- By CNI
- Category: အားကစား
- Hits: 1042
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ဆားဘီးယားတင်းနစ်သမား ဂျိူကိုဗစ်က သြစတြေးလျကနေ ပြည်နှင်ဒဏ် ပေးခံရတာကို ဘယ်တော့မှ မေ့သွား မှာမဟုတ်ဘဲ ဘဝတလျှောက် သူနဲ့အတူ ရှိသွားမှာလို့ ပြောလိုက်ပါတယ်။
ဂျိူကိုဗစ်က “ဒီအဖြစ်အပျက်တွေက မေ့လို့ရမှာ မဟုတ်ပါဘူး။ ဒါက စွဲမြဲနေတဲ့ အရာတစ်ခုဖြစ်ပြီး၊ ကျန်ရှိနေတဲ့ ဘဝတလျှောက်လုံးမှာ အတူရှိနေတော့မယ်လို့ ထင်ပါတယ်။ ဒါဟာ ကျနော်ဘယ်တော့မှ မတွေ့ကြုံခဲ့ဖူးတဲ့ အရာ ဖြစ်ပြီး နောက်လည်း ဘယ်တော့မှ ဒီလို ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါက ကျနော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံဖြစ်ပြီး ဆက်သွားရမှာပါ”လို့ ရေးသားခဲ့တာပါ။
ဂျိူကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ်က သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကိုဗစ် ကာကွယ်ဆေး မထိုးတဲ့ အခြေအနေကြောင့် ထိန်းသိမ်းခံခဲ့ရပြီး အိမ်ပြန်စေလွှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဆားဘီးယား တင်းနစ်သမားဟာ သြစတြေးလျ ထိန်းသိမ်းရေးစခန်းမှာ ၅ ည နေထိုင်ခဲ့ရတာပါ။ အစတုန်းက သြစတြေးလျဟာ ဂျိုကိုဗစ်ကို ပြိုင်ပွဲဝင်ခွင့် ၃ နှစ် ပိတ်ပင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီပိတ်ပင်မှုကို ပြန်ပယ်ဖျက် ခဲ့တာ ဖြစ်ပါတယ်။

ဂျိူကိုဗစ်ကိုတွေ့ရစဉ်
အဲ့ဒါကြောင့် ၂၀၂၃ မှာ ကျင်းပမယ့် သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ဂျိူကိုဗစ် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။ ဂျိူကိုဗစ်ဟာ ကစားသမားဘဝမှာ သြစတြေးလျ အိုးပန်းချန်ပီယံဆုကို ၉ ကြိမ် ရယူထားတာကြောင့် ၁၀ ကြိမ် မြောက် ရယူနိုင်ဖို့ ရည်မှန်းနေတာ ဖြစ်ပါတယ်။
ဂျိူကိုဗစ်က “သြစတြေးလျကို ပြန်လာပြီး ကစားခွင့်ရဖို့အတွက် ခွင့်ပြုချက် ရယူနိုင်ဖို့ ကျနော်တကယ်ကို မျှော်လင့်ခဲ့တာပါ။ ဒီနိုင်ငံဟာ ကျနော့်ရဲ့ ကစားသမားဘဝမှာ ထူးထူးခြားခြား အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ နေရာမို့လို့ပါပဲ”လို့ ပြောခဲ့တာပါ။
ဂျိူကိုဗစ်ဟာ သြစတြေးလျ အိုးပန်းပြိုင်ပွဲ မစခင်ကျင်းပမယ့် အဒီလိတ် နိုင်ငံတကာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပြီး သြစတြေးလျ အိုးပန်းပြိုင်ပွဲကတော့ ဇန်နဝါရီ ၁၆ ရက်ကနေ ၂၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
သြစတြေးလျအိုးပန်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကတော့ ရာဖေးလ်နာဒယ်လ်ဖြစ်ပြီး ဗိုလ်လုပွဲမှာ မက်ဗီဒက်ဗ်ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1193
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်တဲ့ ဘရာဇီးလ်ဂန္ထဝင် ပီလီဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီးဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်ရှိပြီ ဖြစ်ပါတယ်။
