- By CNI
- Category: နိုင်ငံရေး
- Hits: 1295
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နမ်းနိန်း(နမ်းနိမ့်)ကျေးရွာမှာ သံဃာတော်သုံးပါး အပါအဝင် ပအိုဝ်းဒေသခံ ၂၀ ကျော် အသတ်ခံရမှုကြောင့် ပအိုဝ်းနှင့် ကရင်နီအကြား လူမျိုးရေးပဋိပက္ခ မဖြစ်အောင် ထိန်းသိမ်းသင့်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား တိုက်တွန်းလျက်ရှိနေသည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ပအိုဝ်းတိုင်းရင်းသားများအပြင် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများအကြား အပြန်အလှန် စွပ်စွဲလျက် ရှိနေသည်။

ပင်လောင်းမြို့နယ်ကိုတွေ့ရစဉ်
လက်ရှိ အချိန်သည် ပအိုဝ်းနှင့် ကယား(ကရင်နီ) အကြား လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခများ ဖန်တီးနေ ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
ခွန်မြင့်ထွန်းက “အခုအချိန်မှာ အင်မတန် စိတ်မကောင်းတာကတော့ ပအိုဝ်းနဲ့ ကရင်နီကြားမှာ လူမျိုးရေး ပဋိပက္ခ ရော၊ ဘာသာရေး ပဋိပက္ခရော စစ်ကောင်စီက ကောက်ကျစ်စွာနဲ့ ဖန်တီးတာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီ ပင်လောင်း၊ ဆောင်းဖြောင်းဒေသဆိုတာက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ ဆိုသော်လည်းပဲ ပအိုဝ်းတွေချည်းပဲ နေတာ မဟုတ်ဘူး။ အထူးသဖြင့် ပြောစမတ် စကားတစ်ခွန်း ရှိပါတယ်၊ အဲဒါက ဘာလဲဆိုရင် ပအိုဝ်းရှိရင် ကယန်းရှိတယ်၊ ကယန်းရှိရင် ပအိုဝ်းရှိတယ်၊ အထူးသဖြင့် ကယန်းတိုင်းရင်းသားများနဲ့ ကျနော်တို့ ပအိုဝ်းတွေဟာ အတူတကွ မောင်နှမတွေ အနေနဲ့ မိသားစုတွေလို ကူညီဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဒီနေရာကနေ ပန်ကြားချင်တာက ပအိုဝ်းပြည်သူတွေရော၊ ကရင်နီပြည်သူတွေရော စစ်ကောင်စီရဲ့ လိမ် ညာ ဝါဒဖြန့်တာတွေကို မယုံကြဖို့ လိုတယ်။ နောက်တစ်ခုကတော့ ကရင်နီနဲ့ ပအိုဝ်းကြားမှာရှိတဲ့ မိသားစု စိတ်ဓာတ်ကို အပြိုကွဲမခံဘဲနဲ့ မိသားစုစိတ်ဓာတ်ကို ဆက်လက် စောင့်ရှောက်ဖို့ လိုတယ်ဆိုတာ တင်ပြချင်ပါ တယ်” ဟု ပြောသည်။
ထို့အတူ နာယက ဦးအောင်ခမ်းထီး ဦးဆောင်သည့် PNO/PNA ပြည်သူ့စစ်အနေဖြင့် မြန်မာ့တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းကို ပြန်လည်သုံးသပ်ပေးရန် ခွန်မြင့်ထွန်းက တောင်းဆိုခဲ့သည်။

KRU တပ်ဖွဲ့ကိုတွေ့ရစဉ်
လက်ရှိ တစ်နိုင်ငံလုံးမှာရှိသည့် တော်လှန်ရေး လက်နက်ကိုင်များ အနေဖြင့် ဘုံသဘောတူညီချက်တစ်ခု အပေါ်မှာ ရပ်တည်ရန်လိုအပ်ကြောင်း၊ ပြဿနာဖြစ်လာပါက အချင်းချင်း ညှိနှိုင်းကြရန် လိုအပ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကတော့ တော်လှန်ရေးနဲ့ ပတ်သက်လို့ တော်လှန်ရေး အင်အားစုတွေက မဟာမိတ်ဖွဲ့တာတို့ ပြီးတော့ စည်းမျဉ်းစည်းကမ်း တစ်ခုပေါ်မှာ ပဋိညာဉ်တစ်ခုခု တည်ဆောက်ထားတာတို့ မရှိဘူးဗျ၊ အဲဒီလို အခြေအနေ ကြောင့် ပွတ်တိုက်မှုတွေက အလျားလိုက်တစ်မျိုး၊ ဘေးတိုက်တစ်မျိုး အမျိုးမျိုးဖြစ်နိုင်တယ်၊ တစ်ဖက်ကလည်း သွေးခွဲပြီးတော့ စည်းရုံးတာလည်း ဖြစ်နိုင်တာပေါ့၊ လက်ရှိ EAO တွေပေါ့နော် တစ်နိုင်ငံလုံးမှာရှိတဲ့ EAO တွေက ဘုံသဘောတူညီချက်တစ်ခု အပေါ်မှာ ရပ်တည်ဖို့လိုတယ်၊ ပြဿနာတစ်ခုခု ဖြစ်လာရင် အချင်းချင်း အရင် ညှိနှိုင်း ဖြေရှင်းဖို့လိုတယ်၊ အဲဒီလို အဖွဲ့အစည်းအောက်မှာ ဆိုရင်တော့ အဲဒါဖြစ်နိုင်တယ်၊ ပဋိပက္ခဖြစ်တဲ့ နှစ်ဖွဲ့ချင်း ဖြေရှင်းမယ်ဆိုရင်လည်း သိပ်မဖြစ်နိုင်ပြန်ဘူး။ ဒီကိစ္စမျိုးကိုတော့ လောလောဆယ် ပဋိပက္ခကိုပဲဖြစ်ဖြစ်၊ ရေရှည် နိုင်ငံရေးအတွက်ပဲ ဖြစ်ဖြစ် အဖွဲ့အစည်းတွေက တတ်နိုင်သမျှ စုစည်းပြီးတော့ အဖြေရှာဖို့လိုတယ်၊ အဲဒီလိုမှသာ လည်း ကျနော်တို့က တကယ်တမ်း စစ်မှန်တဲ့ အဖြေဆိုတာ ဖြစ်လိမ့်မယ်၊ မဟုတ်ရင်တော့ ဟိုဖက်က အသံ တစ်မျိုးထုတ်၊ ဒီဖက်က အသံတစ်မျိုးထုတ် ကြားက အမြတ်ထုတ် အဲဒီပုံစံမျိုး ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိကြောင်း ဌာနဆိုင်ရာများ၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရသည်။
