CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီဟာ လစ်လပ်နေတဲ့ ပြင်သစ်အသင်း ခေါင်းဆောင် ရာထူးအတွက် ခန့်အပ် ခြင်း ခံခဲ့ရတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ပြင်သစ်အသင်း ခေါင်းဆောင်ဟောင်း ဟူဂိုလိုရစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လက်ရွေးစင်ကစား သမားဘဝက အနားယူသွားခဲ့တာပါ။

ဟူဂိုလိုရစ် အနားယူပြီးနောက် အသင်းခေါင်းဆောင် ဖြစ်လာနိုင်တဲ့ ဗာရန်းကပါ အနားယူသွားခဲ့တာကြောင့် ပြင်သစ်အသင်း နည်းပြ ဒက်ချမ့်စ်ဟာ အသင်းခေါင်းဆောင်ရာထူး ခန့်အပ်ဖို့ စဉ်းစားလာခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ ဒက်ချမ့်စ်ဟာ အသင်းခေါင်းဆောင်သစ် ခန့်အပ်ဖို့ ဘတ်ပီ၊ ဂရစ်ဇ်မန်းတို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါ တယ်။

ပြင်သစ်အားကစားသတင်းစာ L'Equipe ကတော့ ဘတ်ပီကလည်း သူ့ကို လက်ရွေးစင်အသင်း ခေါင်းဆောင် ခန့်အပ်မှာကို လက်ခံခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘတ်ပီကိုတွေ့ရစဉ်

ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ ဟူဂိုလိုရစ် အနားယူပြီးကတည်းက ပြင်သစ်အသင်း ခေါင်းဆောင်တာဝန်ကို ရယူချင် ခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းကို အောင်မြင်မှု ရရှိအောင် ဦးဆောင်ပေးချင်နေတာပါ။

ဘတ်ပီဟာ ပြင်သစ်အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးခဲ့ပြီး ဟတ်ထရစ် သွင်းယူနိုင်ခဲ့ပေမယ့် အာဂျင်တီးနားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့လို့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရ တာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပြင်သစ်အသင်းကို ချန်ပီယံဖြစ်အောင် ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင် ခဲ့တာပါ။

၂၀၁၇ ကလည်း ပြင်သစ်လက်ရွေးစင် အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဘတ်ပီဟာ ၆၆ ပွဲ ပါဝင်ကစားထားပြီး ၃၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် နယ်သာလန်၊ အိုင်ယာလန်၊ ဂရိ၊ ဂျီဘရောလ်တာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။

ပြင်သစ်အသင်းဟာ မတ်လ ၂၅ ရက်မှာ နယ်သာလန် အသင်းနဲ့ အိမ်ကွင်း၊ ၂၈ ရက်မှာ အိုင်ယာလန်အသင်းနဲ့ အဝေးကွင်း ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA