CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၉

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူတို့ဟာ အာဆင်နယ်အသင်းကို နာကျင်စေ မယ့် အတွေ့အကြုံရှိတယ်လို့ ပြောလိုက်ပါတယ်။

တူချယ်လ်က “ကျနော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အတွေ့အကြုံ ပိုရှိပါတယ်။ ချန်ပီယံလိဂ်ဟာ ပရီးမီးယားလိဂ် နဲ့ ယှဉ်ရင် ကွာခြားမှုတွေရှိပါတယ်။ ဒါကို အားသာချက်ဖြစ်အောင် ကျနော်တို့ အသုံးချသွားမှာပါ။ ချန်ပီယံလိဂ်ဟာ မြင့်မားတဲ့အဆင့်ကို ရောက်ရှိနေပေမယ့် ဒီအဆင့်က ကျနော်တို့အတွက် အနိမ့်ဆုံး ရည်မှန်းချက်ပါပဲ”လို့ ပြောခဲ့ တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၆ ကြိမ်အထိ ရရှိထားပြီး ရီးရယ်လ်၊ အေစီမီလန် အသင်းတို့ပြီးရင် ဒီပြိုင်ပွဲမှာ တတိယမြောက် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတာပါ။ 

အာဆင်နယ်အသင်းကတော့ ၂၀၀၆ ခုနှစ်ကပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်နိုင်ခဲ့တာက သူတို့အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အမြင့်မားဆုံး အောင်မြင်မှုလည်း ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့အကြိမ်တိုင်း အသာရခဲ့တာ ဖြစ်ပြီး နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂၀၁၆-၁၇ ရာသီ ၁၆ သင်းအဆင့်မှာ ဘိုင်ယန်မြူးနစ်အသင်းက နှစ်ကျော့ပေါင်း ရလဒ် ၁၀ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဘိုင်ယန်ကစားသမားတွေနဲ့ နည်းပြ တူချယ်လ်ကိုတွေ့ရစဉ်

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် တူချယ်လ်က အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းအဖြစ် ချီးကျူးခဲ့ ပါတယ်။

တူချယ်လ်က “အာဆင်နယ်အသင်းက လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းပါ။ အချက်အလက် တွေက ဒါကိုပြသနေပြီး သူတို့ဟာ အကောင်းဆုံးပုံစံရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ တည်ကန်ဘောတွေ မှာ ဥရောပရဲ့ အကောင်းဆုံးအသင်းပါ။ ကျနော်တို့ဟာ သူတို့ရဲ့ အားသာချက်တွေကိုသိသလို သူတို့ကို ဘယ်လို နာကျင်အောင် လုပ်ရမလဲဆိုတာ သိပါတယ်”လို့ ပြောခဲ့တာပါ။

အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: ESPN