ထိုကဲ့သို့ မတူကွဲပြားသော လူမျိုးစုများအကြား နယ်မြေအငြင်းပွားမှု၊ ဘာသာရေး ပဋိပက္ခများ၊ လူမျိုးရေးပဋိပက္ခ များ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1634
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၆
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြေလည် ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံပါသည်ဟု ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ(FPNCC)က ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
FPNCC သည် လုပ်ငန်းအစည်းအဝေးကို “ဝ”ဒေသ ပန်ခမ်းမြို့တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်မှ ၂၆ ရက်နေ့ အထိ ကျင်းပခဲ့ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ အဖွဲ့ဝင်များဖြစ်သည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ရှမ်း/ရှေ့ အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC-NDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ(MNTJP)၊ ရက္ခိုင့်တပ်တော်(AA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)တို့မှ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြသည်။
FPNCC က “မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ မိမိတို့ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆပါသည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။
ထို့နောက် ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံ ရှိနေသော်လည်း နောက်ဆုံးတွင် မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်း FPNCC က ထုတ် ပြန်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို မြန်မာ့တပ်မတော်မှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော် ဆန့်ကျင်မှုများ ပေါ်ပေါက်လာခဲ့သလို ဖြုတ်ချရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LDF) စသည့် အဖွဲ့အစည်း များ ပေါ်လာကာ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1536
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၆
ရှမ်းနီအမျိုးသားများ စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင်၊ ပျက်စီးအောင် ဖန်တီးနေကြသည့်အတွက် အားလုံး သတိထားကြရန် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဆေစိုင်းထွန်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်က SNA ထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့သည့် ရှမ်းနီအမျိုးသားနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ်ဆေစိုင်းထွန်းက “တစ်ဆက်တည်း ပြောကြားလိုတာကတော့ အခုလို နေ့မျိုးအတွက် တချိန်က ရွှေထီးဆောင်း အောင်မြင်ခဲ့ကြခြင်းတွေကို သာယာစမြှုပ်ပြန်ပြီးမှာ အချိန်တွေကို အချည်းနှီး မကုန်ဆုံး စေကြဖို့ ကိုလည်း တိုက်တွန်း ပြောကြားလိုပါတယ်။ ယခုအချိန်ခါမှာ ရှမ်းနီ တစ်မျိုးသားလုံးဟာ အဖက်ဖက်က ဝိုင်းဝန်း တိုက်ခိုက်ခြင်းရဲ့ အခက်အခဲတွေကို ကြုံတွေ့နေရချိန် ဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းနီပြည်သူလူထုနဲ့ အချင်းချင်း စည်းလုံးညီညွတ်ကြဖို့လိုသလို ကျနော်တို့ ရှမ်းနီအမျိုးသားများတပ်မတော် အနေနဲ့လည်း ပြည်သူလူထုဘက်ကနေ မားမားမတ်မတ် ရပ်တည် ကာကွယ်သွားမယ်ဆိုတာ အခုလို တွေ့ဆုံချိန်မှာ ထပ်လောင်း ပြောကြားလိုပါတယ်။ အခုလို အချိန်မှာ ပြည်သူလူထုနဲ့ ရှမ်းနီအမျိုးသားများတပ်မတော်ဟာ ကျောခြင်းကပ်၊ ရင်ခြင်းကပ် အနေ အထားနဲ့ သွေးစည်းချစ်ကြည်ကြရမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက် ပန်းတိုင်းကို အောင်မြင်တဲ့အထိ ချီတက်ကြရမှာ ဖြစ်ပါတယ်။ အဖက်ဖက်က သွေးထိုးပြီး ရှမ်းနီအမျိုးသားများ စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင်၊ ပျက်စီးအောင် ဖန်တီးနေကြတဲ့ သူတွေရဲ့ မူလစိတ်ယုတ်တွေကိုလည်း နားလည်အောင် မြင်နိုင်အောင် သဘောပေါက်နိုင်ကြဖို့ သတိထားကြဖို့ လိုမယ်လို့ ပြောကြားလိုပါတယ်”ဟု ပြောသည်။

