲ့ အဓိက ပစ်မှတ်ကတော့ ယူကရိန်းရဲ့ စွမ်းအင်ကဏ္ဍကို ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေနဲ့ ဓာတ်ငွေ့ ပို့ဆောင်ရေးစက်ရုံတွေကို တိုက်ခိုက်နေတာပါ။ အထူးသဖြင့် ဓာတ်ငွေ့စက်ရုံတွေဟာ ဥရောပသမဂ္ဂကို ဓာတ်ငွေ့တွေ ဘေးကင်းလုံခြုံစွာ ပို့ပေးနိုင်ဖို့ အရမ်းအရေးကြီးပါတယ်” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
နိုင်ငံတကာ မိတ်ဖက်နိုင်ငံများထံမှ ကာကွယ်ရေးလက်နက်စနစ်များ ထောက်ပံ့ရေးကို လှုပ်ရှားနေသည့် ဇာလန်းစကီးက ယူကရိန်းတပ်ဖွဲ့များသည် ရုရှား၏ ဒုံးကျည် ၃၄ စင်းကို ပစ်ချနိုင်ခဲ့သည်ဟုလည်း ပြောကြားခဲ့ သည်။

အုပ်ချုပ်ရေးမှူး မက်ဆင် ကိုဇက်စကီးကို တွေ့ရစဉ်
ရုရှား၏ တိုက်ခိုက်မှုများတွင် ပစ်မှတ်ထားခံခဲ့ရသည့် စက်ရုံများနှင့် ထိုစက်ရုံများကို ဒုံးကျည်များ ထိမှန်ခဲ့ခြင်း ရှိ၊ မရှိဆိုသည့် အသေးစိတ် အချက်အလက်များကို ၎င်းက ပြောကြားခဲ့ခြင်း မရှိပေ။
ယူကရိန်းနိုင်ငံပိုင် Naftogaz ဓာတ်ငွေ့ကုမ္ပဏီကမူ ရုရှားသည် ၎င်း၏ စက်ရုံများကို တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိဘဲ ယူကရိန်းထံမှ ဓာတ်ငွေ့ဝယ်ယူသူများအား ဓာတ်ငွေ့များ ထောက်ပံ့မှု အပေါ်ကိုလည်း သက်ရောက်မှု မရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ရုရှား၏ ခရုဇ်ဒုံးကျည်များနှင့် Kinzhal ဟိုက်ပါဆိုးနစ် ဒုံးကျည်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရချိန်အတွင်း ယူကရိန်း တပ်ဖွဲ့များက ဒုံးကျည် ၃ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း၊ သို့သော်လည်း အခြားဒုံးကျည်များသည် နေရာဒေသအချို့ကို ကျရောက်ခဲ့ကြောင်း ပိုလန်နယ်စပ်ရှိ ယူကရိန်း၏ Lviv(လဗီ) ဒေသမှ အုပ်ချုပ်ရေးမှူး မက်ဆင် ကိုဇက်စကီး (Maksym Kozytskyi) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1748
CNI International News
ဆန်နာ၊ ဧပြီ ၂၉
ယီမင်နိုင်ငံ၏ ဟူရ်သီအဖွဲ့သည် ရေနံတင်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ပြီး အမေရိကန်၏ MQ-9 Reaper ဒရုန်းတစ်စင်းကို ပစ်ချခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဂါဇာတွင် အစ္စရေး၏ စစ်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် တိုက်ခိုက်မှုများအား ပိုမိုအရှိန်မြှင့်တင်သွားမည်ဟု ဟူရ်သီအဖွဲ့က ပြောကြားနေချိန်၌ ထိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဟူရ်သီအဖွဲ့သည် ပင်လယ်နီတွင် ဗြိတိန် ရေနံတင်သင်္ဘော Andromeda Star ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။
ထိုဒုံးကျည်များသည် ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့သည်ဟု ဟူရ်သီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီ (Yahya Saree) က ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်ကလည်း ဟူရ်သီအဖွဲ့သည် ပင်လယ်နီအတွင်းရှိ ပစ်မှတ်များကို သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည် ၃ စင်းဖြင့် ပစ်ခတ်ခဲ့ပြီး MV Andromeda Star သင်္ဘော ထိခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

