CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၉၇၂ နယ်မြေ တစ်နေရာတွင် အမှတ်စဉ်(၁) အပတ်စဉ် (၁၂) သင်တန်းဆင်းပွဲ တစ်ခုကို ၂၀၂၃ ခုနှစ်၊ သြဂုတ် ၃၀ ရက်နေ့က ကျင်းပသွားကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသူ/သား ၅၀၀ ကျော် တက်ရောက်ခဲ့ပြီး အခြေခံ စစ်ပညာများကို သင်ကြား ပို့ချခဲ့ကြောင်းလည်း သိရသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း လှုပ်ရှား လျက် ရှိပြီး လွတ်လပ်ရေးနှင့်အတူ ဆုံးရှုံးသွားသည့် ရှမ်းနီနယ်မြေများ ပြန်လည်စုစည်း၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး ကြိုးပမ်းလျက်ရှိနေသော လက်နက်ကိုင် အဖွဲ့ဖြစ်သည်။