- By CNI
- Category: နိုင်ငံရေး
- Hits: 921
CNI International News
ဘန်ကောက် ၊ သြဂုတ် ၂
ဖြူးထိုင်းပါတီ(Pheu Thai) အနေနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra)၏ ပြည်တော်ပြန်ခရီးထက် အစိုးရသစ် ဖွဲ့စည်းရေးအတွက် လုံလောက်သည့် ထောက်ခံမှုကို ရရှိရန် အာရုံစိုက် လုပ်ဆောင်သင့်သည်ဟု ဖီချိုင်း ရတ္တနတီလာကာ နာ ဘူခတ် (Phichai Ratanatilaka Na Bhuket) က ပြောကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဖီချိုင်းသည် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု စီမံခန့်ခွဲရေး တက္ကသိုလ် (National Institute of Development Administration- Nida)၏ တွဲဘက်ပါမောက္ခဖြစ်သည်။
ဖြူးထိုင်းပါတီ အနေနှင့် သြဂုတ် ၄ ရက်တွင် ပြုလုပ်မည့် လွှတ်တော်မဲခွဲဆုံးဖြတ်မှု၌ ဝန်ကြီးချုပ် နေရာအတွက် အမည်စာရင်း တင်သွင်းခံရဖွယ်ရှိသည့် ဆရတ်သာ သာဗီဆင်(Srettha Thavisin)အတွက် ထောက်ခံမှုအများဆုံး ရရှိရေးကိုသာ ဦးစားပေး လုပ်ဆောင်သင့်သည်ဟု ဖီချိုင်းက ပြောသည်။

ဖီချိုင်း ရတ္တနတီလာကာ နာ ဘူခတ်ကိုတွေ့ရစဉ်
ထို့နောက် ဖြူးထိုင်းပါတီ အနေနှင့် ညွန့်ပေါင်းအဖွဲ့ထဲတွင် Move Forward(MFP) ပါတီကို ထည့်သွင်းမည် ဆိုပါက ဖြူးထိုင်း၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းသည် လုံလောက်သည့် ထောက်ခံမဲ မရနိုင်ကြောင်း ၎င်းက ပြောသည်။
ဖြူးထိုင်းသည် ၎င်း၏ ညွန့်ပေါင်းအဖွဲ့တွင် မပါဝင်သည့် အခြားပါတီများနှင့် ဆွေးနွေးရန် တွန့်ဆုတ်နေခဲ့ပြီးနောက် အိမ်စောင့်အစိုးရနှင့် ၎င်း၏ မဟာမိတ်များက MFP ကို ညွန့်ပေါင်းအဖွဲ့ထဲမှ ထုတ်ပယ်ရန် ဖြူးထိုင်းပါတီအား ဖိအားပေးနေသည်ဟုလည်း ဖီချိုင်းက ပြောသည်။
သက်ဆင်သည် သြဂုတ် ၁၀ ရက်တွင် ထိုင်းသို့ပြန်လာမည်ဟု သက်ဆင်၏ သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ကြေညာခဲ့ပြီးနောက် ဖြူးထိုင်း၏ ရပ်တည်ချက် ပြောင်းလဲမှု ဖြစ်လာခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် MFP ကို အစိုးရဖွဲ့မည့်အရေးမှ တားဆီးရန် လျှို့ဝှက် သဘောတူညီမှု တစ်ခုရှိခဲ့သည်ဟု ကောလာဟလ ထွက်ပေါ်ခဲ့သည်။
အဆိုပါ ကောလာဟလမှာ ဖြူးထိုင်းပါတီနှင့် ၎င်းအား ထောက်ခံသည့် ရှပ်နီများသည် ပြိုင်ဘက်ဖြစ်သည့် အိမ်စောင့်အစိုးရအား ထောက်ခံသော ရှပ်ဝါများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်မည်ဆိုသည့် အချက်ဖြစ် ကြောင်း ဖီချိုင်းက ပြောသည်။

ဖြူးထိုင်းပါတီက ၀န်ကြီးချုပ်လောင်း နှစ်ဦးဖြစ်သူ ပေတုန်တန်နဲ့ ဆရတ်သာကိုတွေ့ရစဉ်
ဖြူးထိုင်း၏ ရပ်တည်ချက် ပြောင်းလဲမှုကြောင့် အဆိုပါ လျှို့ဝှက်သဘောတူညီမှုသည် ချက်ချင်း ကျိုးပျက်သွားခဲ့ပြီး သက်ဆင်၏ ထိုင်းပြည်တော်ပြန် ခရီးစဉ်သည်လည်း ရေရာမှုမရှိသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ဖီချိုင်း က ပြောကြားခဲ့သည်။
ရှပ်နီလှုပ်ရှားမှု၏ အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီ စည်းလုံးညီညွတ်ရေး တပ်ဦး (United Front for Democracy against Dictatorship -UDD) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဂျာတူပွန် ပရွမ်ပန် (Jatuporn Prompan) ကမူ သက်ဆင်သည် သြဂုတ် ၁၀ ရက်တွင် ထိုင်းသို့ ပြန်လာလိမ့်မည်ဟု မယုံကြည်ကြောင်း ပြောသည်။
