- By CNI
- Category: နိုင်ငံရေး
- Hits: 1626
CNI International News
မက္ကစီကိုစီးတီး၊ ဧပြီ ၁၈
ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်နိုင်ပြီး နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ရာကျမည်ဟု အတိုက်အခံပါတီများက ဝိုင်းဝန်းကန့်ကွက်သဖြင့် မက္ကစီကိုနိုင်ငံ၏ သမ္မတ အန်ဒရက်စ် မာနွယ် လိုပက်ဇ်အော်ရာဒို (Andres Maunuel Lopez Obrador) ၏ လျှပ်စစ်ဓါတ်အား တိုးမြှင့်ထုတ်လုပ်ရေး အစီအစဉ်သည် ဧပြီ ၁၇ ရက်၌ လွှတ်တော်အတွင်း အရှုံးနှင့် ရင်ဆိုင် ခဲ့ရကြောင်း ရိုက်တာသတင်းအရ သိရသည်။
လွှတ်တော်ထဲ မဲခွဲဆုံးဖြတ်ရာ၌ သမ္မတ၏ အမျိုးသားပြန်လည် ဆန်းသစ်ရေး လှုပ်ရှားမှုပါတီ (MORENA) နှင့် မဟာမိတ်များ ပါဝင်သည့် အမတ်နေရာ ၅၀၀ ရှိ အောက်လွှတ်တော်တွင် လိုအပ်သော သုံးပုံတစ်ပုံ အများစု အောက်သို့လျော့ကျ၍ ထောက်ခံ မဲ ၆၀ နီးပါး ဆုံးရှုံးပြီး သမ္မတအဆိုတင်သွင်းသော အစီအစဉ်မှာ ရှုံးနိမ့်ခဲ့ရသည်။
၁၂ နာရီကျော် ကြာမြင့်ခဲ့သည့် အကြိတ်အနယ် ဆွေးနွေးမှုများ အပြီးတွင် လျှပ်စစ်ဓာတ်အား အစီအစဉ်အတွက် ထောက်ခံမဲ ၂၇၅ မဲသာ ရရှိခဲ့သည်။
လျှပ်စစ်ဓါတ်အားဈေးကွက် ဖြေလျော့ပေးခဲ့သည့် ယခင်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို နောက် ကြောင်းပြန်လှည့်ရန် ကြိုးပမ်းနေချိန်၌ သမ္မတ လိုပက်ဇ်အော်ရာဒို အဆိုပြုခဲ့သည့် အပြောင်းအလဲကိစ္စရပ်များ အထမမြောက် တော့ကြောင်း သိရသည်။
သမ္မတ၏ အစီအစဉ်တွင် အစိုးရပိုင် CFE ဓါတ်အားလုပ်ငန်းမှ ဈေးအသက်သာဆုံးဖြင့် လျှပ်စစ်ဓါတ်အားကို ဦးစားပေး ရောင်း ချရန်နှင့် တခြားလျှပ်စစ်ကုမ္ပဏီများထက် အစိုးရလျှပ်စစ်ဓါတ်အားကို အဓိကရောင်းချရန် တောင်းဆိုချက် ပါဝင်သည်။
မက္ကစီကိုလွှတ်တော်က သမ္မတရဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအဆိုကို ပယ်ချခဲ့(Reuters)
လွှတ်တော်သို့ အဆိုတင်ခဲ့သော ယင်းဥပဒေကြမ်းအရ CFE ဓါတ်အားလုပ်ငန်းသည် နိုင်ငံ၏ စုစုပေါင်း လျှပ်စစ်ဓါတ်အား လိုအပ်ချက်၏ အနည်းဆုံး ၅၄ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးရန် သတ်မှတ်ထားပြီး စွမ်းအင်ဆိုင်ရာ စည်းမျဉ်းများကို သီးခြား လွတ်လပ်သော အဖွဲ့အစည်းများထံမှ အုပ်ချုပ်ရေးဌာနဆိုင်ရာများထံ ကူးပြောင်းသွားစေရန် ရည်ရွယ်ထားသည်။
လွှတ်တော်အတွင်း အငြင်းပွားခဲ့သည့် ယင်းဥပဒေကြမ်း အဆိုပြုချက်သည် စီးပွားရေးသမားများကို ထိခိုက်စေသည့်အပြင် မက္ကစီကို၏ အဓိကကုန်သွယ်ဘက် အမေရိကန်နှင့် ဒေသတွင်း ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက်ဖြစ်သည့် အမေရိကန်-မက္ကစီကို-ကနေဒါ သုံးပွင့်ဆိုင်စာချုပ်ကို ချိုးဖောက်ရာ ကျမည်ဟု လွှတ်တော်အတွင်းရှိ တခြား မဟာမိတ် ပါတီ များက ဝေဖန်ခဲ့ကြပြီး စောဒကတက်ခဲ့ကြသည်။
