CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Mr. Ann Linde နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဇွန်လ ၈ ရက်က တွေ့ဆုံခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုသည် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ဖြစ်သည်။

Mr. Ann Linde က “ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်”ဟု သူ၏တွစ်တာ စာမျက်နှာမှာ ရေးသားထားသည်။

မြန်မာနိုင်ငံအရေး ငြိမ်းချမ်းစွာ ဖြေရှင်းနေသူများကို ဆက်လက် ထောက်ခံပံ့ပိုးသွားမည်ဟုလည်း ၎င်းက ပြောထားသည်။