- By CNI
- Category: နိုင်ငံရေး
- Hits: 861
CNI International News
ခါတွန်၊ ဇွန်လ ၁၀
ဇွန်လ ၁၀ ရက်နေ့ အစောပိုင်းမှ စတင်ကာ ၂၄ နာရီကြာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ဆူဒန်ရှိ စစ်ဖြစ် နေသော အဖွဲ့အစည်းများက သဘောတူခဲ့သည်ဟု ကြားဝင်စေ့စပ်သူများဖြစ်သော ဆော်ဒီနှင့် အမေရိကန်တို့က သဘောတူခဲ့သည်ဟု အယ်ဂျာဇီးလ်ယား သတင်းတွင် ဖော်ပြထားသည်။
အပစ်အခတ်ရပ်စဲရေးသည် ဒေသစံတော်ချိန် မနက် ၆ နာရီတွင် စတင်မည်ဟု ဆော်ဒီနိုင်ငံရေးခြားဝန်ကြီးဌာနက တွစ်တာ၌ ဇွန်လ ၉ ရက်က ရေးသားထားသည်။
ထိုသဘောတူညီချက်သည် ဆူဒန်စစ်တပ်နှင့် RSF လက်နက်ကိုင် အဖွဲ့များအကြား သီတင်းပတ်များစွာကြာ တိုက်ပွဲများကို အဆုံးသတ်ရေး နောက်ဆုံး ကြိုးပမ်းမှုလည်း ဖြစ်သည်။

ဆော်ဒီနဲ့အမေရိကန် စေ့စပ်ပေးမှုနဲ့ ဆူဒန်အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးနေစဉ်
ယခင်ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေးများ ကျိုးပျက်ခဲ့ပြီးနောက် နှစ်ဖက်စလုံးက ၂၄ နာရီအတွင်း စစ်ရေးအရ အသာရရှိအောင် ကြိုးပမ်းခြင်း၊ လှုပ်ရှားမှုများ၊ တိုက်ခိုက်မှုများ၊ လေယာဉ် သို့မဟုတ် ဒရုန်းများ သုံးခြင်း၊ လေ ကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ အမြောက်ဖြင့် ပစ်ခတ်ခြင်းတို့အပြင် တပ်အင်အား ဖြည့်တင်းခြင်း တို့ ကိုပါ ရပ်တန့်သွားရန် သဘောတူခဲ့သည်ဟု ဆော်ဒီနိုင်ငံရေးခြားဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ပါဝင်သည်။
ထို ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်းလုံးသို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ဖြန့်ဝေရန်၊ နှောင့်ယှက်မှု မလုပ်ဆောင်ရန်လည်း သဘောတူခဲ့သည်ဟု ယင်းက ဆိုသည်။
ယခုတစ်ကြိမ် အပစ်အခတ် ရပ်စဲရေးသည် ကြီးမားသော လူသားချင်း စာနာမှုဆိုင်ရာ ပဋိပက္ခကို ဖြစ်စေသည့် ဆိုးရွားသော တိုက်ခိုက်မှုများကို ရပ်တန့်ရေး ကြိုးပမ်းမှုဖြစ်သည်ဟု ကြားဝင်စေ့စပ်ပေးသူများက ပြောသည်။
ယင်းက ရပ်တန့်ထားရသော ဂျီဒတ် (Jeddah) မြို့မှ ဆွေးနွေးပွဲများကို ပြန်လည် စတင်ရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ လုပ်ရပ် တစ်ခုဟုလည်း ၎င်းတို့က ပြောသည်။
ထို့နောက် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းက ထိုလုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟု လည်း ကြားဝင်စေ့စပ်ပေးသူများက သတိပေးထားသည်။
အဆိုပြုသည့် အပစ်အခတ်ရပ်စဲရေးကို သဘောတူသည်ဟု ဆူဒန်စစ်တပ်က ထုတ်ပြန် ကြေညာခဲ့သော်လည်း RSF ဘက်က အပစ်အခတ်ရပ်စဲရေးအတွက် တရားဝင် ထုတ်ပြန်မှု တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မရှိသေးပေ။

ဆော်ဒီနိုင်ငံခြားရေး၀န်ကြီးကိုတွေ့ရစဉ်
သို့သော် ဆူဒန်ပြည်သူများထံတွင်တော့ ယခုတစ်ကြိမ် အပစ်အခတ်ရပ်စဲမှုကိုလည်း အကောင်းမြင်မှု မရှိကြချေ။
ပထမတစ်ကြိမ် အပစ်အခတ်ရပ်စဲရေးတုန်းက သဘောတူညီမှုများကဲ့သို့ ချိုးဖောက်ခြင်းမရှိဟု ယုံကြည်စရာ အကြောင်းပြချက် မရှိကြောင်း ဆူဒန်မြို့တော် ခါတွန် (Khartoum) မှ ဒေသခံများက ပြောသည်။
မြို့ တော်နှင့် တခြား အရပ်များရှိ ပြည်သူများထံတွင် ဇွန်လ ၁၀ ရက်နေ့ အပစ်အခတ်ရပ်စဲမှုအပေါ် ယုံကြည်မှု အနည်းငယ်သာရှိသည်ဟု ဆူဒန်ရှိ အယ်ဂျာဇီးလ်ယား သတင်းထောက်က ပြောသည်။
ဆူဒန်လူဦးရေ၏ တစ်ဝက်ဖြစ်သော ပြည်သူ ၂၅ သန်းခန့်သည် လက်ရှိတွင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ များ လိုအပ်နေသည်ဟုလည်း ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားသည်။
Source: အယ်ဂျာဇီးလ်ယား
- By CNI
- Category: နိုင်ငံရေး
- Hits: 917
CNI International News
ဘေဂျင်း၊ ဇွန်လ ၁၀
ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ် (Mahmoud Abbas) သည် လာမည့် သီတင်းပတ်တွင် တရုတ်သို့ အလည်အပတ် ရောက်ရှိလာမည်ဟု အယ်ဂျာဇီးလ်ယားမှ ဖော်ပြခဲ့သည်။
