- By CNI
- Category: နိုင်ငံရေး
- Hits: 1697
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)၏ ဖွဲ့စည်းပုံပြင် ဆင်ရေး ဖိတ်ကြားချက်မှာ အခက်အခဲရှိ၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)အချို့ မတက်ရောက် ကြောင်း သိရသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇) ကို ဖိတ်ကြားခဲ့ရာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့်ကိစ္စရပ် ဖြစ်သည့်အတွက် အလွတ်သဘော တွေ့ဆုံမှုမှ စတင်လိုကြောင်း၊ သို့သော်လည်း မိမိတို့ အဖွဲ့အစည်း တစ်ဖွဲ့ချင်း၏ သဘောထား အရ လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း EAO (၇) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ မေလက RCSS နဲ့ NSPNC တို့ တွေ့ဆုံ ဆွေးနွေးခဲ့စဉ်
၎င်းက “အခက်အခဲကတော့ ခုနက ကျနော်တို့ ပြောသလိုပါပဲ၊ ကျနော်တို့ အတွက်ကတော့ အခက်အခဲရှိလို့ပဲ ကျနော်တို့က အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်အောင် ကျနော်တို့ NSPNC ကို ကျနော်တို့ မေတ္တာရပ်ခံတယ်၊ ကမ်းလှမ်းတာ ဖြစ်ပါတယ်ခင်ဗျ။ အခက်အခဲက ကျနော်ခုနက ပြောသလိုပေါ့၊ ဒီလိုမျိုး ပြည်ထောင်စုတစ်ခုလုံးနဲ့ ဆိုင်တဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ခင်မှာပေါ့၊ ကျနော်တို့ နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့်အချိန်၊ အဆင်ပြေမယ့် နေရာ၊ အဆင်ပြေမယ့် အကြောင်းအရာက အစပေါ့ လေ၊ ကျနော်တို့ အလွတ်သဘော တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုကနေ နှစ်ဖက်စလုံး လျှောက်လှမ်းနိုင်တဲ့ ဒါအဆင်ပြေ မှုပေါ်မှာ ဆောင်ရွက်ခြင်းကသာလျှင် ကျနော်တို့ နှစ်ဖက်စလုံးအတွက် အကျိုးရှိပြီးတော့ နှစ်ဖက်စလုံး အတွက် လည်း အဆင်ပြေပြေ ဆောင်ရွက်နိုင်မှု ရှိမယ်လို့ ကျနော်တို့က နားလည်တယ်” ဟု ပြောသည်။
NSPNC နှင့် EAO များ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးပွဲသို့ မတက်ရောက်ရခြင်းနှင့်ပတ်သက်ပြီး NMSP နှင့် RCSS ကို ဆက်သွယ် မေးမြန်းသော်လည်း အဆက်အသွယ် မရသေးပေ။
အဆိုပါ ဆွေးနွေးပွဲသို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ တက်ရောက်လျက် ရှိသည်။
ထို့နောက် ဆွေးနွေးပွဲသို့ RCSS နှင် NMSP တို့ တက်ရောက်မှု မရှိခြင်းမှာ သဘာဝကျကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ မေလက NMSP နဲ့ NSPNC တို့ တွေ့ဆုံ ဆွေးနွေးခဲ့စဉ်
၎င်းက “အင်အားလည်း မရှိဘူး။ နောက်သူတို့ အနေနဲ့ သူတို့နိုင်ငံရေး ရပ်တည်မှုကို ဖော်ပြဖို့လည်း အင်အား သိပ် မရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အခါကြတော့ သူတို့ကတော့ တက်ကြမှာပေါ့ဗျာ၊ ခုနလို အင်အားတစ်စုံတစ်ရာ ရှိပြီးတော့ နိုင်ငံရေးသဘောထား တချို့လည်း ဆုပ်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေ ဥပမာ RCSS တို့ မွန်ပြည်သစ် တို့ကတော့ မတက်တာ သဘာဝကျတယ်လို့ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခါ ဖွဲ့စည်းအုပ်ချုပ်ပုံပြုပြင်မယ်ဆိုတာ အဲဒီပြုပြင်မယ့် အခွင့်အာဏာက စစ်ကောင်စီမှာ မရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကလည်း ဒီအခွင့်အာဏာကို ပေးအပ် ထားတာ အဲဒီလို အနေအထားမျိုးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးဆိုတဲ့ ကိစ္စက ဥပဒေနဲ့ ဖွဲ့စည်းပုံဘောင် အပြင်ဖက်က လုပ်ရမှာ ဖြစ်တဲ့အတွက် အဲဒီအဖွဲ့အစည်းကြီး နှစ်ခုပေါ့ဗျာ၊ RCSS နဲ့ မွန်ပြည်သစ်ပါတီလို့ အဖွဲ့တွေ ကတော့ ပါဝင်လိုတဲ့ စိတ်ဆန္ဒမရှိတာ သဘာဝကျတယ်လို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျ” ဟု ပြောသည်။