ထို့နောက် သက်ဆင်အနေနှင့် ထိုင်းသို့ ပြန်လာမည်ဆိုပါက ဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိမည့်အစား ထောင်ဒဏ် ချမှတ်ခံရဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
သက်ဆင်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေး မျှော်လင့်ချက်သည် လက်တွေ့မကျဘဲ မဖြစ်နိုင်ကြောင်းလည်း ပရွမ်ပန်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1029
CNI International News
ကဘူး ၊ သြဂုတ် ၂
တာလီဘန်အဖွဲ့သည် လွန်ခဲ့သည့် ၂ နှစ်က အာဖဂန်နစ္စတန်တွင် အာဏာပြန်လည် ရရှိခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် ပထမဆုံးအကြိမ် ဆွေးနွေးမှုများကို ကာတာနိုင်ငံတွင် ပြုလုပ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
နှစ်ရက်ကြာပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများအတွင်း တာလီဘန်နှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် အာဖဂန် ဗဟိုဘဏ်၏ ပြည်ပတွင် အပ်နှံထားသည့် ငွေကြေးများကို ပြန်လည်အပ်နှံရေး၊ ခရီးသွားလာခွင့် ပိတ်ပင်မှုများနှင့် အခြားပိတ်ဆို့မှုများအား ရုပ်သိမ်းရေး အပါအဝင် နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြ သည်ဟု အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ ကာဟာ (Abdul Qahar)က ပြောသည်။
နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့များသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကို လည်း ဆွေးနွေးခဲ့ကြသည်ဟု ကာဟာက ပြောသည်။

အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ ကာဟာကို တွေ့ရစဉ်
နှစ်ပေါင်း ၂၀ ကြာ စစ်ပွဲဖြစ်ပွားခဲ့သည့် အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာခဲ့ချိန် ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် အနောက်အုပ်စု၏ ထောက်ခံမှုကို ရရှိခဲ့သော အာဖဂန်အစိုးရ ပြိုလဲသွားပြီး တာလီဘန်က အာဏာကို ထိန်းချုပ် လိုက်သည်။
ထိုသို့ အာဏာလွှဲပြောင်း ရယူခဲ့ပြီးချိန်ကတည်းက တာလီဘန်တို့သည် အမျိုးသမီးများ၏ ပညာသင်ကြားခွင့်ကို တားမြစ်ကန့်သတ်ခဲ့သဖြင့် နိုင်ငံတကာ၏ ဝေဖန်ရှုတ်ချမှုကို ခံခဲ့ရသည်။
ပြီးခဲ့သည့်နှစ်က အာဖဂန် လူဦးရေစုစုပေါင်း၏ ထက်ဝက်နီးပါးရှိသည့် ပြည်သူ ၂၃ သန်းသည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ အထောက်အပံ့များကို မှီခိုနေရမှုနှင့်အတူ အာဖဂန်နစ္စတန်သည် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရုန်းကန်နေရသည်။

အမေရိကန်၏ အာဖဂန်ဆိုင်ရာ အမျိုးသမီးများ၊ မိန်းကလေးများနှင့် လူ့အခွင့် အရေးဆိုင်ရာ အထူးသံတမန် ရီနာ အမ်မီရီကို တွေ့ရစဉ်
အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် အာဖဂန်၏ စီးပွားရေးအခြေအနေ တည်ငြိမ်မှု ရှိစေရေးအတွက် တာလီဘန် အဖွဲ့နှင့် သဘောတရားရေးရာ ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်သည့် စိုးရိမ်မှုများအား ထပ်လောင်း ပြောကြားခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆွေးနွေးမှုများအတွင်း အမေရိကန်၏ အာဖဂန်ဆိုင်ရာ အမျိုးသမီးများ၊ မိန်းကလေးများနှင့် လူ့အခွင့် အရေးဆိုင်ရာ အထူးသံတမန် ရီနာ အမ်မီရီ (Rina Amiri) နှင့် အမေရိကန် အထူးကိုယ်စားလှယ် သောမတ်စ် ဝက်စ် (Thomas West) တို့လည်း တက်ရောက်ခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1121
CNI International News
တိုင်ပေ၊ ဇူလိုင် ၃၁
