- By CNI
- Category: နိုင်ငံရေး
- Hits: 1030
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁
ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) ကို ဖွဲ့စည်းလိုက်ခြင်းသည် ဗမာတိုင်းရင်းသား ဒေသအတွက် အားတက်စရာကောင်းသော အခြေအနေတစ်ရပ်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက် ရေး၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို အခြေခံသော နိုင်ငံရေးမူဝါဒ တစ်ရပ် ပေါ်ပေါ်ရေးအတွက် စက်တင်ဘာ ၉ ရက်နေ့က ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်ကို ဖွဲ့စည်း ကြောင်း ဗိုလ်နဂါး ကြေညာခဲ့သည်။
ဦးသန်းစိုးနိုင်က “ဟုတ်ကဲ့ ဗမာအမျိုးသားတပ်မတော် ဖွဲ့စည်းလိုက်တာဟာ ဗမာအမျိုးသားဒေသအတွက် အခြား သော တိုင်းရင်းသားဒေသများနည်းတူ လက်နက်ကိုင်တပ်ဖွဲ့ ပေါ်ပေါက်ဖို့ လိုအပ်တယ်ဆိုတဲ့အမြင် ကျနော်တို့ ရှိပါ တယ်။ ဒါပေမဲ့ ဗိုလ်နဂါးတို့အဖွဲ့က ဗမာအမျိုးသားဒေသမှာ ရှိနေတဲ့ အင်အားစုတွေ အားလုံးပါဝင်၊ မပါဝင်တော့ သေချာလည်း ကျနော်တို့ မသိရသေးပါဘူး။ ဒါပေမဲ့ အားလုံးစုစုပေါင်း အဖွဲ့ ၁၃ ဖွဲ့လို့ ပြောကြပါတယ်။ အဲဒီ ၁၃ ဖွဲ့ ထဲမှာ ၁၁ ဖွဲ့က ဗိုလ်နဂါးတို့နဲ့ တပ်မဟာ ၁ ခု ဖွဲ့စည်းတယ်လို့ သဘောတူကြတာ ကြားရတဲ့အတွက် ဒါကတော့ ဗမာတိုင်းရင်းသားဒေသအတွက် လက်နက်ကိုင် အင်အားတစ်ရပ် ပေါ်ပေါက်လာတဲ့အတွက် ကြိုဆိုတယ်လို့ ယေဘုယျ ခြုံပြီးတော့ ပြောလို့ရပါတယ်။ ဖြစ်နိုင်ရင်တော့ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရင် ကောင်းပါ တယ်။ ဒါပေမဲ့ ကျန်တဲ့ နှစ်ဖွဲ့ကလည်း NUG နဲ့ ဆက်စပ်ပြီး ဆောင်ရွက်လုပ်ကိုင်မယ့် သဘောရှိတဲ့အတွက် ဒီအင်အားစု ပေါ်ပေါက်လာခြင်းကို ကျနော်တို့ ယေဘုယျအားဖြင့် ပြောရလို့ရှိရင် ဗမာတိုင်းရင်းသားဒေသအတွက် အားတက်စရာကောင်းတဲ့ အခြေအနေတစ်ရပ် ပေါ်ပေါက်လာလတယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်(BNRA) တပ်ဖွဲ့၀င်များကို တွေ့ရစဉ်
BNRA ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှာ အခြေပြု လှုပ်ရှားသွား မည်ဖြစ်ကြောင်း၊ တပ်အင်အားအနေဖြင့် တပ်ရင်း ၁၈ ရင်းဖြစ် ပြင်ဆင်ထားကြောင်း သိရသည်။
လက်ရှိ အညာဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်သို့ မဝင်ရောက်နိုင်သေးသည့် တော်လှန်ရေး အဖွဲ့အစည်းများရှိနေကြောင်း၊ ပြန့်ကျဲနေသော အဖွဲ့အစည်းများကို စုစည်းပြီး BNRA ကို တည် ထောင်ခြင်းဖြစ်ကြောင်း BNRA ဥက္ကဋ္ဌ ဗိုလ်နဂါးမှ ပြောသည်။
၎င်းက “ဒီလိုပြန့်ကျဲနေတဲ့ အဖွဲ့အစည်းတွေ အစိုးရအနေနဲ့ လက်ကြားယိုနေတဲ့ အဖွဲ့တွေကို စုပြီးတော့ ကျနော်တို့ က BNRA ဆိုတဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်ကို ဖွဲ့စည်းရခြင်းလည်း ဖြစ်တယ်၊ ဒီကိစ္စကို အားလုံး ပြောနေကြသလို တစ်စင်ထောင်တာ၊ တစ်စုဖွဲ့တာလည်း မဟုတ်ဘူး။ ကျနော်တို့ရဲ့ ကိုယ်ကျိုးအတွက်လည်း မဟုတ်ဘူး။ ကျနော်တို့က ဒီကိစ္စကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးပြီး ဖြစ်တယ်၊ စောစောက ခက်ခက် ခဲခဲနဲ့ ခရီးသွားခဲ့ရတယ်၊ ခရီးသွားခဲ့ရပြီးတော့ ကျနော်တို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကျနော်လူချင်းတွေ့ပြီးတော့ ရက်ရှည်အချိန်ကြာ ကျနော်တို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးလည်း