- By CNI
- Category: နိုင်ငံရေး
- Hits: 998
CNI International News
နီယာမေ၊ ဇူလိုင် ၂၈
နိုက်ဂျာသမ္မတ မိုဟာမက် ဘာဇုမ်း (Mohamed Bazoum) ကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း နိုက်ဂျာစစ်တပ်က နိုင်ငံပိုင်ရုပ်သံမှတဆင့် ကြေညာခဲ့သည်ဟု ရိုက်တာမှ ရေးသား ဖော်ပြခဲ့သည်။
ဘာဇုမ်းသည် သမ္မတနန်းတော်အတွင်း ထိန်းသိမ်းခံခဲ့ရပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များသည် ဆိုးရွားသည့် အုပ်ချုပ်ပုံနှင့် ယိုယွင်းလာသည့် လုံခြုံရေး အခြေအနေ များကြောင့် အစိုးရအဖွဲ့ကို ဖြုတ်ချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု နိုက်ဂျာစစ်တပ်၏ ဗိုလ်မှူးကြီး အာမန်ဒူ အက်ဒရာမာနေး (Amadou Abdramane) က အစီရင်ခံစာတစ်စောင်ကို ဖတ်ကြားခဲ့သည်။
နိုက်ဂျာ၏ နယ်စပ်များကို ပိတ်ပြီး ကာဖျူးအမိန့် ထုတ်ပြန်ကြောင်းနှင့် အစိုးရဌာနများ အားလုံးကို ဆိုင်းငံ့ကြောင်း အက်ဒရာမာနေးက ပြောကြားခဲ့သည်။
နိုက်ဂျာစစ်သားများက ၎င်းတို့သည် ပြည်ပဝင်ရောက် စွက်ဖက်မှုများကို ဆန့်ကျင်ကြောင်းနှင့် ဘာဇုမ်းကို ကောင်း ကောင်းမွန်မွန် ဆက်ဆံမည်ဖြစ်ကြောင်း ပြောသည်။
နိုက်ဂျာစစ်တပ်၏ အာဏာလွှဲပြောင်း ရယူမှုသည် ဗဟိုနှင့် အနောက်အာဖရိက နိုင်ငံများတွင် ၂၀၂၀ နောက်ပိုင်း (၇)နိုင်ငံမြောက် အာဏာသိမ်းမှုဖြစ်သည်။

နိုက်ဂျာသမ္မတ မိုဟာမက် ဘာဇုမ်းကို တွေ့ရစဉ်
ထိုအာဏာသိမ်းမှုများကြောင့် ဆာဟယ် (Sahal) ဒေသတွင် ဂျီဟတ်များ၏ သောင်းကျန်းမှုကို တိုက်ခိုက်နေသည့် အာဖရိကနိုင်ငံများအား အကူအညီပေးနေသည့် အနောက်နိုင်ငံများ၏ အားထုတ်ကြိုးပမ်းမှုများအပေါ် ရှုတ်ထွေး စေခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မာလီနိုင်ငံမှ ပျံ့နှံ့လာခဲ့သည့် ဂျီဟတ်သောင်းကျန်းမှုများသည် ဆာဟယ်ဒေသ၏ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသည်။
ပြင်သစ်ကိုလိုနီဟောင်းဖြစ်သည့် ကုန်းတွင်းပိတ် နိုက်ဂျာနိုင်ငံသည် သောင်းကျန်းသူများကို တိုက်ဖျက်ရာတွင် အနောက်နိုင်ငံများ၏ အဓိကမဟာမိတ် ဖြစ်ခဲ့သော်လည်း မာလီနှင့် ဘာကီနာဖာဆို နိုင်ငံများ၌ စစ်အစိုးရ အသစ်များ အပြောင်းအလဲနှင့်အတူ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတင်းမာမှု မြင့်တက်ခဲ့သည်။
နိုက်ဂျာသည် အာဖရိက ဆာဟာရ ဒေသမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို တားဆီးရာတွင်လည်း ဥရောပသမဂ္ဂ၏ အဓိက မဟာမိတ်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ပြင်သစ်နှင့် မာလီ အာဏာပိုင်များအကြား ဆက်ဆံရေး တင်းမာခဲ့ပြီးနောက် ပြင်သစ်သည် မာလီရှိ ပြင်သစ်တပ်ဖွဲ့များကို နိုက်ဂျာသို့ ပြောင်းရွှေ့ခဲ့သည်။
ထို့နောက် ပြင်သစ်သည် အလားတူ အခြေအနေကြောင့် ဘာကီနာဖာဆိုမှ ပြင်သစ် အထူးတပ်ဖွဲ့ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

နိုက်ဂျာသမ္မတ မိုဟာမက် ဘာဇုမ်းနဲ့ ပြင်သစ်သမ္မတ မက်ခရွန်ကိုတွေ့ရစဉ်
၁၉၆၀ ပြည့်နှစ်က ပြင်သစ်ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးကတည်းက စစ်အာဏာသိမ်းမှု လေးကြိမ်ဖြစ်ပွားခဲ့သည့် နိုက်ဂျာတွင် ဘာဇုမ်း အနိုင်ရခဲ့သည့် ရွေးကောက်ပွဲသည် ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ အာဏာလွှဲ ပြောင်းသော ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။
အမေရိကန်သည် နိုက်ဂျာ၏ လုံခြုံရေးကို မြှင့်တင်ရန် ၂၀၁၂ ခုနှစ်ကတည်းက နိုက်ဂျာကို ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့ပေးခဲ့သည်။
ဧပြီလကလည်း ဂျာမနီသည် နိုက်ဂျာစစ်တပ်ကို အင်အားတိုးမြှင့်ပေးရန် သုံးနှစ်ကြာမြင့်မည့် ဥရောပ စစ်ဘက် ဆိုင်ရာ မစ်ရှင်တွင် ပူးပေါင်းပါဝင်သွားမည်ဟု ကြေညာခဲ့သည်။