လိုပက်ဇ်အော်ရာဒိုကတော့ “အဆိုပါ ဥပဒေကြမ်းသည် စားသုံးသူများကို အကာအကွယ်ပေးပြီး နိုင်ငံ၏စွမ်းအင်ကဏ္ဍ ပိုမို လွတ်လပ် ပွင့်လင်းစေမည် ဖြစ်ကြောင်း၊ မက္ကစီကို ပြုပြင်ပြောင်းလဲရေး အစီအစဉ်အတွက် အရေးကြီးသည့် ဥပဒေကြမ်း ဖြစ်ကြောင်း” အကြောင်းပြခဲ့သည်။
အတိုက်အခံဖြစ်သည့် နိုင်ငံသားလှုပ်ရှားမှုပါတီ (CM) မှ ဥပဒေပြုအမတ် ဂျော့အယ်ဗာရက်ဇ်မေနက်ဇ်က အဆိုပါ ဥပဒေကြမ်း အဆိုပြုချက်ကို လက်ခံ၍ အတည်ပြုပြဋ္ဌာန်းပါက မိမိတို့နိုင်ငံကို ထိခိုက်စေမည်ဟု ပြောကြားခဲ့သည်။
မက္ကစီကိုလွှတ်တော်က သမ္မတရဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအဆိုကို ပယ်ချခဲ့(Reuters)
“ဒါကို ထောက်ခံဖို့ ပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ (ဒါမှမဟုတ်) တက်ကြွလှုပ်ရှားသူတွေ တစ်ယောက်မှ မတွေ့ရပါဘူး။ ဒီဥပဒေကြမ်းဟာ လျှပ်စစ်မီတာခတွေ ဈေးတက်စေပြီးတော့ ကျနော်တို့နိုင်ငံရဲ့ သန့်ရှင်းတဲ့ စွမ်းအင်အဖြစ် အသွင်ကူးပြောင်းမှုကို နှောင့်နှေးစေပါလိမ့်မယ်။ ဒါ့အပြင် နိုင်ငံတကာ သဘောတူစာချုပ်တွေကိုလည်း ချိုးဖောက်ရာကျပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေကြမ်းထဲတွင် လစ်သီယံ သတ္တုသယံဇာတ ရင်းမြစ်များကို ပြည်သူပိုင်သိမ်းရန် ပြဋ္ဌာန်းချက်လည်း ထည့်သွင်း ရေးဆွဲထားသည်။
လွှတ်တော်အတွင်း မဲခွဲရာ၌ ရှုံးနိမ့်ခဲ့ပါက အဆိုပါဥပဒေ၏ လစ်သီယံ အစိတ်အပိုင်းကို အနည်းဆုံး အတည်ပြုနိုင်ရန် ရည်ရွယ် ချက် နောက်ထပ် ဥပဒေကြမ်းတစ်ခုကို ဧပြီ ၁၈ ရက်တွင် လွှတ်တော်သို့ ပေးပို့မည်ဟု သမ္မတက ယခု သီတင်းပတ် အကုန် ပိုင်းတွင် ပြောကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1420
CNI International News
ရီယာ့ဒ်၊ ဧပြီ ၁၈
ယီမင်ခေါင်းဆောင် တစ်ဦးဖြစ်သူ အေဘတ်ရက်ဘို မန်ဆွာဟာဒီသည် ဆော်ဒီအာရေဗျ၏ ဖိအားပေးမှုကြောင့် ရာထူးမှ ဆင်းပေးခဲ့ရပြီး ၎င်းကို ဆော်ဒီမြို့တော် ရီယာ့ဒ်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဝေါစထရိ ဂျာနယ်၏ ဧပြီ ၁၇ ရက်သတင်း ဖော်ပြချက်ကို ကိုးကားလျက် စပွတ်နစ်က ရေးသားခဲ့သည်။
ယီမင်နိုင်ငံ၌ ၇ နှစ်ကြာ ပြည်တွင်းစစ် ဆိုးရွားလာခဲ့ပြီးနောက် ဟူသီသူပုန် မပါဝင်ဘဲ အသစ်ဖွဲ့စည်းထားသော သမ္မတ ကောင်စီထံသို့ ယီမင်ခေါင်းဆောင် ဟာဒီက အာဏာလွှဲပြောင်းပေးခဲ့ရပြီး ဟူသီများနှင့် ဆွေးနွေးမှုစတင်ရန် ဆော်ဒီက တောင်းဆိုခဲ့သည်။
ဆော်ဒီသည် ၎င်း၏ ရီယာ့ဒ်မြို့တော်တွင် ယီမင်ပြည်တွင်းရေး ပြဿနာများကို ညှိနှိုင်းအဖြေရှာပြီးနောက် သမ္မတကောင်စီ ဖွဲ့စည်းလိုက်ခြင်းကို ကြေညာခဲ့သည်။