ပီလီဟာ မကြာသေးခင်နှစ်တွေမှာ ကျောက်ကပ်နဲ့ ဆီးကျိတ်ဝေဒနာကို ခံစားခဲ့ရပြီး နိုဝင်ဘာလ နှောင်းပိုင်း ကတည်းက ဆော်ပေါ်လိုရှိ အယ်လ်ဘတ်အိုင်းစတိုင်းဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတာပါ။ ပီလီဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ်ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး သူကွယ်လွန်သွားခဲ့တဲ့အပေါ် ကမ္ဘာကျော်ဘောလုံးသမားအများအပြားက ဝမ်းနည်းကြောင်း ရေးသားခဲ့ကြတာဖြစ်ပါတယ်။
ဘရာဇီးလ်ဂန္ထဝင်ရော်နယ်ဒိုက “တကယ်ကို ပြီးပြည့်စုံတဲ့ အနှိုင်းမဲ့ပါပဲ။သူဟာ ထိပ်ဆုံးနေရာကနေ ဘယ်တော့မှ မထွက်ခွာခဲ့ပေမယ့် ဒီနေ့မှာတော့ ကျနော်တို့ကို ထားသွားခဲ့ပါတယ်။ဘောလုံးလောကရဲ့ ဘုရင်၊ အချိန်တိုင်းရဲ့ အကောင်းဆုံးကစားသမားပါ။သူ့ရဲ့အမွေအနှစ်တွေက မျိုးဆက်တွေကို ကျော်လွန်သွားခဲ့ပါတယ်။ဒီနေ့ရော အမြဲတမ်းပါ ခင်ဗျားကို ဂုဏ်ပြုနေမှာပါ။ကျေးဇူးတင်ပါတယ် ပီလီ၊ ငြိမ်းချမ်းစွာအနားယူနိုင်ပါစေ” လို့ ရေးသား ခဲ့တာပါ။
ဘရာဇီးလ်ကြယ်ပွင့် နေမာကလည်း “ပီလီမတိုင်ခင် ၁၀ ဆိုတာက နံပတ်တစ်ခုအနေနဲ့ပဲ ရှိတာပါ။ဒါကို ကျနော် ဖတ်ခဲ့ဖူးတာဖြစ်ပြီး စာကြောင်းက လှပေမယ့် မပြီးပြည့်စုံပါဘူး။ကျနော်ပြောချင်တာက ပီလီမတိုင်ခင်မှာ ဘောလုံးဆိုတာ အားကစားတစ်ခုအနေနဲပဲ ရှိခဲ့တာပါ။ပီလီဟာ အရာအားလုံးကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဘောလုံး ကို အနုပညာအဖြစ်ရော၊ ဖျော်ဖြေရေးအဖြစ်ပါ ပြောင်းခဲ့တာပါ။သူဟာ ဆင်းရဲတဲ့သူတွေ၊လူမည်းတွေ၊ အများစု ကတော့ ဘရာဇီးလ်ကို မြင်နိုင်စွမ်းရှိအောင် လုပ်ပေးခဲ့ပါတယ်။သူသွားပြီဆိုပေမယ့် သူ့ရဲ့ မှော်ပညာတွေကတော့ ကျန်နေပါသေးတယ်”လို့ ရေးခဲ့ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုကတော့ “ဘရာဇီးလ်နိုင်ငံသားတွေအားလုံးနဲ့ ပီလီရဲ့ မိသားစုတွေကို အလေးအနက်ဝမ်းနည်းကြောင်းပြောချင်ပါတယ်။ထာဝရဘုရင်ကို နှုတ်ဆက်ခြင်းသာဖြစ်ပြီး နာကျင်မှုကို ဖော်ပြဖို့ လုံလောက်မှာမဟုတ်ပါဘူး။ကျနော့်အပေါ် သူပြသခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေဟာ အပြန်အလှန်သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။သူဟာ ဘယ်တော့မှပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။သူ့ရဲ့အမှတ်တရတွေဟာ ဘောလုံးချစ်တဲ့သူ တိုင်းအတွက် ထာဝရရှင်သန်နေမှာပါ” လို့ ရေးခဲ့တာ ဖြစ်ပါတယ်။
မက်ဆီကတော့ “ငြိမ်းချမ်းစွာအနားယူပါလို့” ရေးသားခဲ့ပြီး ဘတ်ပီက “ဘောလုံးဘုရင်က ကျနော်တို့ကို ထားခဲ့ ပေမယ့် သူ့ရဲ့အမွေအနှစ်ကတော့ ဘယ်တော့မှမေ့ပျောက်သွားမှာ မဟုတ်ပါဘူး။ငြိမ်းချမ်းစွာအနားယူပါ ဘုရင်” လို့ ရေးခဲ့တာပါ။
ပီလီဟာ ဘရာဇီးလ်အတွက် ၉၂ ပွဲကစားပြီး ၇၇ ဂိုးသွင်းယူကာ ၂၁ နှစ်ကြာ ကစားသမားဘဝမှာ စံချိန်တင်ဂိုး ပေါင်း ၁၂၈၁ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ပီလီဟာ ၂၀၀၀ ခုနှစ်က ဖီဖာရဲ့ရာစုနှစ်အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
Source:Eurosport,DailyMail
- By CNI
- Category: အားကစား
- Hits: 958
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အာဂျင်တီးနား ဂိုးသမား မာတီးနတ်စ်နဲ့ စကားလုံးစစ်ပွဲကို စတင်ဖို့အတွက် အချိန်ဖြုန်းတီးနေမှာ မဟုတ်ဘူးလို့ ပြောလိုက် ပါတယ်။