ရေနံတင်သင်္ဘောကို တွေ့ရစဉ်
ထိုသင်္ဘောသည် မကြာသေးမီက ဗြိတိန်က ဆေးချဲလ် (Seychelles) ကျွန်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုကို ရောင်းချခဲ့သည့် သင်္ဘောဖြစ်သည်ဟု ဆိုသည်။
“MV Andromeda Star သင်္ဘောဟာ အနည်းငယ် ထိခိုက်သွားခဲ့ပေမယ့် သူ့လမ်းကြောင်းအတိုင်း ဆက်လက် မောင်းနှင် နေပါတယ်”ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ် CENTCOM က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ထိုတိုက်ခိုက်မှုများတွင် အမေရိကန်ဦးဆောင်သည့် ပင်လယ်ရေကြောင်း ညွန့်ပေါင်းအဖွဲ့များ၌ ထိခိုက်ဒဏ်ရာ ရမှုများမရှိကြောင်း ပြောကြားခဲ့သည်။
ဟူရ်သီအဖွဲ့၏ နောက်ထပ် ထုတ်ပြန်ချက်တစ်ခုတွင် ဟူရ်သီလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များသည် ယီမင်၌ အမေရိကန်စစ်တပ်၏ MQ-9 Reaper တိုက်ခိုက်ရေး ဒရုန်းတစ်စင်းကို ဒုံးကျည်ဖြင့် ပစ်ချခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထိုဒရုန်းသည် ယီမင်၏ ဆာဒါး (Saada)မြို့ လေပိုင်နက်အတွင်းတွင် ပစ်ချခံခဲ့ရခြင်း ဖြစ်သည်ဟု ဆာရီက ပြောကြားခဲ့သည်။

ဟူရ်သီသူပုန်ကို တွေ့ရစဉ်
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အမေရိကန်စစ်တပ်က မှတ်ချက် မပေးခဲ့သော်လည်း အမေရိကန်၏ CBS News ရုပ်သံလိုင်းကမူ ဒေါ်လာ သန်း ၃၀ တန်ကြေးရှိသည့် MQ-9 ဒရုန်းသည် ဧပြီ ၂၇ ရက်က ယီမင်နိုင်ငံ အတွင်း တွင် ပျက်ကျခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြခဲ့သည်။
ထိုဒရုန်းသည် ဂါဇာတွင် အစ္စရေး-ဟားမာ့စ် စစ်ပွဲ စတင်ပြီးနောက်ပိုင်း ဟူရ်သီအဖွဲ့၏ ပစ်ချခြင်း ခံခဲ့ရသည့် တတိယမြောက် အမေရိကန် ဒရုန်းဖြစ်ပြီး ပထမဒရုန်းသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပစ်ချခံခဲ့ရကာ ဒုတိယမြောက် ဒရုန်းသည် ယခုနှစ် ဖေဖော်ဝါရီလက ပစ်ချခံခဲ့ရသည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 2386
CNI International News
ဘန်ကောက်၊ ဧပြီ ၂၇
မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား အပြည့်အဝ ထိန်းချုပ်ရန် ကြိုးပမ်းနေ သည့် မြဝတီမြို့အရေးကိစ္စ၌ BGF မှ အသွင်းပြောင်းသွားသော ကရင်အမျိုးသားတပ်မတော်(KNA) အကြီးအကဲ ဗိုလ်မှူးကြီးစောချစ်သူက အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့သည် ၂၀၁၀ ပြည့်နှစ်က KNU မှ ခွဲထွက်လာခြင်းဖြစ်ပြီး KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ KNLA အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်နေသည့် မြန်မာ့တပ်မတော်ဘက်က ကူညီပေးခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ဗိုလ်မှူးကြီးစောချစ်သူသည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အထူးစီးပွားရေးဇုန်ဟု အမည်ပေး ထားသည့် ရွှေကုက္ကိုမြို့ ထူထောင်မှုတွင် ပါဝင်ခဲ့သည်။