ယခုအခါ ဟာဒီကို အကျယ်ချုပ်ဖြင့် ထားရှိစဉ် ၎င်းနှင့်ပြင်ပ အဆက်အသွယ်များကို ကန့်သတ်ထားကြောင်း သိရသည်။
ယီမင်သမ္မတကောင်စီ
ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်စလန်သည် ရီယာ့ဒ်မြို့တွင် ကျင်းပသည့် ဆွေးနွေးပွဲအတွင်း ဟာဒီကို စာဖြင့် စေခိုင်းသည့် အမိန့်လွှာတစ်စောင် ပေးအပ်ခဲ့ပြီး အသစ်ဖွဲ့စည်းထားသော ကောင်စီထံသို့ အာဏာလွှဲအပ်ရေးအတွက် ပြဋ္ဌာန်းချက်များကို ယင်းအမိန့်လွှာထဲတွင် ရေးသားထားသည်။
တခြား ယီမင်ခေါင်းဆောင်များလည်း အာဏာစွန့်လွှတ်ရန် အချိန်တန်ပြီဖြစ်ကြောင်း မင်းသား မိုဟာမက် ဘင်စလန်က ဟာဒီကို ပြောကြားခဲ့ကြောင်း သိရသည်။
ဟာဒီကို အာဏာစွန့်လွှတ်ရန် စည်းရုံးတိုက်တွန်းသည့် ကြိုးပမ်းမှု၌ ဆော်ဒီအာဏာပိုင်များက ဟာဒီ၏ အကျင့်ပျက်ခြစားမှု အထောက်အထားများကို အများသိအောင် ထုတ်ပြန်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဟူသီသူပုန်
ယခုကဲ့သို့ ဟာဒီကို ယီမင်ခေါင်းဆောင်အဆင့်မှ ဖယ်ရှားလိုက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်း ဖြစ် ကြောင်း၊ ၎င်းအတွက် မဲပေးခဲ့ကြသည့် ယီမင်နိုင်ငံသူ၊ နိုင်ငံသား သန်းပေါင်းများစွာ၏ သဘောထားဆန္ဒကို တရားမဝင် ဖြစ် အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဟာဒီ၏ သတင်းပြန်ကြားရေး တာဝန်ခံဟောင်းဖြစ်သူ မူခါတကာအယ်ရက်ဘီက ပြော ကြားခဲ့သည်။
၂၀၁၅ ခုနှစ်၊ မတ်လကတည်းက ဟာဒီ၏ တပ်ဖွဲ့များသည် ဆော်ဒီဦးဆောင်သော အာရပ်ညွန့်ပေါင်းတပ်ဖွဲ့နှင့် မဟာမိတ် ပြုလုပ်၍ ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်များကို လေကြောင်း၊ ကြည်းကြောင်းနှင့် ရေကြောင်းတို့မှ ဘက်ပေါင်းစုံ စစ်ဆင် ရေး ဆက်တိုက် လုပ်ဆောင်ခဲ့သည်။
Source: စပွတ်နစ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1126
CNI International News
မိုင်ဒွန်ဂူရီ(နိုင်ဂျီးရီးယား)၊ ဧပြီ ၁၈
မကြာသေးမီ သီတင်းပတ်များအတွင်း သူပုန်တပ်မှူး ၁၀ ဦးအပါအဝင် အစ္စလာမ္မစ်အကြမ်းဖက်သူပုန် ၁၀၀ ကျော် တို့ကို ၎င်းတို့စစ်ဆင်ရေးအတွင်း သေဆုံးအောင် ချေမှုန်းနိုင်ခဲ့ကြောင်း၊ ချဒ်ရေအိုင် (Lake Chad) ဒေသတွင် ကြည်းကြောင်းနှင့်လေကြောင်းမှ ထိုးစစ်များလည်း ပြင်းထန်ခဲ့ကြောင်း နိုင်ဂျီးရီးယား၊ နိုင်ဂျာနှင့် ကင်မရွန်းနိုင်ငံ အသီးသီးမှ စုစည်းထားသည့် ပူးပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ဘိုကိုဟာရမ်တိုက်ခိုက်ရေးသမားများနှင့် ၎င်းတို့မှ ခွဲထွက်ခဲ့သည့် အနောက်အာဖရိကနိုင်ငံများ၏ အစ္စလာမ္မစ် နိုင်ငံတော် (ISWAP) အဖွဲ့တို့သည် နိုင်ဂျီးရီးယား၏အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားနေသော ပဋိပက္ခများ၌ နိုင်ဂျီးရီးယားစစ်တပ်နှင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိခဲ့သည်။
