CNI International News

အစ္စလာမ္မာဘတ်၊ မေလ ၁၁

ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း (Imran Khan) အား ဖမ်းဆီးမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးဆိုးရွားရွား မတည် ငြိမ်မှုများကို ရပ်တန့်ရေး အကူအညီပေးရန် ပါကစ္စတန်အစိုးရက စစ်တပ်ကို အကူအညီ တောင်းခဲ့သည်ဟု Retuers မှ ရေးသားဖော်ပြခဲ့သည်။

ပြည်သူပိုင် အဆောက်အဦများကို ထပ်မံ အကြမ်းဖက်မှု လုပ်ဆောင်ခြင်းများနှင့် ပတ်သက်၍လည်း ဆန္ဒပြသူများ ကို သတိပေးခဲ့သည်။ အကြမ်းဖက် ဆန္ဒပြမှုများကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ရပြီးလည်း ဖြစ်သည်။

ပါကစ္စတန်နိုင်ငံသည် ပြင်းထန်သော စီးပွားရေးပဋိပက္ခများနှင့် ကြုံတွေ့နေရကာ အကြမ်းဖက် ဆန္ဒပြမှုများ ကြောင့် လူသန်း ၂၂၀ နေထိုင်ရာ အရှေ့တောင်အာရှနိုင်ငံတွင် မတည်ငြိမ်မှုများစွာကို ဖြစ်စေခဲ့သည်။

စစ်တမ်းများအရ ပါကစ္စတန်၏ အထင်ရှားဆုံး နိုင်ငံရေးခေါင်းဆောင် တစ်ဦးဖြစ်သူ ခမ်းသည် မြေယာပိုင်ဆိုင်မှု ဆိုင်ရာ လိမ်လည်မှုဖြင့် အင်္ဂါနေ့တွင် အဖမ်းခံခဲ့ရသည်။

၎င်းကို ဖမ်းဆီးခြင်းက ထောက်ခံသူများအား စစ်တပ် အဆောက်အဦများ ဝင်စီးခြင်းကိုဖြစ်စေခဲ့ပြီး အရှေ့ပိုင်း လာဟိုး (Lahore) မြို့ရှိ ထိပ်တန်းဗိုလ်ချုပ်ကြီး တစ်ဦးပိုင် နေအိမ်ကိုလည်း ဝင်ရောက် မွှေနှောက်ခဲ့ကြသည်။

ပါကစ္စတန် အကြမ်းဖက်မှုများကိုတွေ့ရစဉ်

ဆန္ဒပြသူများသည် တခြားသော ပြည်သူပိုင် အဆောက်အဦများကိုလည်း တိုက်ခိုက်ခြင်း၊ မီးရှို့ခြင်းတို့ လုပ် ဆောင်ကာ အစိုးရအနေဖြင့် ပါကစ္စတန်၏ ပြည်နယ်လေးခုတွင် တည်ငြိမ်မှုကို ထိန်းသိမ်းရန် တပ်ဖွဲ့ဝင် အင်အား များ ချထားရေးအတွက် တောင်းဆိုမှုအား အတည်ပြုချက် ရရှိခဲ့သည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းနေရသည့် ဒေသများမှာ ခမ်းအား ထောက်ခံသူ အများစုရှိရာ ပန်ဂျပ် (Punjab) နှင့် ပတ်ရှ်တန်ခွာ (Pakhtunkhwa)တို့အပြင် မြို့တော် အစ္စလာမ္မာဘတ် (Islamabad) လည်း ပါဝင်သည်။

အစောပိုင်း အကြမ်းဖက်မှုများအတွင်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့သည်ဟု စစ်တပ်က ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ဖော်ပြထားသည်။

စစ်တပ် သို့မဟုတ် တရားဥပဒေ ထိန်းသိမ်းရေး အေဂျင်စီများနှင့် ပြည်သူပိုင် အဆောက်အဦများအပေါ် ထပ်မံ အကြမ်းဖက် တိုက်ခိုက်မှုများကို ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု ပြောသည်။

ပါကစ္စတန်ရှိ အဖွဲ့အစည်း အားလုံးအနေဖြင့် အကြမ်းဖက်မှုများကို ရှောင်ရှားစေလိုကြောင်းနှင့် ငြိမ်းချမ်းစွာ စုဝေး ခွင့်ကို လေးစားရန် လိုအပ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ် (Antonio Guterres) က ပြောသည်ဟု ကုလ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

အီမရန်ခမ်းကိုတွေ့ရစဉ်

ပါကစ္စတန် အာဏာပိုင်များ အနေဖြင့် ခမ်းအား တရားစီရင်မှုတွင် လုပ်ငန်းစဉ်နှင့် တရားစီရင်ရေးကို လေးစားရန် လည်း ဂူတာရတ်စ်က တောင်းဆိုခဲ့သည်။

လမ်းမများပေါ်တွင် ဆန္ဒပြမှုများ ရှိနေချိန်၌ ပါကစ္စတန် တရားရုံးတစ်ခုသည် အသက် ၇၀ အရွယ် ခမ်းအား ၈ ရက်ကြာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ရန် အကျင့်ပျက်ခြစားမှု တိုက်ဖြတ်ရေး အဖွဲ့အစည်းတစ်ခုထံ လွှဲပြောင်းပေးခဲ့သည်ဟု အစိုးရအဖွဲ့ အကြံပေးတစ်ဦးက ပြောသည်။

လက်ရှိတွင် ခမ်းအား မြို့တော်ရှိ ရဲတပ်ဖွဲ့ နားနေဆောင် တစ်ခုတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

ခမ်းအား ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ် နိုင်ငံတော်ပိုင် လက်ဆောင်ပစ္စည်းများကို ရောင်းချမှုစွဲချက်ဖြင့် ပါကစ္စတန် တရားရုံးတစ်ခုက ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ထပ်မံတရားစွဲခဲ့သည်ဟုလည်း သိရသည်။

Source: CNA