CNI CNI

Demo Menu

  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

Connect with us

Follow us via bellow social networks.

  •  
  •  
  •  
  •  
  •  

Hotline: +095 9123 456 - Email: [email protected]

  •  
  •  
  •  
  •  
  •  
CNI CNI
  • Sign In
  • Sign up
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

NUG ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနေအိမ်ကို သိမ်းဆည်း

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1013
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁
 
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တွင် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးအဖြစ်လည်းကောင်း၊ ချင်းအမျိုးသားတပ်ဦး(CNF)၏ ဒုဥက္ကဋ္ဌ(၂)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေါက်တာလျန်မှုန်းဆာခေါင်း နေအိမ်အား နစက-က သိမ်းဆည်းလိုက်ကြောင်း သိရသည်။
 
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဒေါက်တာလျန်မှုန်းဆာခေါင်း၏ နေအိမ်အား ပုဒ်မ ၅၆ အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟု နစက၏ သက်ဆိုင်ရာအာဏာပိုင်များက စာကပ်ထားသည်။
 
အဆိုပါ စာတွင် “ယခုနေအိမ်သည် အကြမ်းဖက်မှု ကျူးလွန်သူ တစ်ဦးအား ပုန်းအောင်းခွင့်ပေးခြင်းနှင့် ယာယီ နေထိုင်ခွင့်ပေးကြောင်း ဖော်ထုတ်ရရှိသည့်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ အရ နေအိမ် အဆောက်အဦ ပိုင်ရှင်အား တရားစွဲဆိုသည့်အပြင် ပုဒ်မ ၅၆ အရ နေအိမ် အဆောက်အဦအား နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်သည်”ဟု ဖော်ပြထားသည်။
 
ဒေါက်တာလျန်မှုန်းဆာခေါင်းကတော့ ဟားခါးမြို့ရှိ မိမိ၏ နေအိမ်ကို သိမ်း ဆည်း သွားကြောင်း သူ၏ လူမှု ကွန်ရက် စာမျက်နှာပေါ်တွင် တရားဝင် ရေး သားဖော်ပြထားသည်။
 
၎င်းက "ဟားခါးမြို့ရှိ ကျနော့နေအိမ်ကို မင်းအောင်လှိုင်နဲ့ ၎င်းရဲ့စစ်တပ်ကသိမ်းဆည်း/လုယူသွားပါတယ်။ တိုင်းပြည်နဲ့ နိုင်ငံသားများ လွတ်မြောက်နိုင်ရေးအတွက် ကျနော်တို့မှာ ရှိရှိသမျှအကုန်ပေးဆပ်ရပါတယ်။ အိမ်နဲ့ ပိုင်ဆိုင်မှု တွေကို သူတို့သိမ်းယူလို့ရပေမယ့် ကျနော်တို့ရဲ့ တော်လှန်ရေး စိတ်ဓာတ်နဲ့ ဝိညာဉ်ကိုတော့ ဘယ် တော့မှ သိမ်းပိုက်လို့မရပါဘူး"ဟု ရေးသားဖော်ပြထားသည်။
 
 
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ တွင် တရားရုံးသည် အကြမ်းဖက်မှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုဆိုင်ရာ ပြစ်မှုဖြင့် ပြစ်ဒဏ်ချမှတ်လျှင် သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းထားသော ငွေကြေးနှင့် ပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်း သို့မဟုတ် သတ်မှတ်ချက်နှင့်အညီ စီမံ ခန့်ခွဲ ခြင်းပြုသည့် အမိန့်ချမှတ်ရမည်ဟု ပြဋ္ဌာန်းပါရှိသည်။
 
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံ CNI သတင်းဌာနက မေးမြန်းထားသော် လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
 
ပုံ-ဒေါက်တာလျန်မှုန်းဆာခေါင်း သေနတ်ပစ်လေ့ကျင့်နေစဉ် (ပုံ-Lian Sakhong/fb)
 
ဒေါက်တာလျန်မှုန်းဆာခေါင်းသည် ချင်းအမျိုးသားတပ်ဦး(CNF)တွင် ဒုဥက္ကဋ္ ဌ(၂)အဖြစ် တာဝန်ယူထားသလို NUG ၌ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးအဖြစ် တာဝန်ယူထားသည်။
 
 
 
NUG နှင့် CNF သည် မဟာမိတ်ပြုကာ နွေဦးတော်လှန်ရေးကို အတူတကွ ပူးပေါင်း၍ ဆောင်ရွက်နေကြသည်။
 
ထို့နောက် CNF သည် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
Previous article: အရင်းရှင်စနစ်သစ်အတွက် ဂျပန်ဝန်ကြီးချုပ်သစ် ကတိပေး Prev Next article: အီသီယိုးပီးယား မဟာဗျူဟာကျသော ဒက်စီးမြို့ကို သူပုန်တပ်သိမ်းပိုက် Next
CNI
CNI
Author, Editor, Publisher
Share
Tweet
Share
Share
powered by social2s

Related Topics

  • နွေဦး‌တော်လှန်ရေးသည် မြန်မာနိုင်ငံအတွက် သမိုင်းအလှည့်အပြောင်းဖန်တီးမည်ဟု NUG ပြော
  • PDF များ NUG ၏ ကွပ်ကဲမှုကို နာခံရန် ယာယီသမ္မတဒူ၀ါလရှီးလပြော
  • ရဲရဲတောက်သတ်ဖြတ်သလို ငြိမ်းချမ်းရေးကိုလည်း သတ္တိရှိရှိသွားရမည်ဟု KNU ဥက္ကဋ္ဌပြော
  • ပျက်သုဉ်းနိုင်ငံသို့ ဦးတည်နေပြီဟု NUG သမ္မတပြော
  • NUG နှင့် နယ်မြေသဘောတူမှုယူထား၊ ချင်းတပ်ဖွဲ့က လာတိုက်နေခြင်းဟု ZRA ပြော

Latest News

မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပမယ်

မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပမယ်

07 Jun အင်တာဗျူး
ကူဘိုကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်း ဆွေးနွေး

ကူဘိုကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်း ဆွေးနွေး

07 Jun အားကစား
ချာလိုဘာကို ခေါ်ယူဖို့ နာပိုလီအသင်း စိတ်ဝင်စား

ချာလိုဘာကို ခေါ်ယူဖို့ နာပိုလီအသင်း စိတ်ဝင်စား

07 Jun အားကစား
အီတလီရဲ့စွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့ ဒွန်နာရမ်မာ ဝေဖန် 

အီတလီရဲ့စွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့ ဒွန်နာရမ်မာ ဝေဖန် 

07 Jun အားကစား
တရုတ်၏ မြေရှားသတ္တုကန့်သတ်မှု အိန္ဒိယကားစက်ရုံများ အခက်တွေ့

တရုတ်၏ မြေရှားသတ္တုကန့်သတ်မှု အိန္ဒိယကားစက်ရုံများ အခက်တွေ့

07 Jun အားကစား

Newsflash

သံအမတ်ကြီး(ငြိမ်း) ဦးချိုထွန်းအောင်ကို လုပ်ကြံသတ်ဖြတ်သူများကို ဖမ်းမိ

CNI
  1. You are here:  
  2. Home
  3. နိုင်ငံရေး
  4. ပြည်တွင်း
  5. NUG ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနေအိမ်ကို သိမ်းဆည်း
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar