- By CNI
- Category: စီးပွားရေး
- Hits: 892
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၂၈
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) က စီးပွားရေး လှုံ့ဆော်ရေး ရည်မှန်းချက်ဖြင့် ထိုင်းလူမျိုးများအား ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့ပေးမည့် ဒုတိယအသုတ် အစီအစဉ် စတင်ကြောင်း ဖွင့်ပွဲ အခမ်းအနားကို သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းမှ ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၂၇ ရက် မနက် ၁၀ နာရီတွင် အစိုးရအိမ်တော်၌ ပြုလုပ်သည့် ဖွင့်ပွဲ အခမ်းအနားကို ပေတုန်တန်က စက်ခလုပ်နှိပ်ပြီး ဖွင့်လှစ်ပေးခဲ့သည်။
ဒုတိယအသုတ် ငွေကြေး ထောက်ပံ့ပေးမှုတွင် အသက် ၆၀ အထက် အသက်ကြီးပိုင်း ၃ သန်းခန့်ကို ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့ပေးမည်ဖြစ်သည်။
ပေတုန်တန်၏ ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းတွင် ၎င်းတို့ အစိုးရအဖွဲ့သည် စီးပွားရေး လှုံ့ဆော်ရေးကို ဦးစားပေး လုပ်ဆောင်နေပြီး ပြည်သူများ၏ ကောင်းကျိုးချမ်းသာအား မြှင့်တင်ပေးရန် အာရုံစိုက် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ပြုလုပ်ခဲ့သည့် ပထမအသုတ် ရန်ပုံငွေ ထောက်ပံ့မှုတွင် လူပေါင်း ၁၄ ဒသမ ၅ သန်းခန့် ထောက်ပံ့ငွေများ လက်ခံရရှိခဲ့ပြီး ထိုပထမအသုတ်တွင် လူမှုဖူလုံရေးကဒ်များ ကိုင်ဆောင်သူများနှင့် မသန်စွမ်းများကို ဦးစားပေး ထောက်ပံ့ခဲ့သည်။

ဘတ် ၁၀၀၀၀ ထောက်ပံ့ခြင်း အခမ်းအနားတွင် ပေတုန်တန်ကို တွေ့ရစဉ်
သက်ကြီးပိုင်း ပုဂ္ဂိုလ်အများစုသည် ၎င်းတို့ လက်ခံရရှိမည့် ဘတ် ၁၀,၀၀၀ ထောက်ပံ့ကြေးကို ရရှိရန် အလောတကြီး စောင့်မျှော်ခဲ့ကြကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
ပထမအသုတ် ထောက်ပံ့ကြေး ပေးသည့်အဆင့်တွင် လက်ခံရရှိသူများက ၎င်းတို့အစိုးရ၏ အစီအစဉ်ကို ကောင်းမွန်သည့် မှတ်ချက်များပေးခဲ့ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
အချို့လူများက ထောက်ပံ့ကြေးကို ၎င်းတို့ လိုအပ်သည့် အရာများအတွက် အသုံးပြုခဲ့ပြီး အချို့လူများကလည်း ၎င်းတို့ရရှိသော ထောက်ပံ့ငွေများအား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်း ပေတုန်တန်က ပြောသည်။
ယခု ဒုတိယအသုတ် ငွေကြေး ထောက်ပံ့မှုသည်လည်း နိုင်ငံ့စီးပွားရေးကို လှုံ့ဆော်နိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 987
CNI International News
ဘေကျင်း၊ ဇန်နဝါရီ ၂၂
တရုတ်သည် ၂၀၂၄ ခုနှစ်အတွင်း မြို့ပြအလုပ်အကိုင်သစ် စုစုပေါင်း ၁၂ ဒသမ ၅၆ သန်း ဖန်တီးပေးခဲ့ကြောင်း Global Times မှ ဖော်ပြခဲ့သည်။
ထိုပမာဏသည် တစ်နှစ်တာအတွင်း မြို့ပြအလုပ်အကိုင်သစ်ပေါင်း ၁၂ သန်း ဖန်တီးရန် ရည်မှန်းထားသည့် အစိုးရ၏ လျာထားချက်ကို ကျော်လွန်သွားခြင်း ဖြစ်သည်ဟုလည်း လူသားရင်းမြစ်နှင့် လူမှုလုံခြုံရေးဝန်ကြီး ဌာန၏ အချက်အလက်များကို ကိုးကားပြီး ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း မြို့ပြတွင် နေထိုင်သူများအကြား အလုပ်လက်မဲ့နှုန်း ၅ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး ထိုနှုန်းထား သည် ၂၀၂၃ ခုနှစ်ကထက် ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရားဝင် အချက်အလက်များတွင် ဖော်ပြ ထားသည်။