ရှမ်းနီအမျိုးသားနေ့ ကျင်းပနေစဉ်
လက်ရှိတွင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့်အတူ ရှမ်းနီဒေသများတွင်လည်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်များဖြင့် ရင်ဆိုင်နေရပြီး ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခများလည်း ဖြစ်ပွားလျက် ရှိနေသည်။
ရှမ်းနီဘုရင် သိုဟန်ဘွား လုပ်ကြံခံရပြီးနောက်ပိုင်း ရှမ်းနီအမျိုးသားများ စည်းလုံးညီညွတ်သည့် အင်အားတစ်ရပ် ကို မတည်ဆောက်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ကျစ်လစ်ခိုင်မာသည့် အမျိုးသားတပ်မတော် တစ်ရပ်ကို ထူထောင် နိုင်ခဲ့ကြောင်း SNA တပ်မဟာ ၇၅၃ မှ တပ်မဟာမှူးတစ်ဦးက ပြောသည်။
၎င်းက “အဲဒီလို စည်းလုံးညီညွတ်အောင် ပြန်လည်တည်ဆောက်ကြဖို့ ခေါင်းဆောင်တွေက ခေတ်အဆက်ဆက် ကြိုးစားခဲ့ကြပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီလို ကြိုးစားကြရင်းနဲ့ ခင်းဗျားတို့ ကျနော်တို့ခေတ်မှာ ကျစ်လစ်ခိုင်မာတဲ့ အင်အားစု တစ်စုကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သမိုင်းကို ပြန်လှန် ကြည့်ရင် သိုဟန်ဘွား လုပ်ကြံခံရပြီးတဲ့ နောက်ပိုင်းတောက်လျှောက် ကျနော်တို့ ရှမ်းနီလူမျိုးတွေဟာ စုစည်းတဲ့ အင်အားတစ်ရပ်ကို မတည်ဆောက်နိုင်ခဲ့ကြပါဘူး။ ယနေ့ အချိန်အခါမှာတော့ SNA လို့ခေါ်တဲ့ ကျစ်လစ်ခိုင်မာတဲ့ အမျိုးသားအင်အားစု တစ်ရပ်၊ အမျိုးသားတပ်မတော် တစ်ရပ်ကို ထူထောင်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်” ဟု ပြော သည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA) ထိန်းချုပ်နယ်မြေကိုတွေ့ရစဉ်
SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင်ပြည်နယ်၊ မိုးညှင်း မြို့နယ်၊ မိုးကောင်းမြို့နယ်တို့တွင် လှုပ်ရှားလျက် ရှိသည်။
ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် ဟုမ္မလင်းခရိုင်၊ မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1392
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၅
လာမည့် ရွေးကောက်ပွဲမှာ အနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာလွှဲအပ်မည်ဟု နစကဥက္ကဋ္ဌက ပြောကြားထား သော်လည်း တကယ် အာဏာလွှဲအပ်ပေးမလားဆိုသည့် အပေါ်ကိုတော့ နိုင်ငံရေးပါတီများကြား ယုံကြည်သူနှင့် မယုံကြည်သူဆိုကာ ကွဲပြားနေကြသည်။
နစကသည် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာလွှဲအပ် သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေအရ နိုင်ငံတဝန်း ဝင်ပြိုင်နိုင်သည့်ပါတီ သိပ်မရှိကြောင်း၊ လက်ရှိ အနေအထားအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသာ အများဆုံးနိုင်ခြေရှိကြောင်း၊ ထို့ကြောင့် အာဏာအပ်မည်ဆိုပါက ကြံ့ခိုင်ရေးပါတီကိုသာ အပ်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆို ခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
နိုင်သန်းရွှေက “ကျနော်တို့ လက်ရှိ အနေအထားအရပေါ့လေ၊ ပြည်ထောင်စုတဝန်းလုံးမှာ ဝင်ပြိုင်တဲ့ပါတီတော့ သိပ်မရှိဘူးပေါ့။ သိပ်မရှိတော့ နိုင်မယ့် အနေအထားက ပြည်ခိုင်ဖြိုးရယ်၊ နောက်ပြီးတော့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီရယ်၊ NLD ကတော့ မပြိုင်ဘူးဆိုတော့လေ အဲတော့ တကယ်လို့ တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးပါတီတို့ အခြားပါတီကလည်း အနည်းအကျဥ်းပဲနိုင်တာ အထူးသဖြင့်တော့ ပြည်ခိုင်ဖြိုးက အများကြီးနိုင်မှာပေါ့ အဲတော့ အာဏာအပ်မယ်ဆိုရင်လည်း ပြည်ခိုင်ဖြိုးကိုပဲ အာဏာအပ်နိုင်မှာပေါ့၊ အဲလိုရှိတာပေါ့နော်။ လက်ရှိ အနေအထားအရပေါ့” ဟု ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်
