- By CNI
- Category: နိုင်ငံရေး
- Hits: 1156
CNI International News
ကိယက်ဗ်၊ ဩဂုတ် ၂
ယူကရိန်း၏ အကြီးဆုံး နျူကလီးယားသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ရုရှားတပ်ဖွဲ့ဝင်များ ချထားခြင်းဖြင့် အဏုမြူ (အကာအရံ) ဒိုင်းသဘောမျိုး မော်စကို အသုံးချနေကြောင်း အမေရိကန်အစိုးရက စွပ်စွဲခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ဇာပိုရေဇီးယားမြို့တွင် တည်ရှိသည့် အဆိုပါစက်ရုံကို ယခုအခါ ရုရှားတို့က စစ်အခြေစိုက် စခန်းတစ်ခုအဖြစ် တပ်စွဲထားပြီး ယူကရိန်းတပ်ဖွဲ့များကို ခြေကုပ်ယူ တိုက်ခိုက်နေ၍ အမေရိကန်အနေဖြင့် အလွန်အမင်း စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောကြားခဲ့သည်။
အဆိုပါ စက်ရုံအနီးတဝိုက် ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်ခြင်း မပြုနိုင်ဘဲ ဆိုးရွားလာနိုင်သည့် နျူကလီးယား မတော်တဆ အန္တရာယ်ကိုလည်း သတိကြီးကြီးဖြင့် တားဆီးနေရသည်။
ဩဂုတ် ၁ ရက်တွင် ပင်လယ်နက်ဆိပ်ကမ်းမှ အိုဒက်ဆာမြို့သို့ ခုတ်မောင်း ထွက်ခွာသွားသော ပထမဆုံး ဂျုံစပါးတင် သင်္ဘောဖြင့် တင်ပို့ခဲ့မှုကို ချီးကျူးရန် စောလွန်နေသေးကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (AP)
ထိုသင်္ဘောသည် လက်ဘနွန်နိုင်ငံ၊ ထရီပိုလီမြို့ရှိ ဆိပ်ကမ်းသို့ မကပ်သေးမီ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် ဆိပ်ကမ်းတွင် စစ်ဆေးမှု ခံယူရန် ရပ်တန့်မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ယခု ရက်ပိုင်းအတွင်း ယူကရိန်းတို့ အသည်းအသန် လိုအပ်နေသော ဒုံးပစ် လောင်ချာများနှင့် အမြောက်များအတွက် ခဲယမ်းမီးကျောက်များ အပါအဝင် အမေရိကန်ဒေါ်လာ သန်း ၅၅၀ ဖိုး စစ်ရေး အကူအညီသစ် ပေးအပ်ရန် အမေရိကန်က ကြေညာခဲ့သည်။
ထိုအကူအညီသစ်တွင် ဟိမာ့စ် (HIMARS) ဟု လူသိများသော ရွှေ့လျားနိုင်သည့် အဆင့်မြင့် ဒုံးကျည် စနစ်များနှင့် ၁၅၅ မီလီမီတာ အမြောက်သုံး ကျည်ဆန်အတောင့်ရေ ၇၅,၀၀၀ ထည့်သွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီမှ ပြောခွင့်ရသူ ဂျွန်ကာဘီက သတင်းထောက်များကို ပြောကြားခဲ့သည်။
ယူကရိန်းတောင်ပိုင်းရှိ မာလ်ကိုလိုင်ဗ်မြို့တွင် ညဘက် ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း ၎င်းမြို့တော်ဝန် အလက်ဇန္ဒား စိုင်ယန်ရှက်ဗ်က လူမှုကွန်ရက်မီဒီယာတွင် ကြေညာခဲ့သည်။
“မာလ်ကိုလိုင်ဗ်မှာ မနက် ၄ နာရီလောက်က မြို့နယ်ခရိုင် အတော်များများမှာ အားပြင်းတဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး လူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 3079
CNI International News
ဝါရှင်တန်၊ ဩဂုတ် ၂
