- By CNI News
- Category: နိုင်ငံရေး
- Hits: 2295
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၃
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAOs) သုံးဖွဲ့မှ ခေါင်းဆောင်များ သြဂုတ် ၂၃ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ EAOs သုံးဖွဲ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(A LP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ဖြစ်ကြသည်။
ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား ၂ ) စသည့် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ပြီး သြဂုတ် ၂၆ ရက်အထိ ဆက်လက် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို NSPNC ဘက်မှ ဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ နစက အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ NSPNC အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းတို့ တက် ရောက်ခဲ့ကြသည်။
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ PNLO၊ ALP၊ LDU တို့ တွေ့ဆုံ
ထို့နောက် EAOs များဘက်က PNLO ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒုဥက္ကဋ္ဌ ခွန်ထွန်းတင်၊ ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာ လင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခိုင်စိုးမြ၊ LDU ဥက္ကဋ္ဌ ကျာဆော်လမွန်၊ အထွေထွေအတွင်းရေးမှူး ကျာယာကုတ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နစကဥက္ကဋ္ဌသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်က ဖိတ်ခေါ်ခဲ့ပြီးနောက် ပထမအကြိမ် အနေဖြင့် မေလမှ သြဂုတ်လ ၄ ရက်နေ့အထိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-ငြိမ်း ချမ်းရေးကောင်စီ(KNU/KNLA-PC)၊ PNLO၊ ALP၊ LDU တို့ အပါအဝင် NCA မထိုးရသေး သည့် “ဝ”ပြည် သွေး စည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDA A)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့နှင့် တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။
ထို့နောက် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို နစကသည် ယခု သြဂုတ် ၂၂ ရက်နေ့က စတင်နေခြင်း ဖြစ်ပြီး ပထမဆုံးအနေဖြင့် PNLO၊ LDU၊ ALP အဖွဲ့တို့နှင့် တွေ့ဆုံ ဆွေးနွေးနေခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2150
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ပင်းခါးကျေးရွာမှ လူငယ် ၃၀ ဦးဝန်းကျင်ကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)နှင့် မပတ်သက်ရန် PDF၊ KIA ပူးပေါင်းတပ်ဖွဲ့က ခေါ်သွားပြီး လက်မှတ်ထိုးခိုင်းကြောင်း ဒေသခံများမှ ပြောသည်။
ယနေ့ (သြဂုတ် ၂၃ ရက်)တွင် ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသများဖြစ်သည့် ကျောက်တန်းကျေးရွာနှင့် အရှေ့ကုန်းကျေးရွာများတွင် PDF၊ KIA ပူးပေါင်းတပ်ဖွဲ့နှင့် SNA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပင်းခါးကျေးရွာ မှ လူငယ် ၃၀ ဦးဝန်းကျင်ကို SNA နှင့် ဆက်စပ်သည်ဟုဆိုကာ KIA၊ PDF ပူးပေါင်းတပ်များက ခေါ်ဆောင်သွား ကြောင်း ဗန်းမောက်ဒေသခံတစ်ဦးဖြစ်သူ ဦးနေလင်းက CNI သို့ ပြောသည်။