နိုင်ငံစုံ ပူးပေါင်းတပ်ဖွဲ့မှ ပြောခွင့်ရသူ ဗိုလ်မှူးကြီး မူဟာမက်ဒိုး (Muhammad Dole) က “၎င်းတို့တပ်ဖွဲ့သည် ချဒ်ရေအိုင်ဒေသရှိ သူပုန်များထိန်းချုပ်ထားသော နယ်မြေများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး လက်နက် များ၊ အစားအစာများနှင့် တရားမဝင်ဆေးဝါးများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း” ပြောကြားခဲ့သည်။
“ဒီစစ်ဆင်ရေးကာလအတွင်းမှာ သူပုန်ထိပ်တန်းတပ်မှူး ၁၀ ယောက်အပါအဝင် အကြမ်းဖက်သမား ၁၀၀ ကျော် တို့ကို ကောင်းကောင်း ချေမှုန်းနိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးထဲမှာ ချဒ်ရေအိုင်ထဲက ကျွန်းတွေပေါ် ထောက်လှမ်းရေး ထိုးဖောက်မှုအပါအဝင် သူပုန်တွေကို ရှင်းပစ်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်” ဟု မူဟာမက်ဒိုးက ဆက်လက်ပြောကြားခဲ့သည်။
စစ်ဆင်ရေးအချိန်ကာလအတိအကျနှင့် အသုံးပြုခဲ့သည့် တပ်ဖွဲ့ဝင်အင်အားတို့ကို ၎င်းက ထုတ်ဖော်ပြောကြားမှု မရှိသော်လည်း သူပုန်ဆုတ်ခွာသွားချိန်၌ ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ခဲ့သဖြင့် ပေါက်ကွဲမှုများကြောင့် ၎င်းတို့ ဘက်မှ တပ်သား ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် အစ္စလာမ္မစ်သူပုန်ထကြွမှုကြောင့် သန်းနှင့်ချီသော ပြည်သူများ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပြီး ဒုက္ခသည်စခန်းများတွင် ခိုလှုံခဲ့ရကာ ထောင်ဂဏန်းမျှ သေဆုံးခဲ့သည်။
နိုင်ဂျီးရီးယားသည် ဒေါ်လာ ၁ ဘီလီယံနီးပါးတန်ဖိုးရှိ လက်နက်များ ရောင်းချပေးရန် အမေရိကန်က ယခင် သီတင်းပတ်တွင် အတည်ပြုခဲ့ပြီးနောက် အားတက်စရာဖြစ်လာခဲ့သည်။ သို့သော် နိုင်ဂျီးရီးယားအစိုးရ၏ လူ့အခွင့် အရေးချိုးဖောက်မှုဖြစ်နိုင်ခြေများအပေါ် စိုးရိမ်ပူပန်မှုရှိနေ၍ လက်နက်ရောင်းချပေးရေး သဘောတူညီချက်ကို အမေရိကန်လွှတ်တော်အမတ်များက ဆိုင်းငံ့ထားခဲ့သည်။
ဘိုကိုဟမ်ရမ်အဖွဲ့သည် ၎င်းတို့ခေါင်းဆောင် အဘူဘာကာရှီကာအူ သေဆုံးပြီးနောက် ယမန်နှစ်၊ မေလမှ စတင်၍ ပြိုင်ဘက်ဖြစ်သည့် ISWAP အကြမ်းဖက်အဖွဲ့နှင့် မြေပြင်တပ်အချင်းချင်း ထိတွေ့မှုများ ရှိခဲ့သည်။ ဘိုကိုဟာရမ် တိုက်ခိုက်ရေးသမားများနှင့် ၎င်းတို့၏မိသားစုဝင်များသည် ယမန်နှစ်ကတည်းက လက်နက်ချအညံ့ခံခဲ့ပြီးဖြစ် ကြောင်း နိုင်ဂျီးရီးယားအစိုးရက ပြောကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1887
CNI International News
အန်ကာရာ၊ ဧပြီ ၁၈
အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာဒစ္စတန် အလုပ်သမားပါတီ (PKK) စစ်သွေးကြွများကို ပစ်မှတ်ထား၍ တူရကီက နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်မှုများ စတင်ခဲ့ကြောင်း အန်ကာရာမြို့တော်ရှိ တူရကီကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်ကို ကိုးကားလျက် အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။
တူရကီ၏ အဆိုပါ စစ်ဆင်ရေးတွင် ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့ လေယာဉ်(ဒရုန်း)များဖြင့် လေကြောင်းမှ တိုက်ခိုက်မှုအပြင် ကွန်မန်ဒိုတပ်ဖွဲ့များ၏ ကြည်းကြောင်းမှ ကျူးကျော်ဝင်ရောက်မှုလည်း ပါဝင်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအက်ကာ (Hulusi Akar) က ဧပြီ ၁၈ ရက်၊ နံနက်ပိုင်း ဗွီဒီယိုမိန့်ခွန်း၌ ထည့်သွင်း ပြော ကြားခဲ့သည်။
တူရကီကြည်းတပ်များ အိမ်နီးချင်း အီရတ်နယ်မြေထဲ မဝင်ရောက်မီ ဘန်ကာများ၊ ဥမင်လိုဏ်ခေါင်းများနှင့် ခဲယမ်း မီး ကျောက် အများအပြားကို အန်ကာရာအနေဖြင့် အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ယခုစစ်ဆင်ရေးတွင် တူရကီတပ်ဖွဲ့ဝင် အင်အားနှင့် စစ်သုံး လက်နက်ကိရိယာများ မည်မျှပါဝင်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။
“ကျနော်တို့က စီစဉ်ထားတဲ့အတိုင်း အောင်မြင်အောင် ဆက်လုပ်နေပါတယ်။ ပထမအဆင့်အတွက် ချမှတ်ထားတဲ့ ရည်မှန်း ချက်တွေ အောင်မြင်ပြီးပါပြီ” ဟု ဟူလူစီအက်ကာ၏ ပြောကြားချက်ကို အေပီသတင်းဌာနက ဖော်ပြခဲ့သည်။
တူရကီစစ်တပ်ကိုတွေ့ရစဉ်
တူရကီတပ်ဖွဲ့များ အီရန်နယ်မြေအတွင်း အရပ်သားများ အသေအပျောက် ရှိစေခြင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီး ခြင်းမှ ရှောင်ရှားလျက် သတိထား လုပ်ဆောင်နေကာ အကြမ်းဖက် သမားများကိုသာ ပစ်မှတ်ထားကြောင်း ၎င်းက ဆက် လက် ပြောကြားခဲ့သည်။
“နောက်ဆုံးအချိန်အထိ အကြမ်းဖက်သမားတွေကို မချေမှုန်းနိုင်မချင်း ကျနော်တို့ ဆက်ကြိုးစားသွားမယ်။ ကျနော်တို့နိုင်ငံကို နှစ်ပေါင်း ၄၀ ကျော် ကပ်ဆိုးဘေးဆိုး ကျရောက်စေခဲ့တာကနေ ကယ်တင်ဖို့ ကျနော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်” ဟု ဟူလူစီအက်ကာက ထပ်လောင်း ပြောကြားခဲ့သည်။
PKK သည် ကာ့ဒ်စစ်သွေးကြွသူပုန်များ၏ နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းအဖြစ် တည်ထောင်ထားပြီး လွတ်လပ်သော ကာဒစ္စတန်နိုင်ငံ ပေါ်ပေါက်ရေးအတွက်ဟု ကြွေးကြော်လျက် လက်နက်ကိုင် ပြောက်ကျားလှုပ်ရှားမှုများကို အီရတ်နိုင်ငံ ထဲတွင် လုပ်ဆောင်နေကြသည်။
ကာ့ဒ်တပ်ဖွဲ့ကိုတွေ့ရစဉ်
