CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁

မြန်မာ့တပ်မတော် ဖြုတ်ချရေး ပူးပေါင်းလက်တွဲ၍ လက်နက်ကိုင် တိုက်ခိုက်နေကြသည့် KNU၊ KNPP၊ CNF၊ NUG တို့သည် တွေ့ဆုံဆွေးနွေးရေး လုပ်နိုင်သော လုပ်ငန်းစဉ်များကို ချပြ၍ ပူးတွဲ ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

နစက အနေဖြင့် မိမိတို့၏ နိုင်ငံရေး ဦးတည်ချက် ၆ ရပ်ကို လက်ခံလျှင် တွေ့ဆုံ ဆွေးနွေးသွားမည်ဟု ၎င်းတို့က ပူးတွဲထုတ်ပြန်ခဲ့သည်။