- By CNI News
- Category: နိုင်ငံရေး
- Hits: 1228
- By CNI
- Category: နိုင်ငံရေး
- Hits: 1141
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတအဖြစ် တာဝန်ယူခဲ့သူ ဦးဝင်းမြင့်တို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ကို တိုက်ရိုက်နှင့် သွယ်ဝိုက် ဖိအားပေး ဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ (ဇန်နဝါရီ ၃၁ ရက်)တွင် နေပြည်တော်၌ ကျင်းပသည့် အမျိုးသာကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသစ်ဖွဲ့စည်း၍ မဲစာရင်း စစ်ဆေးခဲ့ မှုနှင့် စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ မဲမသမာမှုတွင် အရေးယူ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ NLD ပါတီ ဥက္ကဋ္ဌနှင့် သမ္မတဟောင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် တိုက်ရိုက်နှင့် သွယ်ဝိုက် ဖိအားပေး ဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အခြေအနေများကို” ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်
အဆိုပါ အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်း ဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ တက်ရောက်ခဲ့ကြသည်။
သို့သော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ကတော့ ကျန်းမာရေးကြောင့် တက်ရောက်နိုင်ခြင်း မရှိကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အကြမ်းဖက်မှုများ၊ လက်နက်ကိုင် ခြိမ်းခြောက်မှုများဖြင့် နိုင်ငံတော်အာဏာကို ရယူရန် ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည့် သာမန်မဟုတ်သော အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း၊ အဆိုပါ အခြေအနေများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1649
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင်ပြေစေရန် တရုတ်မှ ဝင်ရောက်ဖြေရှင်း၍ ရနိုင်သည့် အနေအထား မရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ-တရုတ် နယ်စပ်တစ်လျောက် လှုပ်ရှားနေသည့် လက်နက်ကိုင်များမှာ တရုတ်ဩဇာခံများရှိသလို၊ အမေရိကန်လိုလားသူ အုပ်စုများလည်း ရှိနေကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအောင်မျိုးက “မရှိဘူးဗျ၊ အဲဒါ လုံးဝမရှိဘူး။ မရှိဘူးဆိုတာက ဆိုပါတော့ သူက အဲဒီလိုမျိုး ဝင်ပြီးတော့ ပြောရင်တောင်မှ သူ့စကားကို နှစ်ဖက်က လိုက်နာဦးမှ ဖြစ်တာလေ၊ ဟိုလူကလည်း လိုက်နာမှ ဖြစ်မှာ ဒီဖက်က လည်း လိုက်နာမှ ဖြစ်မှာ အဲဒီအနေအထားမျိုးက မဖြစ်နိုင်ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုရင် အထူးသဖြင့် “ဝ” မှာ ဖြစ် ကောင်းဖြစ်နိုင်တယ်၊ KIA ဆို မဖြစ်နိုင်ဘူး။ TNLA လိုမျိုးကြတော့လည်း သူက နားထောင်နိုင်တာပေါ့၊ သူက တရုတ်ပြည်နဲ့ နယ်စပ်ချင်းက ကပ်မနေဘူးလေ၊ နမ့်ခမ်းမှာ နည်းနည်း ကပ်တယ်ဆိုပေမဲ့ နည်းနည်းလေးပဲ ကပ် တာပါ၊ ဒါကလည်း KIA လွှမ်းမိုးဧရိယာဆိုတော့ သူက အတွင်းထဲ နည်းနည်းရောက်နေသလို သူကတော့ နားထောင်ရင် နားထောင်နိုင်မှာပေါ့၊ KIA က