အန်ကာရာ၌ ၁၉၈၄ ခုနှစ်ကတည်းက စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူပေါင်း ၄ သောင်းကျော်အထိ သေကြေပျက်စီး ခဲ့ရ သည်။ နောက်ပိုင်း နှစ်များတွင် တူရကီသည် အီရတ်မြောက်ပိုင်း၌ အခြေစိုက်သည့် PKK လက်နက်ကိုင်များကို တိုက်ခိုက်ရန် အတွက် စစ်ဆင်ရေး အများအပြား လုပ်ဆောင်ခဲ့ပြီး တူရကီအရှေ့ပိုင်း၌ စစ်ရေးလှုပ်ရှားမှုများလည်း မြှင့်တင်ခဲ့သည်။
အဆိုပါ PKK အဖွဲ့ကို အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ခဲ့သည်။
သို့သော် ကာ့ဒ်သူပုန်များသည် ဆီးရီးယားနိုင်ငံနှင့် အီရတ်နိုင်ငံတွင် အစ္စလာမ္မစ်နိုင်ငံတော် (ISIS) အကြမ်းဖက်သမားများကို ဖြိုခွင်းရာ၌ အနောက်အုပ်စုနှင့်အမေရိကန်တို့အတွက် အရေးပါသော မဟာမိတ်ဖြစ်ခဲ့ပြန်သည်။
ဝါရှင်တန်သည် ဆီးရီးယားကာ့ဒ်သူပုန်များ ထိန်းချုပ်နယ်မြေများထဲတွင် စစ်ရေးခြေကုပ်ယူခဲ့ပြီး အီရတ်နိုင်ငံထဲတွင်တော့ ကာဒစ္စတန်ဒေသ၌ အမေရိကန်စစ်စခန်းများနှင့် အီရာဘယ် (Erbil) ဒေသတွင် အမေရိကန်ကောင်စစ်ဝန်ရုံးကို ထားရှိခဲ့သည်။
Source: အာရ်တီသတင်းဌာန
- By CNI News
- Category: နိုင်ငံရေး
- Hits: 2238
CNI International News
မော်စကို၊ ဧပြီ ၁၇
ယူကရိန်းစစ်ပွဲတွင် ၎င်းတို့၏ မိုစကာဗာ(Moskva) စစ်သင်္ဘော နစ်မြှုပ်သွားပြီးနောက် တတိယကမ္ဘာစစ် စတင်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်းက ကြေညာခဲ့သည်ဟု အိန္ဒိယသတင်းဌာနဖြစ်သည့် NDTV.com မှ ရေးသား ဖော်ပြထားသည်။
အဆိုပါ စစ်သင်္ဘောသည် မတော်တဆ မီးလောင်မှုဖြစ်ပွား၍ ပျက်စီးသွားကြောင်း ရုရှားက ပြောကြားသော်လည်း ယူကရိန်း ကတော့ “မော်စကို၏ ပင်လယ်နက်ရှိ ရေတပ်၏ ထင်ရှားသည့် စစ်သင်္ဘောကို မိမိတို့ထံမှ နက်ပကျွန်းဒုံးကျည်ဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း” သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် သင်္ဘောနစ်မြှုပ်မှု ဖြစ်စဉ်သည် ကရင်မလင်၏ အဓိကဝါဒဖြန့်ချိရေး အာဘော်ဖြစ်သည့် Russia 1 ရုပ်သံ ထုတ်လွှင့် ချက်တွင် မီးလောင်ပျက်စီးခြင်းကြောင့် နစ်မြှုပ်ခဲ့ရကြောင်း ဖော်ပြထားသည်။
နစ်မြှုပ်သွားတဲ့ ရုရှားရဲ့ Moskva စစ်သင်္ဘော(ရိုက်တာ)
“အဲဒီဖြစ်စဉ်ဟာ အရှိန်မြင့်လာတဲ့အတွက် တတိယကမ္ဘာစစ်လို့ ပြောလို့ရနေပြီ။ ဒါက လုံးဝကို သေချာနေပါတယ်” ဟု ရုပ်သံ အစီအစဉ် တင်ဆက်သူ အော်ဂါစကာဘီရဲဗာက တည်ငြိမ်အေးဆေးစွာဖြင့် ရုပ်သံကြည့်ရှုနေသည့် ပရိသတ်များကို အသိပေး ပြောကြားခဲ့သည်။
“အခု ကျနော်တို့ဟာ နေတိုးကိုယ်တိုင် မဟုတ်ရင်တော့ နေတိုးရဲ့ အခြေခံ အဆောက်အဦတွေကို ကျိန်းသေပေါက် တိုက်ခိုက် နေရပြီ ဖြစ်ပါတယ်။ ဒါကို အသိအမှတ်ပြုဖို့ လိုပါတယ်” ဟု အော်ဂါစကာဘီရဲဗာက ထပ်လောင်း ပြောကြားခဲ့သည်။