နစကဥက္ကဋ္ဌက ရွေးကောက်ပွဲ ကျင်းပ၍ အနိုင်ရသည့် ပါတီကို အာဏာလွှဲပေးမည်ဟု ပြောကြားထားသော်လည်း တကယ် လွှဲပေးမှာလား သံသယဖြစ်နေမိကြောင်း၊ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတုန်းကလည်း တပ်မတော်က ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရသည့် ပါတီကို အာဏာလွှဲပေးမည်ဟု ပြောခဲ့သော်လည်း လက်တွေ့မှာ မဖြစ်မလာခဲ့သည့် သမိုင်းများရှိကြောင်း နိုင်ငံရေးပါတီကြီး တစ်ခုမှ ခေါင်းဆောင်တစ်ဦးက ပြောသည်။
အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲအပ်မည်ဟု ပြောကြားထားပြီး ဖြစ်သည့်အတွက် ၎င်းတို့ ပြောဆိုချက်အတိုင်း လုပ်ဆောင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
စိုင်းအိုက်ပေါင်းက “ပြောထားပြီးသားပဲလေ၊ နိုင်တဲ့ပါတီကို အာဏာလွှဲပေးမယ်လို့ ပြောထားပြီးသားလေ၊ ဒါက တော့ ဟုတ်တယ်မလား၊ နိုင်တဲ့ ပါတီတွေ သဘောက လွှတ်တော်ထဲ ရောက်လို့ရှိရင် ဒါက သမ္မတ၊ ဒုသမ္မတနှစ်ယောက်ရွေးမယ်၊ ပထမ သမ္မတရွေးမယ်၊ ပြီးရင် အစိုးရဖွဲ့မယ်၊ ဖွဲ့ပြီးတာနဲ့ သဘောက နိုဝင်ဘာလ၊ ဧပြီလ ၁ ရက် နေ့ကြရင် အာဏာလွှဲပေးမှာပေါ့၊ အဲဒီလို ပုံစံဖြစ်သွားမှာပေါ့၊ ဒါက ကျနော်တို့ ခန့်မှန်းတာပေါ့နော်၊ ခန့်မှန်းတာ အဲဒီလိုတော့ ဖြစ်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်” ဟု ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်နေသလို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်နည်းဥပဒေများကို ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်လာခြင်းကို လက်ခံလျှက်ရှိသည်။

NLD အစိုးရကို ဖြုတ်ချပြီးနောက် မြို့တွင်းမှာ လုံခြုံရေးလှည့်နေတဲ့ စစ်ဘက်သုံးယာဉ်ကိုတွေ့ရစဉ်
လက်ရှိတွင် နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်လာသည့် ပါတီ စုစုပေါင်း ၂၃ ပါတီရှိကြောင်း၊ ထို ၂၃ ပါတီ အနက် ပြည်ထောင်စုတဝန်းလုံး ပြိုင်မည့် ပါတီမှာ ၅ ပါတီရှိကြောင်း UEC က မတ်လ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
ထို့နောက် တခြားသော အင်အားကြီး နိုင်ငံရေးပါတီတချို့ကတော့ နစကမှ ရွေးကောက်ပွဲ ကျင်းပ၍ အမှန်တကယ် အနိုင်ရသည့် ပါတီကို အာဏာလွှဲအပ်မည်ဟု အာမခံမှသာ ဝင်ရောက် ယှဉ်ပြိုင်ရန် စဉ်းစားနေမှုများလည်း ရှိ သည်။
အခြား တစ်ဖက်မှာတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1706
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၄
၄၉၆ နှစ်မြောက်(သတ္တမအကြိမ်) ရှမ်းနီအမျိုးသားနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ နယ်အတွင်းရှိ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ထိန်းချုပ်ထားသည့် လွတ်မြောက် နယ်မြေတစ်နေရာမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က ကျင်းပခဲ့သည်။
ရှမ်းနီနွယ်ဖွား အမျိုးသားထု တစ်ရပ်လုံး၏ ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေရန်နှင့် စည်းလုံး ညီညွတ်ရေး၊ ရှမ်းနီအမျိုးသားလူထု တိုးတက်ဖွံ့ဖြိုးရေးတို့ ပေါ်ပေါက်ဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး ရှမ်းနီအမျိုးသားနေ့ကို ရှာ ဖွေ ဖော်ထုတ်၍ အမျိုးသား အထိမ်းအမှတ်နေ့ဖြစ် အစီအစဉ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
သာသနာနှစ် ၂၀၇၀ ခုနှစ်၊ ရှမ်းနှစ် ၁၆၂၁၊ မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ်၊တန်ခူးလဆန်း ၁၂ ရက်၊ ခရစ်နှစ် ၁၅၂၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့သည် ရှမ်းနီအမျိုသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပလေ့ရှိသည်။
လက်ရှိတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ရှမ်းနီပြည်နယ် သို့မဟုတ် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1804
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၄