"ဘာဇုမ်းဟာ ဆာဟယ်ဒေသမှာ အနောက်နိုင်ငံတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ခဲ့ပါတယ်။ ပြင်သစ်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂဟာ နိုက်ဂျာနိုင်ငံနဲ့ နိုက်ဂျာလုံခြုံရေးတပ်ဖွဲ့တွေကို အင်အားမြှင့်တင်ပေးဖို့ ငွေကြေး အများအပြား သုံးစွဲခဲ့ပါတယ်"ဟု ဂျာမနီ၏ ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် Konrad-Adenauer-Stiftung အဖွဲ့မှ ဆာဟယ်ဒေသရေးရာ အကြီးအကဲ အုလ်ဖ်လက်ဆင်း (Ulf Laessing) က ပြောကြားခဲ့သည်။
ယခုဖြစ်ပွားသည့် အာဏာသိမ်းမှုသည် ရုရှားနှင့် အခြားနိုင်ငံများအတွက် နိုက်ဂျာတွင် သြဇာလွှမ်းမိုးမှုကို ဖြန့်ကြက်ရန် အခွင့်အလမ်းတစ်ခုအား ဖန်တီးပေးရာ ရောက်ခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 893
CNI International News
ပြုံယမ်း၊ ဇူလိုင် ၂၈
နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်းလုံခြုံရေး အခြေအနေတို့ကို ဆွေးနွေးရန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)သည် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရှိုင်ဂူ (Sergei Shoigu) နှင့် ပြုံယမ်းမြို့မှာ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို အဆုံးသတ်စေခဲ့သည့် စစ်ရပ်ဆိုင်းရေး သဘောတူညီမှု၏ နှစ်ပေါင်း ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများကို ပြုံယမ်းတွင် ဇူလိုင် ၂၇ ရက်က ပြုလုပ်နေစဉ် ကင်မ်နှင့် ရှိုဂူတို့ တွေ့ဆုံခဲ့ သည်။
ထိုတွေ့ဆုံမှုသည် ယူကရိန်း၌ ဆင်နွှဲနေသည့် ရုရှား၏ စစ်ပွဲကို မြောက်ကိုရီးယားက ထောက်ခံကြောင်း ပြသရာ ရောက်သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ကင်မ်နှင့် ရှိုဂူတို့သည် ဇူလိုင် ၂၆ ရက်က အစည်းအဝေး ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အမျိုးသားလုံခြုံရေးနှင့် ကာကွယ် ရေး အခြေအနေ၊ ဒေသတွင်းနှင့် နိုင်ငံတကာ လုံခြုံရေး အခြေအနေတို့နှင့် ပတ်သက်ပြီး သဘောတူညီချက်များ ရရှိခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
သို့သော် သဘောတူညီမှုများ၏ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
အစည်းအဝေးအတွင်း ရှိုင်ဂူက ရုရှားသမ္မတ ပူတင် (Vladimir Putin) လက်မှတ်ရေးထိုးထားသည့် ခင်မင်ရင်းနှီးမှု ရှိသော ပေးစာတစ်စောင်ကို ကင်မ်အား ပေးအပ်ခဲ့သည်ဟု KCNA ကဖော်ပြခဲ့သည်။
၎င်းတို့နှစ်ဦး ဆွေးနွေးခဲ့သည့် စစ်ရေးအကြောင်းအရာများကို အသေးစိတ် မထုတ်ပြန်ခဲ့ပေ။
မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို ထောက်ခံခဲ့သည်။

မြောက်ကိုရီးယားရဲ့ ကိုရီးယားစစ်ပွဲအဆုံးသတ် အခမ်းအနားကို တွေ့ရစဉ်
အမေရိကန်နှင့် အနောက်အင်အားစု၏ ဗိုလ်ကျစိုးမိုးရေး မူဝါဒသည် ရုရှားအား ၎င်း၏ လုံခြုံရေး အကျိုးစီးပွားများ ကို ကာကွယ်ရန် စစ်ပွဲဆင်နွှဲရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု ကင်မ်က ပြောကြားခဲ့သည်။
အမေရိကန်အစိုးရကမူ မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို လက်နက်များ ထောက်ပံ့ပေး နေသည်ဟု စွပ်စွဲခဲ့သော်လည်း အဆိုပါစွပ်စွဲချက်အား မြောက်ကိုရီးယားက ငြင်းဆိုခဲ့သည်။
ကင်မ်နှင့် ရှိုင်ဂူတို့၏ အစည်းအဝေးသည် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေး နယ်ပယ်တွင် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်နှင့် နည်းဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် အထောက်အကူ ဖြစ်စေခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားပိုင် လက်နက်များကို ဆာဂျေရှိုင်ဂူကို ပြသနေစဉ်
ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သံတမန်ခရီးစဉ်ကို ပြန်လည်ဖွင့်ပေးခဲ့ သည့် မြောက်ကိုရီးယားသည် ၁၉၅၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်က စစ်ရပ်ဆိုင်းရေး သဘောတူညီမှု နှစ်ပေါင်း ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများကို တက်ရောက်ရန် ရုရှားနှင့် တရုတ်ကိုယ်စားလှယ် အဖွဲ့များကို ဖိတ်ကြားခဲ့သည်။
အဆိုပါ စစ်ရပ်ဆိုင်းရေး သဘောတူညီချက်သည် ငြိမ်းချမ်းရေးစာချုပ် မဟုတ်သဖြင့် ကိုရီးယားကျွန်းဆွယ်ပေါ် တွင် သဘောတရားအရ စစ်ဖြစ်နေသည့် အခြေအနေ၌ ရှိနေဆဲဖြစ်သည်။
မြောက်ကိုရီးယားကမူ မြင့်မြတ်သည့် အဖနိုင်ငံတော် လွတ်မြောက်ရေးစစ်ပွဲတွင် အောင်ပွဲရခဲ့သည်ဟု ကြေညာ ခဲ့သည်။
ကင်မ်သည် မြောက်ကိုရီးယား၏ နောက်ဆုံးပေါ် စစ်လက်နက် ပစ္စည်းများကို ရှိုင်ဂူအား ပြသခဲ့ပြီး မြောက်ကိုရီးယား၏ စစ်အင်အားတိုးမြှင့်မည့် အစီအစဉ်များကိုလည်း အကျဉ်းချုံး ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1078
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၈
ထိုင်းလွှတ်တော်ဥက္ကဋ္ဌ ဝမ်မူဟာမက် နျူအာမာသာ (Wan Muhamad Noor Matha) က ဝန်ကြီးချုပ် ရွေးချယ်ရေး အတွက် သြဂုတ် ၄ ရက်တွင် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေး ခေါ်ယူမည်ဟု ပြောကြားခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ဝန်ကြီးချုပ် ရွေးချယ်ရေးအတွက် ယခင် မဲခွဲဆုံးဖြတ်မှုများတွင် လွှတ်တော်သည် Move Forward (MFP)ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရတ် (Pita Limjaroenrat)ကို တားမြစ်ပိတ်ပင်ခဲ့သည်။
ထို့နောက် MFP သည် ၎င်းအား ပိတ်ပင်ခဲ့သည့် လွှတ်တော်၏ မဲခွဲမှုနှင့်ပတ်သက်ပြီး တရားရေးအရ စိန်ခေါ်သည့် အသနားခံစာကို တရားရုံးသို့ တင်သွင်းခဲ့သည်။
အဆိုပါ အသနားခံစာကို တရားရုံးက ငြင်းပယ်မည်ဆိုပါက ဝန်ကြီးချုပ် ရွေးချယ်ရေးအတွက် သြဂုတ် ၄ ရက်တွင် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးကို ခေါ်ယူမည်ဖြစ်ပြီး အသနားခံစာအား တရားရုံးက လက်ခံခဲ့မည်ဆိုပါက ဝန်ကြီးချုပ် ရွေးချယ်ရေးသည် ပိုမိုနှောင့်နှေး ကြန့်ကြာဖွယ်ရှိသည်ဟု မာသာက ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ်အဖြစ် အရွေးမခံရဘဲဖြစ်နေတဲ့ MFP ပါတီခေါင်းဆောင် ပီတာကို တွေ့ရစဉ်
MFP သည် ဝန်ကြီးချုပ် ရွေးချယ်မှုတွင် အထက်လွှတ်တော် အမတ်များကို လုပ်ပိုင်ခွင့် အပ်နှင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပိုဒ်ခွဲ ၂၇၂ ကို ပယ်ဖျက်ရန် အသနားခံစာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာခဲ့ပြီးနောက် ပထမအကြိမ် အမျိုးသားညီလာခံ ပြုလုပ်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလမှစပြီး သက်တမ်း ငါးနှစ်အတွက် အထက်လွှတ်တော်သည် အခြေခံဥပဒေအပိုဒ်ခွဲ ၂၇၂ အရ ဝန်ကြီးချုပ်ရွေးချယ်မှုတွင် လုပ်ပိုင်ခွင့်အာဏာ ရရှိခဲ့သည်။
ရွေးကောက်ခံမဟုတ်သော အထက်လွှတ်တော်အမတ်များ ရရှိထားသည့် ထိုလုပ်ပိုင်ခွင့် အာဏာသည် ၂၀၂၄ ခုနှစ်၊ မေလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ထိုင်းအထက်လွှတ်တော်အမတ်များကို တွေ့ရစဉ်
ပီတာသည် ဝန်ကြီးချုပ်ရာထူးအတွက် လွှတ်တော်နှစ်ရပ်ပေါင်း၏ လိုအပ်သည့် ထောက်ခံမဲ မရခဲ့သည်မှာလည်း အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမဲများကို မရခဲ့ခြင်းကြောင့် ဖြစ်သည်။
ပီတာသည် နေရာ ၂၅၀ ရှိသည့် အထက်လွှတ်တော်တွင် ထောက်ခံမဲ ၁၃ မဲသာ ရရှိခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ တရားသူကြီးများသည် အစိုးရ၏ မကျေနပ်ချက်များကို တင်ပြရန် အစိုးရက ခန့်ထားသည့် အရာရှိ၏ ရုံး (Ombudsman's Office)မှတစ်ဆင့် တင်သွင်းသော MFP ၏ အသနားခံစာကို လက်ခံ ပြီး သြဂုတ် ၃ ရက်တွင် ဆုံးဖြတ်မည် ဖြစ်သည်။
Source: The Nation Thailand