အဓိက စက်မှုလုပ်ငန်းများ၊ မြို့ပြနှင့် ကျေးလက်ဒေသနေ ပြည်သူများအတွက် အလုပ်အကိုင်ရရှိရေး၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးသည့် အစီအစဉ်များကို အကောင်အထည် ဖော်သွားမည် ဖြစ် သလို အကြီးစား ပရောဂျက်များတွင် အလုပ်အကိုင်များ ရရှိစေမည့် ယန္တရားတစ်ခုကို ထူထောင်သွားမည်ဟု လူသားရင်းမြစ်နှင့် လူမှုလုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တရုတ်လူငယ်တွေ အလုပ်အကိုင်ရှာဖွေနေကြစဉ်
မတူကွဲပြားသည့် လုပ်သားအင်အားစုများကို မြှင့်တင်ရန် ဘွဲ့ရပညာတတ်များ၏ အလုပ်အကိုင် ရရှိမှုကို မှတ်တမ်း တင်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်ရေး၊ လူမှုလုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုကဲ့သို့ နယ်ပယ်များတွင် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တရုတ်တွင် ၂၀၂၅ ခုနှစ်အတွင်း ဘွဲ့ရကျောင်းသား အရေအတွက် များပြားလာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
ပြီးခဲ့သည့်နှစ်ကထက် ဘွဲ့ရပညာတတ်လူငယ် ၄၃၀,၀၀၀ ခန့် မြင့်တက်လာဖွယ် ရှိမှုနှင့်အတူ တရုတ်တွင် ဘွဲ့ရပညာတတ် လူငယ်အရေအတွက် ၁၂ ဒသမ ၂၂ သန်း ရှိလာလိမ့်မည်ဟု တရားဝင် မှတ်တမ်းများတွင် ဖော်ပြခဲ့သည်။
Source: Global Times
- By CNI
- Category: စီးပွားရေး
- Hits: 1032
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၁၁
၂၀၂၄ ခုနှစ် ပထမ(၉)လတာ ကာလအတွင်း ထိုင်းနိုင်ငံမှ ကွန်ဒိုများကို ဝယ်ယူမှု အများဆုံးစာရင်းတွင် မြန်မာနိုင်ငံ သားများသည် တရုတ်ပြီးလျှင် ဒုတိယအများဆုံး ဝယ်ယူသူများ ဖြစ်လာခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်း ဖြစ်ပွားနေချိန်၌ မြန်မာနိုင်ငံသားများသည် ထိုင်းကွန်ဒိုများကို ဝယ်ယူမှု မှာ ရုရှားနိုင်ငံသားများကို ကျော်တက်သွားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဧပြီလနောက်ပိုင်း ထိုင်းရှိ ကွန်ဒိုများကို မြန်မာနိုင်ငံမှ ဝယ်သူများ ဝယ်ယူမှု ယာယီရပ်ဆိုင်းသွားခဲ့ ကြောင်း အိမ်ခြံမြေသုတေသနနှင့် အတိုင်ပင်ခံကုမ္ပဏီဖြစ်သည့် Cushman & Wakefield Thailand ၏ အကြီးအကဲ သူရချက် ကွန်ချိပ် (Surachet Kongcheep) က ပြောကြားခဲ့သည်။
“ထိုင်းကွန်ဒိုတွေကို ဝယ်ယူတဲ့ မြန်မာနိုင်ငံက ဝယ်သူတွေကို မြန်မာအာဏာပိုင်တွေက ကန့်သတ်တားမြစ်မှုတွေ လုပ်ခဲ့တဲ့ အကျိုးဆက်အနေနဲ့ ဈေးကွက်အတွင်း ကွန်ဒိုရောင်းချမှု ယာယီရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်” ဟု သူရချက်က ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ပထမ(၉)လတာ ကာလအတွင်းမှာပင် မြန်မာနိုင်ငံမှ ဝယ်သူများက ထိုင်းကွန်ဒိုများကို ဝယ်ယူမှု ပမာဏသည် စံချိန်သစ်တင်ခဲ့ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် ဝယ်ယူသည့် ကွန်ဒိုအရေအတွက်ထက် များပြား ခဲ့သည်ဟု ဆိုသည်။

ထိုင်းမှာ ကွန်ဒိုဝယ်ယူမှုအများဆုံး နိုင်ငံများစာရင်းကို တွေ့ရစဉ်
ပြီးခဲ့သည့်နှစ် ပထမ(၉)လအတွင်း မြန်မာနိုင်ငံမှ ဝယ်သူများကို ရောင်းချခဲ့သည့် ကွန်ဒိုယူနစ်ပေါင်း ၁၀၅၀ ယူနစ်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ် ၅ ဒသမ ၄၆ ဘီလျံရှိခဲ့သည်ဟု Real Estate Information Center (REIC) က ထုတ်ပြန်ခဲ့သည်။