မြန်မာနိုင်ငံ၏ အနာဂတ်တွင် ဗမာပြည်နယ် ဖွဲ့စည်းရေးမှာ အန္တရာယ်ရှိပြီး ကွဲထွက်ရန် ပိုမိုလွယ်ကူကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဗမာပြည်နယ် ဖွဲ့စည်းမည်ဆိုပါက နောက်ထပ် ပြည်နယ်သစ် တောင်းဆိုမှုကို လူမျိုးအလိုက် တောင်းဆိုမှုများ လည်း ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။
ဦးရဲထွန်းက “ကျနော်တို့က အနာဂတ်မှာ အဲဒီလို ဗမာပြည်နယ် ဖွဲ့မယ်ဆိုတဲ့ ဥစ္စာက အန္တရာယ်တော့ ရှိတယ်၊ လူမျိုးစွဲတွေကြောင့်မို့လို့ နောက်ထပ် ပြည်နယ်ကလေးတွေ လူမျိုးအလိုက်၊ လူမျိုးအလိုက် ပြည်နယ်လေးတွေ လည်း အများကြီး တောင်းလာနိုင်စရာရှိသလို ကွဲထွက်ဖို့လည်း လူမျိုးလိုက်အတိုင်း ကွဲထွက်ဖို့လည်း ပိုလွယ် တယ်၊ ဆိုတော့ ဒီနိုင်ငံကို ဦးဆောင်ကြမယ့် လူတွေအနေနဲ့ နိုင်ငံရေးသမားတွေအနေနဲ့ အဲဒါကို နားလည်ကြဖို့ လိုတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်ခဲ့သည့် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားများ တန်းတူရေးအတွက် ဗမာပြည်နယ် ပေါ်ထွန်းရေးသည် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ(NUCC)မှ ကိုယ်စားလှယ် လွေးပိုးငယ်မှ အကြံပြု ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ တွေ့ရတဲ့ လူမျိုးစု လူငယ်များ
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့နှင့် နစကတို့ ငြိမ်းချမ်းရေး ဆွေး နွေးစဉ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တန်းတူရေးအတွက် ဗမာပြည်နယ် ဖွဲ့စည်းရေး တင်ပြဆွေးနွေးခဲ့သော်လည်း နစကဘက်မှ လက်ခံသည့် အနေအထား မရှိကြောင်း သိရသည်။
အနာဂတ်မှာ ဖက်ဒရယ်နိုင်ငံတစ်ခု တည်ဆောက်ပါက ဗမာပြည်နယ် လိုအပ်သလို၊ ဗမာလူမျိုးကို ကိုယ်စားပြု သည့် သင်္ကေတများလည်း လိုအပ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးဖေသန်းက “ဖက်ဒရယ်နိုင်ငံတွေမှာပေါ့ဗျာ၊ ပြည်နယ်ကြီးတယ်၊ ငယ်တယ်တွေနဲ့ မဆိုင်ပါဘူး။ ငယ်ရင်လည်း ယူနစ်တစ်ခုပဲ၊ ကြီးရင်လည်း ယူနစ်တစ်ခုပဲ၊ ဒါက ပြည်နယ် မဖွဲ့ချင်ဘူးပေါ့နော်၊ ဗမာလူမျိုးဟာ သက်သက် အုပ်ချုပ်တဲ့ လူမျိုးလို့ အဲဒီလို စိတ်ဓါတ်မျိုး ခံယူချက်မျိုး ရှိနေတယ်၊ ကျန်တဲ့သူတွေဟာ တိုင်းရင်းသား ဗမာ လူမျိုး ကပဲ အုပ်ချုပ်တဲ့ လူမျိုးလို့ နိုင်ငံရေးသမားတွေ၊ စစ်ခေါင်းဆောင်တွေမှာ ပိုပြီးရှိတာပေါ့၊ အဲဒါ အစဉ်အဆက်ပေါ့ဗျာ၊ ဗမာပြည်နယ် ဖွဲ့စည်းဖို့ တိုက်တွန်းတိုင်း၊ တိုက်တွန်းတိုင်း အဲဒီအသံမျိုး ထွက်လာတယ်၊ ပြည်ထောင်စု ပြိုကွဲသွား မယ်၊ ဘာမှ မဆိုင်ဘူးဗျ၊ ယူနစ်ကြီးတာ၊ ငယ်တာနဲ့ ဘာမှ မဆိုင်ဘူးဗျ၊ ဥပမာ ဗမာပြည်နယ် ဖွဲ့မယ်ဆိုရင် တိုင်း ၇ တိုင်းက ဗမာပြည်နယ်ဖြစ်သွားမှာပေါ့၊ ဒါမှ မဟုတ် အမျိုးသားပြည်နယ်ဆိုပြီးတော့ ကျနော်တို့ လွှတ်တော်ထဲမှာ တော့ သုံးခဲ့ကြတယ်၊ ဥပမာ ရန်ကုန်ဆိုရင်တော့ ဗမာတွေရော အကုန်လုံးနေတာပေါ့ဗျာ၊ လူမျိုးပေါင်းစုံနေတဲ့ အမျိုးသားပြည်နယ်ပေါ့၊ အဲဒီလို ယူနစ်တွေ သတ်မှတ်ထားတာ ရှိတယ်၊ ဆိုတော့ အဲဒီလို မဖွဲ့တဲ့အတွက် ပြည်ထောင်စုဆိုတာ သရုပ်မပေါ်ဘူးပေါ့၊ ဗမာလူမျိုးဟာ ပျောက်နေတယ်၊ တိုင်းဒေသကြီးတွေမှာ အလံထောင်ရင် ပြည်ထောင်စုအလံထောင်တယ်၊ ပြည်နယ်အလံမရှိတော့ဘူး၊ ဗမာကို ကိုယ်စားပြုတဲ့ အလံမရှိဘူး။ ဗမာကို ကိုယ်စားပြုတဲ့ သင်္ကေတ မရှိဘူး။ ပြည်ထောင်စု အလံကိုပဲ ဗမာတွေက ဗမာနိုင်ငံရေးသမားတွေက ဗမာ ခေါင်းဆောင်တွေက ဗမာအလံလို့ ခံယူထားတဲ့ သဘောဖြစ်တယ်” ဟု ပြောသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးနေကြစဉ်
ဗမာပြည်နယ် ဖွဲ့စည်းရေးအတွက် တိုင်းရင်းသား အင်အားစုအချို့မှ တင်ပြမှုများ ရှိသလို အခြားတစ်ဖက်မှာလည်း ရှမ်းနီ၊ ပအိုဝ်း၊ တအာင်း (ပလောင်)နှင့် ‘ဝ’ တို့ကလည်း ပြည်နယ်သစ်များ ဖွဲ့စည်းပေးရန် တောင်းဆိုမှုများ ရှိနေသည်။
အလားတူ လီဆူနှင့် မိုင်းလား (NDAA တပ်ဖွဲ့)ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများပေးရန် တောင်းဆိုလျက်ရှိ နေသည်။
လက်ရှိ မြန်မာနိုင်ငံကို တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ၁ ခု၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ၁ ခု စသဖြင့် ဖွဲ့စည်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 854
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၃
ယခုနှစ်အတွင်း နစက ကျင်းပသွားရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲအပေါ် ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မည်ကဲ့သို့ သဘောထား ရှိသလဲဆိုသည် ကို သိလိုနေကြသည်။
ပြည်ပရောက် ရွှေ့ပြောင်း မြန်မာအများစုသည် နစက ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် စိတ်မဝင်စားကြသလို လက်မခံကြကြောင်း ပြောကြသည်။ တချို့ကတော့ ရွေးကောက်ပွဲ ဖြစ်ခြင်း မဖြစ်ခြင်းသည် မိမိတို့အတွက် ထူးခြားဖြစ်စဉ်များကို မမြင်မိကြောင်း ဆိုကြသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ကိုမိုးလေးက ၎င်းအနေဖြင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲအား ထည့်ခဲ့ပြီးဖြစ်သဖြင့် နစကမှ ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ဆန္ဒမဲထည့်မည် မဟုတ်ကြောင်းပြော သည်။

၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ် ကြေညာနေစဉ်
ကိုမိုးလေးက “ကျနော်တို့ရဲ့ ပြည်သူက လိုလားတဲ့အစိုးရကို ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရကို မဲပေးခဲ့ပြီးပြီ ဆိုတော့။ ရွေးကောက်ပွဲဖြစ်ရင်လည်း ကျနော်တို့က မဲပေးမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့က မဲလည်းပေးခဲ့ ပြီးပြီလေ။ စစ်ကောင်စီက လုပ်မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုမျိုး ပြည်သူ့အစိုးရ ဆိုတာ ပေါ်ပေါက်လာမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူအာဏာက ပြည်သူပဲ ပြန်မရတာ။ သူတို့ လက်အောက်မှာ သူတို့ အမျိုးမျိုးလုပ်နေတဲ့ဟာ။ ဘာဖြစ်လို့လဲဆို အခုလက်ရှိ မြန်မာပြည်ကနေ တရားမဝင် ပေါ့နော် အောက်လမ်းနဲ့ တက်လာတယ်။ ထိုင်းနိုင်ငံ ရောက်တယ်။ ပတ်စပို့တွေ လုပ်ကြတယ်၊ ဘတ်ရိုက်တယ် ၃၊ ၄ လ တစ်သောင်းခွဲ နှစ်သောင်းကုန်။ ပြီးတဲ့အပြင် ဘတ်ရိုက်ပြီး ပတ်စပို့ စာအုပ် CI စာအုပ် တစ်ခါ ပြန်လုပ်ရ။ ၇ ထောင်၊ ၈ ထောင် ကုန်ပြန်။ ကုန်ပြီးတဲ့အခါ visa ထပ်တိုးပြန်။ တစ်ယောက် ၃၊ ၄ ထောင်။ ပြီးတာနဲ့ work permit ပြန်လုပ်ပြန်ဆိုတော့ ဒီ ၅ လ အတောအတွင်းမှာ မြန်မာငွေ သိန်း လေးဆယ်၊ သုံးဆယ် လောက် အနည်းဆုံးကုန်တယ် လူတစ်ယောက်ကို။ မရှိတဲ့ဟာ လုပ်ပေါ့။ ဘာဖြစ်လို့လဲဆို ရှင်းရှင်းပြောရရင် စစ်ကောင်စီ ကိုယ်တိုင်ကိုက အသုံးမကျလို့ပေါ့။ သူတို့ကိုယ်တိုင်ကလည်း ဘာတစ်ခုလည်း ကူညီထောက်ပံ့မှုမရှိဘူး။ ထိထိရောက်ရောက် မလုပ်ပေးဘူးဆိုတော့ မြန်မာနိုင်ငံသားတွေက ပြည်တွင်းထဲတင်မဟုတ်ဘူး ပြည်ပမှာတောင်မှ တော်တော် ဒုက္ခရောက်တာ”ဟု ပြောသည်။
ထို့ကြောင့် ရွေးကောက်ပွဲဖြစ်ခဲ့ပြီး အရပ်သားအစိုးရ တက်ခဲ့သည်ရှိသော် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ယခုကဲ့သို့ ဒုက္ခများ ကြုံတွေ့ရဦးမည်ဖြစ်ကြောင်း ၎င်း၏ အမြင်အား ပြောသည်။
ထို့အပြင် ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုပါက ပဋိပက္ခများ ပိုမိုဖြစ်ပွားလာနိုင်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပိုင်းများတွင် သက်ရောက်မှုများ ရှိလာနိုင်သဖြင့် ဆိုးကျိုးဘက်သို့ ပိုရောက်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ ရခိုင်ဒုက္ခသည်များဗဟို(CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