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တွင် အမေရိကန်၏ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်းဒါး ခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟာရီ သေဆုံးသွားပြီဟု သမ္မတ ဂျိုးဘိုင်ဒန်က ဩဂုတ် ၁ ရက်တွင် ကြေညာခဲ့ကြောင်း အေပီသတင်းဌာနမှ ရေးသားဖော်ပြသည်။
၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် အမေရိကန်နိုင်ငံရှိ World Trade Centre အမြွှာညီနောင်မျှော်စင် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူများ၏ မိသားစုများအတွက် တရားမျှတအောင် နောက်ဆုံး လုပ်ရပ်အဖြစ် ယခုဒရုန်းဖြင့် တုံ့ပြန်ခဲ့ခြင်း ဖြစ် ကြောင်း ဘိုင်ဒန်က ဆက်လက် ပြောကြားခဲ့သည်။
အိမ်ဖြူတော်မှ ညနေခင်း ပြောကြားခဲ့သော မိန့်ခွန်းထဲတွင် ၎င်းက “အမေရိကန် ထောက်လှမ်းရေးသည် အယ်လ်ဇာဝါဟာရီ ကို ၎င်း၏ မိသားစုနှင့်အတူ ပုန်းအောင်းနေသည့် ကဘူးလ်မြို့နယ်ရှိ နေအိမ်သို့ ခြေရာခံမိခဲ့ကြောင်း” ထုတ်ဖော် ပြောကြားခဲ့ သည်။
အဆိုပါ စစ်ဆင်ရေးကို အမေရိကန်သမ္မတ၏ လုပ်ပိုင်ခွင့်ထဲမှ ယခင်သီတင်းပတ်တွင် အတည်ပြု ပေးခဲ့ပြီးနောက် ဇူလိုင် ၃၁ ရက်တွင် စတင်လုပ်ဆောင်ခဲ့သည်။

သေဆုံးသွားသည့် အယ်လ်ကိုင်းဒါး ခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟာရီ (AP)
ဇာဝါဟာရီနှင့် အိုစမာဘင်လာဒင်တို့သည် သာမန် အမေရိကန် နိုင်ငံသားပေါင်း မြောက်မြားစွာတို့ကို ၎င်းတို့၏ အယ်လ်ကိုင်း ဒါး အစွမ်း သိသာစေဖို့ 9/11 တိုက်ခိုက်မှုကို ကြံစည် အကောင်အထည်ဖော်ခဲ့ကြသည်။
ဘင်လာဒင်ကို အမေရိကန်က ဆယ်စုနှစ် တစ်ခုနီးပါးကြာ ပိုက်စိတ်တိုက် ရှာဖွေပြီးနောက် အမေရိကန် နေဗီဆီးလ် အထူး တပ်ဖွဲ့၏ စစ်ဆင်ရေးဖြင့် ၂၀၁၁ ခုနှစ်၊ မေလ ၂ ရက်တွင် ပါကစ္စတန်နိုင်ငံထဲ၌ သုတ်သင် ရှင်းလင်းခဲ့သည်။
ယခု ဇာဝါဟာရီနှင့် ပတ်သက်၍ ဘိုင်ဒန်က “သူဟာ အာဖဂန်နစ္စတန်ကို ဘယ်တော့မှ နောက်တစ်ခါ ခြေချနိုင်တော့မှာ မဟုတ်ပါဘူး။ သူ မရှိတော့တဲ့အတွက် အာဖဂန်ဟာ အကြမ်းဖက်သမားတို့ရဲ့ ဘေးရန်ကင်းတဲ့နေရာ ဖြစ်လာမှာပါ။ နောက် ထပ် ဘာမှထပ်မဖြစ်အောင် ကျနော်တို့ ဆောင်ရွက်ပေးသွားမယ်” ဟု ပြောကြားခဲ့သည်။
“အခုဆိုရင် ဒီလို အကြမ်းဖက် ခေါင်းဆောင်ဆိုတာ ထပ်မပေါ်လာတော့ပါဘူး” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
ယခု ဇာဝါဟာရီကို သုတ်သင်ဖို့ စစ်ဆင်ရေးသည် အာဖဂန်ထဲတွင် ဆယ်စုနှစ် ၂ ခုကြာ အမေရိကန်တို့ ရှိခဲ့ပြီးနောက် ပြန်လည် ဆုတ်ခွာခဲ့သည့် ၁၁ လအကြာ ဘိုင်ဒန်အစိုးရလက်ထက် သိသာထင်ရှားသော အကြမ်းဖက်ဝါဒ တန်ပြန်ရေး အောင်ပွဲ တစ်ခု လည်း ဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1393
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က ဂျပန်နိုင်ငံမှာ ဖွင့်လှစ်ခဲ့ကြောင်း NUG Japan Office က ထုတ်ပြန်ခဲ့ သည်။
