- By CNI
- Category: နိုင်ငံရေး
- Hits: 1440
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၄
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် စစ်မှုထမ်းနိုင်သည့် အသက်အရွယ် အပိုင်းအခြားအရ လူငယ်များကို ကိုယ်ရေးအကျဉ်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများကနေတဆင့် ဖြည့်ခိုင်း မှုများရှိနေသည်။
အဆိုပါ အမည်စာရင်းများ ဖြည့်စွက်ခိုင်းခြင်းနှင့် ကောက်ခံမှုများကြောင့် လူငယ်များအကြား စိုးရိမ်စိတ်များ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေသည်။
ထို့နောက် တချို့သော လူငယ်များသည် ပြည်ပနိုင်ငံများသို့ ထွက်ခွာလာနေကြသလို တချို့မှာ မိမိ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသို့ သွားရောက်ကြပြီး တချို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ထံ သွားရောက်နေကြကြောင်း လူငယ်များက ပြောသည်။

စစ်မှုထမ်းရန် ဖြည့်စွက်ခိုင်းသည့် ဖောင်ကိုတွေ့ရစဉ်
ရန်ကုန်မြို့နေ လူငယ်တစ်ဦးက “ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်ပြီးတော့ ဆိုင်းငံ့စေချင်တယ်။ ဘာလို့ဆို တိုင်းရင်းသား လက်နက်ကိုင်တွေ သူတို့လူမျိုးကို မဖြစ်မနေ စစ်မှုထမ်းခိုင်းလို့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတို့လို မြို့ ကြီးတွေဆီကို သူတို့မိဘတွေက ပို့ပြီးတော့ ရှောင်ခိုင်းခဲ့ရတာ။ အခု အစိုးရတပ်မတော်ကပါ လက်နက်ကိုင်တွေ လို စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းပြီး လုပ်လာတော့ ကျနော်တို့ကို နိုင်ငံထဲကနေ မောင်းထုတ်နေသလို ဖြစ် နေပြီး၊ ပြီးတော့ ပြည်ပရန်ကို ကာကွယ်ဖို့ဆိုရင် ဘယ်နိုင်ငံသားကမှ တာဝန်မယူစရာမရှိဘူး။ အခုက ကိုယ့် နိုင်ငံသားအချင်းချင်း တိုက်ခိုက်နေကြတဲ့ စစ်ပွဲကြီးထဲမှာ ကျနော်တို့က စတေး မခံနိုင်ဘူးလေ။ ကျနော်တို့ လူငယ်တွေ ဖြစ်စေချင်တဲ့ အနာဂတ်နဲ့ ဆန္ဒသဘောထားတွေကိုလည်း သူတို့ လူကြီးတွေအနေနဲ့နားထောင် ပေးပါအုံး၊ နားလည်ပေးပါအုံးဗျာ”ဟု ပြောသည်။
မြန်မာနိုင်ငံသည် ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့သည်မှာ ၁၉၄၈ ခုနှစ်၊ မတ်လမှ စတင်၍ ယနေ့ (၂၀၂၄ ခုနှစ်)ထိ တိုင် ဖြစ်သည်။
အဆိုပါ ပြည်တွင်းစစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်များသည် သက်ဆိုင်ရာ လူမျိုးစုများအလိုက် စစ်မှု မထမ်းမနေရ စစ်သားကောက်ယူ၍ တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်လာသလို မြန်မာ့တပ်မတော်က လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က အာဏာတည်ကြောင်း ထုတ်ပြန်ပြီး နောက် အကောင်အထည်ဖော်လာနေသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
ထို့ကြောင့် လက်နက်ကိုင်ထားသူများ တိုင်းပြည် တည်ဆောက်ရေးဟု ကြွေးကြော်နေသည့်တိုင် လူငယ်များ၏ အနာဂတ်နှင့် ဖြစ်စေလိုသော တိုင်းပြည်ပုံစံကို မျက်ကွယ်ပြုနေခြင်းကို ပြန်လည် စမ်းစစ်သင့်ကြောင်း လူငယ် များက ထောက်ပြလျက်ရှိနေသည်။
မြန်မာ့တပ်မတော်သည် စစ်မှုထမ်းဥပဒေကို ဧပြီလကုန်တွင် စတင်ကျင့်သုံးမည်ဖြစ်ပြီး အပတ်စဉ်(၁)ကို လူဦးရေ ၅၀၀၀ ဖြင့် စတင်မည်ဖြစ်ပြီး တစ်နှစ်လျှင် လူဦးရေ ၂၀၀၀၀ ခေါ်ယူမည်ဟု နစက၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက CNI သတင်းဌာနသို့ ပြောထားသည်။
ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တခြားသော လက်နက်ကိုင်များထံသို့ သွားရောက်မည်ဆိုပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
