CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀
သမားရိုးကျစစ်နည်းဗျူဟာများကို ခေတ်နှင့်အညီ မွမ်းမံနိုင်ရေးနှင့် အထူးစစ်နည်းဗျူဟာများအား ခေတ်နှင့်အညီ ကျင့်သုံးနိုင်ရေး ဆောင်ရွက်ရမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်က တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ယနေ့ခေတ်သည် နည်းပညာခေတ် ဖြစ်သဖြင့် နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုး တက်လာနေသည့် စစ်ဘက်အသုံးအဆောင် ပစ္စည်းများအပေါ် မူတည်၍ စစ်နည်းဗျူဟာများကိုလည်း ပြောင်းလဲ ကျင့်သုံးနိုင်ရေး သုတေသနပြု ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ သမားရိုးကျစစ်နည်းဗျူဟာများကို ခေတ်နှင့်အ ညီ မွမ်းမံနိုင်ရေးနှင့် အထူးစစ်နည်းဗျူဟာများကို ခေတ်နှင့်အညီ ကျင့်သုံးနိုင်ရေး ဆောင်ရွက်ရမည်”ဟု ပြော သည်။
နိုင်ငံတော် ကာကွယ်ရေး အခန်းကဏ္ဍသည် အလွန်ကျယ်ပြန့်သည်ဖြစ်၍ လေ့ကျင့်ရေး တာဝန်များကို အလေးအနက်ထား ဆောင်ရွက်သွားကြရန် ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာ့တပ်မတော်သည် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် လက်နက်ကိုင်များနှင့် စစ်ပွဲများ ဖြစ်ပွားနေပြီး နယ်မြေ လက်လွတ် ဆုံးရှုံးရမှုများ ရှိနေသည်။
ထို့နောက် မြန်မာ့တပ်မတော်သည် နယ်မြေများ ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ဒရုန်း၊ လေကြောင်း နည်းပညာများနှင့် ကြည်းတပ်ကြား ပေါင်းစပ်၍ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြန်လည် ပြုလုပ်လျက်ရှိနေသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နောက်ပိုင်း ဆုံးရှုံးခဲ့ရသော နယ်မြေများဖြစ်သည့် လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ သပိတ်ကျဉ်း၊ မတ္တရာ၊ စဉ့်ကူး၊ မိုးကုတ်၊ မိုးမိတ် တို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
လက်ရှိတွင်လည်း မြန်မာ့တပ်မတော်သည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံဖြင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