အဆိုပါ ကိုယ်စားလှယ်ရုံး ဖွင့်ပွဲကို NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ အမျိုးသမီး လူငယ်နှင့် ကလေးငယ်သူများဆိုင်ရာဝန်ကြီး ဒေါ်စူစန်နာလှလှစိုးတို့က အွန်လိုင်းကနေ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကြားကာလ လွှတ်တော်အမတ်များ၊ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ကူညီစောင့်ရှောက်ပေးနေသော ရဲတာဝန်ခံများ၊ မီဒီယာများ တက်ရောက်ကြသည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
NUG ၏ ကိုယ်စားလှယ်ရုံးများကို တောင်ကိုရီးယား၊ ဩစတြေလျ၊ ချက် စသည့်နိုင်ငံများတွင်လည်း ဖွင့်လှစ်ထားကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1459
CNI International News
မနီလာ၊ ဩဂုတ် ၂
ဖိလစ်ပိုင်သည် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) သို့ ပြန်လည်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း မကြာသေးမီက ရွေးကောက်တင်မြှောက်ခံသမ္မတသစ် ဖာဒီနန်မားကို့စ်ဂျူနီယာ (Ferdinand Marcos Jr)မှ ပြောကြားခဲ့သည်။
၎င်း(မားကို့စ်ဂျူနီယာ)သည် ယခင်သမ္မတဟောင်း(ဒူတာတေး)၏ ရပ်တည်ချက်ကို ထောက်ခံသော်လည်း လူ့အခွင့်အရေး လှုပ်ရှားသူများ၏ တောင်းဆိုချက်ကို ပယ်ချထားကြောင်း ဆက်လက် ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။
သမ္မတဟောင်း ရိုဒရီဂိုဒူတာတေး (Rodrigo Duterte) သည် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ (The Hague) မြို့အခြေစိုက် ICC မှ ၂၀၁၉ ခုနှစ်တွင် နုတ်ထွက်ခဲ့သည်။ ဒူတာတေးသည် တရားမဝင် မူးယစ်နှိမ်နင်းရေး လုပ်ငန်းစဉ်၌ လူပေါင်း ထောင်နှင့် ချီ၍ သတ်ဖြတ်ခဲ့ကြောင်း စွဲချက်ဖြင့် ယမန်နှစ်က ICC တရားရုံး၏ စုံစမ်းစစ်ဆေးမှု ခံခဲ့ရသည်။
“ဖိလစ်ပိုင်ဟာ ICC ကို ပြန်ဝင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး” ဟု သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် မားကို့စ်ဂျူနီယာက ဖြေကြားခဲ့သည်။

ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်တွင် အာဏာရလာခဲ့သော သမ္မတ မားကို့စ်သည် မကြာသေးမီက ၎င်း၏ တရားရေးဆိုင်ရာ အတွင်း ဝန်နှင့် အခြားဥပဒေ အကြံပေးများကို တွေ့ဆုံခဲ့ပြီး မူးယစ်နှိမ်နင်းရေး လုပ်ငန်းစဉ်ကြောင့် သတ်ဖြတ်မှုများအပေါ် ICC ၏ စုံစမ်း စစ်ဆေးမှု ဖြစ်နိုင်ခြေကို ဆွေးနွေးခဲ့ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် တဆက်တည်း ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ အထိ ဒူတာတေး၏ မူးယစ်နှိမ်နင်းရေး လုပ်ငန်းစဉ်အတွင်း သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးရန် လုပ်ပိုင်ခွင့်ရရှေ့နေ ကာရင်ခန်း (Karim Khan) ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ICC တရားသူကြီးများက ခွင့်ပြုခဲ့သည်။
သို့သော် ICC အနေဖြင့် တရားစီရင်ပိုင်ခွင့် မရှိသောကြောင့် ဖိလစ်ပိုင်အစိုးရက ကာရင်ခန်းထံသို့ ပေးစာ တစ်စောင်ပို့၍ စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့စေခဲ့သည်။