ထိုင်ဝမ်ကို ထောက်ပံ့ပေးမည့် အမေရိကန်၏ စစ်ရေးအကူအညီသည် တရုတ်နှင့် ထိုင်ဝမ် ပြန်လည် ပေါင်းစည်း ရေးကို တားဆီးနိုင်မည် မဟုတ်ကြောင်း တရုတ်က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ အိမ်ဖြူတော်က ထိုင်ဝမ်ကို ဒေါ်လာ ၃၄၅ သန်းတန် စစ်ရေးအကူအညီများ ပေးမည်ဟု ထုတ်ပြန် ကြေညာခဲ့ပြီးနောက် တရုတ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုင်ဝမ်ကို စစ်ရေးအကူအညီ ပေးမည့် အမေရိကန်၏ အစီအစဉ်နှင့် ပတ်သက်ပြီး တရုတ်၏ ထိုင်ဝမ်ရေးရာရုံး (China's Taiwan Affairs Office)က ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အမေရိကန်သည် ထိုင်ဝမ်ကို လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုအဖြစ် ပြောင်းလဲနေသည်ဟုလည်း တရုတ်က စွပ်စွဲခဲ့သည်။
''ထိုင်ဝမ် အခွန်ထမ်း ပြည်သူတွေရဲ့ ငွေကြေးတွေကို ထိုင်ဝမ်ခွဲထွက်ရေးဝါဒီတွေက ဘယ်လောက်ပဲသုံးသုံး ထိုင်ဝမ်မှာ အမေရိကန်လက်နက်တွေ ဘယ်လောက်ပဲ ရှိနေပါစေ အဲဒါတွေက ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ ပြဿနာ တွေကို ဖြေရှင်းမယ့် ကျနော်တို့ရဲ့ သံန္နိဋ္ဌာန်ကို ပြောင်းလဲစေမှာ မဟုတ်သလို ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေး အတွက် ကျနော်တို့ရဲ့ ခိုင်မာတဲ့စိတ်ဆန္ဒကို ယိမ်းယိုင်စေမှာ မဟုတ်ပါဘူး''ဟု တရုတ်၏ ထိုင်ဝမ်ရေးရာရုံးက ပြောရေးဆိုခွင့်ရှိသူ ချန်ပင်ဟွာ(Chen Binhua)က ပြောကြားခဲ့သည်။

အမေရိကန် ပင်တဂွန်ဌာနချုပ်ကိုတွေ့ရစဉ်
''သူတို့ရဲ့ လုပ်ဆောင်ချက်တွေက ထိုင်ဝမ်ကို လက်နက်ခဲယမ်း သိုလှောင်ရုံအဖြစ် ပြောင်းလဲနေပြီး ထိုင်ဝမ်ရေ လက်ကြားက အခြေအနေကို ပိုဆိုးရွားစေလိမ့်မယ်''ဟု ၎င်းက ပြောသည်။
မကြာသေးမီ နှစ်များအတွင်းက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(China's People's Liberation Army)သည် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် တိုက်လေယာဉ်များ၊ စစ်သင်္ဘောများကို စေလွှတ်ခဲ့သည်။
ထိုင်ဝမ်အစိုးရကမူ အမေရိကန်ထံမှ လက်နက်ဝယ်ယူမှုများကို ပိုမိုတိုးမြှင့်ခဲ့သည်။ တရုတ်နှင့် ထိုင်ဝမ်သည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ပြီးနောက် ကွဲကွာသွားခဲ့သည်။
ထို့နောက် တရုတ်၏ လက်ရှိအာဏာရ ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်ကို မည်သည့်အခါခါမျှ အုပ်ချုပ်ခဲ့ဖူးခြင်း မရှိပေ။
အမေရိကန်၏ နောက်ဆုံးကြေညာသည့် စစ်ရေးအကူအညီသစ်သည် အမေရိကန်လက်နက်တိုက်မှ ပစ္စည်းများကို ထိုင်ဝမ်သို့ တိုက်ရိုက် ထောက်ပံ့မည်ဖြစ်သဖြင့် ယခင် လက်နက်ရောင်းချမှုများနှင့် တူညီမှုမရှိဘဲ လျင်မြန် လိမ့်မည် ဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 846
CNI International News
အဘူဂျာ၊ ဇူလိုင် ၃၁
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့အစည်း (ECOWAS) သည် နိုက်ဂျာတွင် အာဏာသိမ်းမှုနှင့် ပတ်သက် ပြီး ဇူလိုင် ၃၀ ရက်နေ့၌ အစည်းအဝေး ကျင်းပခဲ့ပြီး နီယာမေမြို့တော်မှာ စစ်ရေးအရ ကြားဝင်စွက်ဖက်ဖွယ် ရှိနေ သည်ဟု နိုက်ဂျာ အာဏာသိမ်းခေါင်းဆောင်များက ပြောကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည့် နိုက်ဂျာ၏ ရွေးကောက်ခံသမ္မတ မိုဟာမက် ဘာဇုမ်း (Mohamed Bazoum) နှင့် သြဇာကြီးမားသည့် သမ္မတ အစောင့်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာ ဟမ်မာနီ တီယာနီ (Abdourahamane Tiani) တို့ကတော့ ၎င်းတို့သည် နိုင်ငံ့ခေါင်းဆောင်များ ဖြစ်သည်ဟု အသီးသီး ကြေညာထားကြသည်။