တခြား ရုရှားရုပ်သံချန်နယ် တစ်ခုတွင်လည်း သတင်းကြေညာသူက “ယူကရိန်းဟာ နောက်ထပ် ရန်စမှုတွေ၊ သွေးထွက် သံယို မှုတွေနဲ့ မတွေးဝံ့စရာတွေကို အနောက်အုပ်စုအလိုကျ လုပ်ဆောင်ပြနေပါတယ်” ဟု ထုတ်လွှင့်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ယူကရိန်း ပဋိပက္ခကို တတိယကမ္ဘာစစ်ဟု ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံပိုင်း ရုပ်သံလိုင်းက ဧပြီ ၁၅ ရက် ညပိုင်းထုတ်လွှင့်ခဲ့သည်ဟု newsmax.com က ဖော်ပြခဲ့သည်။
Russia 1 ရုပ်သံလိုင်းမှ တင်ဆက်သူ အော်ဂါစကာဘီရဲဗာ
Russia 1 ရုပ်သံလိုင်းမှ တင်ဆက်သူ အော်ဂါစကာဘီရဲဗာ၏ ပြောကြားချက်ကို ကိုးကားပြီး ဗြိတိန်သတင်းဌာန Metro News ကလည်း အလားတူ သတင်းဖော်ပြခဲ့သည်။
ရုရှားတို့၏ အထင်ရှားဆုံး စစ်သင်္ဘော မိုစကာဗာသည် ပင်လယ်နက်ရေပြင်ထဲ ဧပြီ ၁၄ ရက်၌ နစ်မြှုပ်သွားပြီးနောက် ရုရှား ရုပ်သံလိုင်းတစ်လိုင်းက အထက်ပါအတိုင်း သတင်းထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “ယူကရိန်းသို့ နောက်ထပ် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၈၀၀ ပေးပို့မည်ဖြစ်သဖြင့် စုစု ပေါင်း စစ်သုံးပစ္စည်းများနှင့် လက်နက်တန်ဖိုး ၂ ဒသမ ၅ ဘီလီယံ ဆက်လက်ကူညီမည်” ဟု ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းအရ သိရသည်။
ဘိုင်ဒန်သည် ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် တယ်လီဖုန်း ခေါ်ဆိုပြီးနောက် ယခုကဲ့သို့ နောက်ဆုံး အကူအညီ ပေးအပ် မည့်ကိစ္စ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
Source: NDTV, New Max World
- By CNI News
- Category: နိုင်ငံရေး
- Hits: 2746
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၆
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ရှေ့တန်းစခန်း တစ်နေရာသို့ သွားရောက်၍ သင်္ကြန်အကြတ်နေ့က အတူတူ ဖြတ်သန်းခဲ့ကြောင်း ယနေ့(ဧပြီ ၁၆ ရက်) ဓာတ်ပုံများဖြင့် ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ-ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို တွေ့ရစဉ်(NUG)
ဓာတ်ပုံ-ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို တွေ့ရစဉ်(NUG)
- By CNI News
- Category: နိုင်ငံရေး
- Hits: 1576
CNI International News
ကိယက်ဗ်၊ ဧပြီ ၁၆
ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်နှင့် အနောက်ပိုင်း လိုဗစ်မြို့ကြီးများ၌ ဧပြီလ ၁၆ ရက်၊ နံနက်အစောပိုင်းမှာ ပေါက်ကွဲသံ များ ထွက်ပေါ်လာခဲ့ရာ ဗုံးပေါက်ကွဲသည့်နေရာသို့ ကယ်ဆယ်ရေးသမားများနှင့် ကျန်းမာရေးဝန်ထမ်းများ စေလွှတ်ခဲ့ရ ကြောင်း ကိယက်ဗ်မြို့တော်ဝန်က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတစ်ပုဒ်၌ တွေ့ရသည်။
