CNI International News

လာဘူရန် ဘာဂျို၊ မေလ ၁၁

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော တိုက်ခိုက်မှုများကို ချက်ခြင်းရပ်တန့်ရန်နှင့် တွေ့ဆုံ ဆွေးနွေးပွဲများ လျင်လျင် မြန်မြန် စတင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များက ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

အာဆီယံ (ASEAN) ထိပ်သီး အစည်းအဝေးတွင် မြန်မာပဋိပက္ခနှင့် ပတ်သက်၍ အပြိုင်အဆိုင် ဆွေးနွေး သွားကြ မည်ဟု ယူဆခဲ့ကြသည်။

နစကသည် လွန်ခဲ့သော ၂ နှစ်က အာဆီယံအဖွဲ့နှင့် သဘောတူညီခဲ့သော ငြိမ်းချမ်းရေး အစီအစဉ်အား အကောင် အထည်ဖော်ခြင်း မရှိသေးသည့်အပေါ် စိတ်ရှည်မှုလည်း လျော့နည်းလာပြီ ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း၊ အင်အား အသုံးပြုခြင်း နှင့် အကြမ်းဖက်မှု ပုံစုံ အားလုံးကို ချက်ချင်း ရပ်တန့်ရန် တိုက်တွန်းကြောင်း ခေါင်းဆောင်များမှ ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကိုတွေ့ရစဉ်

လူသားချင်း စာနာမှု အထောက်အပံ့များကို လုံခြုံစွာ အချိန်ကိုက် ပို့ဆောင်နိုင်ရေးနှင့် အားလုံး ပါဝင်သော ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးတို့အတွက် အခြေအနေကောင်းတစ်ခုကို ဖန်တီးရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

အာဆီယံ အစည်းအဝေးသည် မြန်မာနိုင်ငံတွင်း ရွေးကောက်ပွဲ မကျင်းပခင်ကာလ တိုက်ပွဲများ ပြင်းထန် နေချိန် တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုအစည်းအဝေး မတိုင်ခင် ရက်ပိုင်းကလည်း မြန်မာနိုင်ငံတွင်းရှိ နေရပ်စွန့်ခွာ ထွက်ပြေးလာရသူများကို ထောက် ပံ့ရန် အကူအညီများ သယ်ဆောင်လာသော ဒေသတွင်း သံတမန်များနှင့် အကူအညီပေးရေး ဝန်ထမ်းများ ပါသည့် ယာဉ်တန်းကို အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

 မြန်မာလူငယ်များ ဒီမိုကရေစီအရေး လှုပ်ရှားနေကြစဉ်

လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo) က အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့အရေးကို စိန်ခေါ်မှု အများဆုံး အကြောင်းအရာများမှ တစ်ခုအဖြစ် သတ်မှတ် ဆောင်ရွက်သင့်သည်ဟု ပြောခဲ့သည်။

အာဆီယံအနေဖြင့် နှုတ်ဆိတ်နေမလား သို့မဟုတ် အာဆီယံအနေဖြင့် ဦးဆောင်သူ သို့မဟုတ် ငြိမ်းချမ်းရေး သို့မဟုတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်မည်လား ဟု ဝီဒိုဒိုက ပြောသည်။

အာဆီယံအဖွဲ့သည် အဖွဲ့ဝင်များ၏ ပြည်တွင်းရေးကိစ္စကို ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို ကိုင်စွဲထားသော် လည်း သဘောတူထားသော ငြိမ်းချမ်းရေးဆိုင်ရာ ဘုံသဘောတူညီချက် ၅ ချက်အား နစကဘက်မှ အထောင် အထည် ဖော်နိုင်ခြင်း မရှိသေးသည့်အပေါ် ယုံကြည်ချက် လွန်ကဲလျက်ရှိသည်။

Source: Reuters