SNA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “ပင်းခါးမှာ အဲဒီမှာ ပင်းခါးရွာသားတွေပေါ့၊ လူငယ်ပိုင်းလေးတွေကို သူတို့က မင်းတို့ ဒီ SNA ထဲကို မဝင် နဲ့ပေါ့၊ SNA ထဲကို မဝင်ဖို့ဆိုပြီးတော့မှ လာပြီးစည်းရုံးရင်လည်း မဝင်နဲ့ဆိုပြီးတော့မှ သူတို့ဆီမှာ လက်မှတ် ထိုး ရမယ်ဆိုပြီးတော့မှ ဒီနေ့ ၉ နာရီလောက်ကို အဲဒီလမ်းဆုံက တင်မောင်မြင့် ဆိုတဲ့သူရဲ့ အိမ်ကိုလာပြီး လက်မှတ် ထိုးရမယ်ဆိုပြီးတော့မှ အဲဒီလိုခေါ်တယ်။ အဲဒီလိုခေါ်တဲ့ အချိန်မှာ လူငယ်တွေလည်း ကြောက်တဲ့အခါ ကြတော့ တကယ်လို့ မလာလို့ရှိရင်တော့ သူက သေမိန့်ပေါ့။ လာပြီးမှ သတ်မယ်ပေါ့။ ဖမ်းပြီးတော့မှ။ အဲဒီလိုဆိုတဲ့ အခါ ကြတော့ ကြောက်ကြတော့ SNA လာပြီးစည်းရုံးလို့ရှိရင်လည်း သူတို့ မလိုက်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လက်မှတ် သွား ထိုးမလို့ လာခဲ့ကြတယ်၊ အစိတ်၊ ၃၀ လောက်ဆိုလား အဲဒါကို အကုန်လုံးကို ကားပေါ်ကို မောင်းတင်ပြီးတော့ ကားပေါ်ကို သူတို့ ဌာနချုပ်ဖက်ကို ခေါ်သွားတယ်လို့ ကြားတယ်ဗျ။ အဲဒီကိစ္စတော့ ကျနော် စိတ်မကောင်းဘူးဗျ။ အဲဒီလိုမျိုး လုပ်ရပ်တွေက တကယ်တမ်းကြလို့ရှိရင် လူမဆန်တဲ့ လုပ်ရပ်တွေပေါ့” ဟု ပြောသည်။
အဆိုပါ ပင်းခါးကျေးရွာ လူငယ်များကို KIA၊ PDF တို့ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ကိစ္စနှင့် ပတ်သက်၍ KIA မှ တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

ဗန်းမောက်မြို့အ၀င်နဲ့ SNA ရဲဘော်တစ်ဦးကိုတွေ့ရစဉ်
လက်ရှိတွင် PDF၊ KIA ပူးပေါင်းတပ်ဖွဲ့နှင့် SNA ကြား ဗန်းမောက်မြို့နယ်အတွင်းမှာ စစ်ရေးတင်းမာလျက်ရှိနေသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ကလည်း SNA ၏ ရှေ့တန်းစခန်းတစ်ခုကို KIA၊ PDF မှ အင်အား ၂၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့သေးသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီးရှိ ရှမ်းနီအမျိုးသား များ တပ်မတော် (SNA) ၏ ရှေ့တန်း တပ်စခန်းတစ်ခုကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
ထို့နောက် စစ်ရေးတင်းမာလာကာ ယနေ့(ဩဂုတ် ၂၃ ရက်)တွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်း နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1802
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် အနောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တို့အကြား တိုက်ပွဲဖြစ်ပွား နေကြောင်း သိရသည်။
ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသများဖြစ်သည့် ကျောက်တန်းကျေးရွာနှင့် အရှေ့ကုန်းကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ဗန်းမောက်မြို့နယ်မှ SNA တာဝန်ရှိသူတစ်ဦးက ရှမ်းနီအသံသတင်းဌာနကို ပြောကြား ထားသည်။
SNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက တိုက်ပွဲဖြစ်ပွားသည်ကိုသာ သိရသေးပြီး အသေးစိတ်ကို မသိရှိသေးကြောင်း CNI သို့ ပြောသည်။

ဗန်းမောက်မြို့အတွင်းကိုတွေ့ရစဉ်
SNA မှ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက “သတင်းတိုးတိုးတန့်တန့် ကြားထားတာပဲ ရှိသေးတာ။ ဒါပေမဲ့ သိပ်ပြီး ခိုင်လုံမှု မရှိတော့ ပြောရခက်တယ်၊ ဖြစ်တယ်ဆိုတာလောက်တော့ ကြားထားတယ်၊ ဒါပေမဲ့ တခြားအသေးစိတ် ကိစ္စတွေကြတော့ သေချာမသိသေးလို့” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ကလည်း SNA ၏ ရှေ့တန်းစခန်းတစ်ခုကို KIA၊ PDF မှ အင်အား ၂၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့သေးသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီးရှိ ရှမ်းနီအမျိုးသား များ တပ်မတော် (SNA) ၏ ရှေ့တန်း တပ်စခန်းတစ်ခုကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