ထိုဖြစ်စဉ်ကြောင့် အသေအပျောက် (သို့မဟုတ်) အပျက်အစီး အခြေအနေ အသေးစိတ် မသိရသေးကြောင်း ရိုက်တာက ဆက်လက် ရေးသားဖော်ပြသည်။
ရုရှား၏ကျူးကျော်စစ် ရက်သတ္တ ၇ ပတ်အတွင်း ယူကရိန်းတပ်အင်အား ၂,၅၀၀ မှ ၃,၀၀၀ ခန့် ကျဆုံးခဲ့ပြီး ဒဏ်ရာရစစ်သည် ၁၀,၀၀၀(တစ်သောင်း)ခန့်ရှိကြောင်း သမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက ပြောသည်။
တစ်ချိန်တည်းမှာပင် ရုရှားစစ်သည်အင်အား ၁၉,၀၀၀ မှ ၂၀,၀၀၀ အထိ ကျဆုံးကြောင်း စီအင်န်အင်န်သတင်းက ဧပြီ ၁၅ ရက် တွင် ဖော်ပြခဲ့သည်။ ယခင်လက မော်စကို၏ ထုတ်ပြန်ချက်တွင်မူ ရုရှားစစ်သည် ၁,၃၅၁ ဦး ကျဆုံးပြီး ဒဏ်ရာရစစ်သည် ၃,၈၂၅ ဦးရှိကြောင်း သိရသည်။
ရုရှားကျူးကျော်စစ်အတွင်း သေဆုံးသွား(AP)
သို့ရာတွင် ထိုသတင်းများ၌ ဖော်ပြထားသော အရေအတွက်များကို ရိုက်တာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ကိယက်ဗ်မြို့တော်ကို နောက်ထပ် တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဟု ရုရှားက ဧပြီ ၁၅ ရက်တွင် ပြောကြားခဲ့ပြီး ကိယက်ဗ် မြို့အနီး ဗီဇာ (Vizar) စက်ရုံကို ခရုဇ်ဒုံးကျည် သုံး၍ တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများ၌ သင်္ဘောဖျက်ဒုံးများ အပါအ ဝင် ဒုံးကျည်မျိုးစုံ ပါဝင်ခဲ့သည်။
ပင်လယ်နက်အတွင်း မော်စကို၏ စစ်ရေယာဉ်အုပ်စု၌ ပါဝင်သည့် မော့စကာဗာ တိုက်ရေယာဉ်မှာ ဧပြီ ၁၄ ရက်တွင် နစ်မြုပ် သွားခဲ့ပြီးနောက် ယခုနံနက်ပိုင်း စစ်ဆင်ရေးအရှိန် တိုးမြှင့်လာခဲ့သည်။ အဆိုပါ ရေယာဉ် နစ်မြုပ်မှု၌ ရေယာဉ်ဝန်ထမ်း ၅၀၀ ကျော်ကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရပြီး မုန်တိုင်းထန်နေစဉ် ပင်လယ်ပြင်၌ နစ်မြုပ် သွားခဲ့ရ ခြင်းဖြစ် ကြောင်း မော်စကိုက သတင်းထုတ်ပြန်ခဲ့သည်။
Source: Reuters
- By CNI News
- Category: နိုင်ငံရေး
- Hits: 2002
CNI International News
ဂျေရုဆလင်၊ ဧပြီ ၁၅
ဂျေရုဆလင်မြို့ရှိ အယ်လ်ကွာစာ ဗလီအတွင်း ယနေ့(ဧပြီ ၁၅ ရက်) နံနက် အရုဏ်မတက်မီက ရမ်ဇာလန် ဘာသာရေးလ အတွင်း ဆုတောင်းပွဲအတွက် ထောင်နှင့်ချီ၍ စုဝေးနေသော ပါလက်စတိုင်းများနှင့် အစ္စရေးရဲများ ရုန်းရင်းဆန်ခတ် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်၌ ပါလက်စတိုင်းလူမျိုး ၁၅၂ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။
ဂျူးများနှင့် မွတ်စလင် ဘာသာဝင်များ အလေးအမြတ်ထားကြသည့် အဆိုပါနေရာသည် အစ္စရေး-ပါလက်စတိုင်းတို့ ထိပ်တိုက် တွေ့လေ့ရှိသည့် အချက်အချာကျသော နေရာတစ်ခုဖြစ်ကြောင်း၊ မကြာသေးမီက အကြမ်းဖက်မှု အများအပြားရှိခဲ့၍ နှစ်ဖက် တင်းမာမှုများ တိုးလာနေကြောင်း သိရသည်။