ဖြစ်တယ်၊ ဝန်ကြီးနဲ့တော့ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ကြပေမယ့် ဝန်ကြီးရယ်၊ ကျနော်ရယ်၊ နောက်သမ္မတကြီးရယ်က Zoom Meeting မှာ တွေ့ပြီးတော့ ကျနော်တို့ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်၊ MRDA ကို နောက်ပူးပေါင်းလာတဲ့ အဖွဲ့တွေနဲ့ COC စနစ်တကျ တည် ဆောက်ပြီးတော့ စစ်ရေးမှာလည်း တိုင်းရင်းသားတွေရဲ့ ကူညီမှုနဲ့ ကျနော်တို့ Regular army၊ Standard Army ပုံစံ သေချာ ဖွဲ့စည်းပြီးတော့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်တွဲလုပ်သွားနိုင်ဖို့ ပူးပေါင်း လုပ်ဆောင် မယ်ဆိုတဲ့ ဒီကြေညာချက်တွေနဲ့ ထုတ်ဖို့ ဆွေးနွေးကတိပြုခဲ့ကြပြီး ဒါလုပ်ဆောင်လာတဲ့ အဖွဲ့အစည်းလည်း ဖြစ် တယ်” ဟု ပြောသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကို တွေ့ရစဉ်
BNRA သည် ဗမာဆိုသော လူမျိုးနာမည် ပါနေခြင်းက ဗမာတိုင်းရင်းသားအရေး တစ်ခုတည်းကို ဦးတည်ဆောင် ရွက်မှာလား တစ်နိုင်ငံလုံးအရေးကို ဆောင်ရွက်မှာလား စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်ဆိုသော နာမည်ဖြင့် တစ်နိုင်ငံလုံး အရေးလုပ်ဆောင်မည်ဆိုပါကလည်း တခြားသော တိုင်းရင်းသားများ၏ ထောက်ခံမှုကို ရယူနိုင်ပါ့မလား မေးခွန်းထုတ်စရာဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ် သူများက ပြောသည်။
လက်ရှိတွင် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော ဗမာကိုယ်စားပြု အဖွဲ့အစည်းအနေဖြင့် ဗမာ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) တို့ ရှိနေပြီး အခြားသော ဒေသအခြေပြု လက်နက်ကိုင်အဖွဲ့အစည်းများလည်း ရာနှင့်ချီရှိနေကြောင်း သိရသည်။
အဆိုပါ ကွဲပြားနေသော တော်လှန်ရေးအင်အားစုများကို NUG အနေဖြင့် စုစည်းရန် လိုအပ်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးမှုများလည်း ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 730
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁
မိမိတို့နိုင်ငံသည် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်သာလျင် အသင့်တော်ဆုံးဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ် အုပ်ချုပ်ရေး ဆောင်ရွက်ရာတွင် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်တွင် တိုင်းရင်းသားကို အခြေခံ သည့် ဖက်ဒရယ်နှင့် ဒေသကို အခြေခံသည့် ဖက်ဒရယ်ဟူ၍ ရှိပြီး ကမ္ဘာ့နိုင်ငံအများစုတွင် ဒေသကို အခြေခံ သည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်သည်သာလျင် အသင့်တော်ဆုံးဖြစ်သည်”ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က ပြည်သူ့စစ်ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
ထို့နောက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏ အရေးကိုသာ တောင်းဆိုလျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှု အားနည်းကြောင်း၊ လူတစ်စုကို ကိုယ်စားပြု သည့် အဖွဲ့အစည်းများဖြစ်၍ မရဘဲ ဒေသကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်ရန်လိုကြောင်း နစကဥက္ကဋ္ဌ က ပြောသည်။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည် ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီး (၇)ခု၊ ပြည်နယ် (၇)ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (၅)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(၁)ခုတို့ဖြင့် ဖွဲ့စည်းထားသည်။