နိုက်ဂျာ၏ ကိုလိုနီအရှင်သခင်ဟောင်း ပြင်သစ်နှင့် ဥရောပသမဂ္ဂတို့ကမူ အဆိုပါ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် နိုက်ဂျာနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု၊ ငွေကြေး အထောက်အပံ့ပေးမှုတို့ကို ဆိုင်းငံ့ခဲ့သည်။

အာဏာသိမ်းမှုကို ထောက်ခံကြောင်းနဲ့ ရုရှားတပ်ဖွဲ့ကို ထောက်ခံကြောင်း ပြသနေကြစဉ်
ECOWAS သည် နိုက်ဂျာအပေါ် ပိတ်ဆို့များ ချမှတ်ဖွယ်ရှိနေသည့် အခြေအနေနှင့်အတူ နိုက်ဂျာအရေးကို ဆွေးနွေးရန် အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။
ဇူလိုင် ၂၉ ရက်တွင် နိုက်ဂျာ အာဏာသိမ်းအုပ်စု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အာမန်ဒူ အက်ဒရာမာနေး (Amadou Abdramane) က ECOWAS ၏ အစည်းအဝေးသည် နိုက်ဂျာကို ရန်လိုသည့် အစီအစဉ်တစ်ရပ်အား အတည်ပြုရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ထိုလုပ်ရပ်က နီယာမေမြို့တော်တွင် ကြီးမားသည့် စစ်ရေး ဝင်ရောက်စွက်ဖက်မှုပုံစံမျိုး ဖြစ်သည်ဟု နိုင်ငံပိုင်ရုပ်သံတွင် ပြောကြားခဲ့သည်။
ECOWAS သည် အဖွဲ့ဝင် မဟုတ်သည့် အခြား အာဖရိကနိုင်ငံများ အပြင် အနောက်အုပ်စုနှင့် ပူးပေါင်း ဆောင်ရွက် ဖွယ် ရှိသည်ဟုလည်း ၎င်းက ပြောသည်။
ဇူလိုင် ၃၀ ရက်တွင်မူ နီယာမေမြို့တော်ရှိ ပြင်သစ်သံရုံး အပြင်ဘက်တွင် အာဏာသိမ်းမှုကို ထောက်ခံသည့် ဆန္ဒပြသူ ထောင်ချီ စုဝေးခဲ့ပြီး ဆန္ဒပြခဲ့ကြသည်ဟု အေအက်ဖ်ပီ သတင်းထောက်များက ပြောသည်။

အာဏာသိမ်းခံရတဲ့ ရွေးကောက်ခံသမ္မတ မိုဟာမက် ဘာဇုမ်းနဲ့ ပြင်သစ်သမ္မတ မက်ခရွန်ကို တွေ့ရစဉ်
ဆန္ဒပြသူအချို့သည် ပြင်သစ်သံရုံး၏ ဂိတ်ဝရှိ "ပြင်သစ်သံရုံး၊ နိုက်ဂျာနိုင်ငံ"ဟု ရေးသားထားသည့် ပလိပ်ပြားကို ဖျက်ဆီးခဲ့ကြပြီး၊ ထိုနေရာတွင် နိုက်ဂျာနှင့် ရုရှားအလံများကို ထားရှိခဲ့ကာ ဆန္ဒပြသူအချို့က "ရုရှားနိုင်ငံတော် အဓွန့်ရှည်ပါစေ" ၊ "ပူတင် သက်တော်ရာကျော် ရှည်ပါစေ" ၊ "ပြင်သစ် ကျရှုံးပါစေ" ဟူသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။
ECOWAS တွင် ၎င်း၏ အဖွဲ့ဝင်ဖြစ်သည့် နိုက်ဂျာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်နိုင်သည့် အာဏာရှိသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1093
CNI International News
ဘန်ကောက်၊ ဇူလိုင် ၃၁
ထိုင်းနိုင်ငံ၏ လက်ရှိအိမ်စောင့်အစိုးရအဖွဲ့ကို ဦးဆောင်သည့် ပါလန်း ပရာချာရက် ပါတီ (Palang Prachrath Party-PPRP)သည် အသစ်ဖွဲ့စည်းမည့် ညွန့်ပေါင်းအစိုးရ အဖွဲ့သစ်ထဲတွင် ၎င်းအား ပါဝင်ရန် ဖိတ်ကြားခံရမည် ဆိုပါက လက်ခံမည်ဟု PPRP ၏ အတွင်းရေးမှူးချုပ်က ပြောသည်ဟု ဘန်ကောက်ပို့မှ ဖော်ပြခဲ့သည်။
"ဝန်ကြီးချုပ်ရွေးချယ်ပြီးတော့ အစိုးရအဖွဲ့ ဖွဲ့တဲ့အချိန်မှာ ကျနော်တို့ကို ပါဝင်ဖို့ ဖိတ်ကြားမယ်ဆိုရင်တော့ လက်ခံ သွားမှာပါ"ဟု PPRP ၏ အတွင်းရေးမှူးချုပ် သမ္မာနက် ပရွမ်ပေါင် (Thamanat Prompow) က ဇူလိုင် ၃၀ ရက် တွင် ပြောကြားခဲ့သည်။
PPRP ခေါင်းဆောင် ပရာဝပ် ဝေါင်ဆူဝမ် (Prawit Wongsuwon)သည် ပါတီခေါင်းဆောင် ရာထူးမှ နုတ်ထွက်ခဲ့ ပြီးနောက် သမ္မာနက်သည် ပါတီအတွင်းရေးမှူးချုပ်အဖြစ် မဲပေးရွေးချယ် ခံခဲ့ရသူ ဖြစ်သည်။