- By CNI
- Category: နိုင်ငံရေး
- Hits: 1340
CNI International News
မနီလာ၊ ဇူလိုင် ၂၇
ဖိလစ်ပိုင်နိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးသည် အဆင့် အသစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပြီး ပြန်လည်ထူထောင်ရေးနှင့် ပညာပေးလုပ်ငန်းများကို အာရုံစိုက်လုပ်ဆောင်သွားမည်ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် (Ferdinand Marcos) က ပြောကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
တက်ကြွလှုပ်ရှားသူများကမူ အဆိုပါ မူးယစ်စစ်ပွဲအတွင်း လူအများအပြား တရားမဝင် သတ်ဖြတ် ခံနေရဆဲ ဖြစ်သည်ဟု ပြောသည်။
ယခင်သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) လက်ထက် ၂၀၁၆ ခုနှစ်က စတင်ခဲ့သည့် မူးယစ်တိုက်ဖျက် ရေး စစ်ပွဲအတွင်း လူပေါင်းထောင်ချီ သေဆုံးခဲ့သဖြင့် ပြည်တွင်း/ပြည်ပ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ထို့နောက် လူ့အခွင့်အရေး ချိုးဖောက်မှု စွဲချက်များနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ စုံစမ်းစစ်ဆေးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
ဖိလစ်ပိုင် အာဏာရှင်ဟောင်း မားကို့စ်၏ သားဖြစ်သူ လက်ရှိသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ လက်ထက်တွင် မူးယစ်ဆေးစွဲသူများအတွက် တားဆီးမှုများနှင့် ကုသမှုများကို အာရုံစိုက် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ သော်လည်း ကြမ်းတမ်းစွာ ကိုယ်တွယ်နှိမ်နင်းမှုများ ဆက်ရှိနေဆဲဖြစ်သည်။

ဖိလစ်ပိုင် မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်နေစဉ်
မားကို့စ် သမ္မတတာဝန်ကို စတင်ထမ်းဆောင်သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လကတည်းက မူးယစ်ဆေးဝါးနှင့် ဆက်နွှယ် သည့် သတ်ဖြတ်မှုကြောင့် လူ ၃၅၀ ကျော် သေဆုံးခဲ့သည်ဟု မူးယစ်စစ်ပွဲအတွင်း သေဆုံးမှုများကို စာရင်း ပြုစုနေသည့် ဖိလစ်ပိုင်တက္ကသိုလ်၏ ထောက်ပံ့မှုအား ရရှိထားသည့် Dahas သုတေသန ပရောဂျက်က ထုတ်ပြန် သည့် ကိန်းဂဏန်းများအရ သိရသည်။
"တရားမဝင် မူးယစ်ဆေးဝါးတွေကို တိုက်ဖျက်နေတဲ့ စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်နေပေမယ့် ဒီစစ်ဆင် ရေးဟာ အဆင့် အသစ်တစ်ခုကို ရောက်ရှိခဲ့ပြီးပါပြီ"ဟု မားကို့စ်က လွှတ်တော်အမတ်များ၊ သံတမန်များနှင့် တရား သူကြီးများကို ပြောကြားသည့် ၎င်း၏ ဒုတိယမြောက် နိုင်ငံတော်မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
"လက်ရှိအချိန်မှာ ရပ်ရွာကိုယ်စားပြု ဆေးဝါးကုသမှုတွေ၊ ပြန်လည်ထူထောင်ရေး၊ အသိပညာပေးရေးနဲ့ မူးယစ် ဆေး ပြတ်ပြီး လူ့အဖွဲ့အစည်းထဲကို ပြန်လည်ဝင်ရောက်သူတွေကို အားပေးကူညီရေးတွေကို စီမံဆောင်ရွက် နေပါတယ်"ဟု မားကို့စ်က ပြောသည်။
အစိုးရအနေနှင့်လည်း မူးယစ်ဆေးဝါး ဂိုဏ်းများကို ဆန့်ကျင်သည့် မိမိတို့၏ တိုက်ပွဲကို မနားမနေ ဆက်လက် လုပ်ဆောင်နေပြီး မူးယစ်ဆေးဝါး ကုန်ကူးမှုတွင် ပါဝင်နေသည့် တရားဥပဒေစိုးမိုးရေး အရာရှိများကိုလည်း နှိမ်နင်းသွားမည်ဟု မားကို့စ်က ဆိုသည်။

မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းတွင် ပစ်သတ်မှုများအား ကန့်ကွက်နေကြစဉ်
"အဲဒီလို အကျင့်ပျက် အရာရှိတွေရဲ့ နုတ်ထွက်မှုတွေကိုလည်း ကျနော် လက်ခံသွားမှာပါ"ဟု မားကို့စ်က လက်ခုပ် သြဘာပေးပြီး အားပေးနေသူများ ရှေ့မှောက်တွင် ပြောကြားခဲ့သည်။
တရားမဝင် မူးယစ်ဆေးဝါးများ ရောင်းဝယ်မှုတွင် ပါဝင်ခဲ့သည့် အကျင့်ပျက် အရာရှိများကို ဖယ်ရှားရှင်းလင်းရန် အစိုးရက ကြိုးပမ်းဆောင်ရွက်ခဲ့ချိန်တွင် ဇန်နဝါရီလအတွင်း ရာထူးမှ နုတ်ထွက်စာတင်ခဲ့သည့် ထိပ်သီး ရဲအရာရှိ တစ်ထောင်နီးပါးအထိ ရှိခဲ့သည်။