ဘတ်ပီက “သူတို့က ကျနော့်ရဲ့ ပြဿနာမဟုတ်ပါဘူး။ ဒီလို အရာတွေနဲ့ပတ်သက်ပြီး ကျနော့်မှာ အချိန်ဖြုန်းတီးဖို့ စွမ်းအားတွေ မရှိပါဘူး။ ဘယ်တော့မှချေဖျက်ပြီး တုန့်ပြန်နေမှာ မဟုတ်ပါဘူး။ နည်းပြနဲ့ အသင်းဖော်တွေကို ကျနော် ပြောခဲ့သလိုပဲ ကျနော့်အသင်းက နိုင်ငံအသင်း ရှုံးနိမ့်မှုအတွက် ပေးချေရမယ်ဆိုတဲ့ အကြောင်းပြချက် မရှိပါဘူး။ ဒါဟာ မတူညီတဲ့ အခြေအနေနှစ်ခုပါ”လို့ ပြောခဲ့တာပါ။
မာတီးနတ်စ်ဟာ ကမ္ဘာ့ဗိုလ်လုပွဲအပြီး အဝတ်စားလဲခန်းအတွင်း အောင်ပွဲခံတာမှာ ဘတ်ပီအတွက် တစ်မိနစ် လောက် ငြိမ်သက်ပေးပါလို့ ပြောပြီး အားလုံးက လှောင်ပြောင်ကာ အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဗျူနိုအေရိစ်မှာ ကမ္ဘာ့ဖလား ချန်ပီယံဆုအတွက် အောင်ပွဲခံတာမှာလည်း ဘတ်ပီရဲ့ မျက်နှာပါဝင်တဲ့ ကလေးအရုပ်ကို ကိုင်ဆောင်ပြီး အောင်ပွဲခံခဲ့တာပါ။ ဘတ်ပီကတော့ ဒါနဲ့ ပတ်သက်ပြီး တုန့်ပြန်နေမှာ မဟုတ်ဘူး လို့ ပြောခဲ့ပါတယ်။

ဘတ်ပီ၊ မက်ဆီ၊ မာတီးနတ်စ်တို့ ဆုများ လက်ခံရယူနေစဉ်
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းက စထရာဘောင်းအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားခဲ့ပြီး နာကျင်အချိန်ပိုမှာ အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘတ်ပီဟာ ဂိုးသွင်းရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သလို ဒီရာသီမှာ ပီအက်စ်ဂျီအသင်း အတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားထားပြီး ၂၀ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
စထရာဘောင်းကို အနိုင်ရတဲ့ပွဲမှာ မက်ဆီကလွဲပြီး ပီအက်စ်ဂျီအသင်းမှာ ကမ္ဘာ့ဖလား သွားရောက်ခဲ့တဲ့ ကစား သမားတွေ အကုန် ပါဝင်လာခဲ့တာပါ။ မက်ဆီကိုတော့ ဇန်နဝါရီလ ပထမအပတ်မှာ အသင်းနဲ့ လာရောက် ပူးပေါင်းဖို့ နည်းပြ ဂယ်လ်တီယာက ပြောထားပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1447
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉
ပီအက်စ်ဂျီအသင်း ကြယ်ပွင့်ကစားသမား နေမာဟာ စထရာဘောင်း အသင်းနဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်မှာ ဟန်ဆောင်ပြီး ဒိုင်ဗင်ထိုးခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားအပြီးမှာ ပီအက်စ်ဂျီအသင်းအတွက် ပထမဆုံး ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တဲ့ နေမာဟာ ၂ မိနစ် အတွင်းမှာပဲ အဝါကတ် ၂ ကြိမ် ပြသခံခဲ့ရပြီး ထုတ်ပယ် ခံခဲ့ရတာပါ။
ပီအက်စ်ဂျီအသင်း ကစားသမားဟာ ပွဲချိန် ၆၁ မိနစ်မှာ အဝါကတ် ပြသခံခဲ့ရပြီး နောက်တစ်မိနစ် အကြာမှာ ဧရိယာအတွင်း ပင်နယ်တီရဖို့ ဒိုင်ဗင်ထိုးခဲ့တာကြောင့် ဒိုင်လူကြီးက ဒုတိယအဝါကတ်နဲ့ အနီကတ်ကို ချက်ချင်း ပြသပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအနီကတ်ဟာ နေမာရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ ၅ ကြိမ်မြောက် ပြသခံခဲ့ရတဲ့ အနီကတ်လည်း ဖြစ်ခဲ့ပါတယ်။
ပရိသတ်တွေကတော့ ဟန်ဆောင်ပြီး ဒိုင်ဗင်ထိုးခဲ့တဲ့ နေမာကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဘတ်ပီကန်သွင်းနေစဉ်
