- By CNI
- Category: နိုင်ငံရေး
- Hits: 1658
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
ပြည်သူ့ပါတီ(PP)သည် ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ၊ ရွှေဂုံတိုင်၊ ယုဇနတာဝါရှိ ပါတီဌာနချုပ်တွင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပနေကြသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်သူ့ပါတီနှင့် ပူးပေါင်းလိုက်သည့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUDP)ဥက္ကဋ္ဌ ဦးစိန်ဝင်းလည်း တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။
ယနေ့ ကျင်းပသည့် အစည်းအဝေးတွင် တခြားသော ပါတီများ ပူးပေါင်းလာသည့် အခြေအနေနှင့် နိုင်ငံရေး အခြေအနေများကို ဆွေးနွေးကြမည် ဖြစ်ကြောင်းသိရသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 2017
- By CNI
- Category: နိုင်ငံရေး
- Hits: 1846
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ရန်ကုန်မြို့ MCC ခန်းမမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးခင်ရီသည် လူငယ်ထု တွေ့ဆုံပွဲဆိုသည့် ခေါင်းစဉ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် လက်ရှိ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် လူငယ်များ၏ အခန်းကဏ္ဍ အခြေအနေများကို ဆွေးနွေးသွားကြကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 831
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ် အနောက်ကုန်းနှင့် အနောက်တောကျေးရွာအနီးတွင် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင်တစ်စုက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးမှာ ဟုမ္မလင်းမြို့နယ် ကက်သာစံပြကျေးရွာမှ ဒေါ်နန်းရီဖြစ်ပြီး အင်းတိမ်ရွာမှ အကြွေးတောင်း ပြန်လာစဉ် အသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူထံက သိရသည်။
၎င်းက “ဖြစ်တာက မနေ့က မနက် ၉ နာရီလောက်မှာ ဖြစ်သွားတာ၊ သူပိုက်ဆံသွားတောင်းရင်း သွားတာ၊ နေမြင့်လာတော့ ဆက်သွယ်မှုမရလို့ လိုက်ရှာတာ လမ်းဘေးမှာ အလောင်းပဲတွေ့ရတာ” ဟု ပြောသည်။

ဒေါ်နန်းရီ အသတ်ခံရသည့် နေရာကို တွေ့ရစဉ်
ဒေါ်နန်းရီမှာ ဗန်းမောက်မြို့နယ်တွင် ရွှေလုပ်ငန်း လုပ်ကိုင်နေသည်မှာ ၄ နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း၊ မည်သည့် အကြောင်းကြောင့် အသတ်ခံရသည်ကိုတော့ မသိရသေးကြောင်း အသတ်ခံရသည့် ဒေါ်နန်းရီနှင့် နီးစပ်သူက ပြောသည်။
ဗန်းမောက်ဒေသခံများကတော့ သတ်ဖြတ်သွားသည့် လက်နက်ကိုင် လူတစ်စုသည် PDF အဖွဲ့ဝင်များ ဖြစ်ကြောင်း ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေး အကျပ်အတည်းများကြောင့် မိုင်းပေါက်ကွဲမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ၊ လူနေအိမ် အဆောက်အဦ မီးရှို့ဖျက်ဆီးမှုများ မကြာခဏဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1521
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို မတ်လ ၁ ရက်နေ့တွင် ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် စက်များနှင့် ကွန်ပျူတာများအား ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန်အတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့မှ စတင်ကာ ယာယီရပ်နားထားခဲ့သည်။
ထို့နောက် မတ်လ ၁ ရက်နေ့တွင် နိုင်ငံကူးလက်မှတ်များကို ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံကူးလက်မှတ် ပြန်ထုတ်ပေးမည့် အကြောင်း ကြေညာထားစဉ်