ထို့ကြောင့် ဒေသနှင့်လူမျိုးကို အခြေခံသည့် ဖက်ဒရယ်စနစ်ပုံစံဖြစ်နေခြင်းကြောင့် ဒေသကို အခြေခံသော ဖက်ဒရယ် စနစ်ကို သွားမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင် ရေးဆွဲရမည့် အခြေအနေ ဖြစ်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 838
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာ နေ တပ်ဖွဲ့ ခေါင်းဆောင်များနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရ သည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေလီရတနာ ခန်းမတွင် တွေ့ဆုံခဲ့ကြ ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များ အနေ ဖြင့်လည်း မိမိတို့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုတို့နှင့်အတူတကွ လက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ကြရန်လိုတယ်”ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရှမ်းပြည်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ခေါင်းဆောင်များ တွေ့ဆုံစဉ်
ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ အနေဖြင့် မိမိတို့ နယ်မြေ ဒေသ အလိုက် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင် လာနိုင်ရေး ဝိုင်းဝန်းတိုက်တွန်း ဆောင်ရွက်ကြရန်လိုကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် ပြည်သူ့စစ်ခေါင်းဆောင်များမှာ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်ဆေးပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန် ပြည်သူ့စစ် ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကြော့ပြည်သူ့စစ် ခေါင်းဆောင် ဦးလွယ်မောင်၊ မုံးစီးပြည်သူ့စစ် ခေါင်းဆောင် ဦးစိုင်းမွန်း၊ ထင်ပါ ကျိုင်း ပြည်သူ့စစ် ခေါင်းဆောင် ဦးခင်မောင်လွင်တို့ ဖြစ်သည်။
လက်ရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)အကြား နယ်မြေ အငြင်းပွားကာ စစ်ရေးတင်းမားလျက်ရှိသည်။
ထို့နောက် မြန်မာ့တပ်မတော်သည် TNLA၊ MNDAA၊ SSPP၊ KIA၊ PDF များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1339
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉
၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက တာဝန်ယူရမည်ဖြစ်သည့်အတွက် တာဝန် ယူ/မယူ ကိစ္စနှင့်ပတ်သက်၍ အာဆီယံ အဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံသို့ အကြောင်းကြားခဲ့ကြောင်း နစက-က ရှင်းလင်း ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1182
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉
အနောက်အုပ်စုဖြင့် နီးစပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရုတ်အနေဖြင့် လက်ခံမှာ မဟုတ် ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစု အချင်းချင်းကြား ညီညွတ်မှုမရှိဘဲ အဖွဲ့အစည်း အချင်းချင်း မသင့်မြတ်မှုများ ဖြစ်ပေါ်နေကြောင်း ၎င်းက ပြောသည်။