အစ္စရေး - ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပေါ်ပေါက်လာရေး ကူညီပေးရန် အဆင်သင့် ရှိနေသည်ဟု တရုတ်ဘက်က ပြောဆိုခဲ့ပြီးနောက်တွင် ဖြစ်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)၏ ဖိတ်ခေါ်မှုကြောင့် ပါလက်စတိုင်းသမ္မတ အာဘတ်စ်သည် ဇူလိုင် ၁၃ ရက်မှ ၁၆ ရက်အထိ တရုတ်နိုင်ငံသို့ လာရောက်မည်ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချွန်းယင် (Hua Chunying) က ပြောသည်။
အာဘတ်စ်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း ဖြစ်သည်ဟုလည်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်း (Wang Wenbin) က ပြောသည်။

အမေရိကန် နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်နဲ့ မာမွတ်အာဘတ်စ်ကိုတွေ့ရစဉ်
အာဘတ်စ်သည် ယခုနှစ်အတွင်း တရုတ်သို့ ပထမဆုံး လာရောက်သည့် အာရပ်ခေါင်းဆောင် ဖြစ်ကြောင်း၊ ယင်း က သမိုင်းကြောင်းအရ မိတ်ဆွေများဖြစ်ခဲ့သည့် တရုတ်-ပါလက်စတိုင်း ဆက်ဆံရေးကို ကိုယ်စားပြုကြောင်း ၎င်းက ပြောသည်။
ထို့နောက် တရုတ်သည် ပါလက်စတိုင်း ပြည်သူများ၏ တရားဝင် အခွင့်အရေးများကို ပြန်လည်ရရှိရေး ကြိုးပမ်း မှုကို အစဉ်တစိုက် ထောက်ပံ့လျက်ရှိသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် သမ္မတရှီသည် ဆော်ဒီသို့ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း ရှီသည် အာဘတ်စ် နှင့် တွေ့ဆုံကာ ပါလက်စတိုင်းအရေးအတွက် ခိုင်မာသော အဖြေတစ်ခု ရရှိရေး လုပ်ဆောင် သွားမည်ဟု ကတိ ပြုခဲ့သည်။
ဧပြီလတွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန် (Qin Gang)က အစ္စရေး၊ ပါလက်စတိုင်း ဝန်ကြီးများနှင့် တွေ့ဆုံကာ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် ပါဝင်ကူညီရန် ဆန္ဒရှိသည်ဟု ပြောခဲ့ကြောင်း Xinhua သတင်းတွင် ဖော်ပြသည်။

အစ္စရေးတပ်ဖွဲ့နဲ့ ပါလက်စတိုင်းအမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်
တရုတ်အနေဖြင့် ဆွေးနွေးပွဲများ တတ်နိုင်သမျှ အစောဆုံး စတင်နိုင်ရန်၊ နှစ်နိုင်ငံကြား ပြေလည်မှု ရရှိရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ကျင်ဂန်းက ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့သည်ဟု သိရသည်။
တရုတ်သည် အရှေ့အလယ်ပိုင်းတွင် ကြားဝင်စေ့စပ်သူ တစ်ဦးအဖြစ် ပါဝင်လုပ်ဆောင်လာသည်။
ထိုကဲ့သို့ လုပ်ဆောင်မှုမျိုးကို အမေရိကန်က ကာလရှည် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မတ်လတွင် တရုတ်နိုင်ငံသည် ကာလရှည် ရန်ဘက် ပင်လယ်ကွေ့နိုင်ငံ နှစ်ခုဖြစ်သော အီရန်နှင့်ဆော်ဒီတို့အကြား ပုံမှန်ဆက်ဆံရေး ပြန်ဖြစ်ရန် ကြားဝင်စေ့စပ်ပေးနိုင်ခဲ့ပြီး ယင်းက ကမ္ဘာလုံးဆိုင်ရာ အခြေအနေ ပြောင်းလဲလာသည့် လက္ခဏာဟု လေ့လာ သူများက သုံးသပ်သည်။
သို့သော် ထိုလုပ်ဆောင်ချက်များကို အမေရိကန်ဘက်က ပြင်းထန်စွာ ပြစ်တင် တုံ့ပြန်ထားသည်။ အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ၂၀၁၄ ခုနှစ်ကတည်းက ရပ်တန့်သွားခြင်း ဖြစ်သည်။
Source: အယ်ဂျာဇီးလ်ယား
- By CNI
- Category: နိုင်ငံရေး
- Hits: 942
CNI International News
မော်စကို၊ ဇွန်လ ၁၀
ရုရှားသည် လာမည့်လတွင် ဘယ်လာရုစ်သို့ နျူကလီးယား လက်နက်များ တပ်ဆင်ဖြန့်ကျက်သွားမည်ဟု သမ္မတ ပူတင် (Vladimir Putin) က ပြောခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထိုလုပ်ရပ်က အနောက်အုပ်စုကို ခြိမ်းခြောက်သည့် လုပ်ရပ်ဟုလည်း ဘယ်လာရုစ် အတိုက်အခံများက ပြောသည်။
နျူကလီးယား လက်နက် သိုလှောင်ရန် လိုအပ်သည်များကို ဇူလိုင် ၇ ရက်နှင့် ၈ ရက်တွင် အဆုံးသတ် နိုင်မည်ဖြစ် ကြောင်း၊ ထို့နောက် ဘယ်လာရုစ်သို့ အမြန်ဆုံး ပို့ဆောင်သွားမည် ဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) နှင့် တွေ့ဆုံစဉ် ပူတင်က ပြောခဲ့သည်။
