CNI International News

နယူးဒေလီ၊ မေလ ၁၁

ပြည်နယ်တွင်းရှိ မူးယစ်မာဖီးယားဂိုဏ်းသည် လက်ရှိမဏိပူရ (Manipur) တွင်ဖြစ်ပွားနေသော အကြီးစား အကြမ်း ဖက်မှုများအတွက် တာဝန်ရှိသည်ဟု နယူးဒေလီ (New Delhi) မြို့ ဂျဝါဟာလယ် နေရူးလ် တက္ကသိုလ် (Jawaharlal Nehru - JNU) မှ အကြီးတန်း ပါမောက္ခတစ်ဦးက စွပ်စွဲပြောဆိုခဲ့ကြောင်း NORTHEAST NOW သတင်းတွင် ဖော်ပြသည်။

မေလ ၃ ရက်နေ့မှ စတင်ကာ မဏိပူရပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကို စနစ်တကျ ကြိုတင်စီစဉ်ထားခြင်းဖြစ်သည်ဟု JNU ပါမောက္ခ ဘာဂတ်အိုနမ် (Bhagat Oinam) က ပြောသည်။ မဏိပူရ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြည်သူ့မဟာမိတ်အဖွဲ့၊ ဒေလီမဏိပူရအသင်းတို့မှ ဦးဆောင်ကျင်းပ သော သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း မီဒီယာများနှင့်တွေ့ဆုံစဉ်တွင် ပါမောက္ခ အိုနမ်က ထိုသို့စွပ်စွဲပြော ဆိုခဲ့ခြင်းဖြစ်သည်။

မဏိပူရတဝှမ်းတွင် ဖြစ်ပွားခဲ့သော ကြီးမားသော ရုန်းရင်းဆန်ခတ်မှုများအတွင်း မီးလောင်ဆုံးရှုံးမှုများကို တွေ့ရစဉ်

မဏိပူရပြည်နယ်တွင် BJP အစိုးရက မူးယစ်မာဖီးယားများအပေါ် တင်းကြပ်စွာ ကိုင်တွယ်ခဲ့ကြောင်း၊ ယင်း ကြောင့် ထိုဖြစ်ရပ်တွင် မာဖီးယားများက ပို၍အားစိုက်လာခဲ့ကြောင်းနှင့် ၎င်းတို့သည် မဏိပူရမှ အကြမ်းဖက်မှု များအတွင် အဓိကနေရာမှ ပါဝင်နေကြောင်း ပါမောက္ခ အိုနမ်က ပြောသည်။

ကူကီးလူမျိုးများသည် ကသည်းလူမျိုးများအား တိုင်းရင်းသားအဖြစ် အိန္ဒိယအစိုးရမှ သတ်မှတ်ခဲ့ခြင်းကြောင့် ၎င်းတို့အတွက် အလုပ်အကိုင်များ ငြင်းဆိုခံရနိုင်သည့် အခြေအနေပေါ် စိုးရိမ်နေသည်။
ယင်းက အကြမ်းဖက်မှုများ ဖြစ်ရသည့် နောက်ထပ် အကြောင်းအရင်းတစ်ခု ဖြစ်သည်ဟုလည်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။

Source:nenow.in