NSPNC က ဖိတ်ခေါ်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမှုကို ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2424
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရှေ့တွင် ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) နံနက်ပိုင်းက လူတစ်စုသည် "အမေရိကန် ကမ္ဘာ့ချီးထုပ် ဝင်မရှုပ်နဲ့"ဆိုသော ဗွီးနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ ကြသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1079
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)တို့ ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော် မတီ ခန်းမတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော EAO ၅ ဖွဲ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယ က ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) စစ်ဦးစီးချုပ် စောစတီး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)ဒုဥက္ကဋ္ဌ ကျဖူးတို့ ဖြစ်သည်။
EAO ၅ ဖွဲ့နှင့် NSPNC မှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များအခြေအနေ ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1714
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ရှိနေသည့် အမှုများကို ဒီဇင်ဘာ ၃၀ ရက်မှာ အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်သည့် အတွက် နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းသစ်သည် မည်ကဲ့သို့သော ပုံစံဖြစ်လာနိုင်သလဲဆိုကာ နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ သုံးသပ်ချက် အမျိုးမျိုး ထွက်ပေါ်နေသည်။
လာမည့် နိုင်ငံရေး အခင်းအကျင်းအသစ်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများနှင့် သက်ဆိုင်လိမ့်မည်ဟု ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို စစ်ဆေးနေစဉ်
ဦးရဲထွန်း “မကြာသေးခင်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်လို့ နောက်ပိုင်း ဘယ်လိုတွေ ဖြစ်လာနိုင်သလဲဆိုတာက သူ့ရဲ့ သဘောထား အပေါ်မှာ မူတည် တယ်ဆိုပြီးတော့ အဲဒီလို ပြောထားတာကို သတိထားမိတယ်ဗျ၊ အဲဒီတော့ သူပြောချင်တာက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်း အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သက်ရောက်မှုတွေ အခုလက်နက်ကိုင် NUG၊ PDF တို့က တိုက်နေတဲ့ လက်နက်ကိုင် တိုက်ပွဲပေါ့ဗျာ၊ အဲဒါတွေ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ဘယ်လို ဖော်ပြမလဲဆိုတာ ရည်ညွန်းတယ်လို့ ကျနော်တော့ ယူဆတယ်၊ သူ့ရဲ့သဘောထားက NUG PDF တွေ လုပ်နေတဲ့ လက်နက်ကိုင် တိုက်ပွဲအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေက အများကြီး သက် ရောက်မှု ရှိနိုင်တာပေါ့နော်၊ သူထောက်ခံရင် ထောက်ခံသလို၊ မထောက်ခံဘူးဆိုရင် မထောက်ခံဘူး ဆိုသလို ပေါ့ နော်၊ ဒါကြောင့်မို့လို့ အဲဒီဟာအရ အဆိုးအကောင်း အပြောင်းအလဲတွေ ရှိလိမ့်မယ်လို့ ကျနော်တော့ ယူဆပါ တယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုဖြင့် တရားစွဲဆိုထားပြီး အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ထားသည်။
