CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ပုဒ်မ ၅၀၅(က)ဖြင့် အလုံမြို့နယ်မှာ အမှုဖွင့်၍ အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဦးရဲထွဋ်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက အလုံမြို့မရဲစခန်း (ပ)၂၁၆/၂၀၂၃  ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ကာ ဖမ်ဆီးခဲ့ပြီးနောက် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။

ဦးရဲထွဋ်သည် ပြည်သူလူထု ထိတ်လန့်စေရန် ကြံရွယ်ပြီး မမှန်သတင်းများ ဖြန့်ဝေခြင်း၊ အစိုးရဝန်ထမ်းများ ပြစ် မှု ကျူးလွန်လာစေရန် ရည်ရွယ်လှုံ့ဆော်ခြင်းတို့ကြောင့် အရေးယူပေးရန် တိုင်ကြားခံရခြင်း ဖြစ်ကြောင်း နီးစပ် သူများထံမှ သိရသည်။

အဆိုပါ ပုဂ္ဂိုလ်သည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိမှာ နိုင်ငံရေးနှင့် လူမှုဘဝများကို သုံးသပ်ရေးသားလျက်ရှိသည်။