CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ်ပွဲစဉ်မှာ ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြအာတီတာက သူ့ရဲ့အသင်းဟာ ပိုကောင်းလာနိုင်သေးတယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ဥရောပမှာ အကောင်းဆုံး အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ မယုံနိုင်စရာ ပွဲစဉ်တစ်ပွဲပါ။ ကျနော်တို့ အလွန် ကြိုးစားအားထုတ်ခဲ့ပြီး ကြီးမားတဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။ ကျနော်တို့ဟာ ရာသီတစ်လျှောက်လုံး တည်ငြိမ်နေပေမယ့် ဒါက အစပဲရှိပါသေးတယ်။ ကျနော်တို့ဟာ အတိတ်မှာဖြစ်ခဲ့တဲ့ အရာတွေကနေ သင်ယူခဲ့ပြီး အခုပိုကောင်းလာ သလို ထပ်ပြီးလည်း ပိုကောင်းနိုင်ပါသေးတယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရခဲ့ပြီးနောက် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် မှတ်တမ်းတင်ထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့ အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် League Phase မှာ အဆင့် ၁ နေရာ ရပ်တည်နေသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အဆင့် ၁ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ သြဂုတ် ၃၁ ရက်မှာ လီဗာပူးလ်အသင်းကို အရေးနိမ့်ပြီးနောက်ပိုင်း ပြိုင်ပွဲစုံရှုံးပွဲမရှိဘဲ အကောင်းဆုံးရလဒ်တွေ ပိုင်ဆိုင်ထားတာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက လူစားဝင် ကစားသမားတွေရဲ့ သက်ရောက်မှုကို ချီးကျူးခဲ့ပြီး သူတို့ ဝင်ရောက်လာချိန်မှာ ပွဲကို ပြောင်းလဲသွားနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်လိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး သူတို့နှစ်သင်းကြား မှာ ရမှတ်ကွာဟမှုက ၆ မှတ်သာရှိတာပါ။
အာတီတာက ချယ်လ်ဆီးအသင်း ဘယ်လောက် ကောင်းမွန်လဲဆိုတာကို သိတဲ့အတွက် ဒီပွဲကို ကောင်းမွန်စွာ ပြင်ဆင်သွားရမယ်လို့ ပြောခဲ့ပါတယ်။
Source: Dailymail