သို့သော် ယနေ့အချိန်အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ စစ်မှုထမ်းနေရသူများကို အစိုးရက အရေးယူနိုင်ခြင်း မရှိသလို အတင်းအဓမ္မ စစ်မှုထမ်းရန် လက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူများကိုလည်း ဥပဒေအရ အကာအကွယ် မပေးနိုင်သည့် အခြေအနေကို မည်သို့ပြောမလဲဟု နိုင်ငံရေး သမားတချို့ ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 933
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၃
မတ်လ ၁၃ ရက်နေ့တွင် ကျရောက်သည် ၄၉၇ နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ကို ရှမ်းနီအမျိုးသားများတပ်မ တော်(SNA)ထိန်းချုပ်နယ်မြေများအတွင်းမှာ ယနေ့ (မတ်လ ၁၃ ရက်)မှာ ကျင်းပခဲ့ကြသည်။
အထူးသဖြင့် SNA ထိန်းချုပ်ထားသော နယ်မြေများအနက် ဗန်းမောက်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဟုမ္မလင်း မြို့နယ်များတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
SNA သည် ရှမ်းနီအမျိုးသားနေ့ ရည်ရွယ်ချက် (၄)ချက်ကို ထုတ်ပြန် ကြေညာထားသည်။
ထိုအချက် ၄ ချက်မှာ (က) ရှည်လျားလှသော သမိုင်းကြောင်းတစ်လျှောက် ရှမ်းနီအမျိုးသား ဘိုးဘေးများ တည်ဆောက်ခဲ့သော မြို့ပြပြည်ထောင်များနှင့် ရိုးမြေကျနေထိုင်ခဲ့ကြသော လယ်ယာမြစ်ချောင်း၊ အင်းအိုင် တောတောင်ရေမြေတို့အား မြတ်နိုးတန်ဖိုးထားတတ်ကြစေရန်၊ (ခ) သမိုင်းအစဉ်အဆက် ခိုင်မာသော ယဉ်ကျေးမှု ထုံးတမ်းဓလေ့များ အမွေအနှစ်များ၊ စာပေဂီတနှင့် အနုသုခုမပညာ ရပ်များ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်လိုစိတ်များနှင့် တိုးတက်ပြန့်ပွားအောင် ကြိုးစားကြံဆောင် တီထွင်လို စိတ်များပေါ် ထွန်းစေရန်တို့ ဖြစ်သည်။

ထို့နောက် (ဂ) ကျယ်ပြန့်များပြားလှသော ရှမ်းနီဒေသတစ်ခုလုံး၏ အသီးသီးသော ရှမ်းနီအမျိုးနွယ်များအား စည်းလုံးညီညွတ်သော ခိုင်မာကျစ်လစ်သော၊ တူညီမျှတသော ဘုံသဘောဆန္ဒများပေါင်းစည်းကာ ရှမ်းနီ အမျိုးသားထု တစ်ရပ်အဖြစ် ချစ်ကြည်ရင်းနှီးစွာ တည်ဆောက်နိုင်ရန်၊ (ဃ) ခိုင်မာကျစ်လစ်သော ရှမ်းနီ အမျိုးသားထု တစ်ရပ်သည် ပြည်ထောင်စု၏ ပြည်နယ်အစိတ်အပိုင်းတစ်ခုအဖြစ် လည်းကောင်း၊ အားတစ်ရပ် အဖြစ် လည်းကောင်း တက်ကြွစွာပါဝင် ဆောင်ရွက်နိုင်မည့် နိုင်ငံ့အရင်းအမြစ်တစ်ခုအဖြစ် တည်ဆောက်နိုင်ရန် တို့ဖြစ်သည်ဟု SNA က ထုတ်ပြန်ခဲ့သည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းပါဝင်သွားသော တမူးခရိုင်၊ ဟုမ္မလင်း ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ ဗန်းမောက်ခရိုင်၊ မော်လိုက်ခရိုင်၊ ကလေးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင် သွားသည့် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းခရိုင်၊ ဗန်းမော်ခရိုင်၊ ကားမိုင်း၊ အင်းတော်ကြီး ဒေသများကို စုစည်း၍ ရှမ်းနီပြည်နယ်ရရှိရေး ကြိုးပမ်းနေသော ရှမ်းနီလက်နက်ကိုင်ဖြစ်သည်။
လက်ရှိတွင် တမူး၊ ဖောင်းပြင်၊ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ပင်လည်ဘူး၊ ကသာ၊ ဗန်းမောက်၊ အိန္ဒိယနယ်စပ်၊ ဖားကန့်၊ ကာမိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ သံလမ်းရိုးတစ်လျှောက်မှာ အခြေပြုလှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 771
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၃
ဒေသတစ်ခုချင်းစီအလိုက် လွတ်မြောက်ရေး လုပ်ဆောင်နေမှုအား မစုစည်းနိုင်ပါက အဆုံးအဖြတ်နှစ် မဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောဆိုသည့် ယခု ၂၀၂၄ ခုနှစ်တွင် အဆုံးအဖြတ်နှစ် ဖြစ်/မဖြစ်က ၎င်းတို့၏ မဟာဗျူဟာ ဦးတည်ချက်နှင့် တိုက်ခိုက်နိုင်စွမ်းပေါ် မူတည်ကြောင်း ၎င်းက ပြောသည်။