ဖြူးထိုင်းပါတီကိုတွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က PPRP ၏ ကိုယ်စားလှယ်များနှင့် ဖြူးထိုင်းပါတီ၏ ခေါင်းဆောင်များ တွေ့ဆုံပြီးနောက် ပိုင်း ၎င်းတို့အကြား အဆက်အသွယ် ရှိခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
Move Forward (MFP)ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရတ် (Pita Limjaroenrat)သည် ဇူလိုင် ၁၃ ရက်က ပြုလုပ်သည့် လွှတ်တော် မဲခွဲဆုံးဖြတ်မှုတွင် ဝန်ကြီးချုပ်ရာထူးအတွက် လိုအပ်သော ထောက်ခံမဲ မရခဲ့ပြီးနောက် ဖြူးထိုင်းပါတီမှ အစိုးရအသစ်ဖွဲ့စည်းရေးကို ဦးဆောင်နေခြင်း ဖြစ်သည်။
MFP နှင့် ဖြူးထိုင်းသည် (၈)ပါတီ ညွန့်ပေါင်းအဖွဲ့ထဲတွင် အဓိက အင်အားကြီး ပါတီများဖြစ်ပြီး ၎င်းတို့ညွန့်ပေါင်း အဖွဲ့သည် အောက်လွှတ်တော်၏ နေရာ ၅၀၀ တွင် ၃၁၂ နေရာကို ရရှိထားသည်။

MFP ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ကို တွေ့ရစဉ်
ထို(၈)ပါတီ ညွန့်ပေါင်းအဖွဲ့ထဲတွင် မပါဝင်သည့် ပါတီများသည် ဖြူးထိုင်းပါတီက ရွေးချယ်သည့် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းကို မဲပေးရန် ရှိ/မရှိ မေးမြန်းခံရချိန်တွင် သမ္မာနက်က တိကျသည့် အဖြေကို မပေးခဲ့သော် လည်း PPRP သည် ရှင်းလင်းတိကျသော အခြေအနေတစ်ခုကို စောင့်ဆိုင်းနေသည်ဟုသာ ဖြေကြားခဲ့သည်။
ထို့ပြင် ဝန်ကြီးချုပ်ရာထူး နေရာအတွက် မဲခွဲရွေးချယ်ရေးကို သြဂုတ် ၄ ရက် သို့မဟုတ် သြဂုတ် ၁၅ ရက်တွင် ပြုလုပ်သင့်သည်ဟု ၎င်းက ပြောသည်။
ဖြူးထိုင်းပါတီနှင့် လက်တွဲလုပ်ဆောင်မည့် အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းခံရချိန်တွင်လည်း သမ္မာနက်က PPRP လွှတ်တော်အမတ်များသည် ပုံမှန်အားဖြင့် ဖြူးထိုင်းပါတီနှင့် အချိတ်အဆက်ရှိကြောင်း၊ ထို့ကြောင့် PPRP သည် အသစ်ဖွဲ့စည်းမည့် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်ရန် ပြဿနာမရှိကြောင်း ဖြေကြားခဲ့သည်။
PPRP ပါတီသည် မေလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အောက်လွှတ်တော်နေရာ ၄၀ ကို အနိုင်ရခဲ့ပြီး MFP ၊ ဖြူးထိုင်းနှင့် Bhumjaithai ပါတီများပြီးလျှင် စတုတ္ထနေရာ အများဆုံးရရှိခဲ့သည့် ပါတီဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1326
CNI International News
နီယာမေ၊ ဇူလိုင် ၂၉
နိုက်ဂျာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသည့် သမ္မတ မိုဟာမက် ဘာဇုမ်း (Mohammed Bazoum) ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့် သမ္မတအစောင့်တပ်ဖွဲ့၏ စစ်သားများဦးဆောင်သော အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် နှစ်ရက်ကြာသည်အထိ နိုင်ငံကို မည်သူက ဆက်လက် အုပ်ချုပ်နေ ကြောင်း ရှင်းလင်းတိကျသည့်အဖြေ ထွက်ပေါ်လာခြင်း မရှိသေးဟု အယ်လ်ဂျားဇီးယားမှ ဖော်ပြခဲ့သည်။
၁၉၆၀ ပြည့်နှစ်က ပြင်သစ်ထံမှ လွတ်လပ်ရေး ရပြီးနောက်ပိုင်း နိုက်ဂျာ၏ ပထမဆုံးအကြိမ် ဒီမိုကရေစီ အသွင် ကူးပြောင်းမှုအဖြစ် ၂၀၂၁ ခုနှစ်၊ မတ်လက ရွေးကောက်ခံခဲ့ရသည့် ဘာဇုမ်းသည် ရာထူးမှ နုတ်ထွက်ခြင်း ရှိ/ မရှိ ကို စစ်သားများက ဇူလိုင် ၂၈ ရက်အထိ ကြေညာခြင်း မရှိခဲ့ပေ။

အာဏာသိမ်း စစ်တပ်ကိုတွေ့ရစဉ်
