CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၇

စစ်ရေးအတွေ့အကြုံရှိသည့် ဗီယက်နမ်၊ မြန်မာနှင့် စွမ်းပကားထက်မြတ်သော လက်နက်များပိုင်ဆိုင်ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်းအင်အားသည် ကမ္ဘာကြီးအတွက် အသင့်အတင့် အားထားနိုင်သော အခြေအ နေတွင် ရှိပါကြောင်း နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပသည့် (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ(MCIS-2023) အစည်းအဝေးတွင် သြဂုတ် ၁၅ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Message ပေးပို့၍ မိန့်ခွန်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အာဆီယံအဖွဲ့သည် စစ်ရေးမဟာမိတ်အုပ်စု မဟုတ်သော်လည်း အဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ရေးပေါင်းစည်းအင်အားမှာ ကြီးမားလှပါကြောင်း၊ စစ်ရေးအတွေ့အကြုံရှိသည့် ဗီယက်နမ်၊ မြန်မာနှင့် စွမ်းပကားထက်မြက်သော လက်နက်များ ပိုင်ဆိုင်ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်း အင် အားသည် ကမ္ဘာကြီးအတွက် အသင့်အတင့် အားထားနိုင်သော အခြေအနေတွင်ရှိပါသည်”ဟု ပြောသည်။

 ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၅ ရက်က MCIS-2023 ညီလာခံ ကျင်းပနေစဉ်

ထို့နောက် အာဆီယံအဖွဲ့သည် အာရှ-ပစိဖိတ်ဒေသအတွင်း ပြင်ပအင်အားကြီး နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာ တွင် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲ၊ အာဆီယံအပေါင်းသုံး အစရှိသည့် အာဆီယံနှင့် ပြင်ပမိတ်ဖက်နိုင်ငံများ အကြား ဆွေးနွေးပွဲ ယန္တရားများတွင် အာဆီယံသည် အဓိကအချက်အချာကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ သည့်အပြင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများအပေါ် သြဇာသက်ရောက်လျက်ရှိပြီး ငြိမ်းချမ်းသော ဆက်ဆံ ရေးလမ်းကြောင်းများကို အားပေးမြှင့်တင်ကာ အကျိုးတူကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အားကောင်းစေလျက်ရှိကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့ မြန်မာနိုင်ငံနှင့်ပတ်သက်၍ လက်ရှိ ကာလတွင် မြန်မာနိုင်ငံ၏ အချို့ ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက် ထားနိုင်ပြီဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတစ် ရပ်ကို ကျင်းပပြီး အနိုင်ရရှိသော နိုင်ငံရေးပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည် အပ်နှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံခြုံမှုရှိစေရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိသည်”ဟု ပြောသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးရပြီးနောက် ၃ လအကြာတွင် ပြည်တွင်း စစ် စတင်ဖြစ်ပွားခဲ့ရာ ယနေ့အချိန်တွင် ဖြစ်ပွားနေသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်း သည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားသည်မှာလည်း ယနေ့ထိပင် ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၅ ရက်က MCIS-2023 ညီလာခံ ကျင်းပနေစဉ်

အဆိုပါ အခင်းအကျင်းကနေ စတင်၍ မြန်မာ့တပ်မတော် ဖြုတ်ချရေး NLD အမတ်များနှင့် ပါတီဝင်များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အချို့၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက ကြိုးပမ်းလျက်ရှိ သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္လာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်၊ ကယားပြည်နယ် တို့မှာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထိုအခြေအနေများကို ကြည့်၍ မြန်မာသည် စစ်ရေးအတွေ့အကြုံ ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောနေခြင်းဖြစ်နိုင်ကြောင်း၊ သို့သော် မြန်မာ့တပ်မတော်သည် စစ်ရေးအတွေ့အကြုံရှိသည့်တိုင် နိုင်ငံကို တည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ရရှိအောင် မစွမ်းဆောင်နိုင်ဘဲ ဖြစ်နေသည်ကို သတိချပ်သင့် ကြောင်း နိုင်ငံရေးအသိုင်းအဝန်းက ထောက်ပြကြသည်။