CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၉

ဘရာဇီးလ်ကွင်းလယ်လူ ကတ်စမဲရိုးက ဒီရာသီ ယူနိုက်တက်အသင်းရဲ့ တည်ငြိမ်မှုမရှိတဲ့ ပုံစံတွေကြောင့် အိပ်ပျော်ဖို့ ခက်ခဲတယ်လို့ ဝန်ခံခဲ့ပါတယ်။

ကတ်စမဲရိုးက “တကယ်ကိုခက်ခဲပြီး ချန်ပီယံဆုအတွက် တိုက်ပွဲမဝင်ရဘူးဆိုတဲ့ အချက်က ကျနော့်ကို စိတ် အနှောက်အယှက် ဖြစ်စေပါတယ်။ ပထမနေရာနဲ့ ရမှတ် ၂၀ ကွာဟနေပြီး တစ်ခါတစ်ရံမှာ ခြားနားတဲ့အရာကို လုပ်ဖို့ စဉ်းစားရင်းနဲ့ အိပ်လို့တောင် မပျော်ပါဘူး။ ဒါက အဖြစ်မှန်ပါပဲ။ ကျနော်တို့ဟာ ဆုဖလား ဒါမှမဟုတ် ချန်ပီယံလိဂ် ဝင်ခွင့်နေရာကို တွေးနိုင်ခြင်းတောင်မရှိဘဲ လက်ရှိကစားမယ့် ပွဲတွေအကြောင်းပဲ စဉ်းစားဖို့လို ပါတယ်”လို့ ESPN Brazil ကို ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၆ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၂၂ မှတ်အထိ ကွာဟနေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဘရန်ဖို့ဒ်၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ ပွဲတွေမှာ အနိုင်ရဖို့ အထိ နီးစပ်ခဲ့ပေမယ့် နာကျင်အချိန်ပိုတွေမှာ ပြန်ပေးခဲ့ရတဲ့ ဂိုးတွေကြောင့် ရမှတ်တွေ ဆုံးရှုံးခဲ့ရတာပါ။ 

ကတ်စမဲရိုးဟာ ရီးရယ်လ်အသင်းမှာ ကစားခဲ့တုန်းက လာလီဂါဖလား ၃ ကြိမ် ရယူနိုင်ခဲ့ပေမယ့် ယူနိုက်တက် အသင်းမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

ကတ်စမဲရိုးကို တွေ့ရစဉ်

ကတ်စမဲရိုးဟာ ယူနိုက်တက်အသင်းရဲ့ ပွဲဦးထွက်ရာသီမှာ အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နေရာနဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိနိုင်အောင် ကြိုးစားပေးခဲ့တာပါ။ 

ဒီရာသီမှာတော့ ကတ်စမဲရိုးဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး မနှစ်ကရာသီလို ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ခက်ခဲနေတဲ့အတွက် အသင်းဟာ ရလဒ်တွေ ကောင်းမွန်ခြင်းမရှိတာ ဖြစ်ပါတယ်။ 

ကတ်စမဲရိုးဟာ ယူနိုက်တက်အသင်းအတွက် ၇၅ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုး သွင်းယူထားတာပါ။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲ ပြန်လည်ရယူနိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

Source: Dailymail