နိုက်ဂျာစစ်တပ်၏ အကြီးအကဲ အက်ဘာဒို စစ်ဒီကူ အစ္စ ( Abdou Sidikou Issa)က လက်မှတ်ရေးထိုးခဲ့ပြီး ဇူလိုင် ၂၇ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် နိုင်ငံအတွင်း လူသေဆုံးမှုများစေမည့် ထိပ်တိုက်ရင်ဆိုင် ထိတွေ့မှုကို ရှောင်လွှဲရန် သမ္မတအစောင့်တပ်၏ အာဏာသိမ်းမှုကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် အာဏာသိမ်းမှုကို ထောက်ခံသူများနှင့် သမ္မတကို ထောက်ခံသူများအကြား တင်းမာမှုများ မြင့်တက်နေသည်။
အတိုက်အခံများ လွှမ်းမိုးထားသည့် နီယာမေမြို့တော်တွင် ရာနှင့်ချီသည့် လူများသည် ဇူလိုင် ၂၇ ရက်တွင် ရုရှား အလံများကို ဝှေ့ယမ်းပြီး ရုရှား၏ ကြေးစားစစ်သားအဖွဲ့ ဝဂ်နာ (Wagner)အား ထောက်ခံကြောင်း ကြွေးကြော် ခဲ့ကြသည်။
ထို့နောက် သမ္မတ၏ နိုင်ငံရေးပါတီ အခြေစိုက်သည့် ဌာနချုပ်ကို တိုက်ခိုက်ပြီး ကားများကို မီးရှို့ဖျက်ဆီးခဲ့ကြ သည်။

အာဏာသိမ်းခံရသော သမ္မတ မိုဟာမက် ဘာဇုမ်းကို တွေ့ရစဉ်
"ကျနော်တို့ တော်တော်စိတ်ပျက်နေပါပြီ။ ပြီးခဲ့တဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ တိုက်ခိုက်မှုတွေကိုလည်း စိတ်ကုန် လာပြီ။ အခုဆိုရင် ကျနော်တို့ ရုရှားနဲ့ ပူးပေါင်းသွားတော့မှာပါ"ဟု ဆန္ဒပြသူတစ်ဦးဖြစ်သူ အိုမာ အစ္စကာ (Omer Issaka)က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဇူလိုင် ၂၆ ရက်က သမ္မတနန်းတော် အနီးတစ်ဝိုက်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို စစ်သား များက ပစ်ခတ်ပြီး လူစုခွဲခဲ့သည်။
ထိုအချိန်အတောအတွင်း ဘာဇုမ်းက စစ်သားများကို ဖီဆန်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဒီမိုကရေစီ သည် အောင်ပွဲဆင်လိမ့်မည်ဟု ဇူလိုင် ၂၇ ရက်က Twitter လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
နိုက်ဂျာနိုင်ငံခြားရေးဝန်ကြီး ဟက်ဆိုမီ မက်ဆူဒူ (Hassoumi Massoudou) ကလည်း နိုက်ဂျာပြည်သူများ အနေ ဖြင့် တပ်တွင်းပုန်ကန်မှုကို ဆန့်ကျင်ရန် တိုက်တွန်းခဲ့သည်။
လက်ရှိတွင် နိုက်ဂျာအစိုးရ သို့မဟုတ် အာဏာဖီဆန်သည့် စစ်သားများနှင့် ဆက်သွယ်မှုများ မရသေးဘဲ စေ့စပ် ဆွေးနွေးရေး အခြေအနေနှင့်ပတ်သက်ပြီး နောက်ဆုံးရ သတင်းများလည်း ထွက်ပေါ်ခဲ့ခြင်း မရှိပေ။
Source: အယ်လ်ဂျားဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 972
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၉
ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရ Move Forward (MFP)ပါတီအား ညွန့်ပေါင်းအဖွဲ့ထဲမှ မထုတ်ရန် တောင်းဆို သည့် ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ဟု The Nation Thailand မှ ဖော်ပြခဲ့သည်။
အဆိုပါ ဆန္ဒပြမှုများအတွင်း United Front of Thammasat and Demonstration ပါတီ၊ Mokeluang Rimnam ပါတီနှင့် ThaluWang and People's Movement for a Just Society (P-Move) ပါတီများလည်း ပါဝင်ခဲ့ပြီး ဇူလိုင် ၂၈ ရက် ညနေပိုင်း ၅ နာရီက စတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြသူများသည် ကုန်းကျော်တံတားများတွင် စာတမ်းများ ချိတ်ဆွဲခြင်း၊ လမ်းမများပေါ်တွင် ပိုစတာများ ထူထောင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈ ရက်နေ့က ဖြူးထိုင်းပါတီမှ ၀န်ကြီးချုပ်လောင်း နှစ်ဦး ထိုင်းဘုရင် မွေးနေ့ပွဲ တက်ရောက်နေစဉ်
ထို့ပြင် ၂၀၁၀ ပြည့်နှစ်က ဝန်ကြီးချုပ်ဟောင်း အဘီဆစ်(Abhisit Vejjajiva) ဦးဆောင်သည့် အစိုးရအဖွဲ့ကို ဆန့်ကျင် ဆန္ဒပြချိန်အတွင်း သေဆုံးသွားခဲ့သူများကို ဝမ်းနည်းအောက်မေ့ဖွယ်အဖြစ် လူသွားစင်္ကြန်များတွင် အစိုးရအား လှောင်ပြောင်သရော်သည့် စာသားများကို ချိတ်ဆွဲခဲ့ကြသည်။