သို့သော် နုတ်ထွက်စာ မည်မျှကို အစိုးရက လက်ခံခဲ့သည်ဆိုခြင်းကိုမူ တိကျစွာ မသိရသေးပေ။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1029
CNI International News
နယူးဒေလီ၊ ဇူလိုင် ၂၇
အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်း၊ မဏိပူရပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးစု ပဋိပက္ခနှင့်ပတ်သက်ပြီး အသေး စိတ် ဖြေရှင်းရန် ဝန်ကြီးချုပ်မိုဒီ (Narendra Modi) အား ဖိအားပေးသည့်အနေဖြင့် အတိုက်အခံ မဟာမိတ်ပါတီ များက အစိုးရအဖွဲ့အား အယုံအကြည်မရှိအဆို တင်သွင်းပြီး မဲခွဲဆုံးဖြတ်မှုကို လွှတ်တော်က ခွင့်ပြုပေးခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
မိုဒီ၏ ဘရာတီယာ ဂျန်နာတာ ပါတီ-ဘီဂျေပီ (Bharatiya Janata Party- BJP) သည် အောက်လွှတ်တော်၏ နေရာ ၅၄၂ နေရာတွင် နေရာ ၃၀၁ နေရာဖြင့် အမတ်နေရာ အများစုကို ရရှိထားသဖြင့် အဆိုပါ အယုံအကြည် မရှိ အဆို မဲခွဲဆုံးဖြတ်မှုသည် ၎င်းအပေါ် သက်ရောက်မှု ရှိနိုင်မည်မဟုတ်ပေ။
အတိုက်အခံများကမူ BJP ပါတီအုပ်ချုပ်သည့် မဏိပူရ ပြည်နယ်တွင် မေလ အစောပိုင်းကတည်းက လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီး လူ ၆၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် ပဋိပက္ခနှင့်ပတ်သက်၍ အချေအတင် ငြင်းခုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ဆန္ဒရှိနေကြသည်။

မဏိပူရ အဓိကရုန်းကြောင့် တိမ်းရှောင်လာကြသူများကိုတွေ့ရစဉ်
အတိုက်အခံများ၏ လုပ်ဆောင်ချက်ကို အတည်ပြုသည့် အနေဖြင့် အောက်လွှတ်တော်ဥက္ကဋ္ဌ အွမ် ဘီယာလာ (Om Birla) က သူ့အနေဖြင့် ထိုအချေအတင် ဆွေးနွေးမှုနှင့် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုကို မည်သည့် အချိန်တွင် ပြုလုပ်သွားမည်ကို မကြာမီအချိန်အတွင်း ဆုံးဖြတ်မည်ဟု ဇူလိုင် ၂၆ ရက်က ပြောကြားခဲ့သည်။
အတိုက်အခံညွန့်ပေါင်း၏ အဖွဲ့ဝင်ဖြစ်သည့် အမ် အက်ဒ်မီ ပါတီ (Aam Aadmi Party) မှ ရက်ဂ်ဟေ့ဗ် ချန်ဒရာ (Raghav Chadha) ကမူ "အိန္ဒိယ လွှတ်တော်သမိုင်းမှာ ဘယ်လို ရလဒ်တွေပဲ ထွက်လာပါစေ၊ အချေအတင် ငြင်းခုံမှု၊ ဆွေးနွေးညှိနှိုင်းမှုတွေကို လုပ်ဆောင်ခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

အတိုက်အခံပါတီက လွှတ်တော်အမတ် ရက်ဂ်ဟေ့ဗ်ချန်ဒရာကို တွေ့ရစဉ်
လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ကိုဒီကန်နေးလ် ဆူရက်ရှ် (Kodikunnil Suresh) ကလည်း မိုဒီသည် ပါလီမန်သို့ လာရောက်ရန် အတိုက်အခံများ၏ တောင်းဆိုမှုများကို လျစ်လျူရှုခဲ့သည်ဟု ပြောကြားခဲ့သည်။
"ဝန်ကြီးချုပ်ဟာ အစီရင်ခံ တင်ပြဖို့အတွက် အဆင်သင့် မဖြစ်သေးပါဘူး။ ဝန်ကြီးချုပ်ဟာ လွှတ်တော်ကိုလာပြီး အစီရင်ခံရပါလိမ့်မယ်။ မဏိပူရပြည်နယ်မှာ မီးဟုန်းဟုန်း တောက်နေပါပြီ"ဟု ဆူရက်ရှ်က ပြောသည်။
လူဦးရေ ၃ ဒသမ ၂ သန်းသာရှိသည့် မဏိပူရပြည်နယ်တွင် လူမျိုးစု တင်းမာမှုများသည် ၂၀၂၄ ခုနှစ်၊ မေလတွင် ရွေးကောက်ပွဲနှင့် ရင်ဆိုင်ရမည့်် မိုဒီ၏ အစိုးရအဖွဲ့အတွက် လုံခြုံရေးနှင့် နိုင်ငံရေး ကျရှုံးမှုတစ်ခုအဖြစ် ရှုမြင်ခံခဲ့ ရသည်။
Source: အယ်လ်ဂျားဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1002
CNI International News
ဖနွမ်ပင်၊ ဇူလိုင် ၂၇
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen)က သူသည် သြဂုတ်လတွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ပြီး သား အကြီးဆုံးဖြစ်သူ ဟွန်မာနက် (Hun Manet) ကို အာဏာလွှဲပေးသွားမည်ဟု ဇူလိုင် ၂၆ ရက်တွင် ပြောကြားခဲ့ ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