အထူးသဖြင့် နားမထောင်နိုင်ပါဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကိုတွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေခြင်းကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အခန်းကဏ္ဍများ ဖွံ့ဖြိုးမှုနိမ့်ကျနေသည်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် နိုင်ငံတကာက ပါဝင်မှသာ ဖြေရှင်း၍ ရမှာဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းရေးဆိုတဲ့ နေရာမှာ လွန်ခဲ့တဲ့အချိန်မှာလည်း ဦးသိန်းစိန် လက်ထက်မှာလည်း ငြိမ်းချမ်းရေးကို လုပ်ခဲ့ပြီးပြီ၊ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာလဲ လုပ်ခဲ့ပြီးပြီ။ ဒီဟာက ပါနိုင်သလောက်ပါပြီးမှ နိုင်ငံတကာ ကလည်းပါပြီးမှ လုပ်ခဲ့တယ်၊ ဒီလိုပဲ ကျနော်က မြင်ပါတယ်၊ ဒါပေမဲ့ ဒီဟာပါခြင်း မပါခြင်းက ကာယကံရှင်တွေက ငြိမ်းချမ်းရေးကို လက်ခံသလား၊ မလက်ခံဘူးလားဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်၊ နောက်တစ်ခုက ဘာလဲ ဆိုတော့ ငြိမ်းချမ်းရေးကို တရုတ်ပါမှ လုပ်လို့ရတယ်ဆိုတာထက် ငြိမ်းချမ်းရေးတစ်ခု လုပ်မယ်ဆိုရင် နောက်ဆုံး အဆင့်မှာတော့ လက်နက်ကိုင်လမ်းစဉ်နဲ့ လုပ်တဲ့ တိုက်ပွဲတွေ နိုင်ငံရေးဖြေရှင်းနည်းတွေ နောက်ဆုံးမှာတော့ ငြိမ်းချမ်းရေး စားပွဲပေါ်မှာ နိုင်ငံရေးအရပဲ သွားတာကို တွေ့ပါတယ်၊ အဲဒီအချိန်မှာပဲ တရုတ်ပဲပါပါ၊ ဥရောပပဲ ပါပါ၊ EU ပေါ့ဗျာ၊ အမေရိကန်တွေ၊ ဂျပန်တွေ၊ ဩစတြေးလျတွေရယ်၊ အာဆီယံတွေ အကုန်လုံး၊ အိန္ဒိယကအစ အကုန် လုံးပါပြီးမှ အကုန်လုံးရဲ့ရှေ့မှာ ဒီဟာဖြေရှင်းလို့ ရမယ့်ဟာမျိုး ဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကို ဘာဖြစ်လို့ ကျနော်ဒီလိုပြောလဲဆိုတော့ ၁၉၄၇ ခုနှစ်တုန်းက ပင်လုံစာချုပ် ချုပ်တဲ့အချိန်မှာ နိုင်ငံတကာကနေ သက်သေတွေ မပါခဲ့လို့ အခု လုပ်ချင်သလို လုပ်တဲ့ အပိုင်းတွေလည်း အခု နောက်ဆက်တွဲတွေက ပြဿနာ အများ ကြီး ဖြစ်လာတယ်၊ ဒါကြောင့်မို့လို့ ဒီဟာတွေက တစ်ခု အလုပ်လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေး တွေ့ဆုံမှုပဲဖြစ်ဖြစ်၊ လုပ်မယ်ဆိုရင် စစ်ရေးပဲဖြစ်ဖြစ် အကုန်လုံးပါပြီးမှ ဖြေရှင်းတာက အကောင်းဆုံးပဲလို့ ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

UWSA – NDAA- SSPP မှ ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
တရုတ် - မြန်မာ နှစ်နိုင်ငံနယ်နိမိတ်မှာ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်လျက်ရှိပြီး နယ်စပ်အနီးတွင် ရှမ်းပြည် ပြန် လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ (MNDAA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1172
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀
ခုခံတော်လှန်ရေးသည် လူတစ်ဦးတစ်ယောက်၏ အင်အားဖြင့် ကြိုးပမ်းလုပ်ဆောင်ရမည့် အရာမဟုတ်သလို ငါ့မြင်းငါစိုင်းပြီး သူတလူ ငါတမင်း လုပ်ဆောင်၍ မရဘူးဟု ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး စောမူတူးစေးဖိုးက ပြောသည်။
ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကျရောက်မည့် ၇၄ ကြိမ်မြောက် ကရင်အမျိုးသား ခုခံတော်လှန်ရေးနေ့သို့ ပြောကြားမည့် မိန့်ခွန်း၌ အထက်ပါအတိုင်း ၎င်းက ထည့်ပြောကြားထားသည်။