ပရိသတ်တစ်ဦးက “နေမာအနေနဲ့ ဒိုင်ဗင်ထိုးမယ်ဆိုရင်လည်း မှန်မှန်ကန်ကန်နဲ့ပဲ လုပ်ပါ။ အနီကတ် ထိအောင် တော့ မလုပ်ပါနဲ့။ ဒါက နေမာရဲ့ မိုက်မဲမှုပါ”လို့ ရေးသားခဲ့တာပါ။
နောက်တစ်ဦးကတော့ “နေမာဟာ အိုလံပစ် အားကစားပြိုင်ပွဲမှာ ပရော်ဖက်ရှင်နယ် ရေငုပ်သမားဖြစ်နိုင်တယ်”လို့ ရေးသားခဲ့သလို နောက်ထပ် တစ်ဦးကလည်း “နေမာအနေနဲ့ အလွန်ရယ်စရာ ကောင်းတဲ့ ပင်နယ်တီကို ရယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါဟာ ဒိုင်ဗင်ထိုးတယ်ဆိုတာ အလွန်ရှင်းလင်းပါတယ်”လို့ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ပီအက်စ်ဂျီအသင်းဟာ စထရာဘောင်းအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးကို မာကွင်ဟိုစ်က သွင်းယူခဲ့ပေမယ့် သူကပဲ စထရာဘောင်းအတွက် ကိုယ့်ဂိုး ကိုယ် ပြန်သွင်းပေးခဲ့တာဖြစ်ပြီး အနိုင်ဂိုးကို ဘတ်ပီက နာကျင်အချိန်ပို ၆ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူသွား ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီနိုင်ပွဲကြောင့် လီဂူးဝမ်း အမှတ်ပေးဇယားမှာ ဒုတိယနေရာက လန်းစ်အသင်းကို ၈ မှတ် ဖြတ်ပြီး ဦးဆောင်နေတာပါ။
ပီအက်စ်ဂျီအသင်းဟာ လာမယ့် လီဂူးဝမ်းပွဲစဉ်အဖြစ် ဇန်နဝါရီ ၂ ရက်မှာ လန်းစ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1350
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉
ဂွာဒီယိုလာက တိုက်စစ်မှူး ဟာလန်းရဲ့အခုပုံစံက သူ့အတွက်တော့ အကောင်းဆုံးပုံစံမဟုတ်သေးဘဲ ဒီထက် ပိုပြီးကောင်းလာနိုင်သေးတယ်လို့ လိဒ်စ်အသင်းကို အနိုင်ရတဲ့ ပွဲအပြီးမှာ ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “သူဟာ အခွင့်အရေးတွေကို လွဲချော်ခဲ့ပေမယ့် ပိုပြီးကောင်းလာနိုင်တယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။ကိန်းဂဏန်းတွေကတော့ ထူးခြားပါတယ်။ဒါက သူလုပ်ဆောင်ပြနေတဲ့ သူ့ရဲ့ အကောင်းဆုံး ပုံစံတောင် မဟုတ်သေးဘူးလို့ ကျနော်ကတော့ ခံစားရပါတယ်။ဒါဟာ အချိန်ကာလတစ်ခုသာဖြစ်ပြီး သူ့ အတွက် တော့ ကျနော်ဝမ်းသာပါတယ်။ဒါပေမယ့် ရာသီအစမှာ သူဟာ အရှိန်ကောင်းမွန်ခဲ့ပြီး၊ အခုက အနည်းငယ် ရုန်းကန် နေရပေမယ့် အချိန်က မေးခွန်းထုတ်စရာပါပဲ။ ရာသီပထမပိုင်းမှာ သူပိုပြီးထက်မြက်တယ်လို့ ခံစားခဲ့ရကြောင်း” ပြောခဲ့တာပါ။

မန်စီးတီးအသင်းက လိဒ်စ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဟာလန်းဟာ အသင်း အတွက် ၂ ဂိုးသွင်းယူခဲ့တာပါ။ဒီဂိုးတွေကြောင့် သူဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းဟာ ၁၄ ပွဲတည်းနဲ့ သွင်းဂိုး ၂၀ ပြည့်တာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ အမြန်ဆုံး သွင်းဂိုး ၂၀ ပြည့်တဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။
ဟာလန်းဟာ ဒီရာသီ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားထားအပြီးမှာ ၂၆ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ ဟာလန်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမယှဉ်ပြိုင်ခဲ့ရတာက သူ့ကို ဆာလောင်မှုပိုပြီးပြင်းထန်လာဖို့ တွန်းအား ပေးသလိုဖြစ်ခဲ့တယ်လို့ ပြောခဲ့တာပါ။
ဟာလန်းက “ကျနော် အိမ်မှာရှိနေခဲ့ပြီး ကမ္ဘာ့ဖလားမှာ မပါဝင်ရလို့ အနည်းငယ်တော့ ရူးသွပ်မိခဲ့ပါတယ်။ ကျနော့ ရဲ့ ကုန်ဆုံးသွားတဲ့ ခွန်အားတွေကို ပြန်ပြီးဖြည့်သွင်းနေခဲ့ပါတယ်။ကမ္ဘာ့ဖလားမှာ အနိုင်ရဖို့ တခြားသူတွေ ဂိုးသွင်း နေရတာကို ကြည့်ရတာက ကျနော့ကိုပိုပြီး လှုံဆော်မှုတွေပေးပါတယ်။ အရင်ကထက်ပိုပြီး ဆာလောင်သလို အဆင်သင့်လည်းဖြစ်နေပါပြီ” လို့ Amazon ကို ပြောခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လိဒ်စ်အသင်းကို အနိုင်ရခဲ့လို့ အမှတ်ပေးဇယားအဆင့် ၂ နေရာကို ပြန်လည်ရောက်ရှိ လာခဲ့ပြီး အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၅ မှတ် ကွာဟနေတာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 1786
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈
အယ်လ်နာဆာအသင်းဥက္ကဋ္ဌ အယ်လ်မူအန်မာက ရော်နယ်ဒိုကို ငွေကြေးအများအပြားနဲ့ ဆော်ဒီလိဂ်ကို လာရောက်ဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။
အခုပျံ့နှံနေတဲ့ သတင်းတွေထဲက “အများစုဟာ အလိမ်အညာ”တွေဖြစ်တယ်လို့ အယ်လ်နာဆာ အသင်းဥက္ကဋ္ဌက ပြောခဲ့တာကို စပိန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းသစ် ရှာဖွေနေပါတယ်။
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို တစ်နှစ်လုပ်ခ ပေါင် ၁၇၃ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်း အားကစားဒါရိုက်တာကတော့ သူ့ဘက်ကတော့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောခွင့် မရှိဘူးလို့ ပြောထားတာပါ။

ရော်နယ်ဒိုကိုတွေ့ရစဉ်
မာဆယ်လိုဆလာဇာက “ဒီနှစ်ကုန်တဲ့အထိ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်လိုက်ပါ။ ဒါက ကလပ်အတွက် တင်မဟုတ်ဘဲ ကြီးမားတဲ့ ညှိနှိုင်းမှုတစ်ခုပါ။ ဒါက နိုင်ငံအတွက်ရော ကမ္ဘာ့ဘောလုံးအတွက်ပါ တာဝန်ရှိသူတွေ လုပ်ဆောင်ပေးရမယ့် အရာပါ။ ကျနော်ပြောနိုင်တာက ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ သူ့ရဲ့ နိုင်လိုစိတ်တွေကြောင့် အားကစားသမားတစ်ဦး အနေနဲ့ စံနမူနာပါပဲ”လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ၂၀၃၀ အထိ စာချုပ်ချုပ်မယ်လို့ ဖော်ပြနေပြီး ကစားသမားဟာ ဆော်ဒီနိုင်ငံက ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ပြုလုပ်ဖို့ ကြိုးပမ်းတာမှာ သံတမန်အဖြစ် ဆောင်ရွက်ပေးရမယ်လို့ သိရပါတယ်။
ရော်နယ်ဒိုအတွက် နောက်ထပ် ရွေးချယ်စရာအသင်းကတော့ ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်းဖြစ်ပြီး အဲဒီ အသင်းကတော့ ကစားသမားကို ခေါ်ယူချင်ပေမယ့် လုပ်ခလစာ ပေးချေဖို့ မတက်နိုင်ဘူးလို့ ပြောထားပါတယ်။
ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အနားယူနေပြီး မကြာခင်မှာ သူကစားမယ့် အသင်းသစ်ကို အတည်ပြုပေးဖွယ်ရှိနေပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 1137
