CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇

ဧပြီ ၁၇ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေအပြီးမှာ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်အသင်းတို့ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ ဘာစီလိုနာအသင်းတို့ပွဲမှာ ပီအက်စ်ဂျီအသင်းက ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ 

ဒီပွဲမှာ ရာဖင်ဟာက ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် နောက်ခံလူ အာရူဟို အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာက ပွဲကို အလှည့်အပြောင်း ဖြစ်သွားစေခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဒမ်ဘီလီ၊ ဗီတင်ဟာနဲ့ ဘတ်ပီက ၂ ဂိုးသွင်းယူခဲ့တာပါ။

ဒေါ့မွန်အသင်းကို တွေ့ရစဉ်

ဒီနှစ်သင်းရဲ့ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ ပေါင်းရလဒ် ၆ ဂိုး- ၄ ဂိုးနဲ့ ပီအက်စ်ဂျီအသင်း အနိုင်ရပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ ဒေါ့မွန်အသင်းက အသလက်တီကို အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီပွဲမှာ ဒေါ့မွန်အသင်းအတွက် ဂိုးတွေကို ဘရန့်၊ မက်ဆန်၊ ဖူလ်ခရက်ချ်နဲ့ ဆာဘစ်ဇာတို့က သွင်းယူခဲ့ပြီး အက်သလက်တီကို အသင်းအတွက် ဂိုးတွေကို ကော်ရီယာနဲ့ ဒေါ့မွန်အသင်းနောက်ခံလူ ဟမ်းမဲလ်ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဒီနှစ်သင်းရဲ့ ပထမအကျော့ပွဲစဉ်မှာ အသလက်တီကိုအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး-၄ ဂိုးနဲ့ ဒေါ့မွန်အသင်း အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်နိုင်ခဲ့တာပါ။

ဒီပွဲစဉ်တွေမှာ အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်အသင်းတို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံကြရမှာ ဖြစ်ပါတယ်။

Source: ESPN