ဒေါက်တာ အောင်မျိုးက “ကျနော်တို့ ပုလဲလို နေရာမျိုးမှာ အခုဖြစ်နေတဲ့ ပြဿနာမျိုးပေါ့၊ ဒါကို ကြည့်ခြင်းအား ဖြင့် ဘယ်တော့အခါမှ ဒီစစ်ပွဲက NUG၊ PDF က နိုင်မှာ မဟုတ်ဘူး။ နိုင်ဖို့ကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူးဆိုတာကို ဒါကို ဘယ်သူမှ မသိတဲ့ အချက်တစ်ချက်ကို ကျနော်ပြောချင်တာ ပေါ့နော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း လက်မခံနိုင်ဘူး။ မဖြစ်ဘူး။ အဲဒီတော့ နောက်ဆုံးအနေအထား တော့ ပြောရလို့ရှိရင်တော့ဗျာ၊ ပြည်ချစ်တွေ ဘယ်လို ပြီးဆုံးသွားတယ်ဆိုတာတောင်မှ ဘယ်သူမှ ကနေ့ခေတ်လူ တွေ အားလုံးက မသိကြဘူးပေါ့နော်၊ ပြည်ချစ်အားလုံးဟာ တောထဲမှာ KNU ကနေပြီးတော့ ထမင်းစားနေကြတဲ့ အချိန်မှာ ဝိုင်းပြီးတော့ သေနတ်နဲ့ ချိန်ပြီးတော့ လက်နက်ဖြုတ်သိမ်းခံရတယ်၊ ရာထူးကြီးတဲ့ လူတွေ အသတ်ခံရ တယ်၊ ပုဂ္ဂိုလ်ရေး ရင်းနှီးတဲ့ လူကိုတော့ ပြန်တော့ဆိုပြီး လွှတ်လိုက်ရတယ်၊ ပြည်ချစ်ရဲ့ ပါဝင်ဦးဆောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ရဲ့ အထင်ကရ ခေါင်းဆောင်ကြီး မြန်မာပြည်ရဲ့ ပထမဆုံး ကာကွယ်ရေးဝန်ကြီးဖြစ်သော ဗိုလ်လင်္ကျာဟာ KNU လက်ချက်နဲ့ သေရတဲ့ ဘဝပါပဲ ရှိပါတယ်၊ ဒါကြောင့်မို့လို့ နောက်ဆုံးမှာ KNU ကပဲ စားမလား အခု ဗမာ PDF တွေ ကပဲ လူအင်အားများပြီးတော့ KNU ကို လွှမ်းမိုးသွားမလား ဆိုတာကတော့ နောက်ဆုံးကြရင်တော့ တစ်ယောက်နဲ့ တစ်ယောက် ပြန်ချတာနဲ့ပဲ ဇာတ်သိမ်းမယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်၊ မှန်းဆနိုင်တာပေါ့နော်” ဟု ပြော သည်။

PDF များကိုတွေ့ရစဉ်
မြန်မာပြည်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအဖြစ် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ဓာတ်ငွေ့နှင့် ရေနံပိုက် လိုင်း၊ အထူးစီးပွားရေးဇုန်များ အပါအဝင် အခြားသော ရင်းနှီးမြှပ်နှံမှုများ ရှိနေသည်။
မြန်မာပြည်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှု အများအပြား ရှိနေခြင်းကြောင့် လက်ရှိ အာဏာရယူထားသည့် နစကနှင့် ဆက်ဆံလိမ့်မည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်မြက်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ဒါပေမဲ့ အဖြစ်နိုင်ဆုံးကတော့ အခုရှိတဲ့ NUG ကတော့ ယျေဘုယ ပြဿနာဆောင်တာကတော့ သူက လက်ယာယိမ်းတယ်လို့ပဲ ဆရာတို့ ပြောရတော့မယ်၊ အနောက်နိုင်ငံတွေနဲ့ လက်ယာသမားတွေက ပိုပြီးတော့ ဖြစ်တယ်၊ ဒီဖက်ကို လက်ဝဲသမားတွေနဲ့ လုံးသလားဆိုတဲ့ အခါကြတော့ ဥပမာ ဗီယက်နမ်ဆိုပါစို့ သူနဲ့ ဘာမှ အဆက်အသွယ်ရှိမှာ မဟုတ်ဘူး။ ရုရှားဆိုရင် ဆန့်ကျင်ဖက် ဖြစ်သွားတယ်၊ တရုတ်ဆိုလည်း အဲဒီသဘောပဲလေ၊ တရုတ်ကတော့ ရှင်းရှင်း ပြောရရင် သူကတော့ Diplomacy မှာ နည်းနည်းကျွမ်းတဲ့ အခါကြတော့ သူက နေတတ် ထိုင်တတ်တယ်၊ အဲဒီတော့ သူက ပြောရရင် လက်တွေ့ မမြင်ဘဲနဲ့ ပြောရတာ ခက်တယ်၊ ဗမာပြည်အနေနဲ့ ပြောရ ရင်တော့ ဗမာပြည်မှာ တရုတ်က အရင်းအနှီးတွေ အများကြီး ငွေအောပြီးတော့ လုပ်နေတော့ သူက လက်ရှိ အာဏာသိမ်းထားတဲ့ အစိုးရမျိုးကိုပဲ တရုတ်က အဓိက ဆက်ဆံလိမ့်မယ်၊ အာဏာကို သူပုန်အစိုးရကိုတော့ သူ ဒီလောက်အထိ ဆက်ဆံဖို့ သူ့မှာ ခက်တယ်လို့ ထင်တယ်” ဟု ပြောသည်။

NUG နဲ့ အမေရိကန် ကိုယ်စားလှယ်တို့ကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ ဒီမိုကရေစီ အင်အားစုများမှ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။
ထို့နောက် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ကာ တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေးများမှာ ယိုယွင်းကျဆင်းလျက်ရှိနေသည်။
မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းနေသော NUG သည် အမေရိကန် အပါအဝင် အနောက်အုပ်စု၊ ဥရောပ နိုင်ငံများနှင့် နီးစပ်နေခြင်းကြောင့် တရုတ်သည် သူ၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွား ကာကွယ်ရေး ရှု ထောင့်ကနေ NUG ကို လက်ခံနိုင်ခြေမရှိကြောင်း ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 827
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA ) ထိန်းချုပ်ဒေသတွင် ဆက်သွယ်ရေးလိမ်ညာမှု (အွန်လိုင်းလိမ်လည်မှု) ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၁၂၀၇ ဦးကို ဖမ်းဆီးပြီး တရုတ်ထံ လွှဲပြောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ လွှဲပြောင်းမှုကို စက်တင်ဘာ ၆ ရက်မှ ၇ ရက်နေ့အထိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
- By CNII
- Category: နိုင်ငံရေး
- Hits: 900
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈
မြန်မာ့နိုင်ငံရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး အာဆီယံအလှည့်ကျဥက္ကဋ္ဌ အပါအဝင် နိုင်ငံ ၃ နိုင်ငံက ပူးတွဲတာဝန်ယူမည့်နည်းလမ်းမှာ အလုပ်ဖြစ်နိုင်/ မဖြစ်နိုင် မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်း အကြား သုံးသပ်ဆွေးနွေးနေကြသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံအလှည့် ကျဥက္ကဋ္ဌအသစ်နှင့် ဥက္ကဋ္ဌဟောင်း ၂ ဦး စုစုပေါင်း အလှည့်ကျဥက္ကဋ္ဌ သုံးဦး ပူးတွဲ၍ မြန်မာ့အရေးကို နည်းလမ်းသစ်ဖြင့် ကိုင်တွယ် ဖြေရှင်းရန် သဘောတူညီခဲ့ကြသည်။
လက်ရှိ မြန်မာ့အရေးကို ကိုင်တွယ်နေသည့် အာဆီယံဥက္ကဋ္ဌ၏ ပုံစံမျိုးကို ဆက်လက် ကိုင်တွယ်နိုင်မည့် အခင်းအကျင်းကို ဖန်းတီးခြင်းဟု သုံးသပ်မိကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှဥက္ကဋ္ဌ ဦးသာထွန်းလှ က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကို ကန့်ကွက် ဆန္ဒပြနေကြစဉ်
၎င်းက “ကျနော်သုံးသပ်တာက အာဆီယံမှာက အရင်ဥက္ကဋ္ဌက တစ်နှစ်တစ်ယောက် အလှည့်ကျဆိုတော့ မြန်မာ့အရေးကို ကိုင်တွယ်ရာမှာလည်း တစ်နှစ်မှာ တစ်နိုင်ငံက ကိုင်တွယ်နေတဲ့ ပုံစံမျိုးကို အခု လက်ရှိ အင်ဒိုနီးရှားက မြန်မာ့အရေးကို ကိုင်တွယ်နေတဲ့ ပုံစံကို ဆက်ပြီး ကိုင်တွယ်သွားလို့ ရအောင်အတွက် အဲဒီလို ပူးတွဲလုပ်တယ်လို့ပဲ သုံးသပ်မိတယ်၊ ဒါပေမဲ့ အဲဒီလို ပူးတွဲ ကိုင်တွယ်မှုက ဘယ်လောက်ထိ ရောက်မလဲ ဆိုတာတော့က စောင့်ကြည့်ရဦးမယ်လို့ မြင်တယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းများအရ မြန်မာနိုင်ငံတွင် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။
အဆိုပါ နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အား သဘောတူခဲ့ကြသော်လည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ထို့နောက် အာဆီယံအနေဖြင့် မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းနိုင်ရေး ပုံစံပြောင်းလဲကာ ၃ နိုင်ငံ ပူးတွဲ တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့က ဆန္ဒပြသူများကို ဖမ်းဆီးနေစဉ်