ဦးသန်းစိုးနိုင်က “NUG ကတော့ ၂၀၂၄ ခုနှစ်ကို အဆုံးအသတ်နှစ်လို့ ကြွေးကြော်ပြီးတော့ လှုပ်ရှားနေတာပေါ့ဗျာ၊ အဲဒီလို အကြောင်းအချက်အလက်လေးတွေလည်း တိုးတက်ဖြစ်ပေါ် တိုးပွားမှုတွေလည်း ကျနော်တို့ ခုနက ပြောခဲ့တဲ့အတိုင်း ဘက်အသီးသီးမှာ ပေါ်ထွန်းနေပါတယ်။ ဒါပေမဲ့ NUG ပြောသလို ၂၀၂၄ ခုနှစ်ဟာ အဆုံးအဖြတ် ပေးမယ့် နောက်ဆုံးနှစ် ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာ ခုနလို ဒေသတစ်ခုချင်းအလိုက် လွတ်မြောက် ရေးတွေ ကြိုးပမ်းနေတဲ့ အင်အားစုတွေကို တစ်စုတစ်စည်းထဲ စုစည်းပြီးတော့ မဟာဗျူဟာ ဦးတည်ချက်နဲ့ စည်းစည်းလုံးလုံး တိုက်ခိုက်နိုင်တဲ့ အနေအထား ရှိ/မရှိ အဲဒီအပေါ်မှာ လုံးပမ်းအားထုတ်မှု ဘယ်လောက်အထိ ထိရောက်တယ်၊ မထိရောက်ဘူးဆိုတဲ့အပေါ် မူတည်တယ်၊ သက္ကရာဇ်တစ်ခုနဲ့ တန်းထိုးပြီးတော့ ဒီနှစ်ကတော့ အဆုံးအဖြတ်နှစ်ဖြစ်တယ်၊ ဘာညာဖြစ်မယ်ဆိုတဲ့ ပြောဆိုချက်တွေကတော့ ကျနော်ကတော့ အဲဒါတွေကတော့ လက်တွေ့ ပကတိအခြေအနေနဲ့ သိပ်မကိုက်သေးဘူးလို့ ကျနော်ကတော့ ပြောချင်ပါတယ်ခင်ဗျ” ဟု ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
ယခု ၂၀၂၄ ခုနှစ်ကို မြန်မာ့တပ်မတော်အား အပြီးတိုင်ချေမှုန်းမည့် မှတ်တိုင်နှစ်ဖြစ်ကြောင်း NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီလအတွင်းက ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသွားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ညီနောင်မဟာမိတ် (TNLA-MNDAA-AA) ၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အများစုကို မဟာမိတ်အဖွဲ့များက သိမ်းယူနိုင်ခဲ့သည်။
ထို့နောက် TNLA နှင့် MNDAA တို့သည် ထိန်းချုပ်နယ်မြေများ ရရှိပြီးဖြစ်သလို တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲခဲ့ကြသည်။
လက်ရှိတွင် NUG နှင့် တိုင်းရင်းသား မဟာမိတ် အဖွဲ့အစည်းအားလုံးမှာ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထု တိုက်ပွဲကို ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ကြိုးစားနေကြောင်း၊ မိမိတို့အနေဖြင့် လက်နက်ကိုင် ခုခံတော်လှန်သည့် အဆင့်နှင့် တင်းတိမ်နေ၍မရကြောင်း စစ်ရေးရလဒ်ထွက်ရန် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားသည်။
နိုင်ငံရေး အကျပ်အတည်းများကို ကျော်လွှားပြီး ငြိမ်းချမ်းသည့် ပြည်ထောင်စုတစ်ခုကို တည်ဆောက်နိုင်ရေး သက်ဆိုင်သူများ အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ပြန်လည်ပေါ်ထွန်းရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

NUG အဖွဲ့၀င်များကို တွေ့ရစဉ်
၎င်းက “လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားပြီးတော့ နောင်လာနောက်သား မျိုးဆက်သစ်တွေ အတွက်ပေါ့လေ၊ အမွေကောင်းတစ်ခုကို ဖြစ်စေနိုင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ကျနော်တို့ တည်ဆောက် နိုင်မယ်ဆိုတာ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်မှာ ရှိသမျှအင်အားနဲ့ ရှိသမျှ စုဖွဲ့မှုနဲ့ ဆက်လက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်မှုတွေ ရှိနေတယ်၊ ဆက်လက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်ဖို့ ကျနော်တို့ စီစဉ်ဆောင်ရွက် ထားတာ ရှိတယ်။ အဓိကတော့ လက်ရှိ ကျနော်တို့ နိုင်ငံမှာ မကြုံစဖူး ကျနော်တို့ ကြုံတွေ့နေရတဲ့ တစ်နိုင်ငံလုံး အခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့အတွက် သက်ဆိုင်သူများ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ပြန်လည်ပေါ်ထွန်းလာဖို့ ကျနော်တို့ ဘယ်လိုစတင်ပြီးတော့ လုပ်ဆောင်မလဲ၊ နိုင်ငံတကာတွေက အကူအညီ ပံ့ပိုးမှုတွေကိုရော ကျနော်တို့ ဘယ်လိုချည်းကပ်နိုင်မလဲ ဆိုတာကို အခက်အခဲ အမျိုးမျိုးကြားကနေပဲ ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာ အကျဉ်းချုပ် အဲဒီလောက်ပဲ ပြောပေးချင်တယ်” ဟု ပြောသည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော် (AA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့သည်လည်း မြန်မာ့တပ်မတော် နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပြီး နယ်မြေထိန်းချုပ်မှုရရှိရေး တိုက်ခိုက်လျက်ရှိနေသည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေကြသော အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးပြဿနာအား တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းနိုင်ရေးထက် တစ်ဖက်နှင့် တစ်ဖက် အပြုတ်တိုက်ရေးကိုသာ ဦးတည်နေခြင်းမှာ တိုင်းပြည်ပိုမိုနစ်နာနိုင်ကြောင်း နိုင်ငံရေးသမားများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 963
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၂
မတ်လ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၄၉၇)ကြိမ်မြောက် ရှမ်းနီအမျိုးသားနေ့ကို ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)၏ မိန်းဆိုင်တိုင်းနိုင်း ဗဟိုဌာနချုပ်မှာ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းနီတိုင်းရင်းသားများသည် မြို့ပြတည်ထောင်ခဲ့သည့် ရှမ်းနှစ် ၁၆၂၁ ခုနှစ်၊ မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ်၊ ခရစ်နှစ် ၁၅၂၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ကို အစွဲပြုပြီး ရှမ်းနီအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပ လာခဲ့ရာ ယခုနှစ်မှာတော့ ၄၉၇ ကြိမ်မြောက်ဖြစ်သည်။
SNA သည် ရှမ်းနီအမျိုးသားနေ့ ရည်ရွယ်ချက် (၄)ချက်ကို ထုတ်ပြန် ကြေညာထားသည်။
ထိုအချက် ၄ ချက်မှာ (က) ရှည်လျားလှသော သမိုင်းကြောင်းတစ်လျှောက် ရှမ်းနီအမျိုးသား ဘိုးဘေးများ တည်ဆောက်ခဲ့သော မြို့ပြပြည်ထောင်များနှင့် ရိုးမြေကျနေထိုင်ခဲ့ကြသော လယ်ယာမြစ်ချောင်း၊ အင်းအိုင် တောတောင်ရေမြေတို့အား မြတ်နိုးတန်ဖိုးထားတတ်ကြစေရန်၊ (ခ) သမိုင်းအစဉ်အဆက် ခိုင်မာသော ယဉ် ကျေးမှု ထုံးတမ်းဓလေ့များ အမွေအနှစ်များ၊ စာပေဂီတနှင့် အနုသုခုမပညာ ရပ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များနှင့် တိုးတက်ပြန့်ပွားအောင် ကြိုးစားကြံဆောင် တီထွင်လို စိတ်များ ပေါ် ထွန်းစေရန်တို့ဖြစ်သည်။

ထို့နောက် (ဂ) ကျယ်ပြန့်များပြားလှသော ရှမ်းနီဒေသတစ်ခုလုံး၏ အသီးသီးသော ရှမ်းနီအမျိုးနွယ်များအား စည်းလုံးညီညွတ်သော ခိုင်မာကျစ်လစ်သော၊ တူညီမျှတသော ဘုံသဘောဆန္ဒများပေါင်းစည်းကာ ရှမ်းနီ အမျိုးသားထု တစ်ရပ်အဖြစ် ချစ်ကြည်ရင်းနှီးစွာ တည်ဆောက်နိုင်ရန်၊ (ဃ) ခိုင်မာကျစ်လစ်သော ရှမ်းနီ အမျိုးသားထု တစ်ရပ်သည် ပြည်ထောင်စု၏ ပြည်နယ်အစိတ်အပိုင်းတစ်ခုအဖြစ် လည်းကောင်း၊ အား တစ်ရပ်အဖြစ် လည်းကောင်း တက်ကြွစွာပါဝင် ဆောင်ရွက်နိုင်မည့် နိုင်ငံ့အရင်းအမြစ်တစ်ခုအဖြစ် တည် ဆောက်နိုင်ရန်တို့ဖြစ်သည်ဟု SNA က ထုတ်ပြန်ခဲ့သည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းပါဝင်သွားသော တမူးခရိုင်၊ ဟုမ္မလင်းခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ ဗန်းမောက်ခရိုင်၊ မော်လိုက်ခရိုင်၊ ကလေးခရိုင်နှင့် ကချင်ပြည်နယ် အတွင်း ပါဝင်သွားသည့် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းခရိုင်၊ ဗန်းမော်ခရိုင်၊ ကားမိုင်း၊ အင်း တော်ကြီး ဒေသများကို စုစည်း၍ ရှမ်းနီပြည်နယ်ရရှိရေး ကြိုးပမ်းနေသော ရှမ်းနီလက်နက်ကိုင်ဖြစ်သည်။
လက်ရှိတွင် တမူး၊ ဖောင်းပြင်၊ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ပင်လည်ဘူး၊ ကသာ၊ ဗန်းမောက်၊ အိန္ဒိယနယ်စပ်၊ ဖားကန့်၊ ကာမိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ သံလမ်းရိုးတစ်လျှောက်မှာ အခြေပြုလှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1186
