CNI International News

နယူးယောက်၊ မေလ ၁၂

ယူကရိန်းပဋိပက္ခကို ရပ်တန့်နိုင်ရန်အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)၊ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး (Vladimir Zelensky) တို့နှင့် တွေ့ဆုံသွားမည်ဟု အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donlad Trump) က ပြောကြောင်း တာ့စ်သတင်းတွင် ဖော်ပြသည်။

အနိုင်၊အရှုံးကို မစဉ်းစားကြောင်း၊ စစ်ပွဲကို ရပ်တန့်ရန်ကြိုးပမ်းခြင်းဖြင့် လူများစွာ သေဆုံးနေရခြင်းကို တားဆီး နိုင်ကြောင်း ထရမ့်က CNN နှင့် တွေ့ဆုံမှုတစ်ခုတွင် ဖြေကြားခဲ့သည်။ သူသာ သမ္မတဖြစ်မည်ဆိုလျှင် ယူကရိန်း ပဋိပက္ခကို ၂၄ နာရီအတွင်း ဖြေရှင်းလိမ့်မည်ဖြစ်ကြောင်းလည်း ထရမ့်က ပြောသည်။

ရုရှားဖြစ်စေ၊ ယူကရိန်းဖြစ်စေ ၎င်းတို့ သေဆုံးနေရခြင်းကို ရပ်တန့်ပေးလိုသည်ဟု အမေရိကန်သမ္မတဟောင်းက CNN ကို ဖြေကြားခဲ့ကာ ထိုကိစ္စကို ၂၄ နာရီနှင့် အပြတ်ဖြတ်နိုင်သည်ဟု ဆိုသည်။

CNN နဲ့ ဒေါ်နယ်ထရမ့် အင်တာဗျူးလုပ်နေစဉ်

ထရမ့်က ၎င်းအနေဖြင့် ပူတင်အား ထက်မြက်သူတစ်ဦးအဖြစ် သတ်မှတ်ထားကြောင်း သို့သော် ရုရှားသမ္မတသည် ယူကရိန်းအား အထူးစစ်ဆင်ရေး ဆင်နွှဲခြင်းဖြင့် အမှားကို ကျူးလွန်ခဲ့သည်ဟု ပြောသည်။

လက်ရှိအချိန်တွင် ပူတင်အား စစ်ရာဇဝတ်ကောင်အဖြစ် မသတ်မှတ်သင့်ကြောင်း ထောက်ပြခဲ့ကာ ထိုသို့ဆိုလျှင် စစ်ပွဲကိုရပ်တန့်ရေး ပို၍ခက်ခဲသွားလိမ့်မည်ဟု ထရမ့်က ထောက်ပြခဲ့သည်။

စစ်ရာဇဝတ်မှုကိစ္စကို နောက်ပိုင်းမှသာ ဆွေးနွေးအဖြေရှာသင့်သည်ဟုလည်း ထရမ့်က အကြုံပြုသည်။

Source:တာ့စ်သတင်းဌာန