CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၉

ပီအက်စ်ဂျီအသင်း တောင်ပံကစားသမား ဘတ်ပီက ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွက် အဆင်သင့် ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

ဘတ်ပီက “ကျနော် အဆင်သင့် ဖြစ်နေသလို ပုံးကွယ်နေမှာလည်း မဟုတ်ပါဘူး။ နှစ်တိုင်းလိုလို ဒီကာလဟာ ရာသီရဲ့ အလှည့်အပြောင်း တစ်ခုပါ။ ဧပြီအကုန်မှာ ကျနော်တို့ ရယူနိုင်မယ့် ဒီရာသီရဲ့ ဖြစ်နိုင်ဖွယ် အခြေအနေကို ညွှန်ပြပါလိမ့်မယ် “လို့ ပြောခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ လီဂူးဝမ်းဖလား ၅ ကြိမ် အပါအဝင် ဆုဖလား ပေါင်း ၁၃ ခု ရယူထားနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။ 

ဘတ်ပီဟာ ဒီရာသီအကုန်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ ရှိနေတာကြောင့် ပီအက်စ်ဂျီအသင်း ကစားသမား ဘဝ နောက်ဆုံးရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ 

 ဘတ်ပီကို တွေ့ရစဉ်

ပီအက်စ်ဂျီနဲ့ ဘာစီလိုနာအသင်းတို့ဟာ ၂၀၂၀-၂၁ ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုမှာ ပီအက်စ်ဂျီအသင်းက ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဘတ်ပီက ၄ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ 

ပီအက်စ်ဂျီနဲ့ ဘာစီလိုနာအသင်းတို့ဟာ ချန်ပီယံလိဂ်ပြုင်ပွဲမှာ ၁၂ ကြိမ်တွေ့ဆုံထားပြီး ၄ ကြိမ်စီ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲစဉ်မှာ ပီအက်စ်ဂျီအသင်း နောက်ခံလူ ဟာကီမီဟာ ပွဲပယ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘဲ ဘာစီလိုနာအသင်း မှာတော့ ပီဒရီ၊ ခရစ္စတန်ဆန်နဲ့ ဒီဂျောင်တို့ ပါဝင်နိုင်ဖွယ် ရှိ/မရှိ အကဲဖြတ်ရဦးမှာပါ။ 

ပီအက်စ်ဂျီနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကို ဧပြီ ၁၁ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: ESPN