ထိုပမာဏသည် မြန်မာနိုင်ငံမှ ဝယ်သူများအား ကွန်ဒိုယူနစ် ၃၄၇ ယူနစ်၊ တန်ဖိုးအားဖြင့် ဘတ် ၂ ဒသမ ၂၄ ဘီလျံ ရောင်းချနိုင်ခဲ့သည့် ၂၀၂၃ ခုနှစ် ပထမ(၉)လတာ ကာလကထက် သိသာထင်ရှားစွာ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ် ပထမ(၆)လတာ ကာလအတွင်းမှာပင် မြန်မာနိုင်ငံမှ ဝယ်သူများကို ကွန်ဒိုယူနစ် ၆၃၈ ယူနစ်၊ တန်ဖိုး အားဖြင့်ဘတ် ၃ ဒသမ ၂၄ ဘီလျံ ရောင်းချခဲ့သည်ဟု ဆိုသည်။
၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် မြန်မာနိုင်ငံမှ ဝယ်သူများကို ကွန်ဒိုယူနစ် ၅၆၄ ယူနစ်၊ တန်ဖိုးအားဖြင့် ဘတ် ၃ ဒသမ ၇ ဘီလျံ ရောင်းချနိုင်ခဲ့ပြီး ထိုပမာဏသည် ၂၀၂၂ ခုနှစ်ကထက် ပိုမိုမြင့်တက်ခဲ့သည်။
ထိုင်းကွန်ဒိုများကို အများဆုံး ဝယ်ယူသူများသည် တရုတ်နိုင်ငံမှဖြစ်ပြီး ၂၀၂၄ ခုနှစ် ပထမ(၉)လတာ ကာလ အတွင်း တရုတ်နိုင်ငံမှ ဝယ်သူများသည် ထိုင်းကွန်ဒို ယူနစ် ၄၃၈၆ ယူနစ်၊ တန်ဖိုးအားဖြင့် ဘတ် ၂၀ ဒသမ ၂ ဘီလျံခန့် ဝယ်ယူခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 830
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၈
၂၀၂၄ ခုနှစ် ပထမ ၁၁ လတာ ကာလအတွင်း ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု တန်ဖိုးသည် ၂၀၂၃ ခုနှစ်ကထက် ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဘတ် ၁ ဒသမ ၆၆ ထရီလျံအထိ ရှိလာခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုင်း၏ နိုင်ငံခြားကုန်သွယ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် အာရာဒါ ဖူအန်သွန်း (Arada Fuengthong) က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း နယ်စပ်ကုန်သွယ်မှုနှင့် ကြားခံကုန်သွယ်မှု တန်ဖိုးသည် ဘတ် ၁၅၀ ဘီလျံရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ပို့ကုန်ကဏ္ဍတွင်လည်း ၂၀၂၃ ခုနှစ်ကထက် ၁၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ် ၈၅ ဒသမ ၇ ဘီလျံ ရှိခဲ့သည်ဟုဆိုသည်။
သို့သော် သွင်းကုန်ကဏ္ဍတွင် ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဘတ် ၆၄ ဒသမ ၅ ဘီလျံရှိခဲ့သဖြင့် ကုန်သွယ်ရေး ပိုငွေပြမှုသည် ဘတ် ၂၁ ဒသမ ၂ ဘီလျံရှိခဲ့သည်။
၂၀၂၄ ခုနှစ် ပထမ ၁၁ လတာ ကာလအတွင်း နယ်စပ်ကုန်သွယ်မှုနှင့် ကြားခံကုန်သွယ်မှုမှ ပို့ကုန်ကဏ္ဍသည် ဘတ် ၂၅၈ ဘီလျံရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ထို့နောက် နယ်စပ်ကုန်သွယ်မှုနှင့် ကြားခံကုန်သွယ်မှုမှ သွင်းကုန်ကဏ္ဍသည် ၇၀၇ ဘီလျံရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၅ ဒသမ ၄ ဘီလျံမြင့်တက်ခဲ့ သည်။

ထိုင်းနဲ့မလေးရှား နယ်စပ်ပေါက်ကိုတွေ့ရစဉ်
မလေးရှားနိုင်ငံသည် ဘတ် ၂၅ ဒသမ ၄ ဘီလျံဖြင့် ကုန်သွယ်မှုတန်ဖိုး အများဆုံးဖြစ်ခဲ့ပြီး မလေးရှားပြီးလျင် လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က အစဉ်လိုက် ရပ်တည်နေသည်။
နယ်စပ်ကုန်သွယ်မှုတွင် အဓိကထုတ်ကုန်များမှာ ဒီဇယ်၊ ဓာတ်ဆီနှင့် ရာဘာတို့ဖြစ်သည်။
အဓိကတင်ပို့ရောင်းချသည့် နိုင်ငံများထဲတွင် တရုတ်၊ စင်္ကာပူနှင့် ဗီယက်နမ်တို့ဖြစ်ပြီး အဓိကပို့ကုန်များသည် ကွန်ပြူတာ hard disk များ၊ ရာဘာထုတ်ကုန်များ၊ TSNR ရာဘာတုံးများဖြစ်သည်။