ထိုစီမံကိန်းသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် တရုတ် ဒုစရိုက်ဂိုဏ်းများက ထောက်ပံ့ပေးထားသည့် လောင်းကစား ရပ်ဝန်းတစ်ခုဖြစ်လာခဲ့ပြီး KNA သည် တစ်နှစ်လျှင် ဒေါ်လာ သန်း ၁၉၀ ခန့် ရရှိနေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မြဝတီမြို့စီးပွားရေးဇုန်ကိုတွေ့ရစဉ်
တရုတ်ပြည်မကြီးတွင် လောင်းကစားလုပ်ငန်းသည် တရားမဝင်ပေ။ အွန်လိုင်းလောင်းကစား လုပ်ငန်းများသည် တရုတ် လောင်းကစားသမား အများစုကို ပစ်မှတ်ထားကာ မကြာသေးမီ နှစ်များအတွင်း မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ၏ နေရာဒေသများတွင် ပျံ့နှံ့ခဲ့သည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဗြိတိန်အစိုးရက ဗိုလ်မှူးကြီးစောချစ်သူကို လူ့အခွင့်အရေးကို ကြီးလေးစွာ ချိုးဖောက်မှု အတွက် ပိတ်ဆို့မှုများချမှတ်ခဲ့သလို လူမှောင်ခိုကူးမှုများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်းလည်း စွပ်စွဲခဲ့သည်။
မှောင်ခိုကူးခဲ့သည့် လူများကို ရွှေကုက္ကိုသို့ ခေါ်ဆောင်လာခဲ့ပြီး ၎င်းတို့အား အွန်လိုင်းမှ လိမ်လည်မှုများ ပြုလုပ် ခြင်း၊ လူမဆန်စွာ ပြုမူဆက်ဆံမှုများ ပြုလုပ်ခဲ့ကြောင်း ဗြိတိန်အစိုးရက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ သည်။
မကြာသေးမီက တရုတ်သည် မြန်မာနယ်စပ်တစ်လျှောက်ရှိ ကျားဖြန့် လုပ်ငန်းများကို နှိမ်နင်းခဲ့သဖြင့် ထိုကျားဖြန့် လုပ်ငန်းများသည် ဗိုလ်မှူးကြီးစောချစ်သူ ထိန်းချုပ်ထားသည့် နယ်မြေများ အပါအဝင် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာခဲ့ကြောင်း အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ပြောကြားခဲ့သည်။

KNLA ရဲဘော်ကို တွေ့ရစဉ်
"စောချစ်သူဟာ သူ့ရဲ့ ဒုစရိုက် နယ်မြေကို ပိုမို အင်အားဖြည့်တင်းနေပြီး လုံခြုံရေး၊ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး တွေလို အရေးကြီးတဲ့ ဝန်ဆောင်မှုတွေကို ရရှိဖို့ အာရုံစိုက် လုပ်ဆောင်နေပါတယ်" ဟု USIP က ထုတ်ပြန်ခဲ့သည်။
မကြာသေးမီက ဗိုလ်မှူးကြီးစောချစ်သူ၏ KNA တပ်ဖွဲ့များသည် မြန်မာ့တပ်မတော်၏ စစ်သားများနှင့် ပူးပေါင်း တပ်စွဲထားသည့် စခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ပြီး မိမိတို့သည် ကရင်လူမျိုး အချင်းချင်း တိုက်ခိုက်လိုခြင်း မရှိကြောင်း ဗိုလ်မှူးကြီးစောချစ်သူက ဇန်နဝါရီလအတွင်း ပြောကြားခဲ့သည်။
သို့သော် KNA သည် မြန်မာ့တပ်မတော်အပေါ် အပြည့်အဝ သစ္စာခံခြင်းလည်းမရှိ၊ လက်နက်ကိုင်သူပုန်များနှင့် လည်း မဟာမိတ်ဖွဲ့ခြင်းမရှိပေ။
Source: ဘန်ကောက်ပို့စ်