ထို့နောက် ကျန်ရှိသည့် အမှုများကို ဒီဇင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထား အပြီးသတ်မည်ဟု သတင်းများတွင် ဖော်ပြလျက်ရှိသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ရှိနေသည့် အမှုများကို မြန်မြန်ဆန်ဆန် အမိန့်ချမှတ်ခြင်းက ၎င်းတို့ တွင် ရည်ရွယ်ချက်များ ရှိနေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

NLD ၏ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့သူ မန်း၀င်းခိုင်သန်းနဲ့ PDF များကိုတွေ့ရစဉ်
ဦးကြီးမြင့် “သူတို့မှာ ရည်ရွယ်ချက် ရှိတယ်လေ၊ မြန်မြန် ချလိုက်တဲ့ အခါကြတော့ လွှတ်စရာရှိရင်လည်း လွှတ် လိုက်လို့ ရတာပေါ့၊ နောက်တစ်ခုက ဘာလဲဆိုရင် ရွေးကောက်ပွဲရှိတယ်လေ၊ ရွေးကောက်ပွဲမှာ သူ့ကို ဝင်လို့ မရအောင် လုပ်ထားတာပေါ့၊ ထောင်ကျနေပြီပေါ့၊ အဲဒီသဘောပေါ့နော်၊ အဖမ်းဆီး ခံထားရရုံလောက်နဲ့လည်း ဝင်လို့ရတယ်လေ၊ ဒါကတော့ ထားပေါ့လေ၊ အဲဒီတော့ ရွေးကောက်ပွဲကို မဝင်စေချင်ဘူးပေါ့” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် အမိန့်ချပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးသင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “NLD ကနေ ဒေါက်တာမျိုးညွန့်တို့၊ ဘာတို့ကိုလည်း အသက်ကြီးတဲ့ လူတွေကို အဲဒီလို လွတ်ငြိမ်းခွင့် ပြစ်ဒဏ်တွေ လျော့ပေါ့ပေးတဲ့ သက်သေ သာဓကလည်း ရှိပါတယ်၊ အဲဒါကြောင့် အမျိုးသား အကျိုးစီးပွားနဲ့ ပြည်လည်ပြီးမှ ပေါင်းစည်းရေးကို စိတ်ကောင်း စေတနာကောင်းထားမယ်၊ ပြည်သူလူထုရဲ့ ဆန္ဒကိုလည်း လေးစား မယ်ဆိုရင်ကတော့ အခုတာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ ဒါလွတ်ငြိမ်းချမ်းသာခွင့် ပေး နိုင်တဲ့ အခြေအနေ သူ့မှာ လုပ်ပိုင်ခွင့်လည်း ရှိနေတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲ စာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ဖြုတ်ချပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် NLD ခေါင်းဆောင်အချို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
ထို့နောက် NLD မှ လွှတ်တော်အမတ်များနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက PDF များကို ဖွဲ့စည်း ကာ မြန်မာ့တပ်မတော်အား ပြန်လည် ဖြုတ်ချရေး “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”ဟု ကြွေးကြော်၍ တိုက်ခိုက် လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1502
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PR)ဖြင့် ကျင်းပခြင်းက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးအတွက် လွယ်ကူလားနိုင်သလဲဆိုပြီး နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် ဆွေးနွေး သုံးသပ်လျက်ရှိသည်။