ရှေ့တန်း စစ်မျက်နှာတွင် ယူကရိန်းဘက်က တိုက်ခိုက်မှုများ အရှိန်မြှင့်တင် ဆောင်ရွက် လာပြီးနောက်မှာ ပူတင်က ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ဘိုင်ဒန်နဲ့ အီးယူခေါင်းဆောင်များကိုတွေ့ရစဉ်
ယူကရိန်း တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကြောင့် ကာလရှည် စောင့်ဆိုင်းနေသည့် တန်ပြန် ထိုးစစ်ဆင်မှု စတင် ပြီဟုလည်း လေ့လာသူများက သုံးသပ်သည်။
ရုရှားသည် ယူကရိန်းသို့ တပ်ဖွဲ့များ ပို့ဆောင်ရေးအတွက် ဘယ်လာရုစ်မြေကို အသုံးပြုခဲ့သလို ဘယ်လာရုစ်မြေမှာ တပ်သားများနှင့် လက်နက်များလည်း စခန်းချထားသည်။
အရာအားလုံးသည် အစီအစဉ်အတိုင်း သွားနေကြောင်း လူကာရှန်ကိုနှင့် ဆိုချီ (Sochi) မြို့နေအိမ်၌ တွေ့ဆုံစဉ် ပူတင်က ပြောခဲ့သည်။
ဗျူဟာမြောက် နျူကလီးယား လက်နက်များသည် တိုက်ပွဲအတွင်း ရန်သူ့တပ်များနှင့် လက်နက်များကို ဖျက်ဆီး ရန် ရည်ရွယ်သည်။ ၎င်းတို့သည် တာတိုပစ်များဖြစ်ကာ တာဝေးပစ် လက်နက်များထက် အားနည်းသည်။
ပူတင်သည် ဘယ်လာရုစ်တွင် နျူကလီးယား လက်နက်များ ဖြန့်ကျက်ရေးကို ယခုနှစ် အစပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့ပြီး ယင်းက ယူကရိန်းအပေါ် အနောက်အုပ်စု၏ စစ်ရေး ထောက်ပံ့မှုများ အားကောင်းလာခြင်းပေါ် သတိပေးချက်ဟု ရှုမြင်ကြသည်။

ဘယ်လာရုစ် ပြည်ပြေး အတိုက်အခံ ခေါင်းဆောင် ဆဗစ်လာနာ ဆီခါနိုစကာယာကို တွေ့ရစဉ်
လက်နက်များကို ရုရှားဘက်ကသာ ထိန်းချုပ်သွားမည်ဟုလည်း ပူတင်က ပြောသည်။ ဘယ်လာရုစ်သို့ နျူကလီးယား လက်နက် မည်မျှပေးပို့သွားမည် ဆိုသည်ကိုတော့ ပူတင်က ထုတ်ပြန်ခြင်း မရှိပေ။
ရုရှားတွင် ဗျူဟာမြောက် နျူကလီးယား လက်နက် ၂၀၀၀ ခန့်ရှိသည်ဟု အမေရိကန်အစိုးရက ယုံကြည်နေသည်။
နျူကလီးယား လက်နက်များ ဘယ်လာရုစ်မြေပေါ် ရောက်ရှိလာခြင်းနှင့် ပတ်သက်ပြီး ဘယ်လာရုစ် ပြည်ပြေး အတိုက်အခံ ခေါင်းဆောင် ဆဗစ်လာနာ ဆီခါနိုစကာယာ (Sviatlana Tsikhanouskaya) က ပြင်းပြင်းထန်ထန် ဝေဖန်သည်။
ပူတင်နှင့်သူ၏ ရုပ်သေးရုပ် လူကာရှန်ကိုတို့သည် ဇူလိုင်လ နေတိုး ညီလာခံ မစတင်မီ ဘယ်လာရုစ်သို့ နျူကလီးယား လက်နက်များ ဖြန့်ကျက်ရန် စီစဉ်နေကြောင်း၊ ယင်းက အနောက်အုပ်စုအား နောက်ဆုတ်ရန် ကြိုးပမ်းသည့် ယုတ်မာသော အကြပ်ကိုင်မှု ဖြစ်ကြောင်း၊ နျူကလီးယားဖြင့် အကြပ်ကိုင်မှုကြောင့် အာဏာရှင်များ အပြစ်မှ လွတ်မြောက်သွားခြင်းကို လက်မခံသင့်ကြောင့်လည်း ၎င်းက ပြောသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 905
CNI International News
ဘန်ကောက်၊ ဇွန်လ ၇
ကွယ်လွန်သူဖခင်ထံမှ အမွေဆက်ခံရရှိထားသည့် iTV ကုမ္ပဏီ၏ ရှယ်ယာ ၄၂၀၀၀ ကို တခြားဆက်ခံသူများထံ ခွဲဝေပေးခဲ့သည်ဟု Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရန်ရတ် (Pita Limjaroenrat) က အင်္ဂါနေ့တွင် ပြောခဲ့ကြောင်း Thai PBS သတင်းတွင် ဖော်ပြသည်။
ယင်းက မီဒီယာကုမ္ပဏီကိစ္စအား နိုင်ငံရေး လက်နက်တစ်ခုအဖြစ် အသုံးချခြင်းအပေါ် ကြိုတင်ရှင်းလင်းထားသည့် လုပ်ဆောင်ချက်လည်း ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်လောင်းသည် မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာပိုင်ဆိုင်မှုဖြင့် စွပ်စွဲခံထားရသည်။ ထိုင်း ဥပဒေအရ ရွေးကောက်ပွဲဆိုင်ရာကိုယ်စားလှယ်လောင်းများ မီဒီယာကုမ္ပဏီများနှင့်ပတ်သက်ခြင်းကို ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုအဖြစ် သတ်မှတ်ထားပြီး ပြစ်ဒဏ်အဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်း မပြည့်မှီဟု သတ်မှတ်ခြင်းခံရမည်ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် iTV အား ထိုင်းစတော့ရှယ်ယာဈေးကွက်မှ ဖယ်ရှားပြီးကတည်းက ၎င်းအမွေရရှိခဲ့သည့် ရှယ်ယာ များသည်စီးပွားရေးအရ တန်ဖိုးမရှိတော့ဟု ပီတာက အင်္ဂါနေ့က သူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားခဲ့သည်။ ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်ရုံးက iTV ၏ UHF TV လိုင်း စာချုပ်ကို ၂၀၀၇ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ဖျက်သိမ်းခဲ့ပြီး ပြည်သူ့ဆက်ဆံရေးဌာနကို အစားထိုးခဲ့ပြီးချိန်ကတည်းက iTV သည် မီဒီယာကုမ္ပဏီတစ်ခု မဟုတ်တော့ဟု ပီတာက ပြောသည်။