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ ခုခံတော်လှန်ရေးသည် လူတစ်ဦးတစ်ယောက်၏ အင်အားဖြင့် ကြိုးပမ်းလုပ် ဆောင်ရမည့် အရာမဟုတ်ပေ၊ ထို့အပြင် လူမျိုးတစ်မျိုးတည်းဖြင့် ကြိုးပမ်းအားထုတ်ရမည့် အရာလည်း မဟုတ် ပေ။ ထို့ကြောင့် လူမျိုးတစ်မျိုးအနေဖြင့် အတူတကွ ပူးပေါင်းပြီး လုပ်ဆောင်ကြရပါမည်။ ငါ့မြင်း ငါစိုင်းပြီး သူတ လူ ငါတမင်း လုပ်ဆောင်၍ မရပါ။ မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများ ပိုမို အားကောင်းစေရေးနှင့် အောင်မြင်ရေး အတွက် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင် စနစ်များ၏ စရိုက်လက္ခဏာအလုံးစုံကို ကြိုးပမ်းတော်လှန်နေကြ သည့် အခြားသောလူမျိုးများ၊ အစုအဖွဲ့များနှင့်လည်း လက်တွဲ တိုက်ထုတ်ကြရပါမည်”ဟု ပြောသည်။

NUG ၀န်ကြီးချုပ်နဲ့ PDF ကိုတွေ့ရစဉ်
ထို့နောက် နိုင်ငံရေးအရ ကြိုးပမ်းမှုများအတွက် လမ်းပိတ်သွားခြင်းနှင့် ရပ်တန့်သွားခြင်းများ ဖြစ်ပေါ်လာပါက လက်နက်ကိုင် ခုခံတော်လှန်ရေး ပေါ်ပေါက်လာမည်သာဖြစ်ကြောင်း၊ ထူးခြားပြီး အံ့သြစရာကောင်းသည့် အကြောင်းအရာမဟုတ်ကြောင်း၊ နိုင်ငံရေးအမှန်တရား၏ သဘာဝဖြစ်စဉ်သာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ဤအခွင့်အရေးများသည် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥ့ပဒေ တွင် အတိအလင်း ထည့်သွင်း ပြဋ္ဌာန်းထားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ၏ ဥပဒေအဖြစ် ပြောင်းလဲပစ်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုးက ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၃ လအကြာမှာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်မှာ ယနေ့အထိတိုင် ဖြစ်သည်။
ထို့နောက် KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တခြားသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးသည်။
လက်ရှိတွင် KNU သည် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ အထွေ ထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ ခြင်းကြောင့် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတွင် ပါဝင်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1377
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ သတ်မှတ်ချက်များက မှတ်ပုံတင်ရေး လုပ်ငန်းစဉ်တွင် ရှုပ်ထွေးခက်ခဲ နေသည်ဟု နိုင်ငံရေးပါတီများက ပြောသည်။
အဆိုပါ ဥပဒေအရ မိမိတို့ ပါတီမှာ မှတ်ပုံတင်မည်ဆိုပါက ၄ ခုလောက် မှတ်ပုံတင်ရမည့် အနေအထား ဖြစ်နေကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
ဦးသာထွန်းလှက “ဒီဥပဒေအရဆိုရင် ကျနော်တို့ ပါတီမှာက အရင်တုန်းက ရခိုင်မှာရှိတယ်၊ ရန်ကုန်မှာရှိတယ်၊ ဧရာဝတီတိုင်းမှာ ရှိတယ်၊ ချင်းပြည်နယ် ပလက်ဝမှာ ရှိတယ်၊ အခု ဥပဒေအရဆိုရင် ကျနော်တို့ ပါတီက မှတ်ပုံ တင် မယ်ဆိုရင် မှတ်ပုံတင်ပါတီ ၄ ခုလောက် မှတ်ပုံတင်ရမယ့်သဘော သွားဖြစ်တယ်၊ အခုဥပဒေအရ ရခိုင်ပြည် အတွက် တစ်ခုတင်ရမယ်၊ ရန်ကုန်တိုင်းအတွက် တစ်ခုတင်ရမယ်၊ ဧရာဝတီတိုင်းအတွက် တစ်ခုတင်ရမယ်၊ ချင်း ပြည်နယ်အတွက် တစ်ခုတင်ရမယ်၊ အဲဒီလို ပါတီ ၄ ခု မှတ်ပုံတင်ရမယ့် အဲဒီပုံစံမျိုး အဓိပ္ပာယ် သွားသက် ရောက်တယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဉပဒေ သတ်မှတ်ချက်ကိုတွေ့ရစဉ်