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၂
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ နာယက ဦးရွှေမင်း သေဆုံးမှုမှာ လီဆူလူမျိုးများအတွက် ဆုံးရှုံးနစ်နာကြောင်း ဒူးလေးပါတီမှဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
မိမိတို့ ဒူးလေးပါတီအနေဖြင့် ဝမ်းနည်းကြောင်း၊ ဦးရွှေမင်းကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများကို ပြတ်ပြတ်သား သား ပြောနိုင်သည့် ပုဂ္ဂိုလ်မျိုးမှာ ရှားပါးကြောင်း ၎င်းက ပြောသည်။
ဦးလီပေါ်ရဲ့က “ကျနော်တို့ကတော့ နာယကကြီးဆုံးတာကတော့ ကျနော်တို့ ပါတီအနေနဲ့ ဝမ်းနည်းလို့လည်း မဆုံးပါဘူး။ လီဆူတစ်မျိုးသားလုံး အနေနဲ့လည်း ဝမ်းနည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့လိုလူမျိုး ဒီဘက်က လက်နက်ကိုင်အဖွဲ့အစည်းတွေကို ပြတ်ပြတ်သားသား ပြောနိုင်တယ်၊ ဆိုနိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတော့ သိပ်ရှားတယ် လေ၊ ခေါင်းဆောင်တွေကတော့ ရှိတယ်လေ၊ ဒါပေမဲ့ သူ့ရဲ့ အသက်ကိုလည်း မနှမြောဘဲနဲ့ လီဆူလူမျိုးတွေကို အဖွဲ့အစည်းတွေက ညှဉ်းပန်းနှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေ အဲဒါတွေကို သူ့အနေနဲ့ မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ ပြောတယ်ဆိုတယ်၊ အဲဒါတွေ လုပ်တယ်ဆိုတော့ လီဆူလူမျိုးတွေအတွက် ဒါအများကြီး နစ်နာတာပေါ့ဗျာ” ဟု ပြောသည်။

NCA လက်မှတ်ထိုးခြင်း နှစ်ပတ်လည်း အခမ်းအနားမှာ ဦးရွှေမင်းကို တွေ့ရစဉ်
မတ်လ ၇ ရက်နေ့က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေသစ်ကျေးရွာအနီး ဦးရွှေမင်းတို့ စီးလာသည့် မော်တော်ယာဉ်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ် တို့က တိုက်ခိုက်ခဲ့၍ သေဆုံးသွားခဲ့သည်။
ဦးရွှေမင်း သေဆုံးမှုမှာ လီဆူအတွက် ဆုံးရှုံးမှု တစ်ခုဖြစ်ကြောင်း၊ လီဆူလူမျိုးတစ်ဦး သေဆုံးမှုအတွက် ဝမ်းနည်း ကြောင်း လီဆူစာပေနှင့် ယဉ်ကျေးမှုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နောက်ဆုံး ခြုံပြီးမှ ပြောရရင်တော့ ဆုံးရှုံးမှုတစ်ခုတော့ လီဆူမှာတော့ ရှိခဲ့တာပေါ့။ ပြောဖို့ ကျယ်ပြန့်ပါ တယ်။ ဒီမှာ လက်နက်ကိုင်အဖွဲ့ဆိုရင် ကျနော်အိမ်နားမှာလည်း ရှိချင်ရှိမယ်။ ထရံထဲမှာ နားပေါက်သလိုလေ သွားပြောလို့ မရဘူး။ သူ့အချိန်နဲ့ သူက စကားတော့ ပြောလာလိမ့်မယ်ထင်တယ်။ သွားပြောလို့ မရဘူးလေ။ စိတ်ထဲမှာတော့ ဘယ်ပျော်မလဲကွာ ဝမ်းနည်းတာပေါ့၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဝမ်းနည်းမှာပဲလေ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ ဦးရွှေမင်း၏ နေအိမ် ပစ်ခတ်တိုက်ခိုက် ခံခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

လီဆူပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာ၀န်ယူခဲ့စဉ်က ဦးရွှေမင်းကို တွေ့ရစဉ်
ဦးလီပေါ်ရဲ့က “လီဆူလူငယ်တွေရဲ့ သဘောထားကတော့ သူတို့ ထုတ်မပြောရင်လည်း ကျနော်တို့က သိတယ်။ တချို့လည်း အွန်လိုင်းပေါ်မှာ ဝမ်းနည်းတာလေးတွေ၊ မကျေနပ်တာလေးတွေ ထုတ်ဖော်တာတွေ ရှိတာပေါ့ကွာ၊ သူတို့တွေရဲ့ စိတ်ထဲမှာလည်း တချိန်တုန်းက KIO အဖွဲ့အစည်းက ကျနော်တို့ လီဆူခေါင်းဆောင်တွေကို သူတို့ ဆီမှာ လုပ်ခဲ့တဲ့ ခေါင်းဆောင်တွေကို အကုန်လုံး သူတို့က လက်စဖျောက်ခဲ့တဲ့ဟာလေးတွေ ရှိတယ်။ သူတို့ မလုပ် ဘူးလို့တော့ ငြင်းတယ်၊ ဒါပေမဲ့ အခုကတော့ ဒီအတိုင်းပဲ ကျနော်တို့ ခေါင်းဆောင်တွေကိုလည်း ဒီလိုပဲ ဆက်လုပ်နေပြီဆိုတဲ့ဟာကတော့ လီဆူလူငယ်တွေကတော့ အခုကတော့ နားလည်သဘောပေါက်လာပြီ။ သူတို့ ကိုယ်တိုင်လည်း မျက်မြင်ပဲ၊ သူတို့ကိုယ်တိုင်လည်း တွေ့နေတဲ့ နားလည်သဘောပေါက်လာတယ်လို့ ကျနော်က အဲဒီလိုပဲ ပြောချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဒူးလေးပါတီ ဥက္ကဋ္ဌဟောင်း ဦးရွှေမင်းမှာ လက်ရှိတွင် ပါတီ၏ နာယကအဖြစ် တာဝန်ယူဆောင်ရွက်နေပြီး ဝိုင်းမော်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။