လာမည့် ၂၀၂၃ ခုနှစ်အတွင်း PR စနစ်ဖြင့် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် PR စနစ် ကျင့်သုံးလိုက်ပါက ညွန့်ပေါင်းအစိုးရ ဖြစ်လာမည်ကို မဆိုလိုကြောင်း၊ PR စနစ်၏ သဘောအရ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် အားပေးသည့် စနစ်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သီအိုရီ သဘောထားအရ ပြောရရင်တော့ PR စနစ်ကတော့ ညွန့်ပေါင်းဖြစ်ဖို့တော့ အားပေးတဲ့ ရွေးကောက်ပွဲစနစ် တစ်ခုလို့တော့ ပြောလို့ရတယ်၊ ဒါပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဒါက ကျနော် ရွေးကောက်ပွဲ စနစ်အပေါ်မှာ ပြောတာနော်၊ မြန်မာနိုင်ငံအပေါ်မှာပြောတာ မဟုတ်ဘူးနော်၊ ရွေးကောက်ပွဲစနစ် သဘော သဘာဝအရပဲ ကျနော်ပြောတာ ဖြစ်တယ်၊ PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ရင် ညွန့်ပေါင်းအစိုးရ ဖြစ်နိုင်ခြေများ တယ်ဆိုတာက ဒါက သီအိုရီဖြစ်တယ်” ဟု ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ အလံများကိုတွေ့ရစဉ် (GETTY IMAGES)
PR စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပပါက ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် အလားအလာရှိကြောင်း အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငါ့ရဲ့ အမြင်အရတော့ ညွန့်ပေါင်းဖြစ်နိုင်ဖို့တော့ အလားအလာတော့ ရှိတယ်ပေါ့၊ အလားအလာတော့ ရှိတယ်၊ သို့သော် တကယ်ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာ ပြောလို့မရဘူး။ ဘာလို့ ဒီ ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပရလဲဆိုရင် ငါတို့က နိုင်ငံကို ချစ်တယ်ကွ၊ နိုင်ငံကို ချစ်တဲ့အတွက် နိုင်ငံပြိုကွဲမှုကို လက်မခံဘူး။ ငါတို့ မကြိုက်တဲ့သူ အုပ်ချုပ်တာ ငါတို့ နောက်မှ ရှင်းမယ်၊ နိုင်ငံပြိုကွဲသွားမယ့် အကြောင်းတရား ဖြစ်စေတဲ့ အကြောင်း တရားရယ်၊ နိုင်ငံပြိုကွဲမယ့် အကျိုးတရားအပေါ်မှာ ဖြစ်စေတဲ့ အကြောင်းတရားတွေ အထူးသဖြင့် နိုင်ငံခြား ပယောဂပါတဲ့ အကြောင်းတရားတွေကြတော့ ငါတို့က စိတ်မချမ်းသာဘူးပေါ့” ဟု ပြောသည်။
မည်သည့် ရွေးကောက်ပွဲ စနစ်ဖြစ်စေ လူဦးရေးများသည့်အပေါ်တွင် မူတည်၍ အကျိုးရှိနေမှာဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီ PR စနစ်ပဲဖြစ်ဖြစ်၊ တခြားနိုင်တဲ့လူ အကုန်လုံးယူပဲဖြစ်ဖြစ် လူဦးရေများတဲ့ လူမျိုးအပေါ်မှာပဲ မူတည် ပါတယ်၊ ဒီဟာတွေတော့ လူနည်းတဲ့သူတွေအတွက် သိပ်အကျိုးတော့မရှိဘူး။ အခု ပိုပြီးမှာတောင် အခု အခြေ အနေမှာ စစ်ကောင်စီ လုပ်ပေးတဲ့ ရွေးကောက်ပွဲက လူထုက ဘယ်လိုမျိုးမြင်မလဲ၊ နိုင်ငံတကာက ဘယ်လိုမျိုး မြင် မလဲ၊ ပါတီတွေက ဘယ်လိုမျိုးမြင်မလဲ၊ ဆိုလိုတာက ယတိပြတ်ပြောဖို့ ခက်ပါတယ်၊ အခြေအနေမျိုးတော့ ဖြစ်တာ ပေါ့” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလံကိုတွေ့ရစဉ် (GETTY IMAGES)
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် အနိုင်ရသူ အကုန်ယူ စနစ် ဖြင့် ကျင်းပခဲ့သည်။
လာမည့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားအားလုံး ပါဝင်သည့် အမျိုးသားညီညွတ်သော အစိုးရပေါ်လာရန် လုပ်ဆောင်နေကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာအေးမောင် “လာမယ့် ရွေးကောက်ပွဲမှာ ပါတီတစ်ခုတည်းက အနိုင်ယူပြီးခါမှ ထင်ရာစိုင်းတာမျိုး၊ ပါတီ တစ်ခုရဲ့ မူဝါဒကို အကောင်အထည်ဖော်တဲ့ အစိုးရတစ်ရပ်မျိုးထက် တိုင်းရင်းသားအားလုံး ပါဝင်တဲ့ အမျိုးသား ညီညွတ်တဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းစေလိုတဲ့ ဆန္ဒတွေ့တဲ့အခါမှာ ရွေးကောက်ပွဲ ပုံစံလေးတွေကလည်း PR နဲ့ သွားမယ် စသဖြင့် ကြားလာရတာပေါ့၊ ဒါကလည်းပဲ အရွေ့တစ်ခုကို သွားတာပဲလေ” ဟု ပြောသည်။
