CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁

PSG အသင်း ကြယ်ပွင့်ကစားသမား ဒူယီဟာ ညာဘက်ပေါင်ကြွက်သား ဒဏ်ရာ ရရှိခဲ့တာကြောင့် ရက်သတ္တပတ် အများအပြား အနားယူရမယ်လို့ ပြင်သစ်ကလပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

အသက် ၂၀ နှစ်အရွယ်ရှိ ဒူယီဟာ လော်ရီးယန့်အသင်းနဲ့ PSG အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာ နာကျင်မှုကို ခံစားခဲ့ရတာကြောင့် ပွဲချိန် ၆၂ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။ 

ဒူယီဟာ ကွင်းထဲကနေ ထမ်းစင်နဲ့ သယ်ထုတ်ခံခဲ့ရပြီး ချိုင်းထောက်နဲ့ အားကစားကွင်းအပြင်ကို ထွက်ခွာခဲ့ ရတာဖြစ်ပါတယ်။

PSG အသင်းက နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ သူ့ရဲ့ဒဏ်ရာ အခြေအနေကို ထပ်ပြီး အကဲဖြတ်မှုတွေ ပြုလုပ်သွား မယ်လို့ ပြောခဲ့ပါတယ်။ 

 ဒူယီ ဒဏ်ရာရသွားစဉ်

ဒူယီဟာ ဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲကြီးပွဲကောင်းကို PSG အသင်းအတွက် ပါဝင် နိုင်မှာ မဟုတ်တော့သလို နိုဝင်ဘာထဲကစားမယ့် ပြင်သစ်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကိုလည်း လွဲချော်သွားပြီ ဖြစ်ပါတယ်။

PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က အသင်းမှာရှိတဲ့ ကစားသမားတွေ ဒဏ်ရာရရှိတဲ့ အချိန်တိုင်း သတင်းဆိုး ပဲလို့ ပြောခဲ့ပါတယ်။ 

ဒူယီဟာ မကြာသေးမီကမှ ခြေသလုံးကြွက်သား ဒဏ်ရာကနေ ပြန်ကောင်းလာခဲ့ပေမယ့် နောက်ထပ် ဒဏ်ရာ ကြောင့် ထပ်ပြီး အနားယူရဦးမှာပါ။

ပြီးခဲ့တဲ့ရာသီက PSG အသင်း ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တာမှာ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သူတွေ ထဲက တစ်ဦးဖြစ်တဲ့ ဒူယီဟာ ဒီရာသီမှာ အသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူထားပါတယ်။ 

ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ အဆင့် ၁ နေရာ ရပ်တည်နေတဲ့ PSG အသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် နိုက်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:CNA