CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး(မြောက်ပိုင်း)တို့ရှိ အဓိက လမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းနှင့် ကျေးရွာ အများစု၏ ၈၀ ရာခိုင်နှုန်းကို PDF များက စိုးမိုးထိန်းချုပ်ထားနိုင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဇွန်လ ၂၁ ရက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စတင် ဖွဲ့စည်းမှု တစ်နှစ်ကျော်ကာလ၊ ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ပြီး (၉)လကျော် ကာလ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ လေ့ကျင့်မှု၊ စုဖွဲ့မှု၊ ကွပ်ကဲမှု၊ တပ်ဆင်မှု၊ ထုတ်လုပ်မှု တို့သည် ပိုမို အား ကောင်းလျက် Professional Army တစ်ရပ်အဖြစ် တဖြည်းဖြည်း ပုံပေါ်လာပြီဖြစ်ကြောင်း၊ ယခုကာလတွင် ပြောက်ကျား စစ်သာမက လိုအပ်လျှင် တပ်ရင်းလိုက် ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့နောက် စစ်လက်နက် ပစ္စည်းတပ်ဆင်မှုနှင့်ပတ်သက်၍ ဝယ်ယူတပ်ဆင်ခြင်း၊ ထုတ်လုပ်တပ်ဆင်ခြင်း နည်းလမ်း (၂)ခု ဖြင့် အနိမ့်ဆုံးလိုအပ်ချက် ပြည့်မီရေး ဆောင်ရွက်လျက်ရှိ NUG က ထုတ်ပြန်ခဲ့သည်။

NUG က “ နယ်မြေစိုးမိုးမှုအနေဖြင့် တိုင်းဒေသကြီးများဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း(မြောက်ပိုင်း)တို့ရှိ အဓိက လမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းခန့်နှင့် ကျေးရွာအများစု၏ ၈၀ ရာခိုင်နှုန်းကို PDF များက စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ် သည်။ တနင်္သာရီတိုင်းနှင့် မန္တလေးတိုင်း(မြောက်ပိုင်း)တို့တွင် PDF တို့၏ လှုပ်ရှားမှုများ ပိုမိုအားကောင်းလာကာ ရန်ကုန် တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင်လဲ မြို့ပြပြောက်ကျား လှုပ်ရှားမှုများ ဆက်လက် ရှင်သန်လျက်ရှိနေသည်”ဟု ပြောသည်။

 NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း PDF စခန်းတစ်ခုကို သွားရောက်လေ့လာ

အလားတူ ပြည်နယ်များ ဖြစ်သည့် ကချင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည် နယ်(မြောက်ပိုင်း)တို့တွင် မဟာမိတ် EROs များနှင့် PDF တို့၏ စိုးမိုးထိန်းချုပ်နိုင်မှုများ တိုးပွားလျက်ရှိကာ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်လည်း EROs တို့၏ စစ်ရေးလှုပ်ရှားမှုနှင့် နယ်မြေစိုးမိုးထိန်းချုပ် နိုင်မှုတို့ အားကောင်း လျက်ရှိသည်ဟု NUG ၏ ဇွန်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့နောက် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းပေါ်ပေါက်သော မြန်မာပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ မြန်မာနိုင်ငံရှိ တိုင်းရင်း သား လူမျိုးပေါင်းစုံ ကိုယ်စားပြုပါဝင် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့ကို တခဲ နက် ထောက်ခံလျက်ရှိပြီး နစက ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို မည်သည့် နည်းနှင့်မျှ လက်ခံမည် မဟုတ် သည့် မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားအမှန်ကို ဦးထိပ်ထားလျက် တော်လှန်ရေး အောင်မြင်သည်အထိ ဦးလည် မသုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် NUG ၏ လက်အောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၂ ဒသမ ၂ သန်းရှိကြောင်း၊ လက်နက်တပ် ဆင်ရန် လိုအပ်ချက်များ ရှိနေသေးကြောင်း NUG ၏ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဖြစ်သူ ဒေါက်တာဇော်ဝေစိုးက ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်တွင် လန်ဒန်ရှိ London Southbank University မှာ မြန်မာများဖြင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။