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်းမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီနေထိုင်ခဲ့တဲ့ ဟိုတယ်အခန်းကို ပြတိုက်ငယ်အဖြစ် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းဘက်ကို ၂ ဂိုးသွင်းယူပြီး အာဂျင်တီးနားအသင်းကို နှစ်ပေါင်း ၃၆ နှစ်အကြာမှ ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ဒီပြိုင်ပွဲမှာ ၇ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးကာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီရဲ့ ကစားသမားဘဝကို ပြီးပြည့်စုံသွားဖို့အတွက် လိုအပ်နေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို အရယူနိုင်ခဲ့ တာပါ။

ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့သော မက်ဆီကိုတွေ့ရစဉ်
အခုဆိုရင် ကာတာကမ္ဘာ့ဖလားအတွင်း မက်ဆီ နေထိုင်ခဲ့တဲ့ ကာတာတက္ကသိုလ်က အခန်းကို ပြတိုက်ငယ်အဖြစ် ပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဒိုဟာမှာ အခြေကျ ခဲ့တာမှာ အဲဒီတက္ကသိုလ်ကျောင်းဝန်းကို အသုံးပြုခဲ့ရတာပါ။
အာဂျင်တီးနားအသင်း ချန်ပီယံဆုကို ရယူပြီးနောက် ဂုဏ်ပြုတဲ့အနေနဲ့ မက်ဆီတည်းခိုခဲ့တဲ့ အခန်းကို ပြတိုက် အဖြစ် ပြုလုပ်ဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီပြတိုက်အတွင်းမှာ ဘယ်လိုအရာတွေ ထားရှိသွားမလဲဆိုတာတော့ မသိရသေးပါဘူး။
မက်ဆီကတော့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူပြီးနောက် အာဂျင်တီးနားမှာ အောင်ပွဲခံမှုတွေ ပြုလုပ်နေပြီး နှစ်သစ်ကို မွေးရပ်မြေမှာပဲ ကုန်ဆုံးသွားဖို့ ရှိနေတာပါ။ ပီအက်စ်ဂျီအသင်းကတော့ မက်ဆီကို ဇန်နဝါရီလ ပထမအပတ်မှာ လာရောက် ပူးပေါင်းမှုတွေ ပြုလုပ်ဖို့ ပြောထားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လက်ရှိအချိန်မှာ ပြန်လည် စတင်နေပြီဖြစ်တဲ့ လီဂူးဝမ်းပွဲစဉ်တွေကို ယှဉ်ပြိုင်နေပြီး မက်ဆီ တစ်ဦးတည်းကလွဲကာ ကစားသမား အစုံအလင် ပါဝင်နေခဲ့တာပါ။ မက်ဆီအနေနဲ့ ဇန်နဝါရီ ၇ ရက်မှာ ကစားမယ့် ဖလားပွဲစဉ်မှသာ ပီအက်စ်ဂျီအသင်းအတွက် ပြန်လည် ပါဝင်နိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1099
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက ဘုန်းမောက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာ ရရှိသွားတဲ့ ရီစီဂျိမ်းစ်ရဲ့ ဒဏ်ရာအခြေအနေကို စိုးရိမ်ပေမယ့် မဆိုးရွားဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ဂရေဟမ်ပေါ်တာက “တူညီနေတဲ့နေရာမှာပဲ ဒဏ်ရာရခဲ့လို့ ကျနော်တို့ စိုးရိမ်ပါတယ်။ပြောဖို့ကတော့ စောလွန်း ပါသေးတယ်။နောက်ထပ် ၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာတော့ တွေ့မြင်ရမှာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင် ခဲ့ရလို့ အလွန်စိတ်ပျက်နေတဲ့ သူ့အတွက်တော့ ဒါဟာ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပါပဲ။ဒီနေ့မှာ သူ့ရဲ့အရည် အသွေးတွေနဲ့ အသင်းအပေါ် ယူဆောင်လာတဲ့အရာတွေကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ အရင်ကလောက် မဆိုးရွား ဖို့နဲ့ အမြန်ဆုံးပြန်ကောင်းလာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့တာပါ။
