CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇

အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့အတွင်းမှာ လက်ရွေးစင် အသင်း ဖော်တစ်ဦးကို အက်စတွန်ဗီလာအသင်း ခေါ်ယူနိုင်အောင် ကူညီပေးဖို့ ကြိုးပမ်းနေပါတယ်။ 

အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်နဲ့ UEFA ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေကို လိုက်နာနိုင်ဖို့ ရုန်းကန်နေရ တဲ့အတွက် အပြောင်းအရွှေ့ ကာလတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၄ နေရာ ရပ်တည်နေသလို ဘောလုံးလည်ပတ်မှုဆိုင်ရာ အကြီးအကဲ အသစ်ဖြစ်တဲ့ ရော်ဘတ်တိုအိုလာဘီ ရောက်ရှိလာအပြီးမှာ အကောင်းမြင်စိတ်တွေ ရှိနေပါတယ်။ 

အက်စတွန်ဗီလာအသင်းရဲ့ အဓိက ပစ်မှတ်တစ်ခုကတော့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရဖို့ဖြစ်ပြီး ဒါမှလည်း ဝင်ငွေပိုပြီးရရှိမှာပါ။ El Intransigente က အက်စတွန်ဗီလာအသင်းဟာ သူတို့ရဲ့ကြယ်ပွင့် ကစားသမား တွေထဲက တစ်ဦး အကူအညီနဲ့ ခံစစ်ကစားသမားအသစ် ခေါ်ယူဖို့ တွန်းအားပေး လုပ်ဆောင်နေတယ်လို့ ဖော်ပြ ထားပါတယ်။ 

လော်တရိုရီဗီယိုကို တွေ့ရစဉ်

အက်စတွန်ဗီလာအသင်းဟာ ရေးဗားပလိတ်အသင်း ဗဟိုနောက်ခံလူ လော်တရိုရီဗီယိုကို ခေါ်ယူဖို့ စိတ်ဝင် စားနေတာပါ။ 

အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမားဟာ ရေးဗားပလိတ်အသင်းအတွက် ခြေစွမ်းပြသနေတာကြောင့် အောက်တို ဘာ နိုင်ငံတကာ ရက်သတ္တပတ်မှာ အာဂျင်တီးနား လက်ရွေးစင်အသင်း လူစာရင်းထဲ ပါဝင်ခဲ့ပါတယ်။ 

လော်တရိုရီဗီယိုဟာ ပွာတိုရီကိုအသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနားအသင်း အတွက် ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာပါ။

ဂိုးသမား မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း ရှိ/မရှိ ရီဗီယိုနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

ရေးဗားပလိတ်အသင်းကတော့ သူတို့ရဲ့ နောက်ခံလူကို ဆက်ထိန်းထားချင်ပေမယ့် ပြောင်းရွှေ့ကြေး အများအပြား နဲ့ ကမ်းလှမ်းခဲ့ရင်တော့ စဉ်းစားနိုင်ပါတယ်။ 

စပါးနဲ့ အက်သလက်တီကိုအသင်းတို့ကလည်း ရီဗီယိုကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ အရင်ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

Source: Sportsmole