အာဆီယံအနေဖြင့် ၎င်းတို့ နည်းဟန်ဖြင့် မြန်မာ့အရေးကို ဖြေရှင်းရန် ကြိုးစားခြင်းဖြစ်ကြောင်း အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့(PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါလည်း အခင်းအကျင်းသစ် တစ်မျိုးပေါ့လေ၊ သူတို့လည်း သူတို့နည်း၊ သူတို့ဟန်နဲ့ သူတို့ စဉ်းစားချက်တွေနဲ့တော့ ထိုးဖောက်မှု အမျိုးမျိုး တွေနဲ့ သူတို့လည်း ကြိုးစားမှုတွေ ရှိမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ အမြင်ကတော့ ကျနော်တို့ နားလည်သလောက်ကတော့ သူ့ရဲ့အတိုင်းအတာ အရ တော့ သူကြိုးပမ်း ဆောင်ရွက်မှုတွေ ရှိတယ်၊ သို့သော်လည်းပဲ ကျနော်တို့ အတွေ့အကြုံအရဆိုရင်လည်း ဒီနှစ်နှစ်ကျော် ကာလအတွင်းမှာ ဆိုရင်လည်းပဲ အဓိက ဒီဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုတွေကတော့ ကျနော်တို့ မတွေ့ရှိရတာတော့ ပကတိအခြေအနေပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီအပေါ်မှာတော့ အမြင်တွေက အမျိုးမျိုး ရှိကြမယ်ထင်ပါတယ်။ သို့သော်လည်းပဲ ကျနော်အနေနဲ့ကတော့ ကျနော်ဥာဏ်ရည်မှီ သလောက်ဆိုရင်တော့ အဓိက ဒီအပေါ်မှာ တစ်စုံတစ်ရာ မှတ်ချက်ပေးပြောဖို့ ဆိုဖို့ကတော့ ကျနော် လက်လှမ်း မမှီသေးပါဘူးဗျ၊ ရိုးရိုးသားသား ပြောတာပါ” ဟု ပြောသည်။
လက်ရှိ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်အထိ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် လာအိုတို့က တာဝန်ယူမှာဖြစ်ပြီး ၂၀၂၄ မှာ အင်ဒိုနီးရှား၊ လာအိုနှင့် မလေးရှားတို့ ကိုင်တွယ်ကာ မြန်မာ့အရေးဖြေရှင်းကြမှာ ဖြစ်ကြောင်း သိရ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1286
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇
စစ်ပွဲ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး လက်နက်ခဲယမ်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်မှုမှာ တော်လှန်ရေး ၏ အလှည့်အပြောင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြော သည်။
ယနေ့ (စက်တင်ဘာ ၇ ရက်နေ့) တွင် ကျရောက်သော ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့် မိန့်ခွန်း တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒူဝါလရှီးလက “မိမိတို့ရဲ့ စိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူထုဝန်ဆောင်မှု စတဲ့ကဏ္ဍတွေကို လည်း စနစ်တကျ ဆောင်ရွက်လာနိုင်ပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ပွဲရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အတွက် လက်နက်ခဲယမ်းများ ကိုယ်တိုင် ထုတ်လုပ်လာနိုင်တာကလည်း တော်လှန်ရေးအတွက် အရေးပါတဲ့ အလှည့်အပြောင်း တစ်ခုဖြစ်ပါတယ်။ စစ်ရေးအရ အောင်မြင်မှုတွေ တစ်စထက်တစ်စ ပိုမိုရရှိလာနေတာကိုလည်း အနီးစပ်ဆုံးအချိန်က တိုက်ပွဲများရဲ့ ရလဒ်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်မှာ ဖြစ်ပါတယ်၊ ရန်သူစစ်အုပ်စု အတွက် အလုံခြုံဆုံးလို့ ယုံကြည်နေကြတဲ့ နေပြည်တော်မှာပင်လျှင် မလုံခြုံမှုများ ခံစားရအောင် တော်လှန်ရေး ရဲဘော်တွေက စွမ်းဆောင်ပြနိုင်ပြီ ဖြစ်ပါတယ်” ဟု ပြောသည်။

PDF များ ကိုင်ဆောင်ကြတဲ့ လက်နက်များကိုတွေ့ရစဉ်