ပါတီစုံနိုင်ငံရေးစနစ်ကို ထူထောင်ရန် နိုင်ငံရေးပါတီများ အားကောင်းရန် လိုအပ်ကြောင်း၊ ထိုမှတဆင့် ပါတီစုံစနစ် ဖြင့် တည်တည်ငြိမ်ငြိမ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခု ဖြစ်လာမှာဖြစ်ကြောင်း၊ လက်ရှိ အနေအထားအရ နိုင်ငံ ရေးပါတီများအတွက် အခက်အခဲများစွာ ဖြစ်စေကြောင်း ၎င်းက ပြောသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုတွင် စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ် တစ်ခုခုတွင် ငွေစာရင်း ဖွင့်လှစ်ထားရန်နှင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဉပဒေတွင် ဖော်ပြထားသည်။
ထို့နောက် ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့်ပါတီဖြစ်ပါက ပါတိရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို မြန်မာ့စီးပွားရေး ဘဏ် တစ်ခုခုတွင် ငွေစာရင်း ဖွင့်လှစ်ထားရန်နှင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀၀၀(တစ်သိန်း)ကို စည်းရုံးရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
နစက ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မိမိတို့ ပါတီအနေဖြင့် အခက်အခဲ ရှိနေ ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP)မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခက်အခဲက ဒီလိုရှိတယ်နော်၊ သူထုတ်ပြန်ထားတဲ့ နိုင်ငံရေးမှတ်ပုံတင် ဥပဒေအရဆိုရင် ကျနော်တို့ ပြည်နယ်မှာ ပြိုင်လို့ရှိရင် ကျနော်တို့ MUP အနေနဲ့ကတော့ မွန်ပြည်နယ်မှာဆို မွန်ပြည်နယ် ကော်မရှင်ကို တင်ရ မှာပေါ့နော်၊ တကယ်လို့ ကျနော်တို့ ကရင်ပြည်နယ်မှာလဲ ပြိုင်ချင်တယ်ဆိုလို့ရှိရင် နောက်ထပ် ကရင်ပြည်နယ်မှာ လည်း ပြန်တင်ရဦးမယ်၊ ပါတီအင်အား ၁ ထောင်နဲ့ သိန်း ၁၀၀ ပြန်တင်ရမှာပေါ့ဗျာ၊ အလားတူ တနင်္သာရီတိုင်း၊ ရန်ကုန်၊ ပဲခူးတို့လည်း ကျနော်တို့ ဝင်ပြိုင်လို့ရှိရင်လည်း ဒီအတိုင်းပဲပေါ့၊ အဲဒါကြတော့ အခက်အခဲတော့ ဖြစ်တာ ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လူဦးရေ ပြန့်ကြဲပြီးတော့ နေထိုင်တဲ့ အတွက်ကြောင့် ဒါကတော့ အခက် အခဲ တစ်ခုပေါ့” ဟု ပြောသည်။
နစက ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် တည်ဆဲနိုင်ငံရေးပါတီ အားလုံး ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် ပြန်တင်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1140
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဗိုလ်စောအယ်စေးဝါး ဦးဆောင်သည့် အဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ ကြား တိုက်ပွဲဖြစ်ပြီးနောက် မွန်လူမျိုးများ အများစု နေထိုင်သည့် ကျေးရွာများ မီးရှို့ခံရမှုအပေါ် မွန်ပြည်သစ်ပါတီ (NMSP)က ယနေ့ (ဇန်နဝါရီ ၂၉ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1714