ထို့နောက် စစ်ရေးတင်းမာလာကာ ယနေ့(ဩဂုတ် ၂၃ ရက်)တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် ပင်းခါးကျေးရွာ လူငယ် ၃၀ ဦးခန့်ကို SNA နှင့် ဆက်စပ်သည်ဟုဆိုကာ KIA၊ PDF ပူးပေါင်းတပ်များမှ ခေါ်ဆောင်သွားကြောင်း ဗန်းမောက်ဒေသခံတစ်ဦးဖြစ်သူ ဦးနေလင်းက CNI သို့ ပြောသည်။

KIA နဲ့ KPDF ကို တွေ့ရစဉ်
၎င်းက “ပင်းခါးမှာ အဲဒီမှာ ပင်းခါးရွာသားတွေပေါ့၊ လူငယ်ပိုင်းလေးတွေကို သူတို့က မင်းတို့ ဒီ SNA ထဲကို မဝင်နဲ့ပေါ့၊ SNA ထဲကို မဝင်ဖို့ဆိုပြီးတော့မှ လာပြီးစည်းရုံးရင်လည်း မဝင်နဲ့ဆိုပြီးတော့မှ သူတို့ဆီမှာ လက်မှတ် ထိုးရမယ်ဆိုပြီးတော့မှ ဒီနေ့ ၉ နာရီလောက်ကို အဲဒီလမ်းဆုံက တင်မောင်မြင့် ဆိုတဲ့သူရဲ့ အိမ်ကိုလာပြီး လက်မှတ် ထိုးရမယ်ဆိုပြီးတော့မှ အဲဒီလိုခေါ်တယ်။ အဲဒီလိုခေါ်တဲ့ အချိန်မှာ လူငယ်တွေလည်း ကြောက်တဲ့အခါ ကြတော့ တကယ်လို့ မလာလို့ရှိရင်တော့ သူက သေမိန့်ပေါ့။ လာပြီးမှ သတ်မယ်ပေါ့။ ဖမ်းပြီးတော့မှ။ အဲဒီလိုဆို တဲ့ အခါကြတော့ ကြောက်ကြတော့ SNA လာပြီးစည်းရုံးလို့ရှိရင်လည်း သူတို့ မလိုက်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လက်မှတ် သွားထိုးမလို့ လာခဲ့ကြတယ်၊ အစိတ်၊ ၃၀ လောက်ဆိုလား အဲဒါကို အကုန်လုံးကို ကားပေါ်ကို မောင်းတင်ပြီးတော့ ကားပေါ်ကို သူတို့ ဌာနချုပ်ဖက်ကို ခေါ်သွားတယ်လို့ ကြားတယ်ဗျ။ အဲဒီကိစ္စတော့ ကျနော် စိတ်မကောင်းဘူးဗျ။ အဲဒီလိုမျိုး လုပ်ရပ်တွေက တကယ်တမ်းကြလို့ရှိရင် လူမဆန်တဲ့ လုပ်ရပ်တွေပေါ့” ဟု ပြောသည်။
အဆိုပါ ပင်းခါးကျေးရွာ လူငယ်များကို KIA၊ PDF တို့ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ကိစ္စနှင့် ပတ်သက်၍ CNI အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ KIA မှ တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

SNA တပ်ဖွဲ့ကို တွေ့ရစဉ်
လက်ရှိ နိုင်ငံရေး ရှုပ်ထွေးနေသည့် ကာလတွင် အခြေအနေများ ပိုမို မရှုပ်ထွေးစေရန် ထိန်းသိမ်းသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က CNI သို့ ပြောသည်။
၎င်းက “အဲဒီတော့ ပြဿနာက ဘာနဲ့ တူလာလဲဆိုတော့ ဟိုစစချင်း ဖြစ်တာတော့ဗျာ၊ အာဏာသိမ်းပွဲအပေါ် မူတည်ပြီးမှ ဖြစ်လာတဲ့ ပြဿနာပေါ့နော်၊ နောက်ပိုင်းမှာ တဖြည်းဖြည်းနဂိုက အနာဟောင်းတွေရှိတယ်၊ နဂိုက ပြဿနာဟောင်းတွေကလည်း ဒီထဲမှာ ကြာလာတော့ ဒီအချိန်မှာ ငါတို့ အချိန်ပဲဆိုတာမျိုးနဲ့ တစ်ဖက်နဲ့ တစ်ဖက် ဝင်ကစားတာတို့၊ ဝင်လှုံ့ဆော်တာတို့ သိတယ်မလား သူအုပ်စု၊ ကိုယ့်အုပ်စု လုပ်တဲ့ဟာမျိုးတွေတို့ ကိုယ်ကျိုး စီးပွားရှာတဲ့ ဟာမျိုးတွေတော့ ဖြစ်နိုင်တာပေါ့” ဟု ပြောသည်။
ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်း နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3186
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၃
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ ပန်ကြားချက်အရ PPST တွင် ဦးဆောင်နာယကအဖြစ် တာဝန် ယူသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက စာတစ်စောင် ပေးပို့အကြောင်းကြားခဲ့သည်။
PPST သည် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအား PPST အား နိုင်ငံရေးအရ လမ်းညွှန်မှုနှင့် ဦးဆောင်မှုများ ပေးနိုင်ရန် ဦးဆောင် နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံကြောင်း စာတစ်စောင် ပေးပို့ ခဲ့သည်။
အဆိုပါ စာကို ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက လက်ခံရရှိကြောင်းနှင့် ဦးဆောင်နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သြဂုတ် ၄ ရက်နေ့စွဲဖြင့် အကြောင်းပြန်ကြားခဲ့သည်။
ထို့နောက် စတုတ္တအကြိမ်မြောက် NCA-EAO Summit မှ အတည်ပြုသော TOR အရ PPST အား နိုင်ငံရေးအရ လမ်းညွှန်မှုနှင့် ဦးဆောင်မှုများပေးနိုင်ရန် ဦးဆောင်နာယကအဖြစ် ခန့်အပ်လိုခြင်းသည် တိုင်းရင်းသားအဖွဲ့အ စည်းများ၏ သဘောဆန္ဒဖြစ်ပြီး အဆိုပါ သဘောဆန္ဒအား တိုင်းရင်းသား တစ်ဦးဖြစ်သော ကျနော့်အနေဖြင့် လေးစားစွာ အသိအမှတ်ပြုပါကြောင်း PPST သို့ ပြန်လည် အကြောင်းကြားသည့် စာထဲတွင် ရေးသားထား သည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ထို့အပြင် TOR အရ ဦးဆောင်နာယကသည် အဖွဲ့အစည်း၏ လွှမ်းမိုးမှုမပါဘဲ ကိုယ်ပိုင်လွတ်လပ်သော ဆန္ဒအရ ဟု ပြဋ္ဌာန်းထားသဖြင့် ကျနော် စောမူတူးစေးဖိုး၏ ကိုယ်ပိုင်သဘောထား ဆုံးဖြတ်ချက်ဖြင့် အဖွဲ့အစည်းကိုယ်စားပြုရန် မလိုဘဲ ပုဂ္ဂလိကအရ လွတ်လပ်စွာ ပါဝင်ခွင့်ရှိသည်ကိုလည်း သိရှိရသဖြင့် ကျနော်၏ သဘောထား ယုံကြည်ချက်ဖြစ်သော ငြိမ်းချမ်းရေးကို တွေ့ဆုံ ဆွးနွေးရေး နည်းလမ်းဖြင့်သာ ဆောင်ရွက်ကြရန် လွတ်လပ်စွာ ဦးဆောင်လမ်းပြနိုင်မည်ဟု ယုံကြည်ပါသည်ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက “ သို့ပါ၍ PPST အား နိုင်ငံရေးအရ လမ်းညွှန်မှုနှင့် ဦးဆောင်မှုများပေးနိုင်ရန် ဦးဆောင် နာယကအဖြစ် တာဝန်ယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံချက်အပေါ် အဖွဲ့အစည်းအား ကိုယ်စား မပြုပဲ ကျနော်၏ ပုဂ္ဂလိက အနေဖြင့် ပါဝင်ကာ ဦးဆောင် နာယက တာဝန်အား တာဝန်ယူဆောင်ရွက်ပါ မည်” ဟု အကြောင်းကြားစာထဲတွင် ပြောကြားထားသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက PPST ၏ ဦးဆောင်နာယကအဖြစ် KNU ကို ကိုယ်စားပြု၍ တာဝန်ယူခြင်း မဟုတ်ဘဲ မိမိ၏ ပုဂ္ဂလိကအနေဖြင့်သာ ဦးဆောင်နာယကတာဝန်အား တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် အားကောင်းလာနိုင်သလို မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေး တစ်စုံတစ်ရာ အထောက်အကူပြုလာနိုင်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူတချို့က ပြောသည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို NCA-S EAO Summit မှာတွေ့ရစဉ်
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် လက်ရှိတွင် KNU ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ၂၀၁၅ ခုနှစ်၊ အောက်တို ဘာ ၁၅ ရက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို တခြားသော လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ ဦးဆောင် လက်မှတ်ရေးထိုးခဲ့သူ ဖြစ်သည်။
အဆိုပါ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသော PPST ၏ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ယူခဲ့ပြီးနောက် နှုတ်ထွက်သွားခဲ့သည်။
လက်ရှိတွင် PPST ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(AL P)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ဖြင့် ဖွဲ့စည်း ထားသည်။
ကျန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုး သားတပ်ဦး(CNF)တို့က အဖွဲ့အဝင်များအဖြစ် ပါဝင်မှုကနေ ရပ်နားထားကြောင်း သိရသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1233
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး(LDU) တို့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သြဂုတ် ၂၂ ရက် တွေ့ဆုံ၍ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။
PNLO၊ ALP၊ LDU တို့ကို တစ်ခါတည်း စုပေါင်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
PNLO ကမူ ဥက္ကဋ္ဌ ခွန်သူရိန် တက်ရောက်ခဲ့ပြီး၊ ALP က ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ LDU က အထွေထွေ အတွင်းရေးမှူး ကျာဆော်လမွန်တို့ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1882
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
ရှမ်းနီအမျိုးသားညီလာခံကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မှာ သြဂုတ် ၂၂ ရက်နေ့က ကျင်းပလျက်ရှိ သည်။
ယနေ့ ကျင်းပသည့် ညီလာခံတွင် ရှမ်းနီတိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ အမည် ကွဲပြား နေခြင်းကို အတည်ပြုနိုင်ရေး၊ ရှမ်းနီပြည်နယ် ရရှိရေး စသည်တို့ကို ဆွေးနွေးကြမည်ဖြစ်သည်။

ဓာတ်ပုံ- ရှမ်းနီအသံ
အဆိုပါ ညီလာခံသည် ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်သည်။ ပထမအကြိမ် ရှမ်းနီအမျိုးသားညီလာခံကို ပဏာမ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နှင့် ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်တို့မှာ ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ မန္တလေးမြို့မှာ အားလုံးသဘောတူညီချက်ဖြင့် ကျင်းပခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1718
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၂
လက်ရှိ အချိန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် အခြေခံကောင်း မဟုတ်သေးကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ပြောရေးဆိုခွင့်ရှိသူ ခူပလူးရယ်က CNI သို့ ပြောသည်။
နစက ဥက္ကဋ္ဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပထမအကြိမ်တွင် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တက်ရောက်ခဲ့ပြီး၊ လက်ရှိတွင် ဒုတိယအကြိမ် ပြန်လည် စတင်လျက်ရှိသည်။
KNPP မှ ခူပလူးရယ်က “ကျနော်တို့ဖက်ကတော့ ခုချိန်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက အခြေခံကောင်း မဟုတ် သေးဘူးပေါ့နော်၊ ဆိုတော့ ကျနော်တို့ဖက်ကတော့ အချုပ်အားဖြင့် အဲဒီလိုပဲ ကျနော်တို့ ပြောနေကြတယ် လေ။ ဆိုတော့ ကျနော်တို့ သွားလိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကတော့ ကျနော်တို့ ဆိုလိုချင်တာက ဒီ ၂၀၀၈ အောက်မှာပဲ ကျနော်တို့ကို ဆွဲသွင်းချင်တယ်လို့ပဲ ကျနော်တို့ ခံစားရတယ်ပေါ့လေ၊ အခြားလမ်းကြောင်းကို ပဲ ကျနော်တို့ စဉ်းစားစေချင်တာပေါ့။ ဒီမှာပဲ ပြောနေလို့ရှိရင်တော့ ကျနော်တို့ ပြောနေတဲ့ အဲဒီ ကျနော်တို့ အနာဂတ်ကတော့ မရနိုင်ဘူးပေါ့လေ။ ကျနော်တို့ ဒီလိုပဲ ပြောချင်ပါတယ်” ဟု CNI သို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ALP၊ PNLO၊ LDU ကိုယ်စားလှယ်များကိုတွေ့ရစဉ်
နစက ဥက္ကဋ္ဌက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ လျှောက် လှမ်း လာစေရန်နှင့် ၎င်းတို့ကို တပ်မတော်၏ အစိတ်အပိုင်းဖြစ်သော တရားဝင် လက်နက်ကိုင် အဖွဲ့အဖြစ် ဖွဲ့စည်းပေးရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ထို့အတူ KNPP ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့သည် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လိုက်ပါလျှောက်လှမ်းလာခြင်းမရှိဘဲ လက်နက်ကိုင် လမ်းစဉ်အတိုင်းသာ ဆက်လျှောက် လှမ်းခဲ့ကြကြောင်း ဖော်ပြထားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တပ်မတော်၏ အစိတ်အပိုင်းဖြစ်သော တရားဝင် လက်နက်ကိုင်အဖွဲ့ ဖွဲ့စည်းပေးရန်ဆိုသည်မှာ ဖက်ဒရယ်စနစ်ကို သွားမည့် ရည်မှန်းချက်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သို့ ပြောသည်။
ဦးရဲထွန်းက “နိုင်ငံတစ်ခုမှာဆိုရင် ဖက်ဒရယ်စနစ်မှာပဲ ဖြစ်ဖြစ်၊ ဗဟိုချုပ်ကိုင်မှုရှိတဲ့ နိုင်ငံတော်မှာပဲ ဖြစ်ဖြစ်ပေါ့။ တပ်မတော်က တစ်ခုတည်းပဲရှိရမှာ။ တပ်မတော်က တစ်ခုတည်းပဲ ရှိရမှာဆိုတော့ အခုတိုင်းရင်းသား လက်နက် ကိုင် အသီးသီးက ကိုယ့်အချုပ်အခြာ၊ ကိုယ့်ဒေသ၊ ကိုယ့် အချုပ်အခြာအာဏာနဲ့ ကိုယ်နေကြတာကိုး။ နေကြပြီး တော့ ဗဟိုအစိုးရကို တိုက်ခိုက်နေကြတာ၊ အဲဒီလို တိုက်ခိုက်နေကြတဲ့ အခါကြတော့ ဒီဟာက နိုင်ငံရေး ရည်ရွယ် ချက်က နောက်ဆုံး ဆုံမှတ်က ဘာလဲဆိုတော့ ဖက်ဒရယ်စနစ်ကို သွားချင်တာပေါ့။ ဖက်ဒရယ်စနစ်ကို သွားတဲ့ အခါမှာ ဟုတ်ပြီ အခြေခံဥပဒေကို ပြောင်းရမယ်၊ အခြေခံဥပဒေကို ပြင်ဆင်ပြီးတဲ့ အခါကြတော့ အခြေခံဥပဒေ အရ ဖက်ဒရယ်စနစ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ရပြီ။ ကျေနပ်ပြီဆိုတဲ့ အခါမှာ တပ်မတော်က လက်နက်ကိုင် တပ်ဖွဲ့တစ်ခုထဲရဲ့ အောက်မှာပေါ့၊ ပုံစံအမျိုးမျိုးနဲ့ ဥပမာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။ ဒါမှမဟုတ်ရင်လည်း ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။ အဲဒါ တွေက ဘယ်လို အဝှာဖြစ်မလဲဆိုတာ ညှိနှိုင်းရမှာ။ ဆိုတော့ ဒါက ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုလို့ရှိရင်တော့ နောက်ဆုံး ငြိမ်းချမ်းရေး ရဖို့ဆိုတဲ့ ရည်မှန်းချက်က အဲဒီဟာပါ အပါဖြစ်တယ်။ ဆိုတော့ ဒါက သူအဲဒါကို ကြိုပြီး တော့ ပြောတာပေါ့နော်၊ ကြိုပြီးတော့ ပြောတာ” ဟု ပြောသည်။

ကရင်နီတပ်မတော်(KA)ကို တွေ့ရစဉ် (Karenni Army Center- Kn.A.C)
နစကနှင့် ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇)ဖွဲ့နှင့် NCA မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၃)တို့ တွေ့ဆုံ ဆွေးနွေးထားကြသည်။
ထို့နောက် နစကနှင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်ထားသည့် ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဩဂုတ် ၂၂ ရက်က စတင်ပြီး တွေ့ဆုံဆွေးနွေးလျက် ရှိကြောင်း သိရသည်။
KNPP နှင့် KIA တို့ကမူ NCA ထိုးထားသည့် အဖွဲ့များမဟုတ်သော်လည်း ယခင်က လက်မှတ်ထိုးနိုင်ရေး တွေ့ဆုံ ဆွေးနွေးထားမှုများ ရှိသည်။ KNU သည် NCA ထိုးထားသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1871
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်ဖြင့် ရှမ်း ပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ ၄ မိုင်းလားမြို့တွင် အိမ်ထောင်စုလူူဦးရေစာရင်း ပုံစံ ၆၆/၆ ၅၂၀ စု၊ နိုင်ငံ သား စိစစ်ရေးကတ်ပြား ၂၀၈၈၄ ဦးအား ထုတ်ပေးခဲ့သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်း အခမ်းအနားကို မိုင်းလားမြို့မှာ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀ ရက်နေ့က ကျင်းပခဲ့ပြီး နစကဘက်က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်အစိုးရခွဲဥက္ကဋ္ဌ ဦးရဲ နိုင်တို့ တက်ရောက်ခဲ့ပြီး မိုင်းလားအထူးဒေသ ၄ ဘက်ကမူ အထူးဒေသ ၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးစံပေ့၊ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီဝင်၊ စစ်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးလော်ချန် ပေါက်၊ ငြိမ်းချမ်းရေးနှင့် စည်းလုံး ရေးကော်မတီ ဒုအတွင်းရေးမှူး(၂) ဦးအားလူ၊ ဆက်ဆံရေးနှင့် ဆက်သွယ် ရေး ဌာနကြီးမှူး ဦးစိုင်းမောက်၊ ဒေသခံတိုင်းရင်းသား ၂၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း Mongla News က ထုတ်ပြန်ထားသည်။
ယခု အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ ၅၂၀ စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၀၈၈၄ ဦးကို ထုတ်ပေးခဲ့ ခြင်းသည် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ထို့ကြောင့် စုစုပေါင်း အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ ၁၈၇၇ စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၉၂၀၁ ဦးအား ပေးအပ်ထားပြီ ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀ ရက်က အထူးဒေသ ၄ မှာ မှတ်ပုံတင်ကတ် ပေးအပ်ခြင်း အခမ်းအနားကျင်းပ (Mongla News)
အထူးဒေသ ၄ မိုင်းလားသည် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၏ ထိန်းချုပ်မှု အောက်တွင် တည်ရှိပြီး ဒေသ၏ မြို့တော်မှာ မိုင်းလားမြို့ဖြစ်သည်။
NDAA သည် ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကနေ ခွဲထွက်၍ တပ်မတော်နှင့် ငြိမ်းချမ်းရေး ယူခဲ့သည့်အတွက် အထူးဒေသ ၄ အဖြစ် သတ်မှတ်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အသိအမှတ်ပြုပေးထားခြင်းမဟုတ်သေးပေ။
လက်ရှိတွင် NDAA သည် ၎င်းတို့ ထိန်းချုပ်ကာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေ၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို ကိုယ်ပိုင်စီမံခန့်ခွဲလျက်ရှိပြီး ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အတည်ပြု သတ်မှတ်ပေးရန် တောင်းဆိုလျက်ရှိသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က NDAA ဒုဥက္ကဋ္ဌ ဦစံပေ့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လက်ခံကာ တွေ့ဆုံပြီး ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရေး ဆွေးနွေးခဲ့သေးသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 2431
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့များကို ငွေကြေးထောက်ပံ့ ကူညီပေးခြင်းများ ပြုလုပ်သည်ဟုဆိုကာ မြန်မာသူရကျောက်မျက်ကုမ္ပဏီ ပိုင်ရှင်ကိုကျော်သူရကို ဖမ်းဆီးလိုက်ပြီး ၎င်း၏ ပိုင်ဆိုင်မှုများအား ချိတ်ပိတ်၍ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း နစက-က သြဂုတ် ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇ ရက်က PDF အဖွဲ့များကို ငွေကြေးထောက်ပံ့ပေးနေသူ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်နေ မွန်သူအောင်ကို ဖမ်းဆီးရမိခဲ့ကြောင်၊ မွန်သူအောင်သည် မြန်မာသူရကျောက်မျက်ကုမ္ပဏီ၌ ယာဉ်မောင်းအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း၊ မြန်မာသူရကုမ္ပဏီပိုင်ရှင် ကိုကျော်သူရသည် PDF အဖွဲ့များအား ငွေကြေးအမြောက်အများ ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း ထွက်ဆိုခဲ့သည်။
ထို့နောက် သြဂုတ် ၁၇ ရက်တွင် ကိုကျော်သူရအား ချမ်းအေးသာစံမြို့နယ်၊ ဇေယျာသီရိလမ်းသွယ်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီခြံဝန်းအတွင်းရှိ နေအိမ် အိပ်ခန်းအတွင်းမှ Sigsauer မစ္စတို ၁ လက်၊ ၎င်းကျည် ၁၂ တောင့်၊ ကျည်အိမ် ၂ ခုတို့အား သိမ်းဆည်းရမိခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နစက ထုတ်ပြန်ချက်
မြန်မာသူရကျော်မျက်ကုမ္ပဏီပိုင်ရှင် ကိုကျော်သူရသည် ဆန္ဒလှုပ်ရှားသူများ၊ CDM ဝန်ထမ်းများ၊ PDF အဖွဲ့များ ကို စုစုပေါင်း ငွေကျပ် ၆၁၅၀ သိန်း၊ ALPHARD ကား ၁ စီး၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀၊ တရုတ်ယွမ်ငွေ ၁၉၀၀၀ ထောက်ပံ့ခဲ့ကြောင်း နစက-က ထုတ်ပြန်လာခဲ့သည်။
ထို့ကြောင့် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၃ လမ်းနှင့် ၅၂ လမ်းထောင့်ရှိ မြန်မာသူရကျောက် မျက်ကုမ္ပဏီနှင့် နေအိမ်ခြံဝန်းအတွင်းရှိ အဆောက်အဦ ၄ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၅ စီးလည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်၊ ၈၈(ဘီ)လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ အဆောက်အဦ ၃ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၂ စီး၊ မီးစက် ၂ လုံး၊ ကျောက်စိမ်းဖြတ်သားမျိုးစုံ တန် ၈၀ ခန့်ကို လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တသီရိရပ်ကွက်၊ စစ်ကိုင်းလမ်းနှင့် သဇင်(၆)လမ်းထောင့်ရှိ ခြံဝန်းနှင့် အဆောက်အဦ ၁ လုံးကိုလည်းကောင်း ချိတ်ပိတ် သိမ်းဆည်းခဲ့သည်။
အလားတူ ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ကျောက်မျက်ကွက်သစ်၊ လုံးခင်းလမ်းရှိ ခြံဝန်းနှင့် အဆောက် အဦ ၂ လုံးကိုလည်းကောင်း၊ ကချင်ပြည်နယ်။ မြစ်ကြီးနားမြို့၊ ရွှေအိုက်ရပ်ကွက်၊ ရွှေလမ်းမကြီးဘေး၊ A လမ်း နှင့် B လမ်းကြားရှိ ခြံဝန်းနှင့် အဆောက်အဦ ၁ လုံးကိုလည်းကောင်း၊ ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာ သူရကျောက်မျက် ကုမ္ပဏီခြံဝန်းအတွင်း၌ အဆောက်အဦမျိုးစုံ ၁၈ လုံး၊ ကျောက်စိမ်း ဖြတ်သားနှင့် အရိုင်းတုံး မျိုးစုံ ၁၉၃ တန်၊ မီးခံသေတ္တာ ၂ လုံး၊ MITSUBISHI အမျိုးအစားပစ္စည်းတင် မော်တော်ယာဉ် ၁ စီးကိုလည်း ကောင်း ချိတ်ပိတ်၍ နိုင်ငံတော်ပိုင် အဖြစ် သိမ်းဆည်းခဲ့သည်။
နစက ထုတ်ပြန်ချက်
ထို့နောက် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ ၁၀ ဧက ကျယ်ဝန်းသည့် ကုမ္ပဏီလုပ်ကွက်နှင့် အဆောက်အဦမျိုးစုံ ၇ လုံး၊ ကျောက်ဖောက်စက် ၄ လုံး၊ ကျောက်ဖြတ်စက် အကြီး ၄ လုံး၊ ကျောက်ဖြတ်သား တန် ၃၀ ၊ မြေသယ်ယာဉ်မျိုးစုံ ၁၄ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ဘက်ဟိုးယာဉ် ၅ စီးကို လည်းကောင်း နိုင်ငံတော်ပိုင်အဖြစ် ထပ်မံ သိမ်းဆည်းခဲ့သည်။
ထို့ကြောင့် မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ကိုကျော်သူရ ပိုင်ဆိုသည့် နေအိမ်၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် သိန်းပေါင်း ၁၁၈၄၄၉ ခန့် ရှိကြောင်း သိရသည်။
ကိုကျော်သူရ၏ ထွက်ဆိုချက်အရ ကျောက်မျက်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် အခြား စီးပွားရေး လုပ်ငန်းရှင် များလည်း ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသဖြင့် ကွင်းဆက် တရားခံများအား ဆက်လက် ဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေအရ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