မတ်လ ၁ ရက်နေ့တွင် နိုင်ငံကူးလက်မှတ်များ ပြန်လည် ထုတ်ပေးရာ၌ ဖေဖော်ဝါရီ ၆ ရက်နေ့မှစပြီး ရက်ချိန်း တိုကင်နံပါတ် ယူထားသူများမှ စတင်ကာ နေ့ရက် အစဉ်အလိုက် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သတ်မှတ်ထားသည့် နေ့ရက်များအတိုင်း မြန်မာသံရုံးသို့ တင်ပြရမည့် စာရွက်စာတမ်းများနှင့်အတူ လူကိုယ်တိုင်လာရောက် ထုတ်ယူခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သတ်မှတ်ထားသည့် နေ့ရက်တွင် လာရောက်ထုတ်ယူခြင်း မရှိဘဲ ရပ်ကျော်လွန်၍ လာရောက် ထုတ်လုပ်သူများ နှင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လတွင် နေထိုင်ခွင့် ကုန်ဆုံးနေသူများအား နေ့လယ်ပိုင်း အချိန်၌ မြန်မာသံရုံး မှ တစ်နေ့စာထုတ်ပေးသည့် နိုင်ငံကူးလက်မှတ် အရေအတွက်အပေါ် မူတည်၍ သတ်မှတ်ဆောင်ရွက် ပေးမည် ဖြစ်ကြောင်းလည်း သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုတွေ့ရစဉ်
လက်ရှိတွင် မလေးရှားနိုင်ငံ၌ ရီကာလီဘရာစီပါမစ်(RTK)လျှောက်ခွင့်ပြုထားသည်။
ထိုပါမစ် လျှောက်ရန်အတွက် နိုင်ငံကူးလက်မှတ်နှင့် အလုပ်ရှင်သူဋ္ဌေး ရှိရမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများသည် နိုင်ငံကူးလက်မှတ်များအား လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1904
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီ တစ်ဖွဲ့လုံး နှုတ်ထွက်ရန် တောင်းဆိုမှုသည် အမိန့်ပေးသလိုဖြစ်နေ၍ ကာယကံရှင်အဖွဲ့အစည်းက လက်ခံမှာ မဟုတ်ကြောင်း ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးဦးဆောင်မှု အကျပ်အတည်းနှင့် ခေါင်းဆောင်မှု ပြဿနာအောက်မှ ရုန်းထွက်နိုင်ရန်အတွက် ကရင် အမျိုးသား အစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီ တစ်ဖွဲ့လုံးမှ တာဝန်ခံသည့် အနေဖြင့် နုတ်ထွက် ပေးရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်း ၆၈ ဖွဲ့က တောင်းဆိုခဲ့သည်။
မန်းအောင်ပြည်စိုးက “အခု နှုတ်ထွက်ပါ ဘာညာပြောတာက၊ သူတို့ကို အမိန့်ပေးနေသလို ဖြစ်နေတယ်၊ လက်နက်ကိုင် အဖွဲ့အစည်းကို ကိုယ်က အမိန့်သွားပေးလို့ကတော့ သိပ်မလွယ်လှဘူး။ ဒီအခြေအနေ အကြောင်း ကြောင့်တွေကို ညှိနှိုင်းစေ့စပ် ဆွေးနွေးကြဖို့တော့ လိုမယ်ဆိုပြီးတော့ ဟိုဖက်က ဒူးပလာယာခရိုင်ပေါ့လေ၊ ကြာအင်းဆိပ်ကြီးဖက်က လူမှုရေးအဖွဲ့အစည်း မဟုတ်ဘူး၊ ပြည်သူတွေ ပြည်သူတွေကတော့ သဘောထား ထုတ် ပြန်တယ်။ ခင်ဗျားတို့ အချင်းချင်း ပစ်ကြခတ်ကြမယ့်အစား ညှိနှိုင်းဆွေးနွေးကြဖို့ လိုတယ်ဆိုပြီးတော့မှ ပြည်သူ တွေက ထုတ်ပြန်တာ။ အဲဒါက CSO တွေ လူမှုရေးအဖွဲ့အစည်းတွေက ဒီပြည်သူတွေကို နမူနာယူပြီးတော့ အဲဒီလို အကြံပေးသင့်တယ်၊ ခင်ဗျားတို့ နုတ်ထွက်လိုက်ဆိုရင် တော်ရုံတန်ရုံ ကိုယ့်ကိုယ် ဒီလို လာအမိန့်ပေးလို့ လက်နက် ကိုင် အဖွဲ့အစည်းတွေက လက်ခံမလား ဒါလည်း စဉ်းစားဖို့ လိုတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ကရင်ပြည်နယ် အတွင်းရှိ လောင်းကစား စီမံကိန်းတချို့မှာ KNU ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပတ်သက် ဆက်နွယ်ခဲ့သော်လည်း KNU ခေါင်းဆောင်က အရေးယူဆောင်ရွက်ခြင်း၊ လူထုကို အသိပေးချပြခြင်း မရှိ၍ ယခု ကဲ့သို့ တာဝန်မှ နှုတ်ထွက်ပေးရန် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း ထိုင်းသတင်းဌာန တစ်ခုဖြစ်သည့် Thai PBS ၏ သတင်းဖော်ပြချက်အရ ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းနှင့် နီးသည့် နောက်ထပ်စီမံကိန်း တစ်ခုဖြစ်သော ဟွမ်ယာမြို့သစ် စီမံကိန်းကို ပဒိုစောရော်ဂျာခင်က ခွင့်ပြုခဲ့ကြောင်း ဆိုသည်။

