CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် ကရင်နီ(ကယား)ပြည်နယ်အတွင်း အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းမှာ NUCC မှာ ရေးဆွဲထားသည့် ဖက်ဒရယ်ပဋိဥာဉ် အစိတ်အပိုင်း-၂ ကို ဆန့်ကျင်နေခြင်းကြောင့် လက်မခံနိုင်ဘူးဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ယနေ့ (ဧပြီ ၂၆ ရက်)ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို KNPP ၏ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူးညေးရယ်က ထုတ်ပြန်ခဲ့သည်။

KNPP သည် NUG နှင့်မဟာမိတ်ဖြစ်ပြီး NUCC တွင် ပါဝင်၍ ဖက်ဒရယ်ပဋိဥာဉ်ကို အတူတူရေး ဆွဲခဲ့သော လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။