Move Forward ပါတီခေါင်းဆောင် ပီတာကို ထောက်ခံအားပေးသူများ(ဓါတ်ပုံ- Varuth Hirunyatheb)
လိုင်စင်ကိုလည်း Thai PBS သို့ လွှဲပြောင်းပေးခဲ့ရသည်ဟု ၎င်းက ပြောသည်။ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုဌာနထံသို့တင်ပြခဲ့ရသော iTV ၏ ၂၀၂၂ ခုနှစ် လက်ကျန်ရှင်းတမ်းတွင် ယင်း၏ စီးပွားရေးဆိုင်ရာ ပင်မ ကျောရိုးကို ဘဏ္ဍာရေးမှ ရုပ်သံနှင့်မီဒီယာကြော်ငြာလုပ်ငန်းအဖြစ်သို့ သံသယဖြစ်ဖွယ် ပြောင်းလဲထားကြောင်း တွေ့ခဲ့ရသည်ဟု ပီတာက ပြောသည်။
ယင်းသည် iTV အား မီဒီယာကုမ္ပဏီတစ်ခုအဖြစ်မှ ဖယ်ရှားပြီးချိန်တွင်ဖြစ်သည်။ ထိုသို့ ပုံမှန်မဟုတ်သည့် အခြေအနေများကြောင့် ၎င်းသည် တခြားသော အမွေဆက်ခံသူများနှင့် တိုင်ပင်ကာ ရှယ်ယာများကို ၎င်းတို့ထံ လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့သည်ဟုလည်း ပီတာက ပြောသည်။
iTV နှင့်ပတ်သက်သော အငြင်းပွားမှုများအတွက် ရွေးကောက်ပွဲကော်မရှင်ရှေ့မှောက်တွင် လုပ်ငန်းတာဝန်များကို မထိခိုက်စေဘဲ ၎င်းကို၎င်းကာကွယ်ရန် အဆင်သင့်ရှိသည်ဟု ပီတာက ပြောခဲ့သည်။
Source:Thaipbsworld
- By CNI
- Category: နိုင်ငံရေး
- Hits: 1515
CNI International News
နယူးဒေလီ၊ ဇွန်လ ၆
လာမည့်နှစ် အနည်းငယ်အတွင်း ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံ တစ်ခုကို အိန္ဒိယနှင့်အမေရိကန်အရာရှိများက အပြီးသတ်ရေးဆွဲနိုင်ခဲ့သည်ဟု အိန္ဒိယအစိုးရဘက်မှ ထုတ် ပြန်ကြောင်း အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။
ယင်းက အိန္ဒိယ၏ ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်ခြင်းကို မြှင့်တင်မည့် လုပ်ဆောင်ချက်ဟုလည်း ယူဆရသည်။
အမေရိကန်သည် ကမ္ဘာ့အကြီးဆုံးလက်နက်တင်သွင်းသည့်နိုင်ငံဖြစ်သော အိန္ဒိယနှင့်ဆက်ဆံရေးကို ခိုင်မာစေရန် သာမက၊ စစ်တပ်ချင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ဆက်ဆံရေးများကို မြှင့်တင်ရန်လည်း ဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်း တရုတ်၏လွှမ်းမိုးမှုကို အိန္ဒိယနိုင်ငံဖြင့် တွန်းလှန်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။
အိန္ဒိယသို့ ရောက်ရှိနေသော အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) နှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာနတ်ဆင်း (Rajnath Singh) တို့၏ တနင်္လာနေ့ နယူးဒေလီအစည်းအဝေးတွင် လမ်းပြ မြေပုံအား အပြီးသတ်နိုင်ခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) ၏ ဇွန် ၂၂ ရက် အမေရိကန်သို့ ခရီးစဉ်မတိုင်ခင် တစ်ပတ်အလိုတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဝန်ကြီးနှစ်ဦး၏ ဆွေးနွေးပွဲများသည် ထုတ်လုပ်ရေးလုပ်ငန်းကို မြှင့်တင်ရေးနည်းလမ်းများကို ရှာဖွေသတ်မှတ်ရန် ဦးစားပေးဆောင်ရွက်ခဲ့သည်ဟု အိန္ဒိယကာကွယ်ရေးဌာနက ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ဖော်ပြသည်။

အော်စတင်သည် နယူးဒေလီတွင် အခမ်းအနား ဧည့်ခံစဉ်အတွင်း Tri-Service Guard of Honour ကို စစ်ဆေးနေစဉ်(ဓါတ်ပုံ-ရိုက်တာ)
နှစ်ဖက်စလုံးသည် နည်းပညာသစ်များကို ပူးတွဲတီထွင်ရေးအခွင့်အလမ်းများကို ရှာဖွေရန်၊ ရှိပြီးသားနှင့် စနစ်သစ် များကို ပူးတွဲထုတ်လုပ်ရန်၊ နှစ်နိုင်ငံကြားကာကွယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး ဦးဆောင်ပေးနိုင်ရန် လုပ်ဆောင်သွားမည်ဟုလည်း ယင်းတွင် ဖော်ပြသည်။
ထိုရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်အတွက် ဝန်ကြီးနှစ်ဦးသည် အမေရိကန်-အိန္ဒိယ ကာကွယ်ရေး လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက်လမ်းပြမြေပုံတစ်ရပ်ကို အပြီးသတ်နိုင်ခဲ့သည်ဟုလည်း ပါဝင်သည်။ အိန္ဒိယသည်စစ်တပ်အတွက် လိုအပ်သော အသုံးအဆောင်များ၏ တစ်ဝက်နီးပါးအတွက် ရုရှားကိုသာ မှီခိုနေရ သည်။ ယင်းကြောင့် ၎င်းတို့သည်အမေရိကန်၊ ပြင်သစ်၊ အစ္စရေးတို့အပါအဝင် တခြားသောနိုင်ငံများမှ ရင်းမြစ် များကို မျှဝေသုံးစွဲရန် အရှိန်မြှင့်တင်ဆောင်ရွက်လာသည်ကို တွေ့ရသည်။
ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုနိုင်ငံများကို အိန္ဒိယကုမ္ပဏီများနှင့်ပူးပေါင်းကာ ပြည်တွင်း သုံးနှင့် ပြည်ပသို့ တင်ပို့မှုများအတွက် လက်နက်နှင့်စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများကို အိန္ဒိယ နိုင်ငံတွင်းထုတ်လုပ်ရန် အိန္ဒိယအစိုးရက ရည်ရွယ်ထားသည်။
အိန္ဒိယသည် ခန့်မှန်းခြေဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနှင့် ၂ ဘီလီယံတန်ကြေးရှိ စွမ်းရည်မြင့်ဒရုန်း ၁၈ စင်းကို General Atomics Aeronautical Systems Inc ထံမှ ဝယ်ယူရန်ပြင်ဆင်နေသည်ဟု ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်သူ ရာဟူး ဘီဒီ (Rahul Bedi) က ပြောသည်။
အဆိုပါဒရုန်းများကို တင်းမာမှုများရှိနေသော တရုတ်၊ ပါကစ္စတန်တို့နှင့် နယ်စပ်များအပြင် အိန္ဒိယ သမုဒ္ဒရာ ဒေသများတွင် ဖြန့်ကျက်တာဝန်ပေးသွားဖွယ်ရှိသည်ဟုလည်း ၎င်းက ပြောသည်။
Source:Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 958
CNI International News
ဘေဂျင်း၊ ဇွန်လ ၆
အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံအများစုသည် ဒေသတွင်း အုပ်စုလိုက် ထိပ်တိုက် တွေ့ဆုံခြင်းနှင့် နေတိုးအဖွဲ့ အင်အား တိုးချဲ့လာခြင်းတို့ကို ဆန့်ကျင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်း (Wang Wenbin) က ဇွန်လ ၅ ရက်နေ့တွင် ပြောသည်ဟု တာ့စ်သတင်းတွင် ဖော်ပြထားသည်။
စစ်အေးတိုက်ပွဲ အသစ်ကို မြင်တွေ့ရခြင်း၊ အမေရိကန်နှင့်တရုတ်တို့အကြား အတင်းအကြပ် ရွေးချယ်စေခြင်းကို ရင်ဆိုင်ရခြင်းတို့အား အင်ဒိုနီးရှား၊ စင်္ကာပူနှင့် တခြားသော နိုင်ငံများက အလိုမရှိကြောင်း ၎င်းတို့ ကိုယ်စားလှယ် များမှ ထုတ်ပြန်သည့် ကြေညာချက်များတွင် ဖော်ပြထားသည်ဟု ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ဒေသတွင်း နိုင်ငံများ၏ ရပ်တည်ချက်သည် ရှင်းလင်းကြောင်း၊ ၎င်းတို့သည် ဒေသတွင်း စစ်အုပ်စုကွဲများ ပေါ် ပေါက်လာခြင်းကို ကန့်ကွက်ကြောင်း၊ အာရှဒေသသို့ နေတိုးအဖွဲ့ တိုးချဲ့လာခြင်းကို မကြိုဆိုကြောင်း၊ အုပ်စု လိုက် ထိပ်တိုက်တွေ့ဆုံမှုများ အာရှဒေသသို့ ရောက်ရှိလာမည်ကို လက်မခံကြောင်း ဝမ်က ပြောသည်။
ဒေသတွင်းနိုင်ငံများသည် ဘယ်လို စစ်ပွဲပုံစံမျိုးကိုမှ လက်ခံမည် မဟုတ်ဟုလည်း ဝမ်က ထောက်ပြသည်။

နေတိုးနဲ့ အာရှနိုင်ငံများကိုတွေ့ရစဉ်
အာရှသည် ကမ္ဘာတွင် ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတို့အတွက် အလားအလာ အကောင်းဆုံးဒေသ ဖြစ်သည်ဟု ဝမ်က ပြောသည်။
ထို့ကြောင့် အာရှဒေသသည် အပြန်အလှန် အကျိုးရှိသော ပူးပေါင်း ဆောင်ရွက်မှုများအတွက် ကြီးမားသည့် ကစား ကွင်း ဖြစ်သင့်ကာ အဖွဲ့အစည်းငယ်များအဖြစ်သို့ ကွဲပြားသွားခြင်း မဖြစ်သင့်ဟုလည်း ၎င်းက ပြောသည်။
ဒေသတွင်း ငြိမ်းချမ်းရေးနှင့် အလားအလာတို့ကို ဆက်လက် ထိန်းသိမ်းရန် လွတ်လပ်၍ ပွင့်လင်းမှုရှိသည်ဟု တခြားသော နိုင်ငံများက ပြောသော်လည်း လက်တွေ့တွင် ၎င်းတို့သည် ကွဲပြားသော စစ်အုပ်စုများအဖြစ် တဖြည်းဖြည်း ဖဲ့ထွက်ကာ အာရှ-ပစိဖိတ်ဒေသသို့ နေတိုးအဖွဲ့ ရောက်ရှိလာစေရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု လည်း ဝမ်က ပြောသည်။

အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ တောင်ကိုရီးယား သမ္မတကို တွေ့ရစဉ်
ရှန်ဂရီလာ (Shangri-La) အပြည်အပြည်ဆိုင်ရာ လုံခြုံရေးညီလာခံတွင် အင်ဒိုနီးရှား၊ စင်္ကာပူနှင့်တခြားသော နိုင်ငံ များမှ ကိုယ်စားလှယ်များက စစ်အေးတိုက်ပွဲသစ် ပေါ်ပေါက်လာမည်ကို လက်မခံကြောင်း ၎င်းတို့၏ သဘောထား ကို ထုတ်ဖော် ပြသခဲ့ကြသည်။
ယင်းကို ဇွန်လ ၂ ရက်မှ ၄ ရက်အထိ စင်္ကာပူတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းတွင် တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ (Li Shangfu) က တရုတ်၏ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်သစ်ကို ထုတ်ဖော်ပြသခဲ့သည်။
ညီလာခံ၌ မိန့်ခွန်း ပြောဆိုခဲ့ရာတွင် လီက အာရှ-ပစိဖိတ်ဒေသတွင် နေတိုးကဲ့သို့ စစ်ရေး အဖွဲ့အစည်းများကို ဖန်တီးခြင်းက ပြင်းထန်သော ပဋိပက္ခများကိုသာ ဖြစ်စေလိမ့်မည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 879
CNI International News
ဘန်ကောက်၊ ဇွန်လ ၆
ဖခင်ဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် ဇူလိုင်လတွင် ထိုင်းနိုင်ငံ သို့ ပြန်လာမည်ဖြစ်ကြောင်း သမီးဖြစ်သူ ပေတုန်တန် အန်အင်း ရှင်နာဝပ် (Paetongtarn "Ung Ing" Shinawatra) က ပြောသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
ပေတုန်တန်သည် ဖြူးထိုင်း (Pheu Thai) ပါတီ၏ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ကာ ပြန်လာမည့် ရက် အတိအကျကိုတော့ မသိရသေးဟု ဆိုသည်။
ရက်အတိအကျကို မသိရသေးကြောင်း၊ သက်ဆင်က နောက်လဟုသာ ပြောကြောင်း ပေတုန်တန်က သတင်းထောက်များ၏ မေးမြန်းမှုကို ဇွန်လ ၄ ရက်နေ့တွင် ပြန်လည်ဖြေကြားခဲ့သည်။ သက်ဆင်သည် ပြည်ပြေး အဖြစ် ဒူဘိုင်းမြို့တွင် နေထိုင်နေသူဖြစ်ကာ ၎င်း၏ အသက်အရွယ်တွင် မြေးများနှင့်အတူ ရှိနေချင်သည့်အတွက် ကြောင့် ဇူလိုင်လတွင် ပြည်တော်ပြန်မည်ဟု ပြောခဲ့သည်။
ဖခင်ဖြစ်သူအား ဒူဘိုင်းအထိ သွားခေါ်ရန် စီစဉ်ထားပါသလားဟု မေးမြန်းခဲ့ရာတွင် ပေတုန်တန်က သမီးတစ်ဦး နေဖြင့် ယင်းကဲ့သို့ပြုလုပ်ကာ ဖခင်နှင့်အတူ ပြန်လာချင်ကြောင်း၊ အရမ်းစိတ်လှုပ်ရှားနေကြောင်း၊ သို့သော် ၎င်းကို ယတိပြတ် မဆုံးဖြတ်ရသေးကြောင်းနှင့် သေသေချာချာ စီစဉ်ပြီးချိန်မှသာ အားလုံးကို ထုတ်ဖော်ပြောဆိုသွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
“သက်ဆင် ဘာ့ကြောင့် ထိုင်းနိုင်ငံသို့ ပြန်လာရပါသလဲ”ဟု ထပ်မံမေးမြန်းခဲ့ရာတွင် သမီးဖြစ်သူက ဖခင်၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း၊ ယင်းကြောင့်မည်သည့် အကြောင်းပြချက်အတွက်ပင်ဖြစ်စေ ၎င်းကို ထောက်ပံ့မှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ရှပ်နီပါတီ အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ ညီညွတ်ရေးတပ်ဦးကို ထောက်ခံသူတွေဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ အသက် ၆၇ နှစ်ပြည့် မွေးနေ့ပွဲကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့က ဘန်ကောက်မြို့တွင် ကျင်းပခဲ့စဉ်(ဓါတ်ပုံ-ဘန်ကောက်ပို့စ်)
အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် Move Forward ပါတီ၏ အထွေထွေ အတွင်းရေးမှူးချုပ် ချိုင်တာဝပ် တူလာသွန်း (Chaithawat Tulathon) က ယင်းသည် သက်ဆင်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း၊ ၎င်းသည် ဥပဒေနှင့်အညီ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခွင့်ရှိကြောင်း ဖြေဆိုခဲ့သည်။
နိုင်ငံရေးအမှုဖြင့် စွပ်စွဲခံထားရသူများအား လွတ်ငြိမ်းခွင့်ပေးရေး ဥပဒေမူကြမ်းတစ်ခုကို အဆိုပြုမည့်ပါတီ၏ အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ချိုင်တာဝပ်က ယင်းသည် သက်ဆင်၏ ပြည်တော်ပြန်ခရီးစဉ်နှင့် သက်ဆိုင်မှုမရှိကြောင်း၊ ထိုဥပဒေမူကြမ်းသည် အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှုတို့ကြောင့် မဟုတ်ဘဲ နိုင်ငံရေး ကိစ္စဖြင့် တရားရင်ဆိုင်နေရသူများအတွက်သာ ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖြေဆိုခဲ့သည်။
သက်ဆင်သည် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် စစ်တပ်၏အာဏာသိမ်းမှုတွင် ရာထူးမှဖယ်ရှားခြင်း ခံခဲ့ရသူ ဖြစ်သည်။ ထိုအချိန်မှစ၍ ၎င်းသည် ၂၀၀၈ ခုနှစ် ထိုင်းနိုင်ငံတွင်းသို့ ခေတ္တလာရောက်ခြင်းမှလွဲကာ ပြည်ပတွင်သာ နေထိုင်ခဲ့သည်။
