CNI International News

ကိယက်ဗ်၊ ဒီဇင်ဘာ ၃

အမေရိကန်သမ္မတဂျိူးဘိုင်ဒန် (Joe Biden) အနေဖြင့် ယူကရိန်းအရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့်တွေ့ဆုံဆွေးနွေးရန် အစီစဉ်မရှိသေးကြောင်း Reuters သတင်းတွင်ဖော်ပြသည်။

အိမ်ဖြူတော်ဘက်မှ သောကြာနေ့တွင် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးဌာနက ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပြောစကားမှာ ကိုးလကြာ ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ရုရှားနှင့် အနောက်အုပ်စုတို့အကြား ရင်ကြာစေ့ရေး ကွာဟချက်ကြီးမားနေမှုကို ဖော်ပြနေသည်။

ရုရှားအနေဖြင့် ယင်းတို့၏ထိုးစစ်ဆင်မှုများနှင့် သိမ်းယူထားသောယူကရိန်းနယ်မြေများမှ ဆုတ်ခွာသွားမှသာလျှင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာနိုင်စရာရှိသည်ဟု ယူကရိန်းဘက်က ပြောသည်။ သို့သော် ရုရှားဘက် ကလည်း ပူတင်နှင့်ဆွေးနွေးပွဲများပြုလုပ်လိုလျှင် ယင်းဆွေးနွေးပွဲများမတိုင်ခင် ရုရှား၏နယ်မြေသစ်များ ကြေညာ ခြင်းဆိုင်ရာ စက်တင်ဘာလုပ်ရပ်ကို အနောက်အုပ်စုအနေဖြင့် အသိအမှတ်ပြုရန် လိုအပ်သည်ဟုပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်

ပူတင်၏ ကျူးကျော်စစ်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးကာ၊ သန်းနှင့်ချီ၍ နေရပ်စွန့်ခွာခဲ့ရရုံမက မြို့ပေါင်း များစွာလည်းပျက်စီခဲ့ရပြီးဖြစ်သည်။ ရုရှား၏ စစ်ပွဲဆင်နွှဲနိုင်မှုအစွမ်းကို ထိန်းချုပ်နိုင်ရေး နိုင်ငံတကာကြိုးပမ်းမှု ၏အစိတ်အပိုင်းတစ်ခုအဖြစ် ရုရှားရေနံစိမ်းတစ်စည်၏ဈေးကို ဒေါ်လာ ၆၀ တွင် ကန့်သတ်ထားရန် သဘော တူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း G7 နှင့် သြစတြေးလျနိုင်ငံတို့က သောကြောနေ့တွင်ပြောခဲ့သည်။

အဆိုပါ ကန့်သတ်ချက်သည် ဒီဇင်ဘာ ၅ ရက်နှင့် မကြာခင်ရက်ပိုင်းအတွင်း စတင်အသက်ဝင်လာနိုင်သည်ဟု လည်း G7 နှင့် သြစတြေးလျနိုင်ငံတို့ကပြောသည်။ ထိုလုပ်ဆောင်ချက်က ရုရှားဘက်မှရေနံရောင်းကာ စီပွား ရှာဖွေနေမှုကို လျော့ချရန်၊ ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးအတွက် အနှောင့်အယှက်ဖြစ်လာမည်ကို တားဆီးရန် ရည်ရွယ်သည်။

သို့သော် အဆိုပါ သဘောတူညီချက်ကို ဥရောပသမဂ္ဂအစိုးရများဘက်မှ ယခုသီတင်းပတ်ကုန်ပိုင်းအတွင်း အတည် ပြုရန် လိုအပ်နေဆဲဖြစ်သည်။ အီးယူအနေဖြင့်ယခုကဲ့သို့ဆောင်ရွက်ခြင်းက ယင်းတို့၏ ကိုယ်ပိုင်စွမ်းအင် လုံခြုံ ရေးအပေါ် ထိခိုက်အောင် ဆောင်ရွက်ခြင်းသပ်သပ်သာဖြစ်ကြောင်း ရုရှားအောက်လွှတ်တော်၏ နိုင်ငံခြားရေး ကော်မတီဥက္ကဋ္ဌ လီယိုနစ်စလုစကိုင်း (Leonid Slutsky) က ပြောသည်။

Source:Reuters