သို့သော် အာရှ၏ သက်တမ်းအရှည်ဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်သည့် ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံကို ဆက်လက်ပြီး သြဇာလွှမ်းမိုးထားမည်ဟု ယူဆမှုများလည်း ထွက်ပေါ်ခဲ့သည်။
ဇူလိုင် ၂၃ ရက်က ပြုလုပ်ခဲ့သည့် အင်အားကြီး အတိုက်အခံပါတီများ မပါဝင်သော ရွေးကောက်ပွဲတွင် ဟွန်ဆန်၏ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP)သည် ကြိုတင်မျှော်မှန်းထားသည့်အတိုင်း သောင်ပြိုကမ်းပြို အနိုင် ရရှိခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံပါတီကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့သဖြင့် ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့သည်။

ကမ္ဘောဒီးယား ပြည်သူ့ပါတီကို တွေ့ရစဉ်
အသက် ၄၅ နှစ်အရွယ် ဟွန်မာနက်သည် ဇူလိုင် ၂၃ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် လွှတ်တော်၌ ပထမဆုံးအကြိမ် နေရာတစ်နေရာကို အနိုင်ရရှိခဲ့သည်။ ၎င်းသည် စစ်တပ်၏ အကြီးအကဲလည်း ဖြစ်သည်။
အာဏာကို မျိုးဆက်အလိုက် လွှဲပြောင်းမှုအဖြစ် ဟွန်ဆန်၏ သားအငယ်ဆုံးနှင့် အာဏာရပါတီထဲမှ အသက် အရွယ် ကြီးရင့်သူများ၏ သားသမီးများ အပါအဝင် လူငယ်လွှတ်တော် အမတ်များသည် ဝန်ကြီးရာထူးများကို ရယူဖွယ် ရှိနေသည်။
အဆိုပါ လူငယ်လွှတ်တော်အမတ် အများစုသည် အမေရိကန်စစ်တပ်၏ West Point အကယ်ဒမီ (US Military Academy West Point) မှ ဘွဲ့ရရှိခဲ့သည့် ဟွန်မာနက်ကဲ့သို့ အနောက်နိုင်ငံများတွင် ပညာသင်ကြားခဲ့ပြီး ဘွဲ့ ရရှိခဲ့သူများ ဖြစ်သည်။
ထို့ပြင် ဟွန်မာနက်သည် အမေရိကန်၏ New York တက္ကသိုလ်တွင် စီးပွားရေး မဟာဘွဲ့၊ ဗြိတိန်၏ Bristol တက္ကသိုလ်တွင် စီးပွားရေးပါမောက္ခဘွဲ့များလည်း ရရှိခဲ့သူ ဖြစ်သည်။

ဟွန်မာနက်ကိုတွေ့ရစဉ်
"ဒါတွေက ကမ္ဘောဒီးယား ခေါင်းဆောင်တွေရဲ့ ပညာတတ်မြောက်မှုဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်ပေမယ့် မူဝါဒကတော့ ပြောင်းလဲလာမှာ မဟုတ်ပါဘူး"ဟု မြို့တော် ဖနွမ်ပင်ရှိ Future Forum ကျွမ်းကျင်ပညာရှင်များ အဖွဲ့၏ဥက္ကဋ္ဌ အူဗီရက် (Ou Virak) က ပြောသည်။
ခမာနီ ကေဒါဟောင်း ဟွန်ဆန်သည် ၁၉၈၅ ခုနှစ်ကတည်းက ကမ္ဘောဒီးယားကို အုပ်ချုပ်ခဲ့ပြီး နိုင်ငံရေးပါတီများ အား တားမြစ်ပိတ်ပင်ခြင်း၊ နိုင်ငံရေး ပြိုင်ဘက်များကို ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်စေခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဖိနှိပ်ခြင်းတို့နှင့်အတူ ၎င်း၏အာဏာအား စိန်ခေါ်သည့် အတိုက်အခံ အားလုံးကို ဖယ်ရှား ရှင်းလင်းခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1177
CNI International News
ပြုံယမ်း၊ ဇူလိုင် ၂၆
မြောက်ကိုရီးယားနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း ကျင်းပမည့် နှစ်ပေါင်း ၇၀ ပြည့် အောင်ပွဲနေ့ အခမ်းအနားကို ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂူ(Sergei Shoigu) နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လိမ့်မည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA က ဖော်ပြခဲ့သည်။
ပြုံယမ်းမြို့တော်တွင် ပြုလုပ်မည့် အောင်ပွဲနေ့ အခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် လီဟောင်ကျုံ (Li Hongzhong)လည်း တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက်မည်ဖြစ်သည်။
မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် စစ်ပွဲကို အဆုံးသတ်ခဲ့သည့် ၁၉၅၃ ခုနှစ် စစ်ရပ်ဆိုင်းရေး သဘောတူ ညီချက်၏ နှစ်ပတ်လည်နေ့ဖြစ်သော ဇူလိုင် ၂၇ ရက်တွင် အောင်ပွဲနေ့ အထိမ်းအမှတ်ကို ပြုလုပ်လေ့ရှိသည်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂူကို တွေ့ရစဉ်