လာမည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမှာဖြစ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပသွားမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1427
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)မှ အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) အနည်း ဆုံး ၄ ဖွဲ့မှ ခေါင်းဆောင်များ နေပြည်တော်သို့ ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ အဖွဲ့များမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့ဖြစ်သည်။
သို့သော် KNU/KNLA-PC ကတော့ နေပြည်တော် ဆွေးနွေးပွဲသို့ မသွားဘဲ လွတ်လပ်ရေးနေ့နှင့် ဘွဲ့များအပ်နှင်းပွဲ သို့သာ တက်ရောက်နိုင်ခြေရှိကြောင်း သိရသည်။
နေပြည်တော်ရောက်နေသော EAO တစ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက “ဟုတ်တယ်၊ နေပြည်တော် ရောက်နေတာ တော့ ဟုတ်တယ်။ ဘယ်အဖွဲ့တွေလည်း အတိအကျ မသိရသေးဘူး၊ ဘာအကြောင်းအရာတွေ ရှိမလဲဆိုတာ တော့ နောက်မှ ပြောမယ်။ အခုမသိရသေးဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP) အပါအဝင် PNLO၊ LDU၊ ALP၊ DKBA၊ KNU/KNLA-PC တို့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တွေ့ဆုံ ဆွေးနွေးလိုကြောင်း စာပို့ခဲ့သည်။

ထို့နောက် ယခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နေပြည်တော် ခရီးစဉ် ဖြစ်လာခဲ့သည်။
NSPNC သည် EAO ၇ ဖွဲ့ထံသို့ နံပါတ် ၁ အနေဖြင့် ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဉပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ တက်ရောက်ရန်၊ နံပါတ် ၂ အနေဖြင့် နစက-က အလွှာအသီးသီးကို ပေးအပ် ခဲ့သော ဘွဲ့များ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ရန်၊ နံပါတ် ၃ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ရန် စသဖြင့် နည်းလမ်း သုံးသွယ်ဖြင့် ဖိတ်ကြားလာခဲ့သည်ဟု သိရသည်။
ထို့နောက် RCSS နှင့် NMSP တို့ကတော့ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း၊ လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဘွဲ့အပ်နှင်းပွဲများသို့ တက်ရောက်ရန်အတွက် ကိုယ်စားလှယ် စေလွှတ်မှုကို တော့ လုပ်ဆောင်သွားမည်ဟု ကြားသိရသည်။
အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများဖြစ်သည်။
ထို EAOs များသည် လက်ရှိ မြန်မာ့နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းနိုင်ရေး ကြားဝင် ဆောင်ရွက်ပေးရန်လည်း ကြိုး ပမ်းလျက်ရှိနေသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1377
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅
နှစ်နိုင်ငံရေတပ် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ရုရှားဒုတိယရေတပ်ဦးစီးချုပ် Vice Admiral lgor MUKHAMETSHIN ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင် တို့ နေပြည်တော်မှာ ယနေ့ (ဒီဇင်ဘာ ၂၅ ရက်)တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ လေ့လာ လည် ပတ် နိုင်မှုနှင့် နှစ်နိုင်ငံရေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာရေးအတွက် အဆင့်လိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လေ့လာလည်ပတ်နိုင်ရေး၊ မြန်မာ့တပ်မတော်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သင်တန်းသားများ စေလွှတ်သင်ကြားလျက်ရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံရေတပ် အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် ရုရှားနှင့် မြန်မာသည် စစ်လက်နက် ရောင်းဝယ်ရေးဆိုသော ဆက်ဆံရေးကနေ စီးပွားရေးနှင့် လူမှုဘဝ မြှင့်တင်ရေး ဆက်ဆံရေးများတွင်ပါ ပူးပေါင်းဆောင်ရွက်လာနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2039
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄
နစက ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝင်ရောက် ယှဉ်ပြိုင်နိုင် သလားဆိုကာ နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ သုံးသပ်လျက်ရှိနေသည်။
နစက အနေဖြင့် ရွေးကောက်ပွဲကို ဗမာပြည်မကို အဓိကထားပြီး ကျင်းပလာနိုင်ကြောင်း၊ NLD အနေဖြင့် ဝင် ရောက် ယှဉ်ပြိုင်နိုင်ခြေနည်းကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က CNI သတင်းဌာနသို့ ပြောသည်။
ဦးကြီးမြင့်က “ပထမတစ်ကြိမ်မှာတော့ ဗမာပြည်မကြီးကို အဓိကထားပြီးတော့ ဒုတိယက ပြည်နယ်တွေမှာ သူတို့ အဆင်ပြေတဲ့နေရာ အဲဒီလိုလုပ်ပြီးတဲ့ အခါကြတော့မှ သူတို့က အစိုးရအဖွဲ့ကို PR (အချိုးကျကိုယ်စားပြုစနစ်) စနစ်နဲ့ သွားမယ်ဆိုတော့ PR စနစ်က အရင်က လုပ်ခွင့်မရှိဘူး။ ၂၀၀၈ ကို ပြင်တာမှ မဟုတ်တာကို PR စနစ်နဲ့ လုပ်တယ်ကွာဆိုရင် လုပ်မှာ၊ အဲဒီတော့ PR စနစ်အရဆိုပြီးတော့ အစိုးရဖွဲ့မှာ NLD ကတော့ ရွေးကောက်ပွဲ မဝင် လောက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က အပြတ်ပြောလိုက်ပြီ၊ NLD မဝင်ဘူး။ ရှမ်းမဝင်ဖို့များတယ်၊ SNLD မဝင်ဖို့ များတယ်၊ ကျန်တဲ့ဟာလည်း ဘယ်သူမှ ဝင်မှာ မဟုတ်ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ထုတ်ပြန်လိုက်သည့် ဆုံးဖြတ်ချက်တွင် ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ပြန်လွတ်ပေးရန် တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် (GETTY IMAGES)
လက်ရှိ အနေအထားအရ NLD ဝင်ပြိုင်မည့် အခြေအနေ မတွေ့ရသေးကြောင်း၊ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပါက တစ်မျိုးပြောင်းလဲသွားနိုင်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP)မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
နိုင်သန်းရွှေ “ဒါကတော့ အခုတလောက NLD ပါတီက ပါတီပြန်လည် နိုးကြားလာအောင်တော့ ကျနော်တို့ မတွေ့ သေးဘူးပေါ့နော်၊ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်သာ လွတ်လာလို့ရှိရင်တော့ တစ်မျိုးတစ်ဖုံ ဖြစ်လာ မလားတော့ မသိဘူးပေါ့၊ အခု လောလောဆယ်ဆယ်က NLD ပါတီက လှုပ်ရှားမှုတော့ ဘာမှ မတွေ့သေးဘူး ပေါ့နော်” ဟု ပြောသည်။
NLD ပါတီကို မည်သို့မျှ ဖြိုခွဲ၍ မရသလို NLD ပါတီ အနေဖြင့် ဆက်လက် ရပ်တည်နေမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

NLD မဲရုံကိုယ်စားလှယ် သင်တန်းကိုတွေ့ရစဉ် (GETTY IMAGES)
