CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီ(CWC)က နစက၏အသုံးချမှု ခံနေသည်ဟုဆိုကာ ထုတ်ပယ်ကြောင်း ကြေညာခံထားရသည့် ဦးဝင်းမြင့်အောင်ကို PDF တချို့က ဖမ်းဆီးသွားကြောင်း နီးစပ်သူ များထံမှ သိရသည်။

ဦးဝင်းမြင့်အောင်သည် ယောက်ဖဖြစ်သူနှင့် မုံရွာမြို့မှာ ထောင်ကျခံနေရသည့် ညီဖြစ်သူကို ထောင်ဝင်စာ သွား တွေ့စဉ် ဒီပဲယင်းမြို့နယ်၊ မူကမ်းဘက်မှာ PDF တချို့က လွန်ခဲ့သည့် နှစ်ပတ်လောက်က ဖမ်းဆီးသွားသည်။

ထို့နောက် တစ်ပတ်လောက်အကြာမှာ ဦးဝင်းမြင့်အောင်နှင့်အတူ ဖမ်းခံရသည့် ယောက်ဖဖြစ်သူ ပြန်လွတ်လာ သော်လည်း ဦးဝင်းမြင့်အောင်မှာ ယခုအချိန်ထိ မလွတ်လာသေးကြောင်း သိရသည်။

ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးကြည်တိုး၊ ဦးဝင်းမြင့်အောင်တို့ကို ထုတ်ပယ်ကြောင်း NLD CWC ထုတ်ပြန်ချက်

ဦးဝင်းမြင့်အောင် ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး နီးစပ်သူများက နိုင်ငံတကာ သံရုံးများကို သွားရောက်၍ အကြောင်းကြားထားသလို ပြန်လည်လွတ်မြောက်လာရေး ကူညီပေးရန်လည်း အကူအညီတောင်းထားကြောင်း သိရသည်။

ဦးဝင်းမြင့်အောင်သည် ဒီပဲယင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုကော်မတီဝင်လည်းဖြစ်သည်။

သို့သော်လည်း မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းနေသည့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အဝေးရောက် NLD ပါတီဝင်များဖြင့် ဖွဲ့စည်းထားသည့် NLD ဗဟိုအလုပ်ကော်မတီ (CWC)က ဦးဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်)၊ ဦးဖြိုးမင်းသိန်း(ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)၊ဦးကြည် တိုး (ဗဟိုကော်မတီဝင်)၊ ဒေါ်စန္ဒာမင်း (ဗဟိုကော်မတီဝင်)တို့ကို နစက၏ အသုံးချမှုကိုခံ၍ ကိုယ်ကျိုးရှာဖွေ သည်ဟုဆိုကာ ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် NLD ပါတီကနေ ထုတ်ပယ်လိုက်ကြောင်း ကြေညာထား သည်။