မြောက်ကိုရီးယားခေါင်းဆောင် ကင်အီဆွန်း (Kim Il Sung) သည် အင်အားသုံးပြီး တောင်ကိုရီးယားနှင့် ပြန်လည် ပေါင်းစည်းရန် ကြိုးပမ်းခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီးတွင် ရုရှားနှင့် အမေရိကန်တို့ အကွဲအပြဲ ဖြစ်ခဲ့ချိန်တွင် တရုတ် နှင့် ရုရှားက ကျောထောက်နောက်ခံပြုခဲ့သည့် မြောက်ကိုရီးယားနှင့် အမေရိကန်၏ ကျောထောက်နောက်ခံကို ရရှိထားသည့် တောင်ကိုရီးယားအကြား စစ်ပွဲသည် ၁၉၅၀ ပြည့်နှစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး လူပေါင်းသန်းချီ သေဆုံးခဲ့သည်။
ယခုနှစ်သည် စစ်ရပ်ဆိုင်းသည့် နှစ်ပေါင်း ၇၀ ပြည့်နှစ်ဖြစ်သည်။
ကိုရီးယားကျွန်းဆွယ်သည် တောင်နှင့် မြောက်အကြား စစ်မဲ့ဇုန်ဖြင့် နှစ်ခြမ်းကွဲခဲ့ကာ သန်းနှင့်ချီသည့် မိသားစုများ ကွဲကွာခဲ့ရသည်။
ယခုနှစ် အောက်ပွဲခံ အခမ်းအနားများတွင် ပြုံယမ်းမြို့တော်၌ အကြီးစား စစ်ရေးပြ အခမ်းအနားလည်း ပါဝင်မည် ဟု KCNA က ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားသည် ကိုဗစ်ကပ်ရောဂါ စတင်သည့် ၂၀၂၀ ပြည့်နှစ် အစပိုင်းကတည်းက ၎င်း၏နယ်စပ်များကို ပိတ်ခဲ့ပြီးနောက် ထိုအောင်ပွဲနေ့ အခမ်းအနားသည်။
မြောက်ကိုရီးယား၏ မဟာမိတ်များဖြစ်သည့် ရုရှားနှင့် တရုတ် ကိုယ်စားလှယ်များ လာရောက်သည့် ပထမဆုံး ခရီးစဉ်များ ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် လီဟောင်ကျုံကိုတွေ့ရစဉ်
တရုတ်အနေဖြင့် ၎င်း၏ ရေပိုင်နက်အား မြောက်ကိုရီးယားကို အသုံးပြုခွင့်မပေးရန် စက်မှုထိပ်သီး ခုနစ်နိုင်ငံ (ဂျီ ၇) နှင့် ဥရောပသမဂ္ဂတို့က စာတစ်စောင် ရေးသားပေးပို့ခဲ့သည်။
အဆိုပါ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်က ၎င်းသည် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုများကို တိကျစွာ လိုက်နာမှု ရှိသည်ဟု ဇူလိုင် ၂၄ ရက်က ပြောကြားခဲ့သည်။
တရုတ်နှင့် မြောက်ကိုရီးယားအကြား လျှို့ဝှက် ဆက်ဆံမှုများကို သိရှိရန် ခက်ခဲသော်လည်း တရုတ်သည် မြောက်ကိုရီးယား၏ ကင်မျိုးဆက် သုံးဆက်စလုံး၏ အစိုးရများကို အဆက်မပြတ် ထောက်ပံ့ပေးခဲ့သည်။
ဇွန်လအတွင်း မြောက်ကိုရီးယားသို့ တင်ပို့သည့် တရုတ်၏ ပို့ကုန်ပမာဏသည် ပြီးခဲ့သည့်နှစ်ကနှင့် နှိုင်းယှဉ်ပါက (၈)ဆကျော် မြင့်တက်ခဲ့သည်။
Source: အယ်ဂျားဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1212
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၆
ထိုင်းလွှတ်တော်ဥက္ကဋ္ဌ ဝမ်မူမာမက် နျူအာ မာသာ (Wan Muhamad Noor Matha) သည် ဇူလိုင် ၂၇ ရက်တွင် ကျင်းပရန် စီစဉ်ထားခဲ့သည့် ဝန်ကြီးချုပ်ရွေးချယ်ရေး မဲခွဲဆုံးဖြတ်မှုကို အချိန် အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထို့နောက် Move Forward (MFP) ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ကို ဝန်ကြီးချုပ်နေရာအတွက် အမည် စာရင်း တင်သွင်းမှုကို ပယ်ချမှုနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပေဒဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ခဲ့ သည်။
အောက်လွှတ်တော်မှ တရားရေးအရာရှိများ၊ ၎င်း၏ ပြိုင်ဘက်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်ဟု မစ္စတာဝမ်က ပြောသည်။

ထိုင်းလွှတ်တော်က အာဗြဲစိန်ကို တွေ့ရစဉ်
ဇူလိုင် ၂၇ ရက်တွင် ဝန်ကြီးချုပ် ရာထူးအတွက် မဲခွဲမှု ပြုလုပ်မည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုမဲခွဲမှုပြီးမှ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့မည်ဆိုလျှင် ပြဿနာများ ရှိလာနိုင်သည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာဝမ်က ပြောကြားခဲ့သည်။
ထို့နောက် ဇူလိုင် ၂၇ ရက် မဲခွဲမှု ရွှေ့ဆိုင်းခြင်းနှင့်အတူ ဇူလိုင် ၂၆ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည့် ညွန့်ပေါင်း မဟာမိတ်ပါတီများ၊ အခြား နိုင်ငံရေးပါတီများနှင့် အထက်လွှတ်တော်အမတ်များ၏ အစည်းအဝေး ပြုလုပ်စရာ မလိုတော့ကြောင်း ၎င်းက ပြောသည်။