ရီစီဂျိမ်းစ်ဟာ ချယ်လ်ဆီးအသင်းက ဘုန်းမောက်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပွဲချိန် ၅၃ မိနစ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဆက်မကစားနိုင်တော့လို့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။ရီစီဂျိမ်းစ်ဟာ ဒူးဒဏ်ရာကြောင့် အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်နိုင်ခဲ့သလို အဲဒီနောက်မှာ ဒီပွဲဟာ ပထမဆုံး ကစားခဲ့တဲ့ ပွဲလည်းဖြစ်ပါတယ်။ဒါပေမယ့် အင်္ဂလန်ကစားသမားဟာ ဒဏ်ရာပြန်လည်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၅ ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီး ဒါကို ဘုန်းမောက်အသင်းနဲ့ပွဲမှာ အဆုံးသတ်နိုင်ခဲ့တာပါ။ချယ်လ်ဆီးအတွက်ဂိုးတွေကို ဟာဗတ်ဇ်နဲ့ မေဆန်မောင့်တို့က ပထမပိုင်းမှာတင် သွင်းယူခဲ့တာဖြစ်ပါတယ်။ဂရေဟမ်ပေါ်တာက “ဒါဟာ အသင်းတစ်သင်းအနေနဲ့ ကျနော်တို့ အတွက် ခြေလှမ်းအသစ်ပါပဲ။ဒီနိုင်ပွဲအတွက် ကစားသမားတွေကို ချီးကျူးချင်ပါတယ်။ပထမပိုင်းရဲ့ စွမ်းဆောင်ရည် ကကောင်းမွန်ခဲ့ပြီး ထိုက်တန်တဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီပွဲအနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၈ နေရာမှာပဲ ဆက်လက် ရပ်တည်နေပြီး အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၆ မှတ်ကွာဟနေပါတယ်။ချယ်လ်ဆီးအသင်းဟာ လာမယ့်ပွဲစဉ် အဖြစ် ဇန်နဝါရီ ၁ ရက်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1537
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈
တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်က ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ် လက်အောက်မှာ စိတ်နေသဘောထား ပြောင်းလဲသွားခဲ့တယ်လို့ နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာ ပြောလိုက် ပါတယ်။
ရက်ရှ်ဖိုဒ့်က “ကျနော်ကစားခဲ့တဲ့ပွဲတွေလောက် ကောင်းလားဆိုတာ မသိပေမယ့် သေချာတာကတော့ ပျော်ရွှင် နေတယ်ဆိုတာပါပဲ။ကျနော်တို့ဟာ ပွဲတွေအများကြီးအနိုင်ရလာသလို အဆင့်အတန်းကလည်း ပိုပြီးမြင့်မားလာ ပါတယ်။ဖွံ့ဖြိုးတိုးတက်လာလို့ ပျော်ရွှင်ပြီး ဒီလိုပဲဆက်ပြီး ကစားသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ မတူညီတဲ့ ဘောလုံးကစားတာနဲ့အတူ မတူညီတဲ့အသင်းဖြစ်လာသလို ပြီးခဲ့တဲ့ရာသီနဲ့ စိတ်နေသဘောထား ကလည်း လုံးဝကွဲပြားသွားခဲ့တယ်” လို့ Amazon Prime ကို ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ရက်ရှ်ဖိုဒ့်၊ မာရှယ်နဲ့ဖရက်ဒ်တို့က ၁ ဂိုးစီသွင်းယူခဲ့တာဖြစ်ပါတယ်။ရက်ရှ်ဖိုဒ့်ဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ဒီရာသီ ယူနိုက်တက်အတွက် သွင်းဂိုး ၁၀ ဂိုးပြည့်သွားခဲ့တာပါ။ဒါဟာ ရက်ရှ်ဖိုဒ့်အတွက်တော့ ပြီးခဲ့တဲ့ရာသီမှာ သွင်းယူ ခဲ့တဲ့ ဂိုးထက် ၂ ဆဖြစ်ခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖိုဒ့်က “ရှေ့တန်းမှာ ကစားတဲ့သူတိုင်းကတော့ သူတို့ကြိုးစားချင်တဲ့ ကိန်းဂဏန်းတွေရှိမယ်လို့ ကျနော် ထင်ပါတယ်။ကျနော်ကတော့ တစ်ရာသီတုန်းက ရခဲ့ဖူးတဲ့ သွင်းဂိုးအရေအတွက်ထက် ဂိုးပိုပြီး သွင်းယူချင်ပါတယ်။ အခုအချိန်မှာ ကျနော်ဟာ ဂိုးတွေပိုပြီးသွင်းနိုင်ဖို့အတွက် ဆက်ပြီးကြိုးစားမှာဖြစ်သလို ပွဲတွေမှာ ထိရောက်မှုရှိဖို့ အတွက်လည်း လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်နိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။မန်ချက်စတာကလပ်ဟာ ရာသီအစမှာ ရလဒ်ဆိုးခဲ့ပေမယ့် အခုအချိန်မှာ ရလဒ်ပိုင်းတွေ ပြန်ကောင်းမွန်လာခဲ့ပြီး အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။ ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာလ ၃၁ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 1038
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ယူနိုက်တက်အသင်းဟာ သူ့ကို မှားယွင်းတဲ့ ကတိတွေပေးခဲ့တယ်လို့ အိုးထရက်ဖို့ဒ် နောက်ဆုံးရာသီနဲ့ ပတ်သက်ပြီး လင်ဂတ်က ပြောလိုက်ပါတယ်။
လင်ဂတ်က “ပြဿနာက ဘာလဲဆိုတာ ကျနော်မသိပါဘူး။ ဒီနေ့အထိလည်း အဖြေမရခဲ့ပေမယ့် ကျနော် မမေးခဲ့ ပါဘူး။ သူတို့ဟာ မှားယွင်းတဲ့ ကတိတွေကို ပေးခဲ့ပါတယ်။ ကျနော် လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်ခဲ့ သလို ကစားဖို့လည်း အဆင်သင့် ဖြစ်နေခဲ့တာပါ။ လေ့ကျင့်ရေးကွင်းမှာ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အဆုံး သတ်မှာ မကစားရရင်တော့ အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒါတွေကို တကယ်မရတဲ့အတွက် အခွင့်အရေး ကတော့ နှုတ်ဆက် စကားပြောရတာပါပဲ”လို့ တယ်လီဂရပ်ကို ပြောခဲ့တာပါ။
လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီ မတိုင်ခင် ဝက်စ်ဟမ်းအသင်းမှာ အငှားသွားကစားချိန် ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ယူနိုက်တက်အသင်းက သူ့ကို ပြန်လည် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် လင်ဂတ်ဟာ ဆိုးလ်ရှား လက်ထက်မှာရော ရက်ဂ်နစ် ကိုင်တွယ်တဲ့ အချိန်မှာပါ ပွဲကစားခွင့် ဆုံးရှုံးခဲ့ ရတာပါ။ အင်္ဂလန်ကစားသမားဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး မထွက်ခွာခင် အချိန်အထိ ၄ ပွဲသာ ပွဲထွက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

လင်ဂတ်နဲ့ နည်းပြ ဖြစ်ခဲ့သူ ရက်ဂ်နစ်ကိုတွေ့ရစဉ် (BenchWarmers)
လင်ဂတ်ဟာ ယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ အသင်းကြီးအတွက် စတင်ကစားခွင့် ရခဲ့တာဖြစ်ပါတယ်။ ပွဲပေါင်း ၂၃၂ ပွဲ ပါဝင်ကစားခဲ့ကာ ၃၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းနဲ့အတူ လင်ဂတ်ဟာ ယူရိုပါလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကို ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့် အနည်းငယ်သာ ရရှိခဲ့လို့ လင်ဂတ် ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်လူစာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။
အသက် ၃၀ အရွယ်ရှိ လင်ဂတ်ဟာ ပြီးခဲ့တဲ့နွေရာသီက ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
လင်ဂတ်ဟာ နော်တင်ဟမ်ဖောရက်စ် အသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုး သွင်းယူထားပါတယ်။
Source: Goal