ဒေါက်တာလှကျော်ဇော “ဒီလိုရှိတယ်ဗျ၊ ပါတီတစ်ရပ်ပဲဖြစ်ဖြစ် သူက သူဘယ်ခါမှာ ပျက်ပြယ်သွားမလဲဆိုရင် သူကိုယ်တိုင်က ရှုံးပါပြီဆိုပြီး ဖျက်သိမ်းလိုက်မှ ပျက်ပြယ်တာဗျ၊ သူက ရှုံးတယ်လို့ သဘောမထားရင် သူတခြား နည်းလမ်းရှာမှာပဲ ကျမတို့ ဗကပလည်း ကြည့်လေ ကျမတို့ တစ်ခါမှ ကိုယ့်ကိုယ်ကို ရှုံးတယ်လို့ မထင်ဘူး။ ကျမ တို့ ယာယီအရေးနိမ့်သွားတာပဲ၊ ကျမတို့ ဗကပမှာဆိုတာ စည်းကမ်းရှိတယ်၊ ပါတီဝင် ၃ ယောက်ရှိရင် ကလပ် စည်း ပြန်ဖွဲ့လို့ရတယ်၊ ရောက်တဲ့နေရာမှာ ရောက်တဲ့လူက ထပ်ပြီးတော့ ကြိုးစားတယ်၊ တော်လှန်ရေး တစ်ရပ် က ဒီလောက်လွယ်တာ မဟုတ်ဘူး။ NLD ကို သူတို့ ဖြိုခွဲလာတာ နည်းတဲ့ နှစ်လား၊ ပြိုမှ မပြိုတာ၊ NLD ကိုယ်တိုင် က ကိုယ့်ဟာကိုယ် ဖြိုဖျက်ပစ်လိုက်မှ မဆလကြီး ပျက်သလိုပေါ့၊ ကိုယ့်ဟာကို ဖျက်ပစ်လိုက်မှပဲ ပြိုစရာရှိ တယ်၊ နိုးမဟုတ်ရင်တော့ သူဆက်ရှိနေမှာပဲ” ဟု ပြောသည်။
NLD အနေဖြင့် ဥပဒေနှင့် ညီညွတ်ပါက နစက ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်၍ ရမှာဖြစ်ကြောင်း၊ ဝင်ပြိုင်ရန် ကြိုးစားနေသည်ကို တွေ့ရကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေစဉ် (GETTY IMAGES)
ဦးစိန်ဝင်း “အဲဒါကတော့ NLD အနေနဲ့ကတော့ သူ့ရဲ့ ပြစ်မှုကျူးလွန် တာတွေကတော့ ဟုတ်လား မဟုတ်လား တော့ သေချာလေ့လာ ဆန်းစစ်ပြီးတော့ ခုထက်ထိတော့ NLD ကို တရားဝင်ပါတီ မဟုတ်ဘူးဆိုတာတော့ ခုထက် ထိ အမိန့်မထွက်သေးဘူးပေါ့၊ မထွက်သေးတဲ့အတွက် အဲဒီအပေါ်မှာလည်း ငါတို့က ငါတို့အလုပ်၊ ငါတို့တာဝန်၊ ငါတို့လုပ်ရမယ့် ရာထူးတာဝန် မဟုတ်တဲ့အတွက် ငါတို့က ဘာမှ မပြောလိုဘူး။ သို့သော် NLD ဝင်ပြိုင်မှု၊ မပြိုင်မှု သည် NLD ရဲ့ လုပ်ရပ်သည် ဥပဒေနဲ့ ညီညွတ်ရင် ဝင်ပြိုင်လို့ရမှာပေါ့၊ မညီညွတ်ဘူးဆိုရင်လည်း မညီညွတ်တဲ့ အကြောင်း ဖြစ်လာမှာပေါ့၊ သို့သော်လည်း လက်ရှိအခြေအနေမှာ NLD က ဝင်ပြိုင်ဖို့ အလားအလာရှိလားဆိုတာ ကြိုးစားနေတဲ့ အရိပ်အရောင်လေးတွေတော့ တွေ့ရတာပေါ့” ဟု ပြောသည်။
လာမည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမှာဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲအပ်ပေးမှာဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကတော့ နစက ကျင်းပမည့် ရွေး ကောက်ပွဲကို မပျက် ပျက်အောင်ဖျက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မဝင်ကြရန်လည်း ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2375
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထုတ်ပြန်လိုက်သည့် ဆုံးဖြတ်ချက်တွင် ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ပြန်လွတ်ပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် ပြန်လွတ်လာနိုင်သလားဆိုတာ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှာ သုံးသပ်နေကြသည်။
အဆိုပါ ထုတ်ပြန်ချက်ကြောင့် လာမည့် လွတ်လပ်ရေးနေ့တွင် ပြန်လည်လွတ်မြောက်လာနိုင်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းကြားတွင် သုံးသပ်မှုများလည်း ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပါက လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်းမှာ ပိုမို ကောင်းမွန်လာနိုင်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်း ဌာနသို့ ပြောသည်။