အထက်လွှတ်တော် အမတ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ အသံကို နားထောင်ရန်နှင့် ဖြူးထိုင်းပါတီအား MFP ကို ညွှန့်ပေါင်းအဖွဲ့ထဲတွင် ဆက်လက်ထားရှိပြီး အစိုးရအသစ် ဖွဲ့စည်းရန်လည်း ဆန္ဒပြသူများက တောင်းဆို ခဲ့ကြသည်။
နိုင်ငံရေးပါတီများ အနေဖြင့်လည်း တော်ဝင်မိသားစုအား အကာအကွယ်ပေးထားသည့် ဥပဒေကို ပြုပြင်ပြောင်းလဲ ခြင်းသည် ဘုရင်စနစ်ကို ဖြုတ်ချခြင်းဟု မယူဆသင့်ဘဲ တိုင်းပြည်အတွက် တရားမျှတမှုရှိစေမည့် အခြေအနေ တစ်ရပ်ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု တွေးခေါ်သင့်ကြောင်း ဆန္ဒပြသူများက ပြောကြားခဲ့သည်။

MFP ပါတီကို ညွန့်ပေါင်းကနေ မထုတ်ဖို့ ဆန္ဒပြနေကြစဉ်
ဖြူးထိုင်းပါတီ အနေဖြင့် ညွန့်ပေါင်းအဖွဲ့ကို သစ္စာဖောက်မည်ဆိုပါက လူထု၏ ဒဏ်ခတ်မှုကို ခံရမည်ဖြစ်သည်ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူ သက်ချာပွန်း ကေဒမ် (Thatchapong Kaedam) က ပြောသည်။
24 June Democracy အုပ်စု၏ အကြီးအကဲ ဆွမ်ယွတ် ပရူဆက်ကာဆမ်ဆွတ် (Somyot Prueksakasemsuk) က လည်း အထက်လွှတ်တော် အမတ်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် အစိုးရအဖွဲ့ ဖွဲ့စည်းရန် နှောင့်နှေးကြန့်ကြာမှုအတွက် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဆန္ဒပြသူများသည် ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီတွင်လည်း အဆွတ်ခ် မွန်တရီ (Asok Montri) လမ်းဆုံမှ ရက်ချာပရာဆွန် (Ratchaprasong) လမ်းဆုံသို့ ချီတက်ဆန္ဒပြမည်ဟု ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 844
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၉
ထိုင်းနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံရေး အခြေအနေနှင့် အထက်လွှတ်တော်ကို ကျေနပ်ခြင်းမရှိသည့် Move Forward (MFP)ပါတီ ထောက်ခံသူများ၏ စုရုံးဆန္ဒပြမှုများအပေါ် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-O-Cha) က စိုးရိမ်နေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အဆိုပါ ဆန္ဒပြမှုများသည် တိုင်းပြည်အား မတူကွဲပြားသည့် နိုင်ငံရေး အမြင်ရှိသည့် လူအုပ်စုများအကြား ပဋိပက္ခ ဖြစ်ပွားစေမည့် အခြေအနေသို့ ဆွဲသွင်းရာရောက်မည်ကို ပရာယွတ်က စိုးရိမ်နေသည်ဟု ဝန်ကြီးချုပ်ရုံး၏ ဝန်ကြီး သာနာကွန်း ဝမ်ဘွန်ကွန်ချနာ (Thanakorn Wangboonkongchana) က ပြောကြားခဲ့သည်။

ပီတာထောက်ခံသူများကိုတွေ့ရစဉ်
MFP အနေနှင့် ၎င်းအား ထောက်ခံသူများကို တရားဥပဒေ လေးစားလိုက်နာရန် ပြောကြားစေလိုသည်ဟုလည်း United Thai Nation (UTN)ပါတီ၏ လက်ထောက်အကြီးအကဲ သာနာကွန်းက ပြောသည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် Move Forward(MFP)ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ် (Pita Lim jaroenrat )ကို ဝန်ကြီးချုပ် ရာထူးနေရာအတွက် ထောက်ခံမဲမပေးခဲ့သည့် အထက်လွှတ်တော် အမတ်များကို MFP ထောက်ခံသူများက ဒေါသထွက်နေကြခြင်း ဖြစ်သည်။
သာနာကွန်းကမူ UTV ပါတီအနေဖြင့် ညွန့်ပေါင်းအဖွဲ့တွင် Move Forward(MFP)ပါတီ ရှိနေပါက မည်သည့် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းကိုမှ ထောက်ခံမဲပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ရုံး၏ ဝန်ကြီး သာနာကွန်း ဝမ်ဘွန်ကွန်ချနာကို တွေ့ရစဉ်
