CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄

ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည့်အတွက် မည်သို့သော အခြေအနေရှိသည်ဖြစ်စေ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ဆောင်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။

ဇန်နဝါရီ ၂၃ ရက်နေ့က ကျင်းပခဲ့သော နစက၏ (၁/၂၀၂၃) အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည့်အတွက် မည်သို့သော အခြေအနေရှိသည်ဖြစ်စေ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်ရမည်များ ကို ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံးအကြား အလပ်မရှိ မဲပေးနိုင်ရန်လို ကြောင်း၊ ဆွေးနွေးပြီးသည့် EAO အဖွဲ့များနှင့်လည်း ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မူအားဖြင့် သဘောတူညီမှု ရရှိပြီး ဖြစ်၍ နိုင်ငံအဝှမ်း အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ျပ်င် မှုမရှိဘဲ လွတ်လပ်စွာ ဆန္ဒဖော်ထုတ် မဲပေးနိုင်ရေး ဦးတည်ဆောင်ရမည်”ဟု ပြောသည်။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးကိုတွေ့ရစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ အပါအဝင် ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က နစက ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံ ကြောင်းနှင့် မပျက် ပျက်အောင် ဖျက်ဆီးမည်ဟု ထုတ်ဖော် ပြောကြားထားသည်။

နစကဥက္ကဋ္ဌကတော့ ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် နိုင်ငံရေးပါတီများ ရှိနေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းနိုင်ရန်လည်း အရေးကြီးကြောင်း၊ လိုအပ်သည်များ ထပ်မံ သုံးသပ် ပြင်ဆင်ပြီးပါက အတည်ပြု ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောသည်။

အလားတူ ရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း ပါတိများကို မှတ်ပုံတင် ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေ ခံ ဥပဒေကို ချိုးဖောက်သည့် နိုင်ငံရေးပါတီများ မဖြစ်ရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်ရုံးများကို အပြည့် အစုံ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်းများ မှန်ကန်ရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ပြောသည်။

မီးရှို့ဖျက်ဆီးခံထားရသော လ.ဝ.က ရုံးများ စာရင်းကိုတွေ့ရစဉ်

လက်ရှိတွင် PDF များနှင့် လက်နက်ကိုင်အဖွဲ့တချို့သည် လ.ဝ.က ရုံးများနှင့် ရွေးကောက်ပွဲ ကော်မရှင် ရုံးခွဲများ ကို မီးရှို့ဖျက်ဆီးခြင်း ရွေးကောက်ပွဲအား ဆန့်ကျင် ကန့်ကွက်ကြောင်း ပြသလျက်ရှိသည်။

ထို့နောက် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများကတော့ မဲရုံများ လုံခြုံရေး အပါအဝင် ပြည်သူ များ လုံခြုံရေးနှင့် ကိုယ်စားလှယ်များ၏ လုံခြုံရေးကို မည်ကဲ့သို့ တာဝန်ယူဆောင်ရွက်မလဲဆိုသည်ကိုတော့ စောင့်ကြည့်ရန် လိုအပ်နေသည်ဟု ထောက်ပြကြသည်။