သက်ဆင်ပြည်ပရောက်ရှိနေချိန်တွင် ဗဟိုတရားရုံးချုပ်၏ အာဏာရ နိုင်ငံရေးသမားဆိုင်ရာ ရာဇဝတ်မှုဌာနခွဲက စွဲချက်လေးခုအတွက် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
Source:Bangkokpost
- By CNI
- Category: နိုင်ငံရေး
- Hits: 744
CNI International News
ဘရပ်ဆဲလ်၊ ဇွန်လ ၆
ရုရှားအနောက်ပိုင်းဒေသကို ယူကရိန်းလိုလားသော တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှုတွင် ယူကရိန်း အစိုးရသို့ ထောက်ပံ့ပေးထားသော ဘယ်လ်ဂျီယံလုပ် ရိုင်ဖယ်သေနတ်များ ပါဝင်နေခြင်းအပေါ် စုံစမ်းစစ်ဆေးမှု လုပ်ဆောင် သွားမည်ဟု ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန္ဒား ဒီခရိုး (Alexander De Croo) က ပြောကြောင်း အယ်ဂျာဇီးလ် ယား သတင်းတွင် ဖော်ပြထားသည်။
The Washington Post တွင် သတင်းဖော်ပြခဲ့ပြီးနောက် ဇွန်လ ၅ ရက်တွင် ဒီခရိုးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ် သည်။
ပြီးခဲ့သည့်လ ရုရှားပိုင်နက် ဘယ်လ်ဂိုရော့ဒ် (Belgorod) ဒေသသို့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှု လုပ်ဆောင် ခဲ့သည့် Freedom of Russia Legion နှင့် Russian Volunteer Corps တို့ကဲ့သို့ ရုရှားကို ဆန့်ကျင်သော တိုက် ခိုက်ရေး သမားများသည် အမေရိကန်နှင့်ပိုလန်တို့က ယူကရိန်းအစိုးရသို့ ထောက်ပံ့ထားသော ယာဉ်များကို အသုံးပြုကာ ဘယ်လ်ဂျီယံနှင့် ချက်နိုင်ငံလုပ် ရိုင်ဖယ်များကို ကိုင်ဆောင်ထားသည်ဟု သတင်းတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
သတင်းတွင် ဖော်ပြထားသည့်အတိုင်း မှန်/မမှန် ဆိုခြင်းကို သိရှိရန်အတွက် ကာကွယ်ရေးအေဂျင်စီများသည် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ကာ အချက်အလက်များ စုဆောင်းနေသည်ဟု ဒီခရိုးက Radio 1 သို့ ပြောသည်။
ယူကရိန်းမြေကို ကာကွယ်ရေးအတွက် သီးသန့် ယူကရိန်းမြေပေါ်တွင်သာ အသုံးပြုရန် ဥရောပထုတ် လက်နက် များကို ယူကရိန်းအစိုးရသို့ ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုလက်နက်များ အသုံးပြုခြင်းကို တင်းကြပ်စွာ ကန့် သတ် ထားကြောင်းလည်း ၎င်းက ပြောသည်။

ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန္ဒား ဒီခရိုးကို တွေ့ရစဉ်
ယခုကိစ္စကို ဘယ်လ်ဂျီယံနိုင်ငံဘက်က အလေးအနက်ထား ကိုင်တွယ် ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်က ပြောသော်လည်း စုံစမ်းစစ်ဆေးမှုများတွင် မှန်ကန်ကြောင်း တွေ့ရှိခဲ့ပါလျှင် မည်သို့ အရေးယူ ဆောင်ရွက်မည်ကို တော့ ဖြေဆိုရန် ငြင်းဆန်သွားခဲ့သည်။
အမေရိကန်၏ လက်နက်များနှင့် စစ်ယာဉ်များကို ဘယ်လ်ဂိုရော့ဒ်ရှိ နယ်စပ် ဖြတ်ကျော် တိုက်ခိုက်မှုများတွင် အသုံးပြုနေသည် ဆိုခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမည်ဟုလည်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျွန်ကာဘီ (John Kriby) က ပြောသည်။
ပြီးခဲ့သည့်လ အယ်ဂျာဇီးလ်ယားနှင့် အင်တာဗျူး အစီအစဉ်တစ်ခုတွင် Freedom of Russia Legion အဖွဲ့၏ နိုင်ငံရေး ကိုယ်စားလှယ်ဖြစ်သူ အီယာ ပိုနိုမာရတ်ဗ် (Ilya Ponomarev) က အထက်ဖော်ပြပါ တပ်ဖွဲ့နှစ်ခုသည် အပြည်ပြည်ဆိုင်ရာတပ်ဖွဲ့ဝင်များ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့စာရင်းတွင် ပါဝင်နေခြင်းကြောင့် ရိုင်ဖယ်နှင့် စက်သေနတ်ကဲ့သို့ အခြေခံစစ်ဘက်သုံး အသုံးအဆောင်များသည် ယူကရိန်းရှိ တိုက်ခိုက်ရေးသမားများ၏ ပုံမှန် အသုံးအဆောင်များသာ ဖြစ်သည်ဟု ပြောခဲ့သည်။

ရုရှားပိုင်နက် ဘယ်လ်ဂိုရော့ဒ် (Belgorod)ဒေသကိုတွေ့ရစဉ်