“ကျနော်တို့ဒီမှာ စုံစမ်းစစ်ဆေး နေပါတယ်လို့ ပြောပြီး တကယ်လည်း ဆက်လုပ်ပေးနေသားပဲ။ ဘာကြောင့် ဒီလိုဖြစ်ရ တာလဲ” ဟု ICC စုံစမ်းစစ်ဆေးမှု ပြန်လည်စတင်နိုင်ခြေကို မားကို့စ်ဂျူနီယာက မေးခွန်းထုတ်ခဲ့သည်။

အမှုစစ်ဆေးလိုသည့် ကာရင်ခန်း
တကယ်တမ်းတွင် ICC သည် တရားစွဲဆိုရန် မလိုလားသော (သို့မဟုတ်) ဆောင်ရွက်နိုင်စွမ်းမရှိသော နိုင်ငံများအတွက် နောက်ဆုံး အားကိုးအားထားပြုရာ နိုင်ငံတကာတရားရေး မျက်နှာစာ ဖြစ်သည်။
အဆိုပါ တရားရုံး၏ စည်းမျဉ်းစည်ကမ်းအရ နိုင်ငံတစ်နိုင်ငံသည် အမှုစွဲချက် တစ်ခုအပေါ် ပြည်တွင်း၌ စုံစမ်းစစ်ဆေးနေပြီဆို ပါက ICC ၏ စုံစမ်းစစ်ဆေးမှု ဆိုင်းငံ့ပေးရန် တောင်းဆိုနိုင်သည်။
သို့သော် ရှေ့နေ ကာရင်ခန်းသည် ပြီးခဲ့သည့် ဇွန်လ၌ ၎င်း၏ စုံစမ်းစစ်ဆေးမှုများကို ပြန်လည်စတင်ရန် ကြိုးပမ်းခဲ့ပြီး “ဖိလစ်ပိုင်အစိုးရထံမှ တောင်းဆိုထားသော ဆိုင်းငံ့မှုသည် အာမခံချက်ပေး၍ မရကြောင်း၊ စုံစမ်းစစ်ဆေးမှုကို တတ်နိုင်သမျှ အဆောတလျင် ပြန်စသင့်ကြောင်း မိမိ ကောက်ချက်ချသည်” ဟု ပြောကြားခဲ့သည်။
ဒူတာတေး၏ နှိမ်နင်းမှုတွင် မူးယစ်ဆေးဝါး အမှုများနှင့်ပတ်သက်၍ သံသယရှိသူ ၆ ထောင်ကျော် သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ စာရင်းဇယားများကို အခြေခံ၍ အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။
Source: Aljazeera
- By CNI News
- Category: နိုင်ငံရေး
- Hits: 2827
CNI International News
ဝါရှင်တန်၊ ဩဂုတ် ၁
ရုရှားနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကမ်းလှမ်းလိုက်ပြီး နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်သစ် ဖြစ်ပေါ်လာဖို့ တရုတ်အနေဖြင့်လည်း စေ့စပ်ညှိနှိုင်းသင့်သည်ဟု ပြောကြားခဲ့သည်။
New START (သို့မဟုတ်) မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ်ကို အစားထိုး ပြင်ဆင်ချုပ်ဆိုရန် ရုရှားနှင့် ညှိနှိုင်းဖို့ အသင့်ရှိကြောင်း ဒသမကြိမ်မြောက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) ပြန်လည်သုံးသပ်ရေး ညီလာခံမတိုင်မီ ဩဂုတ် ၁ ရက်တွင် ဘိုင်ဒန်က အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။
"၂၀၂၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် New START နေရာတွင် အစားထိုးရန် လက်နက်ထိန်းချုပ်မှု မူဘောင်အသစ်ကို အမြန် စေ့စပ်ညှိနှိုင်းရန် အသင့်ဖြစ်နေကြောင်း၊ သို့သော် စေ့စပ်ညှိနှိုင်းရေးတွင် သစ္စာရှိရှိ လုပ်ဆောင်မည့် မိတ်ဖက်တစ်ဦး လိုအပ်ကြောင်း" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။
“ဒီအခြေအနေမှာ ရုရှားဟာ အမေရိကန်နဲ့အတူ နျူကလီးယား လက်နက် ထိန်းချုပ်ရေး လုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာကို ပြသသင့်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်ရန် ဘေဂျင်းကိုလည်း ဘိုင်ဒန်က တောင်းဆိုခဲ့သည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1562