၎င်းက “ရွေးကောက်ပွဲမဖြစ်ရင်လည်း ဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံရဲ့ ပြဿနာက ရွေးကောက်ပွဲ လုပ်ရင်လည်း ဆက်ပြီးတော့ ပိုပြီးဆိုးလာမယ်၊ ရွေးကောက်ပွဲ မလုပ်ရင်လည်း ဒီအတိုင်းပိုပြီး ဆိုးလာမယ်ဆိုတော့ နှစ်ခုလုံးကတော့ အတူတူပါပဲ သိပ်တော့ မထူးခြားလှပါဘူး။ ဒါရွေးကောက်ပွဲကလည်း အတင်းအဓမ္မ ပြည်သူ့ ဆန္ဒ မပါပဲ လုပ်လည်း တိုင်းပြည်ရဲ့ မငြိမ်မသက်မှုက ပိုဖြစ်လာလေ။ ပြည်ပရောက် တိုင်းရင်းသားတွေ၊ မြန်မာအလုပ်သမား တွေ အနေနဲ့ ပိုပြီးတော့ အကျပ်အတည်း အခက်အခဲက ပိုများလာမှာပေါ့။ မလေးရှားကို နှစ်သိန်းလောက် ထွက် ပြေး လာကြတယ်ဆိုတာ။ ၂ သိန်းလောက်ဆိုတာက အာဏာသိမ်းပြီး ထွက်လာတဲ့လူ များတယ်။ အဲဒါကလည်း သူတို့နိုင်ငံအတွက် လုံခြုံရေးအရ စကားပြောစရာ ဖြစ်လာတာပေါ့။ ဘာကြောင့်ဆို ရွေးကောက်ပွဲလုပ်ရင်လည်း NUG အစိုးရကလည်း ရှိနေဦးမှာကို။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ဆက်လက်တော်လှန်နေဦးမှာ။ ပြည်သူတွေကလည်း ဆက်လက် ဆန့်ကျင်နေကြဦးမှာဆိုတော့ ရွေးကောက်ပွဲဆိုတာက အတင်းအဓမ္မ လုပ်လို့ရ တဲ့ဟာ မဟုတ်ဘူးလေ။ ပြည်သူ့ဆန္ဒနဲ့ကတော့ ငြိမ်းချမ်းမှုရှိတယ်။ အတင်းအဓမ္မနဲ့ဟာကတော့ ငြိမ်းချမ်းမှုကို မရနိုင်ဘူး။ ပိုပြီးတော့ ပဋိပက္ခကိုဦးတည်တဲ့ အသွင်တို့ အမြင်တို့ အများကြီး ဆောင်လာနိုင်တာပေါ့” ဟု ပြော သည်။
မြန်မာနိုင်ငံသား အများဆုံး သွားရောက် လုပ်ကိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည့် တောင်ကိုရီးယားနိုင်ငံတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများရှိပြီး ယခုအနေအထားအား မတရားကြောင်း ယူဆသူများ ရှိသကဲ့သို့ မိမိနှင့်မသက်ဆိုင်ဟု ခံယူသူများလည်းရှိကြောင်း ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။
သို့သော် တောင်ကိုရီးယားနိုင်ငံသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဦးစားပေးနိုင်ငံ ဖြစ်သောကြောင့် ရွေးကောက်ပွဲ ဖြစ်ပွားခဲ့ပါကလည်း ဆန့်ကျင်သည့် မြန်မာနိုင်ငံသားများအား ဆက်လက် နေထိုင်ခွင့်ပေးမည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

ပြည်ပထွက်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
ကိုခန့်နေကြည်က “ကျန်တဲ့ အိမ်နီးနားချင်း ထိုင်းနိုင်ငံတို့၊ မလေးရှားတို့လို့ အနေအထားမျိုးကတော့ စစ်အာဏာ ရှင်ဘက်က နိုင်သွားလို့ရှိရင် သူတို့နိုင်ငံမှာ အခုလိုပဲ ထပ်ပြီးတော့ လူ့အခွင့်အရေး ပေးမလား၊ မပေးဘူးလား ဆိုတဲ့ ဟာကတော့ ကိုရီးယားလောက် အရမ်းကြီး လွယ်ကူမယ်လို့တော့ မထင်မိဘူးပေါ့။ ဘာလို့လဲဆိုတော့ အဲဒီနိုင်ငံ တွေ ကိုယ်တိုင်ကိုက ဒီမိုကရေစီ စံချိန်စံနှုန်းတွေ အရမ်းနိမ့်ကျပြီးတော့ ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတာထက် ကိုယ့်နိုင်ငံရဲ့ စီးပွားရေး ဘယ်လိုအဆင်ပြေမလဲဆိုတာကို ကြည့်ကြတဲ့ ဦးစားပေးတဲ့ နိုင်ငံတွေဖြစ်တဲ့အတွက် စစ်တပ်က နိုင်ရင် စစ်တပ်ဘက်ကို လိုက်လျောညီထွေ နေသွားပြီးတော့ ဒီဘက်က NUG ဘက်က ပြည်သူ့ ဘက် က နိုင်တယ်ဆိုရင်လည်း လိုက်လျောညီထွေ လိုက်နေမယ့် အနေအထားမျိုးတွေလို့ မှန်းရှိရပါတယ်” ဟု ပြော သည်။
နစက ဥက္ကဋ္ဌသည် ယခု ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်းနှင့် အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲအပ်မည်ဖြစ်ကြောင်း ပြောကြားထားခြင်း ဖြစ်သည်။
လက်ရှိတွင် မတ်လ ၈ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံပြန်တင်သည့် နိုင်ငံရေး ပါတီ ၁၉ ခု အထိရှိကြောင်း နိုင်ငံတော်ပိုင် သတင်းစာတွင် ဖော်ပြထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1376
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၃
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာပြီးဖြစ်သလို လက်နက် ကိုင် အဖွဲ့အစည်းများကလည်း ပေါင်းစုံပေါ်ပေါက်လာခြင်းကြောင့် မြန်မာ့နိုင်ငံရေးကို မည်ကဲ့သို့သော နည်းလမ်း ဖြင့် ဖြေရှင်းမလဲ မေးခွန်းထုတ်နေကြသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေး အပြောင်းအလဲကြောင့် လက်နက်ကိုင် ပဋိပက္ခမှာ ပိုမိုကျယ်ပြန့်လာပြီး တိုင်းရင်းသားဒေသများတွင် သာမက ပြည်မအထိ ပျံ့နှံ့လာခဲ့သည်။

NUG နဲ့ PDF ကိုတွေ့ရစဉ်