အိမ်နီးချင်း မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဖြစ်ပွားနေသည့်တိုင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက နယ်စပ်ကုန်သွယ်မှု တန်ဖိုးသည် ၂၀၂၃ ခုနှစ်ကတထက် ၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဘတ် ၁၁ ဒသမ ၄ ဘီလျံရှိခဲ့ကြောင်း မစ္စစ် အာရာဒါက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 1056
CNI International News
ဟောင်ကောင်၊ ဇန်နဝါရီ ၇
၂၀၂၅ ခုနှစ်အတွင်း တရုတ်၏ စီးပွားရေးအရင်းခံ အချက် ၅ ချက်ကို စောင့်ကြည့်ရမည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အား အကြီးဆုံး တရုတ်နိုင်ငံသည် စီးပွားရေး ပရမ်းပတာ အခြေအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်းသို့ ဝင်လာခဲ့သည်။
၂၀၂၄ ခုနှစ် တစ်နှစ်လုံးကို ပြန်လည် သုံးသပ်ကြည့်ရမည်ဆိုပါက တရုတ်သည် အိမ်ခြံမြေဈေးကွက် အကျပ် အတည်း၊ ဒေသန္တရအစိုးရများ၏ ရန်ပုံငွေ အကျပ်အတည်း၊ နှေးကွေးလေးလံသည့် အလုပ်သမား ဈေးကွက်တို့နှင့် လုံးပန်းခဲ့ရသည်။
ထိုအခြေအနေများက စားသုံးသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များအကြား နဂိုကတည်းက ကျိုးပျက်လွယ်သည့် ယုံကြည်မှုကို ပိုမိုထိခိုက်စေခဲ့သည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်အတွင်း တရုတ်၏ စီးပွားရေးကို ခန့်မှန်းရမည်ဆိုပါက အောက်ဖော်ပြပါ အချက် ၅ ချက်က လွှမ်းမိုးဖွယ်ရှိနေသည်။

ရှီကျင့်ဖျင်နဲ့ အလုပ်သမားများကိုတွေ့ရစဉ်
ပထမအချက်မှာ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဖြစ်သည်။
တရုတ်သည် ၂၀၂၄ ခုနှစ်က မျှော်မှန်းထားသကဲ့သို့ ၂၀၂၅ ခုနှစ်တွင်လည်း ဂျီဒီပီ ဖွံ့ဖြိုးတိုးတးက်မှုနှုန်းကို ၅ ရာခိုင်နှုန်းအထိ မျှော်မှန်းထားသည်။
သို့သော် ကျွမ်းကျင်သူ အချို့ကမူ ပြည်တွင်းမူဝါဒများနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခြေအနေများကြောင့် တရုတ်၏ ဂျီဒီပီကို ၃ ရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင်နှုန်းသာ ခန့်မှန်းထားသည်။
ဒုတိယအချက်မှာ အစိုးရ၏ စီးပွားရေးလှုံ့ဆော်သည့် အစီအစဉ်များဖြစ်သည်။
စီးပွားရေး စိန်ခေါ်မှုများကို တန်ပြန်ရန် တရုတ်အစိုးရသည် ပိုမိုထိရောက်သည့် စီးပွားရေး မူဝါဒများကို ချမှတ် အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။
ထိုအစီအစဉ်များထဲတွင် ငွေတိုက်စာချုပ် အာမခံများ၊ အထူးငွေတိုက်စာချုပ်များ အပါအဝင် ငွေကြေး မူဝါဒများ ပါဝင်သည်။
တတိယအချက်မှာ နည်းပညာ ခေတ်မီတိုးတက်မှုဖြစ်သည်။
တရုတ်သည် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ၊ လျှပ်စစ်ကားများ၊ ဇီဝနည်းပညာနှင့် အဆင့်မြင့် ကုန်ထုတ်ကဏ္ဍများ တွင် နည်းပညာအရ မိမိကိုယ်ကိုယ် မှီခိုအားထားပြီး လုပ်ဆောင်နိုင်ရန် အာရုံစိုက်ထားသည်။

ဈေးဝယ်နေကြတဲ့ တရုတ်လူမျိုးများကိုတွေ့ရစဉ်
စတုတ္ထအချက်မှာ လူဦးရေ ပြဿနာဖြစ်သည်။
တရုတ်သည် သက်ကြီးပိုင်းလူဦးရေ လျင်မြန်စွာ များပြားလာမှုနှင့် ရင်ဆိုင်နေရသဖြင့် လုပ်သားဈေးကွက်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် သက်ရောက်မှု ရှိလာနိုင်သည်။
၂၀၅၀ ပြည့်နှစ်တွင် တရုတ်၏ လူဦးရေ စုစုပေါင်း၏ ၃၉ ရာခိုင်နှုန်းသည် ပင်စင်စားအရွယ်များ ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားသည်။
ပဉ္စမအချက်မှာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးဖြစ်သည်။
