CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၁

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် Pu K Vanlalvena သည် ရက္ခိုင့်တပ်တော်(AA)မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ လမ်းဖောက်လုပ်ရေး ဆွေးနွေးခဲ့ကြောင်း မီဇိုရမ်ဒေသတွင်း မီဒီယာတစ်ခုဖြစ်သည့် The Lairam Time က ဖော်ပြခဲ့သည်။

အဆိုပါ တွေ့ဆုံမှုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်နေ့က နယ်စပ်တစ်နေရာမှာ ဖြစ်ကြောင်း သိရသည်။

ထို့နောက် မီဇိုရမ်ပြည်နယ်နှင့် ပလက်ဝမြို့နယ်အကြား ဖြတ်သန်းသွားလာမည့် လမ်းကို ဖောက်လုပ်သွားရန် အဓိက ဆွေးနွေးခဲ့ကြောင်း၊ ဖောက်လုပ်မည့် လမ်းကြောင်း လွှတ်တော်အမတ် Vanlalvena က လေ့လာခဲ့ ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်နေ့က AA နဲ့ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် Pu K Vanlalvena ကို တွေ့ရစဉ်

လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို AA က မြန်မာ့တပ်မတော်ထံမှ တိုက်ခိုက် သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေး ထူထောင်လျက်ရှိသည်။

အိန္ဒိယနိုင်ငံနိုင်ငံသည် မီဇိုရမ်ပြည်နယ်ကနေ ပလက်ဝမြို့နယ်ကို ဖြတ်သန်း၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အထိ ကုလားတန်မြစ်စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိကာ မြန်မာ့တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ကြောင့် စီမံကိန်းမလုပ်နိုင်ဘဲ ရပ်ထားရခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများရှိနေသည်။

ထို့နောက် ကုလားတန်မြစ်စီမံကိန်း ပြန်လည် စတင်နိုင်ရေးနှင့် စီမံကိန်းပါ လမ်းကြောင်းများ ပြန်လည် ဖောက် လုပ်နိုင်ရေးအတွက် AA နှင့်ပါ ဆွေးနွေးရမှုများ ဖြစ်လာခဲ့သည်။