CNI International News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁
ရုရှားနိုင်ငံတွင် ဇူလိုင် ၃၁ ရက်၌ ရေတပ် အထိမ်းအမှတ်နေ့အဖြစ် အားလပ်ရက် သတ်မှတ်ပြီး မြို့အသီးသီးတွင် ရေတပ် ချီတက်ပွဲများဖြင့် ကျင်းပခဲ့ကြောင်း အယ်လ်ဂျာဇီးယား ဝက်ဘ်ဆိုက်က ဖော်ပြသည်။
သမ္မတ ဗလာဒီမာပူတင်သည် ရုရှား၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် စိန့်ပီတာစဘတ်တွင် ကျင်းပသည့် ရေတပ်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရေတပ်ကို စစ်ဆေးပြီးနောက် ပူတင်သည် လာမည့်လများတွင် အဖျက်စွမ်းအားမြင့်၍ အသံထက်မြန်သည့် Zircon ခရုဇ် ဒုံးကျည်များကို ရေတပ်သို့ ပေးမည့် အစီအစဉ်အား အသိပေး ကြေညာသည့် မိန့်ခွန်း အတိုချုပ် ပြောကြားခဲ့သည်။
အဆိုပါ ဒုံးကျည်များသည် အသံ၏ အလျင်နှုန်းထက် ၉ ဆပို၍ မြန်ဆန်စွာ ပျံသန်းပစ်ခတ်နိုင်သဖြင့် လေကြောင်းရန် ကာကွယ်ရေးကို ကျော်လွှား၍ ပစ်မှတ် ထိမှန်နိုင်စွမ်းရှိသည်။

ပူတင် ရေတပ်အယူအဆ(ညွှန်ကြားချက်)အသစ်ကို လက်မှတ်ထိုးနေစဉ်
ဇူလိုင် ၃၁ ရက် အစောပိုင်းက စာမျက်နှာ ၅၅ မျက်နှာပါ ရေတပ်အယူအဆ(ညွှန်ကြားချက်)အသစ်ကို ပူတင်က အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ အယူအဆ စာတမ်းထဲတွင် ရုရှားရေတပ်၏ ကျယ်ပြန့်သော မဟာဗျူဟာ ရည်မှန်းချက်များကို ထည့်သွင်းဖော်ပြထား ပြီး ကမ္ဘာတလွှား ဖြန့်ကျက်ထားမည့် “မဟာရေကြောင်းဆိုင်ရာ အင်အား(ပါဝါ)” ရည်မှန်းချက်များ ပါဝင်သည်။
ရုရှားနိုင်ငံအတွက် အဓိကခြိမ်းခြောက်မှုမှာ “ကမ္ဘာ့သမုဒ္ဒရာများကို စိုးမိုးထားရေးအတွက် အမေရိကန်၏ မဟာဗျူဟာမူဝါဒ” နှင့် မြောက်အတ္တလန္တိတ်(နေတိုး)စစ်မဟာမိတ်အဖွဲ့၏ လှုပ်ရှားမှုများ ရုရှားနယ်စပ်သို့ ပိုမိုနီးကပ်လာခြင်း ဖြစ်သည်။
ရုရှားသည် သံတမန်ရေးရာနှင့် စီးပွားရေးဆိုင်ရာ အစီအမံမျိုးကို အခြား အင်အားကြီးနိုင်ငံများ ကုန်ခမ်းသွားသည့် တိုင်အောင် ကမ္ဘာ့သမုဒ္ဒရာများအတွင်း ၎င်း၏စစ်အင်အားကို သင့်တင့် လျောက်ပတ်စွာ အသုံးပြုနိုင်ကြောင်း၊ ကမ္ဘာတဝန်းတွင် ၎င်း၏ ရေတပ် အခြေစိုက်စခန်းများ လုံလောက်မှု မရှိသေးသည်ကို ရုရှားက အသိအမှတ်ပြုကြောင်း ယခုရေတပ် အယူအဆသစ် ထဲတွင် ဖော်ပြထားသည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1616
CNI International News
မနီလာ၊ ဩဂုတ် ၁
ဖိလစ်ပိုင်အာဏာရှင် ဖာဒီနန်မားကို့စ် လက်ထက်က အမျိုးသားရဲတပ်ဖွဲ့၏ အကြီးအကဲဖြစ်ခဲ့သူ ဖိလစ်ပိုင်သမ္မတဟောင်း ဖီဒယ်ရာမို့စ်သည် ၁၉၈၆ ခုနှစ်တွင် အာဏာရှင်ဖြုတ်ချသည့် ပြည်သူ့အာဏာ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ဖူးပြီး ယခုအခါ အသက် ၉၄ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း Bloomberg သတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ဖော်ပြသည်။