အထူးသဖြင့် အမေရိကန်က တရုတ်၏ သွင်းကုန်များအပေါ် အခွန်များ တိုးမြှင့်ကောက်ခံရန် စီစဉ်ထားသဖြင့် တရုတ်၏ ပို့ကုန်ကဏ္ဍအတွက် အန္တရာယ်တစ်ခု ဖြစ်နေသည်။
ထို့ကြောင့် တရုတ်သည် အခြားမိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှု ဆက်ဆံရေးများကို တိုးမြှင့်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
အထက်ဖော်ပြပါ အချက်များသည် ၂၀၂၅ ခုနှစ်အတွက် တရုတ်၏ စီးပွားရေး မြှင့်တင်ရေး အစီအစဉ်များ၏ အဓိက အကြောင်းခံများဖြစ်ပြီး တရုတ်အနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတးက်မှုကို ရရှိရန် ဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 929
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၆
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် စုစုပေါင်း ဘတ် ၁၀ ဘီလျံနီးပါး တန်ဖိုးရှိသည့် ကုမ္ပဏီ ၂၀ နီးပါးတွင် ထည့်ဝင်ထားသည့် ရှယ်ယာများကို ၎င်းတို့မိသားစုဝင်များ ပိုင်ဆိုင်သော ကုမ္ပဏီ ၃ ခုနှင့် လက်အောက်ခံ ကုမ္ပဏီခွဲများထံသို့ လွှဲပြောင်းခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ထိုင်း၏ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပေတုန်တန်၏ ပိုင်ဆိုင်မှုများကို လူသိထင်ရှား ထုတ်ပြန်ကြေညာခဲ့သည်။
Alpine Golf and Sport Club ကုမ္ပဏီတွင် ထည့်ဝင်ထားသည့် ဘတ် ၂၂၄ ဒသမ ၁ သန်း တန်ကြေးရှိသည့် အစုရှယ်ယာ ၂၂,၄၁၀,၀၀၀ ကို ပေတုန်တန်က သူ့မိခင်ဖြစ်သူ ခွန်ယင်း ပိုဂျာမန် ဒါမာပွန် (Khunying Pojaman Damapong) ထံသို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄ ရက်က လွှဲပြောင်းပေးခဲ့သည်။
တစ်ချိန်က Manchester City FC (Thailand) ဟု လူသိများခဲ့သည့် Pramaisuree Property ကုမ္ပဏီတွင် ထည့်ဝင်ထားသော ဘတ် ၁၆၉ ဒသမ ၄ သန်း တန်ကြေးရှိသည့် အစုရှယ်ယာ ၁၆,၉၄၉,၉၉၀ ကို ပေတန်တန်၏ အစ်မဖြစ်သူ ပင်တွန်တာ ရှင်နာဝပ် ခူနာကွန်ဝေါင် (Pintongta Shinawatra Kunakornwong) အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် လွှဲပြောင်းပေးခဲ့သည်။

ပေတုန်တန်ကို တွေ့ရစဉ်
Alpine Golf and Sport Club ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီခွဲဖြစ်သည့် Alpine Garden Design ကုမ္ပဏီ တွင် ထည့်ဝင်ထားသည့် ဘတ် ၁၉ ဒသမ ၉၉ သန်း တန်ဖိုးရှိ အစုရှယ်ယာ ၁,၉၉၉,၈၀၀ ကို Alpine Golf and Sport Club ကုမ္ပဏီသို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၉ ရက်တွင် လွှဲပြောင်းခဲ့သည်။
ထို့ပြင် ထိုင်းစတော့ အိတ်ချိန်းတွင် ပါဝင်ခြင်းမရှိသည့် ကုမ္ပဏီ ၁၁ ခုကို ၂၀၀၀ ပြည့်နှစ် ပြည်သူ့ဝန်ကြီးဌာန ဆိုင်ရာ ရှယ်ယာများနှင့် စတော့များ စီမံခန့်ခွဲရေးအက်ဥပဒေနှင့်အညီ Kiatnakin Phatra Asset Management ကုမ္ပဏီလက်အောက်သို့ လွှဲပြောင်းခဲ့သည်။
ထိုကုမ္ပဏီများထဲတွင် ဘတ် ၅ သန်း တန်ကြေးရှိသည့် ရှယ်ယာ ၅ သန်းနှင့်အထက်ရှိ ထည့်ဝင်ထားသည့် Rama 9 Hospital ကုမ္ပဏီလည်း ပါဝင်ခဲ့သည်။ ထိုရှယ်ယာများကို စီမံခန့်ခွဲရန်အတွက် Land and House Asset Management ကုမ္ပဏီသို့ လွှဲပြောင်းခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၈ ရက်အထိ ပေတုန်တန်သည် SC Asset Corporation Pcl ကုမ္ပဏီတွင် ဘတ် ၁ ဒသမ ၂၁၆ ဘီလျံ တန်ဖိုးရှိသည့် အစုရှယ်ယာ ၁,၂၁၆,၁၄၉,၈၇၀ ကို လွှဲပြောင်းပေးခဲ့ပြီး ထိုရှယ်ယာများကို လွှဲပြောင်း ပေးခဲ့ခြင်း ရှိ/မရှိကိုမူ သတင်းများ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပေ။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 1253