သာမာန် အသုံးအဆောင် လက်နက်များသည် စစ်တပ်ထံမှ ရရှိကြောင်း၊ ကျန်သည့် လက်နက်ကြီးများမှာ တိုက်ပွဲ အတွင်းသိမ်းဆီး ရမိခြင်းဖြစ်ကြောင်း၊ တင့်ကားများကဲ့သို့ အကြီးစား စစ်လက်နက်များကို ရုရှားတပ်များ ဆုတ်ခွာ သွားကာ ခါကိ (Kharkiv) ဒေသမှ ရရှိခြင်းဖြစ်ကြောင်း၊ ယင်းတို့ကို ဘယ်လ်ဂိုရော့ဒ် တိုက်ပွဲတွင် ပြန်လည် အသုံး ပြုနေခြင်းဖြစ်ကြောင်း ပြောသွားခဲ့သည်။
စေတနာဝန်ထမ်း တိုက်ခိုက်ရေးသမားများ၏ ရုရှားဘက်သို့ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခြင်းတွင် ယူကရိန်းစစ်တပ် ပါဝင် ပတ်သက်မှု ရှိသည်ဟုလည်း ယူကရိန်းအရာရှိများက ပြောသည်။
Source: အယ်ဂျာဇီးလ်ယာ
- By CNI
- Category: နိုင်ငံရေး
- Hits: 995
CNI International News
စင်္ကာပူ၊ ဇွန်လ ၅
တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ (Li Shangfu)က အမေရိကန်နှင့် ထိပ်တိုက်တွေ့ဆုံမှုကို တွေ့ဆုံညှိနှိုင်းရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး နှစ်နိုင်ငံပဋိပက္ခဖြစ်ပွားခြင်းက ကမ္ဘာကြီးအတွက် ဆိုးရွားသော ဘေးအန္တရာယ်ကို ဖြစ်စေလိမ့်မည်ဟု သတိပေးခဲ့ကြောင်း Al Jazeera သတင်းမှ ဖော်ပြခဲ့သည်။
Shangri-La Dialogue ညီလာခံ၌ စကားပြောဆိုခဲ့ရာတွင် လီက တရုတ်နှင့် အမေရိကန်တို့သည် အတူတကွ တိုးတက်လာ၍ရသည်ဟု ပြောခဲ့သည်။
တရုတ်နှင့် အမေရိကန်တို့တွင် ကွဲပြားသည့် စနစ်များနှင့် ကွဲပြားခြားနားမှု များစွာရှိကြောင်း လီက ပြောသည်။
သို့သော် ထိုအချက်က နှစ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးနှင့် နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်မှုတို့ကို ဖော်ဆောင်ရန် ဘုံအကျိုးစီးပွား ရှာဖွေခြင်းကို တားဆီးမှု မဖြစ်သင့်ကြောင်း လီက ပြောသည်။
နှစ်နိုင်ငံကြား ပြင်းပြင်းထန်ထန် ပဋိပက္ခ ဖြစ်ပွားမှုနှင့် ထိပ်တိုက် တွေ့ဆုံမှုများက ကမ္ဘာကြီးအတွက် ပြင်းထန် သော ဘေးအန္တရာယ်ကို ဖြစ်စေလိမ့်မည်ဟုလည်း ၎င်းက ပြောသည်။

Tai Wan ကိုတွေ့ရစဉ်
တရုတ်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေးများသည် ထိုင်ဝမ် ဒီမိုကရေစီအရေး၊ တောင်တရုတ်ပင်လယ် အတွင်း နယ်နိမိတ် အငြင်းပွားမှုအပြင် တရုတ်သို့ semiconductor chip များ တင်သွင်းခြင်းအပေါ် သမ္မတ ဘိုင်ဒန် (Biden) ၏ ပိတ်ပင်မှု စသည့် အကြောင်းအရာ မျိုးစုံကြောင့် ဆိုးရွားလျက်ရှိသည်။
နောက်ဆုံး ပေါ်ပေါက်ခဲ့သည့် တင်းမာမှုတွင် အမေရိကန်စစ်တပ်က တရုတ်ရေတပ်သည် ထိခိုက်မခံသော ထိုင်ဝမ် ရေလက်ကြားတွင်း အမေရိကန်ဖျက် သင်္ဘောတစ်စင်းအနီးတွင် အန္တရာယ်များသော လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ သည်ဟု စွပ်စွဲခဲ့သည်။
တရုတ်ဘက်ကလည်း အမေရိကန်သည် ထိုင်ဝမ်ဒီမိုကရေစီရေးကို အားပေးခြင်းဖြင့် ရန်စသော၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်စေလျက် ရှိသည်ဟု စွပ်စွဲခဲ့သည်။
စင်္ကာပူအစည်းအဝေး၌ စကားပြောဆိုခဲ့ရာတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Ausitn) က အမေရိကန်သည် ထိုင်ဝမ်၏ အခြေအနေကို ဆက်လက် ထိန်းသိမ်းရန် အလေးအနက်ထား ဆောင်ရွက် နေသည်ဟု ပြောသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို တွေ့ရစဉ်
ထို့အပြင် ၎င်းသည် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပရေး ကမ်းလှမ်းမှုအပေါ် တရုတ်၏ ငြင်းဆန်မှုကို ဝေဖန် ပြောဆိုခဲ့မှုကြောင့် အင်အားကြီးနိုင်ငံများကြား တင်မာမှုများကို ဆက်ရှိစေခဲ့သည်။
တရုတ်ဘက်မှ နှစ်နိုင်ငံ စစ်တပ်များအကြား ပဋိပက္ခ စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သော အခြေအနေ တစ်ရပ် ဖြစ်လာစေရန် အာရုံစူးစိုက်မှု အပြည့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လိုမှု မရှိခြင်းအပေါ် စိုးရိမ်မိ သည်ဟု အော်စတင်က စင်္ကာပူအစည်းအဝေးတွင် ပြောခဲ့သည်။
ဆွေးနွေးမှု များများပြုလုပ်လေလေ၊ ပဋိပက္ခ သို့မဟုတ် ထိပ်တိုက်တွေ့ဆုံမှုကို ဖြစ်စေသည့် အထင်လွဲမှု၊ မှားယွင်း တွက်ချက်မှုများ လျော့ကျလေလေ ဖြစ်သည်ဟုလည်း အော်စတင်က ဆက်လက် ပြောဆိုခဲ့သည်။
Soure: Aljazeera