အဘယ်ကြောင့်ဆိုသော် ထိုင်းတော်ဝင် မိသားစုအား အကာအကွယ် ပေးထားသည့် ဥပဒေအား ပြုပြင်ပြောင်းလဲ လိုသည့် MFP ၏ ရပ်တည်ချက်ကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။
ဖြူးထိုင်းပါတီ(Pheu Thai)သည် အစိုးရဖွဲ့ရန် UNT ပါတီကို ချဉ်းကပ်ခဲ့ခြင်း ရှိ/မရှိ မေးမြန်းခံရချိန်တွင် မစ္စတာ သာနာကွန်းက မိမိအနေနှင့် ထိုအရေးကိစ္စကို မသိကြောင်း၊ ပါတီခေါင်းဆောင်နှင့် ပါတီအတွင်းရေးမှူးချုပ်တို့က စီမံဆောင်ရွက် သွားလိမ့်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ဆက်လက်ပြီး UNT ပါတီသည် ဖြူးထိုင်းပါတီနှင့် လက်တွဲလုပ်ဆောင်နိုင်ကြောင်းနှင့် လက်ရှိအချိန်သည် ပါတီ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ကြောင်း သာနာကွန်းက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1378
CNI International News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈
ထိုင်းဘုရင်၏ မွေးနေ့မင်္ဂလာပွဲကို ဇူလိုင် ၂၈ ရက်နေ့က မဟာနန်းတော်မှာ ကျင်းပခဲ့ရာ ထိုင်းအစိုးရဖွဲ့စည်းရန်နှင့် ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခံရမည့် ဖြူးထိုင်းပါတီက Srettha Thavisin နှင့် ပေတုန်တန်(Paetongtarn Shinawatra)တို့ တက်ရောက်ခဲ့ကြကြောင်း Khaosod သတင်းဌာနမှ ဖော်ပြခဲ့သည်။
ပေတုန်တန်သည် သက်ဆင်၏ သမီးဖြစ်ပြီး သက်ဆင်သည် ၂၀၀၆ ခုနှစ်က ထိုင်းဘုရင်စနစ်ကို ပြုပြင် ပြောင်းလဲရန် ကြိုးပမ်းမှုကြောင့် အာဏာသိမ်းခံခဲ့ရပြီး ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်နေရ သူဖြစ်သည်။
သို့သော် ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ သက်ဆင် ပြည်တော်ပြန် ဝင်ရောက်မည် ဖြစ်ကြောင်း၊ သက်ဆင် ပြည်တော်ပြန်လာနိုင်ရေးအတွက် ဖြူးထိုင်းပါတီက အဓိက စေ့စပ် ညှိနှိုင်းပေးလျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် ထိုင်းရွေးကောက်ပွဲတွင် Move Forward ပါတီက လွှတ်တော် နေရာအများစု အနိုင်ရ၍ အစိုးရသစ်ကို ဥၤးဆောင် ဖွဲစည်းခွင့်နှင့် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခွင့်ရရှိခဲ့သော်လည်း ဘုရင်အားစော်ကားခြင်းမှု ကာကွယ်ပေးထားသည့် ပုဒ်မ ၁၁၂ ပြင်ဆင်ရန် မူဝါဒကြောင့် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

ထို့နောက် Move Forward ပါတီ၏ နေရာကို ဖြူးထိုင်းပါတီက အစားထိုး ဝင်ရောက် နေရာယူလာပြီး ထိုင်းအစိုးရသစ်ကို ဦးဆောင် ဖွဲ့စည်းမည်ဖြစ်သလို ဝန်ကြီးချုပ်အဖြစ်လည်း ဖြူးထိုင်းပါတီက အရွေးချယ်ခံမည်ဖြစ်သည်။
အထက်လွှတတော်အမတ်များနှင့် ဘုရင်စနစ်ကို လိုလားသော ပါတီများကတော့ ဖြူးထိုင်းပါတီသည် Move Forward ပါတီ ပါဝင်သည့် (၈)ပါတီညွန့်ပေါင်းအဖွဲ့မှာ ပါဝင်နေခြင်းကြောင့် ဘုရင်စနစ်ကို ပြု ပြင်လိုသော ပါတီဖြင့် မဟာမိတ်လုပ်ပါက ဝန်ကြီးချုပ်ရွေးချယ်ခံရာမှာ ထောက်ခံမဲ ပေးမည်မဟုတ် ကြောင်း ပြောကြားထားသည်။
အဆိုပါ အခြေအနေများနှင့် ကြုံတွေ့နေရစဉ်မှာပဲ ဖြူးထိုင်းပါတီ ခေါင်းဆောင်များနှင့် ဖြူးထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်း နှစ်ဦးက ဘုရင်မွေးနေ့ပွဲကို တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
Source: Khaosod