အဆိုပါ ပဋိပက္ခများကို ပြည်တွင်းရှိ လူထုကသာ အဓိကဖြေရှင်းရမှာဖြစ်ကြောင်း၊ ၁၉၄၇ ပင်လုံ ကတိကဝတ်များကို အခြေခံရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာန သို့ ပြောသည်။
ဒေါက်တာ အေးမောင်က “မြန်မာနိုင်ငံမှာကြတော့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လက်နက်ကိုင်ပဋိပက္ခ ရပ်တည်မှု၊ အမျိုးသားတန်းတူမှုလို့ ပြောတဲ့ လူမျိုးက စုံတယ်၊ အဲဒီဥစ္စာ သဘောတူညီမှုရဖို့က တော်တော်လေး သဘောတူညီမှုရဖို့က တော်တော်လေး ကြိုးစားဖြေရှင်းမှ ရမယ်၊ အာဆီယံရဲ့ လက်ရှိ ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှား ဘက်က လာနိုင်တာက အင်ဒိုနီးရှား တပ်မတော် ဘယ်လို၊ အင်ဒိုနီးရှား ဒီမိုကရေစီ အခင်းအကျင်း ဖြစ်အောင် တပ်မတော်ပါဝင်တဲ့ ကဏ္ဍကို ဘယ်လို နောက်ကို ဆုတ်သလဲဆိုတဲ့ နည်းဗျူဟာနဲ့ နိုင်ငံရေး၊ စစ်ရေး၊ ခံယူချက် တစ်ခုကိုတော့ဖြင့် နမူနာပေးနိုင်တာပေါ့ဗျာ၊ တနည်းအားဖြင့် နိုင်ငံရေးထဲက တပ်မတော်နောက်ကို ဆုတ်အောင် နည်းမှန်လမ်းမှန်ကိုတော့ဖြင့် အင်ဒိုနီးရှား မော်ဒယ်ကဖြင့် အကြံပြုနိုင်ပါတယ်၊ ပေးနိုင်ပါတယ်၊ ဒါပေတည်း လက်နက်ကိုင် ပဋိပက္ခ နှစ်ပေါင်း ၇၅ နှစ်ကြာနေတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ မော်ဒယ်ပေါင်းစုံရှိတဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့ ကိစ္စကြတော့ မြန်မာ့နိုင်ငံအတွင်းက လူထုကပဲ သုံးသပ်ပြီးမှ ခုနကပြောတဲ့ ထွက်ပေါက်ဗျ၊ ၄၇ ပင်လုံစာချုပ် ကတိကဝတ်၊ စာချုပ်နဲ့ မဆိုင်ဘူး၊ စာချုပ်ဖြစ်တည်လာတဲ့ ကတိကဝတ် ပင်လုံ ရဲ့ သဘောတရားပေါ့ဗျာ၊ အဲဒါတွေကိုလည်း အခြေခံဖို့ လိုတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ပြည်တွင်းရှိ အဖွဲ့အစည်းအချို့၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အာဆီယံတို့မှာ ဖြေရှင်းနိုင်ရေး နည်းလမ်းရှာဖွေ လျက်ရှိသည်။

KNDF ကိုတွေ့ရစဉ်
လက်ရှိ မြန်မာ့တပ်မတော်ကို ဖြုတ်ချပြီးမှ မိမိတို့ အချင်းချင်းကြား ပြဿနာကို ဖြေရှင်းကြမှာ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါတွေကတော့ အခုချိန်မှာ စစ်ကောင်စီ ပြုတ်အောင် တိုက်ကြတယ်၊ အဲဒါပြီးတော့မှ ကိုယ့်အချင်းချင်း ပြဿနာကိုတော့ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်အကြား ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။
ထို့အတူ ပြည်တွင်းမှာလည်း လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ လူမှုရေးများမှာ အကျပ်အတည်းဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့နောက် အမျိုးမျိုး စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်ကာ တရားဥပဒေ စိုးမိုးမှု အားနည်းနေမှုများ ဖြစ်ပေါ်နေသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 2266
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၀
ကွဲပြားနေသည့် ကရင်လက်နက်ကိုင်များ စုစည်းပါဝင်သည့် ကရင်လက်နက်ကိုင် တပ်ဖွဲ့စည်းလုံးညီညွတ်ရေး ကော်မတီသည် လူထုနှင့်တွေ့ဆုံပွဲကို ကရင်ပြည်နယ်၊ ဘားအံခရိုင် KNU ၏ တပ်မဟာ(၇)နယ်မြေအတွင်းမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သည်။
လူထုနှင့်တွေ့ဆုံပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)ဘက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဘက်မှ ဥက္ကဋ္ဌ စောထော့လေး၊ ဒုဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဘက်မှ ဗိုလ်မှူးကြီး စောဆန်းအောင်၊ ကရင် ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ဘက်မှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူတို့ အသီးသီး တက်ရောက်ခဲ့ကြသည်။
Photo- TST
နိုင်ငံရေးပါတီဘက်ကမူ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည့်စိုးနှင့် ရဟန်းသံဃာများ တက်ရောက်ခဲ့ကြသည်။
လက်ရှိ ကရင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် KNU ၏ လက်အောက်ခံ KNLA တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