ဖြူးထိုင်း- MFP ကို ယူနိုက်တက်မှာ ပြန်မြင်စဉ်
မဲခွဲမှုကို ရွှေ့ဆိုင်းရသည့် နောက်ထပ် အကြောင်းရင်းတစ်ခုမှာ အဆိုပါ မဲခွဲမှုသည် အချိန်အကြာကြီး ကြာမြင့်ခဲ့မည် ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်များသည် ဇူလိုင် ၂၈ ရက်တွင် ကျရောက်မည့် ထိုင်းဘုရင်၏ မွေးနေ့အတွက် ၎င်းတို့၏ သက်ဆိုင်ရာ ပြည်နယ်များတွင် ပြုလုပ်မည့် အထိမ်းအမှတ် အခမ်းအနားများကို တက်ရောက်နိုင်ခြင်း မရှိမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်ဟု ဝမ်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပေဒဆိုင်ရာ ခုံရုံး၏ စီရင်ချက် ထွက်ရှိလာပြီးနောက်မှသာ လွှတ်တော်တွင် ဝန်ကြီးချုပ် ရွေးချယ် ရေး မဲခွဲဆုံးဖြတ်မှုကို ပြုလုပ်ဖွယ်ရှိသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 857
CNI Internatioanl News
ပေကျင်း၊ ဇူလိုင် ၂၆
ဇွန်လကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း (Qin Gang)သည် ရာထူးမှ ဖယ်ရှားခံခဲ့ရကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက ထုတ်လွှင့်ခဲ့သည်ဟု South China Morning Post မှ ရေး သားဖော်ပြခဲ့သည်။
ချင်၏ ပျောက်ကွယ်နေသည့် အခြေအနေအပေါ် သီတင်းပတ် အနည်းငယ်ကြာ ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့ ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံရသည့်သတင်း ထွက်ရှိခဲ့ခြင်း ဖြစ်သည်။
ချင်ဂန်း ပျောက်ကွယ်နေမှု အကြောင်းအရာသည် ပြည်တွင်းနိုင်ငံရေး စကားဝိုင်းများကို လွှမ်းမိုးခဲ့ပြီး ပြီးခဲ့သည့်် နှစ်က တတိယအကြိမ် သမ္မတသက်တမ်းကို ရရှိခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်(Xi Jinping) အတွက် အကြီး မားဆုံး အကျပ်အတည်းများထဲမှ တစ်ခုဖြစ်လာခဲ့သည်။
CCTV ၏ အကျဉ်းချုံး ထုတ်ပြန်မှုတွင် ရှီ၏ ထိပ်သီး နိုင်ငံခြားရေးမူဝါဒ လက်ထောက် ဝမ်ယိ (Wang Yi) သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်တာ၀န်ယူမည့် ဝမ်ယိကိုတွေ့ရစဉ်
ဗဟို နိုင်ငံခြားရေး ကော်မရှင်ရုံး (Office of the Central Foreign Affairs Commission) ၏ ညွှန်ကြားရေးမှူး ဝမ်သည် ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်အတွင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
ဝမ်သည် ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းများဖြစ်သည့် ဟင်နရီ ကစ်ဆင်ဂျာ (Henry Kissinger) ၊ ဂျွန်ကယ်ရီ (John Kerry) တို့နှင့် အစည်းအဝေးပြုလုပ်ခဲ့သလို တောင်အာဖရိကတွင် ပြုလုပ် မည့် BRICS ညီလာခံကို တက်ရောက်ရန် စီစဉ်ခြင်းတို့ အပါအဝင် သံတမန်ရေးရာ လှုပ်ရှားမှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့သည်။
ချင်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်မခံရမီ ဝမ်သည် ရှီ၏ ပထမ သက်တမ်း နှင့် ဒုတိယသက်တမ်းတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

အမျိုးသားပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီကိုတွေ့ရစဉ်
ဇူလိုင် ၂၄ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ (National People's Congress Standing Committee) ၏ အထူးအစည်းအဝေးတွင် ချင်ကို ရာထူးမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဇွန် ၂၅ ရက်က ရုရှား၊ ဗီယက်နမ်နှင့် သီရိလင်္ကာနိုင်ငံများမှ သံတမန်များနှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ချင်ကို နောက်ဆုံးအကြိမ် လူမြင်ကွင်းတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
Source: SCMP