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေသော စစ်ရေး အပြောင်းအလဲမှာ ပိုမိုပြင်းထန်လာနိုင်ကြောင်း ရခိုင်နိုင်ငံရေး သမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့တပ်မတော် အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကိုယူကာ နိုင်ငံရေးလောကမှ ထွက်ခွာ ပါက ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်း ဖြစ်လာမည်ဟု ၎င်းက ပြောသည်။
ဦးဖေသန်းက “မြန်မာ့နိုင်ငံရေး အလဲအပြောင်းကတော့ ဒီအချိန်မှာတော့ အကုန်လုံးက အနှေးနဲ့အမြန် ဖြစ်လာ မယ်လို့ ကျနော်တို့ ထင်တာပေ့ါနော်၊ စစ်ကောင်စီက နိုင်ငံရေးအရရော၊ စစ်ရေးအရရော ထွက်ပေါက်ကျဉ်းလာ တယ်ပေါ့၊ တဖြည်းဖြည်း အဲဒါလည်း ကိုယ့်ထွက်ပေါက် ကိုယ်ပိတ်နေတာပေါ့နော်၊ သူ့အနေနဲ့ အမှန်က ကိုယ့်ရဲ့ မူလ တာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို ယူပြီးတော့ နိုင်ငံရေးလောက-က သူ့အနေနဲ့ စွန့်ခွာလိုက်မယ်ဆိုရင် မြန်မာစစ်တပ်အနေနဲ့ ဂုဏ်သိက္ခာရှိပြီးတော့ ပြည်သူချစ်ခင်တဲ့ တပ်မတော် ပြန်ဖြစ်လာ မယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ သူ့အနေနဲ့ နိုင်ငံရေးထဲကို စွတ်အတင်းပါဝင်ဖို့ ကြိုးစားနေတယ်ဆိုတာကိုက သူ့အနေနဲ့ ကိုယ့်ရဲ့ထွက်ပေါက်ကို ကိုယ်ပိတ်နေတာပေါ့နော်၊ ကိုယ့်ရဲ့သံသရာပေါ့၊ စစ်ရေးသံသရာ၊ နိုင်ငံရေးသံသရာထဲမှာ သူကျင်လည်ဖို့ ပိုပြီးတော့ ကိုယ့်ဟာကို အချိန်ဇယားဆွဲပြီးတော့ ကိုယ့်ဟာကို အကွက်ရှာပြီးတော့ ဖန်တီးနေသလို ဖြစ်တာပေါ့၊ အဲဒါကြောင့် ဒီစစ်ရေး အလဲအပြောင်းကတော့ တဖြည်းဖြည်း ပိုပြီးပြင်းထန်လာမယ်၊ တပ်မတော် အနေနဲ့လည်း တဖြည်းဖြည်း ဒီနိုင်ငံရေးလောက-က၊ စစ်ရေးလောက-က မထွက်တော့ဘဲနဲ့ ပိုပိုပြီးတော့ တွယ်ကပ် လာမှာပေါ့၊ ပိုပိုပြီးတော့ တွယ်ကပ်လာမယ်၊ ပြည်သူကိုလည်း ပိုပိုပြီးတော့ ဖိနှိပ်လာမယ်ပေါ့” ဟု CNI သတင်း ဌာနသို့ ပြောသည်။

တောင်ပိုင်းစစ်ဒေသ တပ်ဖွဲ့က ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်
၂၀၂၃ ခုနှစ်သည် နွေဦးတော်လှန်ရေး၏ အဆုံးသတ် တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ် ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ပြောကြားထားသည်။
လက်ရှိမှာလည်း မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည်။ ထိုတိုက်ပွဲသည် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းကို တစ်စုံ တစ်ရာ အကျိုးသက်ရောက်လာနိုင် သလားဆိုပြီး သုံးသပ်မှုများလည်း ရှိနေသည်။
တိုက်ပွဲအရှိန် မြင့်လာသည့်အတွက် နိုင်ငံရေးဆွေးနွေးရန် အခွင့်အလမ်း နည်းပါးသွားကြောင်း သေနင်္ဂမဟာဗျူ ဟာ လေ့လာရေးအဖွဲ့မှာ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ သာမန်အားဖြင့် တွေးရင်တော့ တိုက်ပွဲအရှိန် မြင့်လာလေလေ၊ ဒီနိုင်ငံရေး ဆွေးနွေးဖို့ အတွက်က အခွင့်အလမ်း နည်းနည်းတော့ အခက်အခဲ ရှိနေတာပေါ့နော်၊ အရင်က ဆွေးနွေးနေကြ ပုံမှန် လမ်း ကြောင်း ထက်တော့ နည်းနည်းလေး ပိုကျပ်သွားတဲ့ ဟာမျိုးတော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ တကယ်တမ်းက ဒီကရင်တို့ ဘာတို့ဘက်မှာလည်း သူက အဖွဲ့တွေက သဘောထားတွေက အကုန်လုံးအတူတူ ရှိကြတာ မဟုတ် ဘူးဆိုတော့ တကယ်တမ်း ငြိမ်းချမ်းရေးအတွက် မှန်မှန်ကန်ကန်သွားမယ်၊ တကယ်ကို ငြိမ်းချမ်းရေး လိုချင်တယ် ဆိုတဲ့ အဖွဲ့တွေ အတွက်ကတော့ အခွင့်အလမ်းက ရှိနေမှာပါ၊ လက်နက်ကိုင် လမ်းစဉ်ကို ပိုရွေးချယ်ပြီး သဘော ထား တင်းမာတဲ့ အဖွဲ့တွေ အတွက်ကတော့ နည်းနည်း ဆွေးနွေးဖို့ ပိုခက်မယ်လို့ ထင်ပါတယ်၊ အခွင့်အလမ်း လုံးဝ ပျောက်သွားတာတော့ မဟုတ်နိုင်ဘူး၊ ဒါပေမဲ့ အရင်ကထက် စာရင်တော့ နည်းနည်းလေး ပိုအေးစက်သွားတဲ့ ပုံစံ မျိုးတော့ ရှိမှာပေါ့၊ KNU ကိုယ်တိုင်ကိုယ်က ဒီငြိမ်းချမ်းရေးဘက်သွားချင်တဲ့ လမ်းကြောင်းနဲ့ ဒီလက်နက်ကိုင် လမ်း စဉ်ဘက်ကို ပိုပြီးတော့ အားသာတဲ့ဘက်က သူတို့ဆီမှာလည်း နှစ်ဖက်က ကွဲနေတာကိုး၊ အဲဒီတော့ ငြိမ်းချမ်းရေး သမားတွေ အတွက်ကတော့ အခွင့်အရေးကတော့ ရှိနေဦးမှာပါ၊ အဓိကတော့ ဘယ်လောက်အထိ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နိုင်မလဲ၊ ဆွေးနွေးမှုတွေ လုပ်နိုင်မလဲ ဒီအပေါ်မှာပဲ မူတည်ပြီးတော့ ရလဒ်တွေ ထွက်လာပါလိမ့်မယ်” ဟု ပြောသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ နစကရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် တွေ့ဆုံစဉ်
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် KIA၊ KNU၊ KNPP၊ CNF၊ PDF ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။
တခြားတစ်ဖက်မှာတော့ နစကနှင့် RCSS၊ ALP၊ PNLO၊ LDU၊ NMSP၊ DKBA၊ KNU/KNLA-PC၊ UWSA၊ NDAA၊ SSPP တို့ကြား ငြိမ်းချမ်းရေးလုပ်ငန်းများနှင့် မြန်မာ့နိုင်ငံရေး အခြေအနေများကို တွေ့ဆုံ ဆွေးနွေးလျက်ရှိနေကြ သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1140
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇
ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေမှုအပေါ် တပ်မတော်အနေဖြင့် လက်ခံသဘောတူညီပြီး ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစက၏ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၃ ကို ယနေ့ (ဇန်နဝါရီ ၂၇ ရက်)တွင် ကျင်းပခဲ့ရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေမှုအပေါ် တပ်မတော်အနေဖြင့် လက်ခံသဘောတူညီပြီး ဆောင်ရွက်၍လည်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးသည် နိုင်ငံ ရေး ရည်မှန်းချက်ဖြစ်တယ်”ဟု ပြောသည်။
၂၀၂၃ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရရှိသည့် နိုင်ငံရေးပါတီအား နိုင်ငံတော် အာဏာလွှဲပြောင်းပေးသွားမည်ဟု ၎င်းက ထုတ်ဖော် ပြောကြားထားသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံရေးသဘောထား ကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး မတည်ငြိမ်မှုများကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။
လက်ရှိတွင် နစကသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်နေသလို နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကို ဇန်နဝါရီ ၂၆ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
တခြားတစ်ဖက်မှာတော့ တပ်မတော်ဖြုတ်ချရေးနှင့် နစက ကျင်းပမည့် ရွေးကောက်ပွဲ ပျက်စီးရေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများက နွေဦးတော်လှန်ရေးကို ဆင်နွှဲလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1339
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇
နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်ရန် နစက-က ထုတ်ပြန်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် မှတ်ပုံတင် ပြန်တင်နိုင်ခြေ မရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
လာမည့် ဩဂုတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပသွားရန် ပြင်ဆင်နေသည့်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကို ဇန်နဝါရီ ၂၆ ရက်မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာ သွားခဲ့သည်။
ဦးကြီးမြင့်က “ကျနော်ကတော့ မှတ်ပုံတင် ပြန်တင်နိုင်မယ့် အနေအထား မရှိဘူးလို့ ဒီလိုယုံကြည်ပါတယ်၊ ဘာလို့လဲဆိုလို့ရှိရင် သူတို့ တစ်ခါတည်း တင်ပြီးပြီလေ၊ ၂၀၁၀ ရွေးကောက်ပွဲကို ဦးသိန်းစိန် လက်ထက်မှာ ဝင်မယ် လုပ်တော့ ပါတီတွေ မှတ်ပုံတင် ပြန်တင်ရမယ်ဆိုတာမျိုး လုပ်တယ်၊ နောက်တစ်ခါကြတော့ သူတို့ ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ ဦးသိန်းစိန်က ဖွင့်ပေးလိုက်တော့ သူတို့ကို ဒီအတိုင်းတော့ လုပ်လို့မရဘူး။ ပါတီကို မှတ်ပုံတင် ပြန်တင်ရမယ်ဆိုတော့ သူတို့ ပြန်တင်ရတယ်၊ NLD အဲဒီတုန်းက အဲတုန်းကတော့ ပုံစံတစ်မျိုးပေါ့၊ ရှင်းရှင်းပြောရ ရင်တော့ နိုင်ငံရေးသမားတွေကတော့ ပြောတာပဲလေ၊ ပါတီဆိုတာ ဘာမှအရေးမကြီးဘူး။ ပြည်သူတွေ ထောက်ခံ နေသမျှ ဘယ်အချိန် ပြန်ဖွဲ့ဖွဲ့ ရတယ်ဆိုတဲ့ စကားရှိတယ်၊ ဒါကြောင့်မို့ ဦးဝင်းတင်တို့က အဲဒီသဘောထားကို ပြောတယ်၊ ဒါကြောင့်မို့လို့ ဦးဝင်းတင် သဘောထားကို ဒေါ်စုတို့က နောက်ပိုင်းမှာ အစဉ်တစိုက် မလိုက်နာတော့ ဦးဝင်းတင်လည်းပဲ အငြင်းမပွားတော့ဘူးပေါ့နော်၊ အဲဒီလိုပဲ အသာပဲ နေလိုက်ကြတယ်၊ အဲတုန်းက တစ်ခါပြန်တင် တယ်၊ ဒီတစ်ခါတော့ လုံးဝတင်တော့မှာ မဟုတ်တော့ဘူး။ ဒီတစ်ခါတင်လို့ကတော့ ခွေးဖြစ်တော့မှာပဲလေ၊ ဒါကြောင့်မို့လို့ တင်စရာအကြောင်း လုံးဝမရှိဘူးလို့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်
လက်ရှိတွင် NLD အနေဖြင့် ၎င်းတို့၏ ခေါင်းဆောင်အများစု ထောင်ထဲမှာ ရှိနေကြောင်း၊ သို့သော်လည်း နစကနှင့် သင့်မြတ်သည့် ပုဂ္ဂိုလ်များ NLD အမည်ခံကာ မှတ်ပုံတင် ပြန်တင်မလားဆိုသည်ကို မပြောနိုင်ကြောင်း ရခိုင် နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “NLD ကတော့ ခေါင်းဆောင် အများစုကတော့ ထောင်ထဲမှာ ရှိတယ်၊ တချို့တောင်မှ ကြိုးပေးကွပ်မျက် ခံရတာရှိတယ်၊ လွှတ်တော်ကိုယ်စားလှယ် အများအပြား ဖမ်းခံရတာရှိတယ်၊ CRPH တို့၊ NUG တို့ ဆိုတာလည်း ဒီစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေတယ်၊ ဆိုတော့ သူ့အနေနဲ့တော့ ပြောလည်း ပြောထားပြီးပြီပေါ့၊ ရွေးကောက်ပွဲ အသိအမှတ်မပြုဘူး။ ရွေးကောက်ပွဲလည်း မဝင်ဘူးပေါ့၊ ဒါပေမဲ့ သူတို့ထဲက အဲဒီလို စုန်းပြူးတွေများ ရှိမလားတော့ မပြောတတ်ဘူးပေါ့နော်၊ NLD အမည်ခံပေါ့၊ စစ်ကောင်စီက ပလဲနံပသင့်တဲ့ ပုဂ္ဂိုလ်တွေနဲ့ NLD အမည်ခံပြီး ဝင်မလားပေါ့၊ ဒါကတော့ နိုင်ငံရေးနဲ့ ဆိုင်သွားပြီပေါ့နော်၊ ဘယ်သူပဲဝင်ဝင်ပေါ့၊ NLD ပဲ ဖြစ်ပါလိမ့်မယ်၊ NLD ဆိုတဲ့ နာမည်တော့ ရပါလိမ့်မယ်၊ ဒါပေမဲ့ ပြည်သူက အသိအမှတ်ပြုဖို့က ခက်တယ်၊ ဒါမှမဟုတ် တခြားနာမည်နဲ့ ပြောင်းဝင်မလားပေါ့၊ ဒါတွေလည်း ကျနော်တို့တော့ စဉ်းစားနေတာပေါ့၊ စဉ်းစား ကြည့်တာပေါ့နော်၊ ဘယ်လိုပဲဝင်ဝင် ဒီပါတီတွေရဲ့ သမိုင်းက ကောင်းစရာ မရှိဘူး။ ဒီအချိန်မှာ ဒီတော့ NLD နောက်တစ်ပါတီ ပြိုင်မလားဆိုတော့ ပြိုင်နိုင်တယ်၊ NLD နာမည်နဲ့ ဖြစ်စေ၊ တခြားနာမည်နဲ့ ဖြစ်စေ၊ NLD ထဲက တချို့ ပုဂ္ဂိုလ်တွေက ပြိုင်နိုင်တယ်ပေါ့နော်၊ အရင်လည်း အဲဒီလို လုပ်ခဲ့တာတွေ ရှိတယ်” ဟု ပြောသည်။
ပြည်ထောင်စု တစ်ဝန်းလုံး၌ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီရန်ပုံငွေ သိန်း ၁၀၀၀ ကို မြန်မာ့စီးပွားရေးဘဏ် တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ ထို့အတူ ပါတီဝင်ဦးရေ ၁၀၀၀၀၀ ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း စည်းရုံးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
NLD ပါတီဝင် အချို့မှ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်လာနိုင်ကြောင်း သို့သော်လည်း ပါတီဝင် အင်အား ၁ သိန်း ရရှိရန် ခက်ခဲကြောင်း ဦးကြီးမြင့်က ပြောသည်။

NLD ပါတီ ထောက်ခံသူများကိုတွေ့ရစဉ်(ဖရွန်းတီးယားမြန်မာ)
၎င်းက “ဒါပေမဲ့ တစ်ခုရှိတာက အန္တရာယ်ရှိတာက NLD က အဟောင်းတွေက မဝင်တော့ဘူးဆိုရင် NLD ထဲမှာ ဖောက်ပြန်နေတဲ့ အုပ်စုတွေရှိတယ်လေ၊ ပါတီထောင်နိုင်တယ်၊ NLD အနေနဲ့ ပါတီထောင်သွားနိုင်တယ်၊ ထောင် သွားပြီးတော့ ရွေးကောက်ပွဲ ဝင်သွားနိုင်တာတော့ ရှိတယ်၊ ဘာလို့ဆို ပင်မပါတီကြီးက မတင်တော့ဘူးလေ၊ ပင်မ ပါတီကြီးက မှတ်ပုံမတင်တော့ဘူးဆိုရင် သူတို့က သူတို့ဟာ သူတို့ အနေနဲ့ မှတ်ပုံတင် သွားနိုင်တယ်၊ ရန်ပုံငွေ တစ်ထောင်ဆိုတာလဲ သူတို့အတွက် ဘာမှမခက်ဘူးလေ၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ ပါတီဝင် အင်အား ၁ သိန်း ရှိရမယ်ဆိုတာတော့ သူတို့ ဘယ်လိုကျော်ဖြတ်မလဲ အဲဒါ။ NLD ကို ဘယ်သူမှ ဝင်မှာ မဟုတ်တော့ဘူးလေ၊ အဲဒီ ၁ သိန်းကို ဘယ်လိုလုပ်လို့ ပြမှာလဲ၊ NLD ပါတီ အဟောင်းကလည်း တင်မှာ မဟုတ်ဘူး။ NLD ပါတီ အသစ်အနေနဲ့ ထည့်ရင်လည်း လူတစ်သိန်းရဖို့ မလွယ်ဘူး။ NLD ကတော့ ဒီရွေးကောက်ပွဲကို ဝင်ဖို့ မလွယ်ဘူးထင်တယ်” ဟု ပြောသည်။
လက်ရှိတွင် NLD ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့်မောင်တို့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည်။
တခြားသော NLD ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဝင်ဖွဲ့ဝင် ဦးဟံသာမြင့်၊ ဒေါက်တာမျိုးညွန့်တို့ ပြန်လည် လွတ်မြောက်လာပြီး ဖြစ်သော်လည်း နိုင်ငံရေးလှုပ်ရှားမှုကို မတွေ့ရသလို တခြား အဖွဲ့ဝင်များဖြစ်သည့် ဒေါ်မေဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်တို့ကတော့ နွေဦးတော်လှန်ရေးကို ဆောင်ရွက်လျက်ရှိနေသည်။