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၄
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) နှင့် ၎င်း၏ ခင်ပွန်း ပီတာကာ ဆွတ်ဆဝတ် (Pitaka Suksawat) တို့က ၎င်းတို့၏ ပိုင်ဆိုင်မှုတန်ဖိုး စုစုပေါင်း ဘတ် ၁၃ ဒသမ ၉ ဘီလျံရှိကြောင်း ကြေညာခဲ့ သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုပိုင်ဆိုင်မှုများထဲတွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော် (London) ၌ နေအိမ် ၂ လုံး၊ ဂျပန်၏ ဟော့ကိုင်းဒိုး (Hokkaido) ကျွန်းပေါ်တွင် မြေကွက် ၂ ကွက်တို့လည်း ပါဝင်ပြီး ၎င်းတို့၏ ကြွေးမြီမှာ ဘတ် ၄ ဒသမ ၄ ဘီလျံရှိကြောင်း အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၆ ရက်က ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည့် ပေတုန်တန်၏ ပိုင်ဆိုင်မှုကြေညာချက်ကို NACC က ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပေတုန်တန်၏ ပိုင်ဆိုင်မှုများသည် ဘတ် ၁၃ ဒသမ ၈၄ ဘီလျံရှိပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ပီတာကာ၏ ပိုင်ဆိုင်မှုမှာ ဘတ် ၁၄၁ ဒသမ ၁၁ သန်းဖြစ်ကာ ၎င်းတို့ ကလေးများ၏ ပိုင်ဆိုင်မှုသည် ဘတ် ၅ သိန်း တန်ဖိုးရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပေတုန်တန်ရဲ့ ပိုင်ဆိုင်မှုကို ပြသထားစဉ်
ပေတုန်တန်၏ ကြွေးမြီမှာ ဘတ် ၄ ဒသမ ၄၃ ဘီလျံဖြစ်ပြီး ပီတာကာ၏ ကြွေးမြီမှာ ဘတ် ၁ ဒသမ ၁၇ ဘီလျံရှိ၍ ကြွေးမြီ စုစုပေါင်း ဘတ် ၄ ဒသမ ၄၄ ဘီလျံရှိသည်။
ပေတုန်တန်၏ တစ်နှစ်စာ လစာငွေ ဘတ် ၃ ဒသမ ၄၀ သန်း အပါအဝင် နှစ်စဉ်ဝင်ငွေ စုစုပေါင်းမှာ ဘတ် ၂၆၅ သန်းရှိပြီး တစ်နှစ်စာ အသုံးစရိတ်မှာ စုစုပေါင်း ဘတ် ၅၇ ဒသမ ၇၂ သန်းရှိသည်။
ထိုအသုံးစရိတ်များအနက် ဘတ် ၄၅ သန်းမှာ ကိုယ်ရေးကိုယ်တာ အသုံးစရိတ်ဖြစ်ပြီး ဘတ် ၇ သန်းမှာ မိသားစု ကုန်ကျစရိတ်ဖြစ်သည်။
ပေတုန်တန်၏ ပိုင်ဆိုင်မှုများအနက် ငွေသား ဘတ် ၇ ဒသမ ၂၇ သန်း၊ ဘဏ်စုငွေ ဘတ် ၁ ဒသမ ၀၈ ဘီလျံ၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၁ ဘီလျံ၊ မြေကွက်ပိုင်ဆိုင်မှု ဘတ် ၇၂၄ ဒသမ ၉၂ သန်း၊ အိမ်ခြံမြေပိုင်ဆိုင်မှု ဘတ် ၁၆၈ သန်း၊ ပိုင်ဆိုင်သည့်ကား စုစုပေါင်း၏ တန်ဖိုး ဘတ် ၆၆ ဒသမ ၇၇ သန်းနှင့် အခြားပိုင်ဆိုင်မှုများလည်း အများအပြားရှိသည်။
ပေတုန်တန်သည် နိုင်ငံခြားငွေကြေး အများအပြားကိုလည်း လက်ဝယ် ကိုင်ဆောင်ထားကာ ဘဏ်အကောင့် ၂၉ ခုနှင့် စျေးကွက်များနှင့် ကုမ္ပဏီပေါင်း ၃၂ ခုတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 1122
CNI International News
မော်စကို၊ ဇန်နဝါရီ ၃