ဦးရွှေမင်းသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် အနိုင်ရရှိ ထားသူဖြစ်ပြီး နစကမှ ချီးမြှင့်သည့် သီရိပျံချီဘွဲ့ကို ရရှိထားသူဖြစ်သည်။
ထို့နောက် ဦးရွှေမင်းသည် ကချင်ပြည်နယ်အတွင်းမှာ လီဆူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရေး တောင်းဆိုနေသူ လည်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1490
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၁
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် SNA က ပင်လည်ဘူးမြို့ ထိန်းချုပ်နိုင်ရေး ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ထိုးစစ် စတင်ခဲ့ကြောင်း သိရသည်။
SNA တပ်မဟာ ၆၁၄ ၏ အင်အား ရာချီပါသည့် သိုဟန်ဘွားစစ်ကြောင်းသည် ပင်လည်ဘူးမြို့ထဲသို့ ဝင်ရောက် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းရာ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတွင်း နယ်မြေ ရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေကြောင်း SNA မှ အရာရှိတစ်ဦးက ပြောသည်။
၎င်းက “ SNA ၆၁၄ သိုဟန်ဘွားစစ်ကြောင်း အင်အားရာချီနဲ့ ပင်လည်ဘူးမြို့ထဲ ထိုးစစ်စနေပါပြီး။ အခု မြို့ထဲမှာ ရောက်သွားလို့ လုံခြုံရေးယူပေးထားပါပြီး။ ကျန်တဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေကိုလည်း ဆက်လုပ်နေ ပါတယ်။ ပင်လည်ဘူးမြို့ထဲမရောက်ခင် လမ်းမှာတော့ KIA-PDF တွေနဲ့ တိုက်ပွဲ တစ်ကြိမ်ဖြစ်လိုက်တယ်”ဟု ပြောသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ဝန်သို၊ ကောလင်း၊ တမူး၊ မော်လိုက်၊ ရွှေပြည်အေး၊ ဖောင်းပြင်၊ အင်းတော်နှင့် ကချင်ပြည်နယ် အတွင်းက မိုးညှင်၊ မိုးကောင်း၊ ကားမိုင်း၊ အင်းတော်ကြီး၊ သံလမ်းရိုးတစ်လျှောက် လှုပ်ရှားလျက်ရှိသည်။

အဆိုပါ နယ်မြေများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ကူးကီ အမျိုးသားများတပ်မတော်(KNA/KNO)တို့ လှုပ်ရှားလာခြင်းကြောင့် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ကာ နယ်မြေမတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်။
ထို့နောက် SNA က ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု ကာကွယ် ရေးအတွက် ဆောင်ရွက်နေသည်။
ထိုသို့ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်စဉ် KIA၊ PDF၊ KNA တပ်ဖွဲ့များဖြင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ရှမ်းနီပြည်နယ် ရရှိရေးနှင့် တိုင်းရင်းသား တန်းတူညီမျှ အခွင့် အရေးများ ရရှိရေး ကြိုးပမ်းနေသော ရှမ်းနီလက်နက်ကိုင် ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1001
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၁
တိုက်ပွဲများကြောင့် ကျဆုံးနိုင်ငံဖြစ်နေသည့် အခြေအနေမျိုးတွင် တစ်ဖက်နှင့် တစ်ဖက် အပြုတ်တိုက်ရေးကိုသာ ဦးတည်နေခြင်းသည် ကိုယ့်အနာဂတ်ကို ရိုက်ချိုးသလိုဖြစ်နေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်လာကာ နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။
စိုင်းလိတ်က “ကျနော်တော့ fail state လို့ ပြောနေတဲ့ ကျဆုံးနိုင်ငံကြီးထဲကို ရောက်နေတာ တွင်းဆုံးတောင် ရောက်တော့မှာပေါ့နော်၊ ပြိုကျနေတာ၊ ပြိုဆင်းနေတာ၊ ဟိုးအောက်ဆုံးအဆင့် ရောက်တော့မယ်၊ ဒီအခြေအနေ မှာမှ ကိုယ်က တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်ဖို့လောက်ပဲ ရည်မှန်းနေတယ်၊ အပြုတ်တိုက်ဖို့လောက်ပဲ ဦးတည် နေဦးမယ် ဆိုရင်တော့ ဒါကိုယ့်အနာဂတ်ကို ပြန်ပြီးမှ ရိုက်ချိုးလိုက်သလိုမျိုး မျိုးသုဉ်းအောင် လုပ်လိုက်သလိုမျိုး ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
တိုက်ပွဲများကြောင့် ပြည်သူလူထုများမှာ စီးပွားရေး အကျပ်အတည်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ နယ်မြေ မလုံခြုံမှုများဖြင့် နေ့စဉ်ရင်ဆိုင်နေကြသည်။
အခြားတစ်ဖက်တွင် လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ပတ်သက်နေကြသော အဖွဲ့အစည်းများမှာ နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးထက် တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်ရေးကိုသာ ဦးတည်နေ ကြောင်း သိရသည်။

ဆောက်လုပ်ရေးအလုပ်သမား တစ်ဦးကိုတွေ့ရစဉ်
တိုက်ပွဲများ ကျယ်ပြန့်လာသည်နှင့်အမျှ ပြည်သူလူထုများမှာ ဒုက္ခမျိုးစုံ ကြုံတွေ့နေကြရကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လူထုတွေအနေနဲ့ အကျပ်အတည်းကတော့ ဒီခရီးသွားလာရေး၊ သွားရေးလာရေးတို့ နောက်ပြီးတော့ ကုန်ပစ္စည်းတွေ ပို့ဆောင်ရေးတို့ နေရာမှာလည်း အခက်အခဲ ကြန့်ကြာမှုတွေ ဖြစ်တယ်၊ နောက်ပြီးတော့ ဆီပေါ့ နော်၊ စက်သုံးဆီတွေ အကျပ်အတည်းဖြစ်လာမယ်၊ နောက်တစ်ခုကတော့ စီးပွားရေးတွေ ပိုပြီးတော့ ကျပ်တည်း လာမယ်ပေါ့၊ ဒီကုန်ဈေးနှုန်းတွေ ပိုပြီးတော့ မြင့်လာမှာပေါ့၊ အဲဒါတော့ ပြည်သူလူထုတွေ လတ်တလော ရင်ဆိုင်ရ မယ့် အခြေအနေပေါ့နော်။ ဒီတိုက်ပွဲတွေ ကျယ်ပြန့်လာလို့ရှိရင် လူထုတွေတော့ အခက်အခဲကတော့ မျိုးစုံပေါ့နော်၊ ပြောမတတ်လောက်အောင် မျိုးစုံဖြစ်လာမယ်၊ နောက်ပြီးတော့ ပါဝင်တဲ့ လူတွေပေါ့၊ Stakeholders တွေကတော့ ပြည်သူလူထုတွေရဲ့ အပေါ်မှာ စိတ်ကောင်းစေတနာ ထားပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်လာပြီလို့ပဲ ကျနော် တို့ ပြောချင်တယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာက တာဝန်ယူလျက်ရှိသည်။
ထို့နောက် NLD ခေါင်းဆောင်အချို့၊ ဒီမိုကရေစီ အင်အားစုများမှာ လက်နက်ကိုင် နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ ကြပြီး လက်ရှိတွင် ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါတိုက်ပွဲများကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများမှာ အဖက်ဖက်မှ ယိုယွင်းကျဆင်းလျက်ရှိနေပြီး လက်ရှိအချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1205
CNI News
၂၀၂၄ ခုနှစ်၊ မတ် ၈
နစကနှင့် NUG တို့ကြား တရားဝင်အစိုးရဖြစ်ရေးအတွက် သံတမန်ရေးရာ အားပြိုင်မှု မည်ကဲ့သို့ ရှိနေသလဲဆို သည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ နစကနှင့် NUG တို့သည် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးရာများတွင် အားပြိုင်လျက်ရှိနေသည်။
ကုလသမဂ္ဂတွင် နိုင်ငံပေါင်း ၁၉၀ ကျော်ရှိသည့်အနက် နိုင်ငံပေါင်း ၁၂၀ ကျော်မှာ NUG ဘက်တွင် ရပ်တည် ကြောင်း၊ တရုတ်၊ ရုရှားနှင့် နိုင်ငံအနည်းငယ်သာ နစကကို ထောက်ခံ အသိအမှတ်ပြုကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုလသမဂ္ဂက နိုင်ငံပေါင်း ၁၉၀ ကျော်ရှိတဲ့အနက်မှာ နိုင်ငံပေါင်း ၁၂၇ နိုင်ငံက ထောက်ခံတယ်ဗျာ၊ နိုင်ငံ ၃၅ လောက်က ကြားနေ၊ အဲဒီထဲမှာ စစ်ကောင်စီကို ထောက်ခံအသိအမှတ် ပြုတယ်ဆိုတာ ရုရှားနဲ့ တရုတ်ရဲ့ နောက်လိုက် နိုင်ငံအချို့ပေါ့ဗျာ၊ ၅ နိုင်ငံလောက်ပဲ ရှိမယ်ထင်တယ်။ ဒီအနေအထားကို ကြည့်လို့ရှိရင် သံတမန်ရေး အရ ဘယ်အင်အားစုက အသာရနေသလဲဆိုတာ မြင်သာပါတယ်။ အာဆီယံကတော့ ရောင်စုံ အဖွဲ့အစည်းဖြစ်တာ ကိုး အဲဒီတော့ အာဆီယံနိုင်ငံတချို့ကတော့ စစ်ကောင်စီအလိုကျ လုပ်ပေတဲ့နိုင်ငံလည်း ရှိတယ်။ ဒါပေမဲ့ အများ ပိုင်းက ပြောရလို့ရှိရင် အာဆီယံရဲ့ ဆုံးဖြတ်ချက် ၅ ရပ် ချမှတ်နိုင်တာ အာဆီယံထဲမှာ ဘယ်အင်အားစုက အားကောင်းတယ်ဆိုတာလည်း ဒါသိသာပါတယ်” ဟု ပြောသည်။

နစကအစိုးရကို တွေ့ရစဉ်
နစကနှင့် NUG တို့သည် ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ အသိအမှတ်ပြုမှု ရရှိရေး ကြိုးပမ်းနေကြသည်။
ထို့အတူ ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က လာအိုနိုင်ငံ၊ ဗီယင်ကျင်းမြို့၌ ကျင်းပသော အာဆီယံနှစ်ပတ်လည် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ နစကမှ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်း တက်ရောက်ခဲ့သည်။
အာဆီယံနှစ်ပတ်လည် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ နစကမှ တက်ရောက်ခြင်းကြောင့် သံတမန် ရေးရာတွင် အသာရရှိသွားသည်ဟု ပြောဆို၍ မရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နစကမှာ လက်ရှိ အစိုးရဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

NUG အဖွဲ့၀င်များကို တွေ့ရစဉ်
၎င်းက “SAC က ဘာပဲပြောပြော လက်ရှိတရားဝင် အစိုးရဆိုတာကတော့ ရှိနေပြီးသားပဲလေ၊ ပြောရလို့ရှိရင် နယ်မြေရှိတဲ့ အစိုးရပေါ့။ ကာကွယ်ရေးဝန်ကြီး အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဆိုတာက အမျိုးမျိုး ရှိတယ်လေ၊ သူ့နိုင်ငံရဲ့ သဘာဝအရကိုက ကာကွယ်ရေးဝန်ကြီးကို ကာကွယ်ရေးထဲက ဦးစီးချုပ် သို့မဟုတ် စစ်တပ်က ဗိုလ်ချုပ်တွေပဲ တာဝန်ယူရတာကိုး။ အဲဒီတော့ သူက မဆန်းဘူးလေ။ မဆန်းတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ နစက-က ကာကွယ်ရေးဝန်ကြီးတွေပေါ့နော်၊ လက်ရှိ ယူနီဖောင်းဝတ်ထားတဲ့ လူတက်တယ်ဆိုတာ တက်ခွင့်ပေးရတယ်ဆိုတာလည်း မဆန်းဘူး။ တက်ခွင့်ပေးရမှာ၊ ဒါကို ကြည့်ပြီးတော့ နစကကို အသာစီး ရတယ်လို့ ကျနော်တို့က သိပ်ပြီးတော့ ပြောလို့မရဘူး။ သို့သော် နစကထဲမှာကတော့ လက်ရှိအစိုးရဆိုတဲ့ legitimacy ပေါ့ဗျာ၊ legitimacy က ရှိနေသေးတယ်။ ရှိတယ်။ သူက ၂၀၀၈ အရ သွားတာကိုး။ ဒါကတော့ လက်ခံတဲ့သူရှိတယ်၊ လက်မခံတဲ့သူရှိတယ်။ အသာစီးရသွားပြီ ဆိုတာမျိုးကတော့ အဲဒီလိုတော့ တစ်ထစ်ချ ပြောလို့ မရသေးဘူး” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာက တာဝန်ယူလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 774
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၇
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်း တပ်ဖွဲ့က မြန်မာ့တပ်မတော် စစ်စခန်းများကို တိုက်ခိုက်ခဲ့ရာတွင် လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ကျဆုံးသွားကြောင်း သိရသည်။
KIA၊ AA၊ KPDF၊ PDF ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ဝိုင်းမော်နှင့် ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိ မြန်မာ့တပ်မတော် စစ်စခန်းများကို တိုက်ခိုက်ခဲ့ရာ စစ်ကူပေးရန်သွားသည့် လီဆူပြည်သူ့စစ်တပ်ဖွဲ့လည်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည်။
ထို့နောက် ကြားဖြတ် တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် လီဆူပြည်သူ့စစ်တပ်ဖွဲ့များ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ ဦးရွှေမင်းလည်း ကျဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
မြန်မာ့တပ်မတော်ကလည်း KIA တည်ရှိရာ လိုင်ဇာဒေသကို လေကြောင်းပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
