CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂

ဘရာဇီးလ် လက်ရွေးစင်ဂိုးသမား အီဒါဆန်က အသင်းနည်းပြသစ်အဖြစ် ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီ ခန့်အပ်ခံရဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

အီဒါဆန်က “ကျနော်ဟာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကတ်စမဲရိုး၊ ဗီနီစီးယက်စ်၊ မီလီတာအိုတို့နဲ့ ဆွေးနွေး ခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ ကျနော်တို့ရဲ့ နည်းပြဖြစ်လာဖို့ ကြီးမားတဲ့ အလားအလာ ရှိပါတယ်။ သူ့ရဲ့ စီဗွီကို ကြည့်လိုက်ရုံပါပဲ။ သူဒီမှာရှိနေမလား၊ မရှိဘူးလားဆိုတာ မကြာခင် သိရတော့မှာပါ။ နည်းပြသစ် အမြန်ဆုံး ခန့်အပ်နိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ဘရာဇီးလ် ဒါမှမဟုတ် နိုင်ငံခြားသားနည်းပြကို ခန့်မှာလားဆိုတဲ့ စိုးရိမ်မှု အဆင့်ကို ကျနော်တို့လည်း ဖြတ်သန်းနေရပါတယ်”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ နည်းပြဖြစ်သူ တီထီဟာ ရာထူးကနေ ထွက်ခွာခဲ့ပြီးနောက် ဘရာဇီးလ် အသင်းဟာ နည်းပြသစ် မခန့်အပ်ရသေးဘဲ ယာယီနည်းပြနဲ့သာလာမယ့် ခြေစမ်းပွဲကို ကစားသွားမှာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်း နည်းပြသစ် ဖြစ်လာဖို့ အန်ဆယ်လော့တီဟာ အစောပိုင်းမှာ သတင်းတွေ ထွက်ခဲ့ပေမယ့် ရီးရယ်လ်နဲ့ အီတလီလူမျိုးနည်းပြတို့က ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီး ဂိုးသမားကတော့ အန်ဆယ်လော့တီကို ဘရာဇီးလ်နည်းပြသစ် ဖြစ်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဘရာဇီးလ် လက်ရွေးစင်ဂိုးသမား အီဒါဆန်ကိုတွေ့ရစဉ်

အန်ဆယ်လော့တီနဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် အီတလီ လူမျိုးနည်းပြကတော့ သူဟာ စပိန်ကလပ်မှာဆက်ပြီး နေချင်တယ်လို့ ပြောခဲ့တာပါ။

ဒါပေမယ့် ရီးရယ်လ်အသင်းသာ ဒီရာသီမှာ ဆုဖလားတွေ မရယူနိုင်ဘူးဆိုရင် အန်ဆယ်လော့တီရဲ့ အနာဂတ်ဟာ သံသယတွေ ရှိလာနိုင်ပြီး ဖိအားတွေအောက် ကျရောက်နိုင်တာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာအသင်းနဲ့ ၁၂ မှတ် ကွာဟနေပြီး ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ဘာစီလိုနာကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ထားတာပါ။

ဒါပေမယ့် ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီး ချယ်လ်ဆီး အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဘရာဇီးလ် အသင်းနည်းပြသစ် ဖြစ်လာနိုင်တဲ့သူတွေ စာရင်းထဲမှာ ရိုးမားအသင်းနည်းပြ မော်ရင်ဟိုလည်း ပါဝင်ခဲ့ တာပါ။ လက်ရှိ အချိန်မှာတော့ ဘရာဇီးလ်အသင်းကို လူငယ်အသင်းနည်းပြ မန်နက်ဇက်က ယာယီကိုင်တွယ် နေပြီး မော်ရိုကိုနဲ့ ခြေစမ်းပွဲကို တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Source: Goal