CNI International News
ဝါရှင်တန်၊ မတ်လ ၁၀
ရုရှားနှင့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)တို့အကြား စစ်ရေးအန္တရာယ် ပိုကြီးနိုင်ကြောင်း အကြောင်း ပြချက်ဖြင့် ယူကရိန်းသို့ တိုက်လေယာဉ်များ ပိုလန်အကူအညီပေးရေးအဆိုပြုချက်ကို အမေရိကန်၊ ပင်တဂွန် စစ်ဌာနချုပ်က ပယ်ချခဲ့ကြောင်း ABC သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။
အမေရိကန်အစိုးရဘက်ကို တုန်လှုပ်သွားစေသည့် ပိုလန်၏ မတ်လ ၈ ရက်ကြေညာချက်သည် သမ္မတ ဗိုလိုဒီမီယာဇာလန်းစကီး၏ တိုက်လေယာဉ်များ ထပ်မံတောင်းဆိုမှုကို တုံ့ပြန်ကူညီခြင်းအဖြစ် ယူကရိန်းက မျှော်လင့်ချက်အထွတ်အထိပ်သို့ ရောက်ခဲ့သည်။
ပိုလန်၏ ယခုအဆိုပြုချက်တွင် ဂျာမနီနိုင်ငံအတွင်းရှိ အမေရိကန်လေတပ်စခန်းတစ်ခုအတွင်းမှ MiG-29 တိုက် လေယာဉ်များကို ယူကရိန်းသို့ ပေးရန် အမေရိကန်အပေါ် တောင်းဆိုခြင်းဖြင့် အမေရိကန် တာဝန်ရှိကြောင်း အဆိုပြုထားခြင်းဖြစ်သဖြင့် ပင်တဂွန်က ငြင်းပယ်ခဲ့သည်။
အမေရိကန်၊ ၎င်း၏နေတိုးမဟာမိတ်နိုင်ငံများ၊ ယူကရိန်းတို့အကြား ထောက်ပံ့ပို့ဆောင်ရေးနှင့် လှုပ်ရှား လည်ပတ် ရေးဆိုင်ရာ အသေးစိတ်အချက်လက်များ ဆွေးနွေးနေကြောင်း မတ်လ ၉ ရက်တွင် အိမ်ဖြူတော်က ကြေညာခဲ့ပြီး နာရီပိုင်းအကြာ နောက်ထပ်အံ့အားသင့်စရာအဖြစ် ပိုလန်၏အဆိုပြုချက်ကို ပင်တဂွန်စစ်ဌာနချုပ်က ပယ်ချခဲ့ သည်။
“အခုအချိန်မှာ ယူကရိန်းလေတပ်သို့ နောက်ထပ်တိုက်လေယာဉ်တွေ လွှဲပေးခြင်းကို ကျနော်တို့ မထောက်ခံတဲ့ အတွက် အဲဒီကိစ္စ ကျနော်တို့စစ်ရေးလုပ်ငန်းစဉ်ထဲမှာ မတွေ့ချင်ပါဘူး” ဟု ပင်တဂွန်ပြောခွင့်ရသူ ဂျွန်ကာဘီက မတ်လ ၉ ရက်တွင် ပြောကြားခဲ့သည်။
ပိုလန်သည် ၎င်းအပေါ် အမေရိကန်ကျောထောက်နောက်ခံပေးထားသော်လည်း တိုက်လေယာဉ်လွှဲပေးလိုခြင်း သဘောထားနှင့်ပတ်သက်၍ အစောပိုင်းက အမေရိကန်အား ဆန့်ကျင်ခဲ့သည်။ ထို့ပြင် ပင်တဂွန်က ရုတ်တရက် ငြင်းပယ်ခဲ့ခြင်းကိုလည်း ယခုသတင်းရေးသားချိန်အထိ ပိုလန်က ဆန့်ကျင်နေဆဲဖြစ်သည်။
“ဒါ ပင်ပေါင်ရိုက်နေတာ မဟုတ်ပါဘူး။ ဒါက ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်နဲ့ ပတ်သက်တာမို့ ထပ်မေးပါရ စေ။ ဆုံးဖြတ်ချက် မြန်မြန်ချပါ။ လေယာဉ်တွေ ပို့ပေးပါ” ဟု ဇာလန်းစကီးက မတ်လ ၉ ရက် ပြောကြားသည့် မိန့်ခွန်းတွင် ထပ်မံတောင်းဆိုခဲ့သည်။
Source: ABC News