ကရင်အဖွဲ့အစည်းများ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
အဆိုပါ ကိစ္စကို KNU ခေါင်းဆောင်များမှ အရေးယူဆောင်ရွက်ခြင်း တစ်စုံတစ်ရာ မရှိသည်ကိုလည်း တွေ့ရ ကြောင်း ဖော်ပြထားသည်။
ထိုကိစ္စများကို လက်နက်ကိုင် တပ်အချင်းချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းများ အချင်းချင်းကြားသော်လည်းကောင်း ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းသင့်ကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။
၎င်းက “ကျနော်တို့ မြင်တာကတော့ ဒီဟာကို ညှိနှိုင်းဆွေးနွေးကြတာ အကောင်းဆုံးပဲလို့ ကျနော်တော့ ပြောလို တယ်ပေါ့၊ CSO အဖွဲ့အစည်းတွေကလည်း ၇၄ ဖွဲ့လား၊ ၇၈ ဖွဲ့လား အဲဒီက ကိုယ်စားလှယ်ယူ ယူပြီးတော့ KNU နဲ့ တွေ့လိုက် ပြောလိုက်၊ ဆိုလိုက်ကြဆိုရင် တစ်မျိုးမျိုးများ ဖြစ်ချင်ဖြစ်မှာပေါ့၊ အလားတူ နယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ် အချင်းချင်းပေါ့လေ အမျိုးစုံပါပဲဗျာ ပြောတောင် မပြောချင်တော့ပါဘူး” ဟု CNI သတင်းဌာန သို့ ပြောသည်။
ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်း ၆၈ ဖွဲ့က KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ တစ်ဖွဲ့လုံးမှ နှုတ်ထွက် ပေးရန် တောင်းဆိုသည့် ကိစ္စနှင့် ပတ်သက်၍ KNU ၏ သဘောထားကို သိရှိနိုင်ရန် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် ဒေသကာကွယ်ရေးတပ် (PDF) များနှင့် ပူးပေါင်းကာ မြန်မာ့တပ်တော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1524
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲမဖြစ်ပွားရေး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တရုတ်ဘက်က ပြောကြားခဲ့ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရုတ်ပြည်သူ့သမ္မနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijun (ဒင်ရှီကျန်)တို့ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးနော်ဘူက “ကျနော်ကြားတာကတော့ အဲဒါကတော့ ဒါပေမယ် ခုနပြောသလိုပေါ့၊ ကျနော်တို့ ဒီ တရုတ် နယ်စပ်ဖက်မှာ တိုက်ပွဲမဖြစ်အောင်၊ တည်ငြိမ်အေးချမ်းရေးဆိုတာ အဲဒါတွေတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ပါ ပြောတာတော့ ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
တရုတ်နိုင်ငံအတွင်း တိုက်ပွဲရှောင်များ ရောက်ရှိလာမှာကို စိုးရိမ်ကြောင်း၊ ထို့ကြောင့် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် ပြောဆိုနေကြောင်း တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

တရုတ်အထူးကိုယ်စားလှယ် ဒင်ရှီကျန်နဲ့ NDAA တွေ့ဆုံစဉ်
၎င်းက “ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါကတော့ KIA တင်ပြောတာ မဟုတ်ဘူး။ စစ်တပ်ဖက်လည်း ပြောတယ်၊ တောက်လျှောက်ပြောနေတာ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုက်ပွဲတွေ အထူးသဖြင့် သူ့နယ်စပ်ကို ကျွံကျမလာဖို့ ပေါ့ဗျာ၊ သူ့ဘက်ကို စစ်ဘေးဒုက္ခသည်တွေ ရောက်လာမှာကိုလည်း စိုးရိမ်ပုံရတယ်၊ အဲဒါတော့ ဟုတ်တယ် ပြောတယ်၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့၊ စစ်တပ်ကိုလည်း ပြောပါတယ်။ စစ်ကောင်စီကိုလည်း ပြောတယ်၊ နှစ်ဖက်စလုံးကိုလည်း သူပြောနေတာပဲ၊ ဟုတ်တယ် အဲဒါတော့” ဟု CNI သတင်းဌာနသို့ ပြောသည်။
တရုတ်အထူးကိုယ်စားလှယ်သည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊"ဝ"ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) တို့ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
တရုတ်-မြန်မာနယ်စပ်တွင် ကိုဗစ်ကူးစက်မှု အခြေအနေများ၊ တိုက်ပွဲရှောင်ပြည်သူများ၏ စားဝတ်နေရေးများ စသည်တို့ကို ဆွေးနွေးသွားကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

တရုတ်အထူးကိုယ်စားလှယ် ဒင်ရှီကျန် မိုင်းလားကိုရောက်လာစဉ်
၎င်းက “ဒီနယ်စပ်က မိတ်ဆွေဟောင်းတွေပေါ့နော်၊ KIO အဖွဲ့အစည်းတွေကိုလည်း သူလာတွေ့တာပေါ့၊ ဒါ တစ်ချက်ပါတယ်။ နောက်တစ်ခု ရှိတာကတော့ နယ်စပ်ဒေသမှာ ကိုဗစ်ရောဂါ အခြေအနေ ဆွေးနွေးသွားတာ ဥပမာ ဂိတ်ပေါက်တွေ ပိတ်လို့ရမလား ဆွေးနွေးသွားတာ နောက်တစ်ခုရှိတာကတော့ နယ်စပ်ဒေသမှာ ရှိတဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်လို့ နောက်တစ်ခုရှိတာကတော့ ကိုဗစ်ရောဂါ ပြည်သူလူထုရဲ့ ကျန်းမာရေး အခြေအနေတွေ ဘယ်လို ဆောင်ရွက်သင့်တာလဲပေါ့၊ အဲဒါတွေ ဆွေးနွေးသွားတာ၊ နောက်တစ်ခု ရှိတာကတော့ ကျနော်တို့ လိုင်ဇာပတ်ဝန်းကျင်မှာ ရှိနေတဲ့ စစ်ရှောင်ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးတွေ ဘယ်လို အခက် အခဲ ရှိလဲဆိုတာ ကြည့်သွားတာ အဲဒီခေါင်းစဉ်တွေနဲ့ပဲ ပြောသွားတာ ကျနော်တို့ ကြားသိရပါတယ်” ဟု ပြော သည်။
တရုတ် - မြန်မာ နှစ်နိုင်ငံနယ်နိမိတ်မှာ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်လျက်ရှိပြီး နယ်စပ်အနီးတွင် KIA၊ UWSA၊ NDAA၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ (MNDAA)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1302
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
အရေးပေါ် အခြေအနေ သက်တမ်းကာလကို ၆ လ ထပ်မံတိုးခဲ့စဉ်မှာ တွေ့ရှိခဲ့ရာမှာတော့ ပြည်သူလူထုသည် အချက် ၃ ချက်ကို ဆောင်ရွက်ပေးရန် အဓိက တောင်းဆိုကြသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောသည်။
နစက၏ ၂/၂၀၂၃ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျင်းပစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အရေးပေါ် အခြေအနေ သက်တမ်းကာလကို ၆ လ ထပ်မံတိုးခဲ့ရာ တွေ့ရှိရ သည့် ဝေဖန်မှုများ၊ တုန့်ပြန်ချက်များနှင့်လိုအင်ဆန္ဒများကို လေ့လာဆန်းစစ်ခဲ့ကြောင်း၊ တွေ့ရှိချက်များအရ ရွေး ကောက်ပွဲ ပြန်လည် ဆောင်ရွက်ပေးရန်၊ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ပေးရန်နှင့် ကုန်ဈေးနှုန်းကျ ဆင်းမှုရှိအောင် ဆောင်ရွက်ပေးရန်ဟူသည့် အချက် ၃ ချက်သည် အဓိကဖြစ်တယ်”ဟု ပြောသည်။
ထို့နောက် တည်ငြိမ်အေးချမ်းမှုရှိရန်အတွက် အချို့သော မြို့နယ်များတွင် စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်ခဲ့ ကြောင်း၊ တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ရာတွင် ယခင်ကြုံတွေ့ခဲ့ရသည့် အတွေ့ အကြုံများအရ ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ အခြေအနေတွင် စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ် ခိုင်မာစေရေး တပ်မတော်မှ ထိန်းသိမ်း ဆောင်ရွက် လျက်ရှိကြောင်း ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင်းက ဈေးသည်ကိုတွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီမိုကရေစီနှင့်လူ့အခွင့်အရေး အမည်ခံသူများအနေဖြင့် မဲစာရင်းမှားယွင်းမှု များအပေါ် ဥပဒေအရဖြေရှင်း ဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက်လမ်းစဉ်ကို ဆောင်ရွက်ခဲ့ခြင်းသည် မှားယွင်း သည့် နည်းလမ်းဖြစ်ကြောင်း၊ ထိုသို့ ထပ်မံ မဖြစ်ပွားစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲသည် တိုင်းပြည် တစ်ခု၏ သိက္ခာပင်ဖြစ်သဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ပေါ်စေရေး ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ရန် အချိန် လိုအပ်နေသေးတယ်”ဟု ပြောသည်။
နိုင်ငံ့ဝင်ငွေတိုးတက်စေရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး အားပေးဆောင်ရွက်လျက် ရှိကြောင်း၊ သို့မှသာ ကုန်ဈေးနှုန်းများ ကျဆင်းလာမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကုန်ဈေးနှုန်းများ ကျဆင်း စေရေး တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းနေသော NUG ၀န်ကြီးချုပ်မန်း၀င်းခိုင်သန်းနဲ့ PDF များကိုတွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ နိုင်ငံတော်ကို အရေးပေါ် ကြေညာ၍ အုပ်ချုပ်ခဲ့သည်။
ထို့နောက် ဆန့်ကျင် ဆန္ဒပြမှုများ ပေါ်ပေါက်လာသလို လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြင့် တပ်မတော်ကို ဖြုတ်ချ ရေး ကြိုးပမ်းမှုများ ဖြစ်ပေါ်လာခဲ့သည်။
အဆိုပါ အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံ ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး စသည့် အခန်းကဏ္ဍများ နိမ့်ကျလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1832
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ကောင်သူးလေတပ်မတော် (KTLA) တို့အကြား အချင်းချင်း ရန်မူ တိုက်ခိုက်နေမှုများ အမြန်ဆုံး အဆုံးသတ်ပေးရန် နိုင်ငံတကာကရင်အဖွဲ့အစည်း (IKO) က တောင်းဆိုခဲ့ သည်။
KNU တပ်မဟာ ၄ နယ်မြေအတွင်း KTLA နှင့် KNLA တို့ တပ်ဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ကို ကြားသိရ ၍ စိတ်မချမ်းမြေ့ ဖြစ်ရကြောင်း၊ စစ်အစိုးရကို ပြည်သူတစ်ရပ်လုံးက တော်လှန်တိုက်ပွဲဝင်နေသည် အချိန်တွင် ကရင်တပ်ဖွဲ့များအကြား အချင်းချင်း တိုက်ခိုက်နေကြခြင်းမှာ မဖြစ်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
လက်ရှိမှာ ပြည်သူတစ်ရပ်လုံး၏ စစ်အုပ်စု အမြစ်ပြတ် ဖြုတ်ချရေးအတွက် တော်လှန်တိုက်ပွဲ ဝင်နေခြင်းသည် အဖိနှိပ်ခံ ပြည်သူလူထု တစ်ရပ်လုံးအတွက် အခွင့်အခါကောင်းဖြစ်ပြီး လက်မလွှတ်သင့်ကြောင်း၊ ကရင်အချင်းချင်း တိုက်ခိုက်နေမည့်အစား သေနတ်ပြောင်းဝကို စစ်အုပ်စုဘက်သို့ လှည့်ကြရန် IKO က တိုက်တွန်းထားသည်။

IKO ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်က KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်(KTLA)တို့အကြား တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း ကော်သူးလေတပ်မတော် တပ်ရင်း ၁ ကို သိမ်း ပိုက်နိုင်ခဲ့ ကြောင်း KNU တပ်မဟာ ၄ ဘိတ်-ထားဝယ်အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ခဲ့သည်။
ထို့အတူ တိုက်ပွဲအတွင်း ကော်သူးလေတပ်မတော်မှ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ KNU တပ်မဟာ ၄ ဘက်မှ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNLA သည် KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ကော်သူးလေတပ်မတော်(KTLA)ကတော့ KNU ၏ လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးအစည်းအရုံး(KNDO)မှာ စစ်ဦးစီးချုပ်အဖြစ်ကနေ ရပ်ဆိုင်းခံ လိုက်ရသော စောနယ်ဒါးမြက ဦးဆောင် ဖွဲ့စည်းထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။