လက်နက်ခဲယမ်း ထုတ်လုပ်မှုမှာ ယနေ့ခေတ်အနေဖြင့် မဆန်းကျယ်ကြောင်း၊ သို့သော်လည်း အရည်အသွေးမြင့် လက်နက်ခဲယမ်း ထုတ်လုပ်နိုင်မှုမှာ မဖြစ်နိုင်ကြောင်း၊ ထို့အတူ လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ မည်သည့် နေရာမဆို လုံခြုံမှုမရှိကြောင်း၊ စစ်၏ သဘောသဘာဝအရ လုံခြုံမှု အပြည့်အဝမရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုး က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မလုံခြုံမှုဆိုတာတော့ဗျာ၊ ဘယ်နေရာမှ လုံခြုံမှုဆိုတာ စစ်ရဲ့ သဘောတရားမှာ အဲဒါ သူနားမလည်လို့ပါ၊ သူစစ်သားမလုပ်ဖူးလို့ အဲဒီလို လျှောက်ပြောနေတာပါ။ မလုံခြုံတာ ဘယ်နေရာမှ မလုံခြုံဘူးဗျ။ လုံခြုံမှုမှာလည်း ၁၀၀ ရာခိုင်နှုန်း အပြည့်ပေးတယ်ဆိုတာ မရှိပါဘူး။ စစ်သဘောအရ လုံခြုံမှုမှ မရှိတာကိုး၊ အပြည့်အဝ မရှိပါဘူး။ အဲဒီတော့ စစ်သားတစ်ယောက် ဖြစ်လိုက်တယ်၊ NUG နဲ့ ဆန့်ကျင်ဖက် နိုင်ငံရေးသမားတစ်ယောက် လုပ်လိုက် တယ်ဆိုတဲ့ တစ်ပြိုက်နက်တည်း ဟိုးတုန်းကဆိုရင် ကျနော်တို့ တိုင်းပြည် အတွင်းပိုင်းကြီးမှာ အဖြူရောင်ဒေသ ကြီးဖြစ်နေတဲ့ အချိန်မှာကတည်းကိုက ကျနော်တို့ ရှေ့တန်းသွားဖို့ ယူနီဖောင်းဝတ်လိုက်တာနဲ့ သေနတ် ကိုင်လိုက် တာနဲ့ ကျနော်တို့က ကိုယ့်ကိုယ်ကို မလုံခြုံတော့ဘူးဆိုတာ ကျနော်တို့က အမြဲတမ်း ခံစားရပြီးသားပါ၊ အဲဒီတော့ သူပြောတာဟာ မှားလားဆိုတော့ မမှားပါဘူး။ ဘယ်နေရာမှ မလုံခြုံပါဘူး။ အဲဒီတော့ ပြောရရင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကြီးတောင် မလုံခြုံပါဘူး” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက ခန့်အပ်လွှာပေးအပ်နေစဉ်
ပြည်သူ့ခုခံစစ် စတင်ခဲ့သည့် နှစ်နှစ်အတွင်း စစ်ရေးအရ အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ နစကအနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးများတွင် ကျဆုံးနေပြီဖြစ်ကြောင်း ဒူဝါလရှီးလက ပြောသည်။
တခြား တစ်ဖက်မှာတော့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ နီပေါ၊ တရုတ်၊ အိန္ဒိယ၊ ဆော်ဒီ၊ အီရန် ဂျပန်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် အပါအဝင် တခြားသော နိုင်ငံများမှ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးများအဖြစ် ခန့်အပ် လွှာများကို လာရောက် ပေးအပ်လျက်ရှိသလို ကုလသမဂ္ဂနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လာရောက် တွေ့ဆုံလျက်ရှိသည်။
ဒီမိုကရေစီအင်အားစုများက မြန်မာ့တပ်မတော်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ လက်နက်ကိုင် တော်လှန်လျက်ရှိသည်။
ထို့နောက် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1183
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့က သံအမတ် ခန့်အပ်လွှာပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ အပြန်အလှန် ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသ၌ တရားမဝင် ကုန်သွယ်မှုများ၊ မူးယစ် ဆေးဝါး ရောင်းဝယ်မှုများ မရှိစေရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိ ခိုက် ပျက်စီးမှုများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ် တိုးတက်နေမှုများ စသည့် ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သည် ဆက်ဆံရေး ကောင်းမွန်နေပြီး ကုန်သွယ်မှုများကို လုပ်ဆောင်လျက် ရှိသည်။