နိုင်သန်းရွှေက “နိုင်ငံရေးအခြေအနေအရ လွတ်လာနိုင်တာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လည်း ဒီ ၂၀၂၃ မှာ ဆိုလို့ရှိရင် ရွေးကောက်ပွဲလည်း ရှိနိုင်တယ်ဆိုတော့ ဖြစ်နိုင်တယ်ပေါ့နော်၊ ကျနော်တို့ အဲဒီလိုပဲ ပြောရမှာပေါ့။ တကယ်လို့ လွတ်လာမယ်ဆိုလို့ရှိရင် နိုင်ငံရေး အခြေအနေတွေက ပိုပြီးတော့ ကောင်းလာမယ့် အခြေအနေ ရှိ တယ်လို့ ယူဆရမှာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူပြောထားတာ ရှိတယ်လေ၊ ဒီအကြမ်းဖက်တဲ့ မူတွေက NLD ရဲ့ မူဝါဒမဟုတ်ဘူး။ ဒီအကြမ်းဖက်တဲ့ လုပ်ရပ်တွေက ဒါဆိုလို့ရှိရင် NLD က ပိုပြီး တော့ စည်းလုံးနိုင်ရင်တော့ ပိုပြီးတော့ ထွက်ပေါက်က ပိုပြီးကောင်းလာမှာပေါ့နော်၊ ပြည်သူအတွက်၊ ဒီနိုင်ငံ အတွက်က ပိုရှိလာနိုင်တာပေါ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုနေကြစဉ် (Hkun Latt)
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးရန် နိုင်ငံတကာမှ တောင်းဆိုနေသလို နိုင်ငံရေးရှုထောင့်ကနေလည်း ပြန်လွှတ်ပေးသင့်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးကွမ်ဂေါင်အောင်ခမ်း “ဒါကတော့ စစ်ကောင်စီရဲ့ အပိုင်းက ဖြစ်ပါတယ်၊ လွှတ်ပေးမယ်၊ မလွှတ်ပေးဘူးဆိုတာ ကတော့ သူတို့လက်ထဲမှာပဲ ရှိပါတယ်၊ လက်ရှိ အခြေအနေမျိုးမှာ ဒါပေမဲ့ ဒီဟာတော့ ပကတိ အခြေအနေကို တော့ လူသားချင်းစာနာမှုအရ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ပဲ ဖြစ်ဖြစ်၊ အမျိုးသားခေါင်းဆောင် တစ်ယောက်ပဲ ဖြစ်ဖြစ် ဒီဟာတော့ လွှတ်သင့်တယ်၊ နိုင်ငံတကာကလည်း ဒါကို တောင်းဆိုနေတယ်၊ ကုလသမဂ္ဂ မှာလည်း ဒီဟာကို လွှတ်ဖို့ တောင်းဆိုနေတယ်၊ ဒါကို အတည်ပြုတယ်ဆိုတော့ ဒီဟာတော့ နိုင်ငံရေးရှုထောင့် ကနေပြီးတော့ လွှတ်ပေးသင့်ပါတယ်” ဟု ပြောသည်။
ဒီမိုကရေစီနိုင်ငံတွင် ဥပဒေအထက်မှာ မည်သူမျှ မရှိရဆိုသည့်အတွက် ဥပဒေအရ မှန်ကန်မှု ရှိ/မရှိ စိစစ်ကာ လုပ်ဆောင်သင့်ကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်း ဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ် (GETTY IMAGES)
၎င်းက “ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆိုရင် ဥပဒေအထက်မှာ ဘယ်သူရှိတုန်းဆိုရင် ဥပဒေပဲရှိတယ်၊ ဥပဒေရဲ့ တရားစီရင်မှု မှန်/မမှန်တော့ စိစစ်ဖို့လိုတာပေါ့၊ အဲဒါကို မှားတယ်ဆိုရင်လည်း မှားတာကို ထောက်ပြပေါ့၊ ကနေ့ ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံ အနေအထားက မဲမသမာမှုအပေါ်မှာ အဂတိအပေါ်မှာ အများကြီး စွဲချက်တွေ ဖြစ်နေတာပေါ့၊ ဒီစွဲချက်တွေက မှန်/မမှန် လေ့လာဆန်းစစ် စိစစ်ပေါ့၊ မှားနေတယ်ဆိုရင် ဒါ လွှတ်ပေးသင့်တယ် ပြောတာလက်ခံတယ်၊ မှားတာလည်း မထောက်ဘဲနဲ့ အပြစ်ရှိတာကိုလည်း မပြောဘဲနဲ့ လွှတ်ပေးသင့် ပါတယ်ဆိုရင် အဲဒါမျိုးက ဒါ သူတို့နိုင်ငံမှာ အဲဒီလိုဖြစ်နေရင် ငါတို့က အဲဒီလိုပြောလို့ ကိုယ်ချင်းစားနာမှု ရှိ/မရှိ စဉ်းစားဖို့ ကောင်း တယ်လေ၊ အဲဒီတော့ ပြောချင်တာတော့ ဘာလဲဆိုရင်တော့ ဒီမိုကရေစီနိုင်ငံမှာ ဥပဒေအထက်မှာ ဘယ်သူမှ မရှိ ရ ဘူးလို့ ဆိုထားတဲ့အတွက် ဥပဒေထဲမှာ ဥပဒေရဲ့ တရားစီရင်မှုပဲ ရှိတဲ့အတွက် အဲဒီစီရင်မှုမှန်ရင် လွှတ်ပေးစရာ မလိုဘူး၊ မမှန်ရင်တော့ ပြန်လည်ပြီးတော့ စဉ်းစားပြီးတော့ မမှန်တဲ့အကြောင်းကို ထောက်ပြပြီးတော့ လွတ် အောင် လုပ်လို့ရတာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တချို့ကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။
