CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၉

အင်ဒိုနီးရှားနိုင်ငံနှင့် အာဆီယံ၏ ဖိတ်ကြားချက်အရ ၁၇ ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မူခင်းများ တိုက်ဖျက်ရေး အစည်းအဝေးသို့ နစကအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ တက်ရောက်မည်ဖြစ်သည်။

၁၇ ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မူခင်းများ တိုက်ဖျက်ရေး အစည်းအဝေးနှင့် အာဆီယံ ဆက်စပ် အစည်းအဝေး များကို အင်ဒိုနီးရှားနိုင်ငံ၊ လာဘွန်ဘာဂျိုးမြို့မှာ သြဂုတ် ၂၀ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

 ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၉ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အင်ဒိုနီးရှားသွားရန် လေဆိပ်မှာ တွေ့ရစဉ်

အဆိုပါ အစည်းအဝေးများ တက်ရောက်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် သြဂုတ် ၁၉ ရက်နေ့က ရန်ကုန်လေဆိပ်ကနေ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ် ကြောင်း သိရသည်။

ထို့နောက် အာဆီယံ+၃ ဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့နှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပမည် ဖြစ်သလို တစ်နိုင်ငံချင်းစီဖြင့်လည်း သီးခြား တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။