၂၀၂၄ ခုနှစ်အတွင်း ဥရောပသို့ ရုရှား၏ ဓာတ်ငွေ့ပိုက်လိုင်းဖြင့် ဓာတ်ငွေ့များ တင်ပို့မှုသည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၃၂ ဒသမ ၁ ဘီလျံ ကုဗမီတာရှိခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ဥရောပသို့ ရုရှားဓာတ်ငွေ့များ တင်ပို့မှု ပမာဏနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံပိုင် Gazprom ဓာတ်ငွေ့ကုမ္ပဏီနှင့် ဥရောပ ဓာတ်ငွေ့တင်ပို့မှု လုပ်ငန်းရှင်များကွန်ရက် (ENTSOG) တို့၏ မှတ်တမ်းများကို အခြေခံပြီး တာ့စ်သတင်း ဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်က ဥရောပသို့ ရုရှား၏ ဓာတ်ငွေ့ပိုက်လိုင်းဖြင့် ဓာတ်ငွေ့တင်ပို့မှုသည် ၂၈ ဒသမ ၁၅ ဘီလျံ ကုဗမီတာ ရှိခဲ့ကြောင်း Gazprom နှင့် ENTSOG ကုမ္ပဏီတို့က ထုတ်ပြန်ခဲ့သည်။
အထူးသဖြင့် ၂၀၂၄ ခုနှစ်အတွင်း ရုရှားမှ ဓာတ်ငွေ့များကို ယူကရိန်းနိုင်ငံ အတွင်းမှဖြတ်ပြီး ဥရောပအနောက်ပိုင်း နှင့် အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့ခဲ့သည့် ပမာဏသည် ၁၅ ဒသမ ၄ ဘီလျံ ကုဗမီတာရှိခဲ့သည်။

ရေနံဓာတ်ငွေ့ပိုက်လိုင်းကို တွေ့ရစဉ်
ထိုပမာဏသည် ၂၀၂၃ ခုနှစ်ကထက် ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း ရုရှားမှ ဓာတ်ငွေ့များကို Turk Stream ဓာတ်ငွေ့ပိုက်လိုင်းမှတဆင့် ဥရောပအရှေ့တောင်ပိုင်း နှင့် ဥရောပတောင်ပိုင်းနိုင်ငံများကို တင်ပို့မှု ပမာဏသည် ၁၆ ဒသမ ၇ ဘီလျံ ကုဗမီတာရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တစ်လအတွင်းမှာပင် ရုရှား၏ ဓာတ်ငွေ့များကို ထိုဓာတ်ငွေ့ ပိုက်လိုင်းမှတဆင့် ဥရောပ သို့ တင်ပို့မှုသည် နိုဝင်ဘာလနှင့်နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
တူရကီ၏ စွမ်းအင်ဈေးကွက် စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့၏ မှတ်တမ်းများတွင် ၂၀၂၄ ခုနှစ်အတွင်း ရုရှားထံမှ ဓာတ်ငွေ့ ၂၀ ဘီလျံ ကုဗမီတာကို ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်အတွင်း တူရကီ အပါအဝင် ဥရောပသို့ ရုရှား၏ တစ်နှစ်တာ ဓာတ်ငွေ့တင်ပို့မှုသည် ၅၂ ဘီလျံ ကုဗမီတာရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က ၄၉ ဘီလျံ ကုဗမီတာနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
Source: တာ့စ်
- By CNI
- Category: စီးပွားရေး
- Hits: 926
CNI International News
တိုင်ပေ၊ ဒီဇင်ဘာ ၂၆
ဂျာမနီ၏ Delivery Hero စီးပွားရေးလုပ်ငန်းစုက ပိုင်ဆိုင်သည့် Foodpanda လုပ်ငန်းကို ဒေါ်လာ သန်း ၉၅၀ ဖြင့် ထိုင်ဝမ်တွင် တစ်ဦးတည်း မူပိုင်ဝယ်ယူသော Uber Technologies ကုမ္ပဏီ၏ သဘောတူညီချက်ကို ထိုင်ဝမ် အာဏာပိုင်များက တားဆီးပိတ်ပင်ခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။
စျေးကွက်ပြိုင်ဆိုင်မှု ဆန့်ကျင်ရေး စိုးရိမ်မှုများကြောင့် တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်ဝမ်၏ တရားဝင် CNA သတင်းအေဂျင်စီက ဒီဇင်ဘာ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။
Uber, Delivery Hero နှင့် Foodpanda ကုမ္ပဏီတို့ကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်း မှုကို ဖြေကြားခဲ့ခြင်းမရှိပေ။
ထိုင်ဝမ်၏ ကုန်သွယ်ရေးမျှတမှု ကော်မရှင်ကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း တိုင်ပေတွင် ပြုလုပ် မည့် သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

Uber နဲ့ Foodpanda ကိုတွေ့ရစဉ်
Uber နှင့် Delivery Hero ကုမ္ပဏီတို့သည် Foodpanda ဝယ်ယူရေးနှင့်ပတ်သက်သည့် သဘောတူညီချက်ကို မေလက ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် Uber သည် ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ Foodpanda ၏ ရှယ်ယာများကို ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်ဟုလည်း ကြေညာခဲ့သည်။
အမေရိကန်ကုမ္ပဏီဖြစ်သည့် Uber သည် Foodpanda ကို ဝယ်ယူခြင်းဖြင့် နှစ်စဉ် ဒေါ်လာ သန်း ၁၅၀ ကို ရရှိရန် မျှော်မှန်းထားသည်။
ထိုသဘောတူညီချက်သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် အပြီးသတ် ချုပ်ဆိုဖွယ်ရှိသည်။
Source: CNA
- By CNI
- Category: စီးပွားရေး
- Hits: 1473
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂၆
ထိုင်းအစိုးရအဖွဲ့သည် လာမည့်နှစ် ဇန်နဝါရီလမှစပြီး အနည်းဆုံး လုပ်ခလစာတိုးမြှင့်မှု အစီအစဉ်ကို ဒီဇင်ဘာ ၂၄ ရက်က အတည်ပြုခဲ့ပြီး အသုံးစရိတ်များကိုမြှင့်တင်ရန် အခွန်ကောက်ခံမှုများအား လျှော့ချသွားမည်ဟု CNA မှ ဖော်ပြခဲ့သည်။
ထို့ပြင် လာမည့်နှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်းကျော် တိုးမြှင့်နိုင်ရန် မျှော်လင့်ထား ကြောင်း ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) က သတင်းထောက်များကို ပြောကြားခဲ့သည်။
နိုင်ငံ့စီးပွားရေးကို တိုးတက်စေရန်အတွက် တစ်ရက်လုပ်ခ အနည်းဆုံးလစာကို ဘတ် ၄၀၀ (၁၁ ဒသမ ၇၂ ဒေါ်လာ) မြှင့်တင်ပေးရန် ဆန္ဒရှိကြောင်း အစိုးရအဖွဲ့က ပြောကြားခဲ့သည်။
သို့သော် ဒီဇင်ဘာ ၂၄ ရက်က လုပ်ခလစာရေးရာကော်မတီက ဇန်နဝါရီ ၁ ရက်မှစပြီး တစ်ရက်လုပ်ခ အနည်းဆုံး လစာကို ၂၂၇ ဘတ်မှ ဘတ် ၄၀၀ ( ၉ ဒသမ ၉ ဒေါ်လာမှ ၁၁ ဒသမ ၇ ဒေါ်လာ) အကြား ၂ ဒသမ ၉ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။

ပြည်သူလူထုနဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကိုတွေ့ရစဉ်
ဘတ် ၄၀၀ အထိ တိုးမြှင့်ပေးမည့် ပြည်နယ်များတွင် ဖူးခက် (Phuket) ၊ ချာချောင်ဆာအို (Chachoengsao) ၊ ချောင်ဘူရီ (Chon Buri) ၊ ရာယုန် (Rayong) ပြည်နယ်များနှင့် ဆမူအီ (Samui) ကျွန်းတို့ ပါဝင်သည်။
ထို့ပြင် အစိုးရအဖွဲ့သည် စားသုံးသူကဏ္ဍကို မြှင့်တင်ရန် အခွန်များကို လျှော့ချပေးရန် အတည်ပြုခဲ့ကြောင်း ပေတုန်တန်က ပြောကြားခဲ့သော်လည်း အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ဒုတိယဘဏ္ဍာရေးဝန်ကြီး ဂျူလာပန် အမ်မော်ဗီဗက် (Julapun Amornvivat) ကလည်း အစိုးရသည် ငွေကြေး သုံးစွဲမှု ပမာဏအပေါ် မူတည်ပြီး ဘတ် ၅၀,၀၀၀ အထိ အခွန်လျှော့ပေးမည် ဖြစ်သော်လည်း ပြည်တွင်းခရီးသွား လာမှု ပါဝင်မည်မဟုတ်ကြောင်း၊ ထိုအစီအစဉ်ကို ဇန်နဝါရီ ၁၆ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အကြား စတင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ထို့ပြင် အစိုးရအဖွဲ့သည် ဇန်နဝါရီလမှစပြီး ထိုင်းလူမျိုးများအား တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ စီပေးသည့် ဒုတိယအသုတ် အစီအစဉ်ကို စတင်ရန် အတည်ပြုခဲ့သည်ဟု ပေတုန်တန်က ပြောသည်။
ဒုတိယအသုတ် အစီအစဉ်တွင် ဘတ် ၄၀ ဘီလျံကို သက်ကြီးပိုင်းအရွယ် လူဦးရေ ၄ သန်းကို ထောက်ပံ့မည် ဖြစ်သည်။
အမေရိကန်ဒေါ်လာ ၁၄ ဘီလျံ တန်ကြေးရှိသည့် ထိုအစီအစဉ်၏ ပထမအသုတ်ကို စက်တင်ဘာလက စတင်ခဲ့ပြီး လက်ရှိအချိန်တွင် ဘတ် ၁၀,၀၀၀ စီရရှိထားသည့် ထိုင်းလူမျိုး ၁၄ ဒသမ ၅ သန်းရှိပြီဖြစ်သည်။
Source: CAN