ရာမို့စ်သည် ဇူလိုင် ၃၁ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း DZRH ရေဒီယိုနှင့် ဖိလစ်ပိုင်အစိုးရပိုင် PTV ရုပ်သံလိုင်းတို့မှ ထုတ်လွှင့်ခဲ့သော်လည်း အဆိုပါမီဒီယာများက ရာမို့စ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များကို ထည့်သွင်း မဖော်ပြခဲ့ပေ။
FVS ဟုလည်း အတိုကောက် ခေါ်ခဲ့ကြသည့် ရာမို့စ်သည် အာဏာရှင်ခေတ်လွန် နိုင်ငံရေးလေ့လာဝေဖန်သူ ဘီနစ်နို အကွီနို ဂျူနီယာ၏ ကျန်ရစ်သူဇနီး ကိုရာဇွန် အကွီနို လက်ထက်တွင် ကာကွယ်ရေးဦးစီးချုပ် အဖြစ်လည်း တာဝန်ယူခဲ့သည်။ ဘီနစ်နို အကွီနိုသည် တစ်ချိန်က အာဏာရှင်မားကို့စ်၏ ရက်စက်ကြမ်းကြုတ်မှုများကို တစ်တစ်ခွခွ ဝေဖန်ထိုးနှက်ခဲ့သူ ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမဆုံး ကျင်းပခဲ့သော ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲဖြင့် ရာမို့စ်သည် သမ္မတရာထူး ရယူခဲ့ပြီး ၁၉၉၇ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်း ကာလတွင် အရှေ့တောင်အာရှဒေသတွင်း စီးပွားရေးကို ပြန်လည် ဦးမော့လာအောင် ကြိုးပမ်းခဲ့သဖြင့် အများ၏ ချီးကျူးလေးစားမှု ရခဲ့သည်။
စစ်ဘက်အရာရှိ တစ်ဦးဖြစ်ခဲ့သူ ရာမို့စ်သည် ၁၉၈၆ ခုနှစ်မှစတင်၍ ဖိလစ်ပိုင်နိုင်ငံရေး ဇာတ်ခုံပေါ်တွင် ထင်ရှားလာခဲ့သည်။ မားကို့စ် အနေဖြင့် အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲ၌ မဲလိမ်သည်၊ မဲခိုးသည်ဟူသော ၎င်းနှင့်ထိုစဉ်က ကာကွယ် ရေး ဝန်ကြီး ဝမ်ပေါ့အမ်ထရီ (Juan Ponce Entrile) တို့က စွပ်စွဲ၍ မားကို့စ်လက်အောက်မှ ခွဲထွက်ခဲ့ကြသည်။

အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်
အာဏာရှင် မားကို့စ်သည် ၎င်း၏ကိုယ်ကျိုးကိုသာ ဦးစားပေးပြီး အရည်အချင်း ပြည့်ဝသော စစ်ဦးစီးချုပ်လည်း မဟုတ်၍ မိမိ ဘက်ပြောင်းခဲ့ခြင်းဖြစ်ကြောင်း ရာမို့စ်က ထုတ်ဖော် ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦးသည် မနီလာမြို့တော်ရှိ ရဲဌာနချုပ်တွင် မားကို့စ် လိုလားသော တပ်များ၏ ဖြိုခွင်းခံရနိုင်သည်ဟု မျှော်လင့်ခဲ့ကြ သော်လည်း လူသားတံတိုင်းတစ်ခု အတားအဆီးလုပ်၍ ဌာနချုပ် အဆောက်အဦ ပတ်ပတ်လည်တွင် စုရုံးရန် စီစဉ်ခဲ့ကြသည်။
ထိုသို့ စုရုံးရန်အတွက် ရိုမန်ကက်သလစ် ကာဒီနယ် (ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်)တစ်ဦးထံမှ မေတ္တာရပ်ခံချက်ကို ဖိလစ်ပိုင်လူထုက အလေးထားခဲ့ကြသည်။
သို့ဖြင့် နောက်ဆုံးတွင် အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့သော ပြည်သူ့အာဏာတော်လှန်ရေးကို စတင်နိုင်ခဲ့ကြသည်။
၂၀၀၀ ပြည့်နှစ်တွင် ရာမို့စ်ကို ဂုဏ်ပြုသောအားဖြင့် အမေရိကန်နိုင်ငံရှိ West Point စစ်တက္ကသိုလ် သင်တန်းဆင်းဟောင်း များအဖွဲ့က ၎င်း၏ ဖိလစ်ပိုင် ဒီမိုကရေစီ ပြန်လည် ရရှိရေးတွင် ပါဝင်ခဲ့သော အဓိက အခန်းကဏ္ဍကို တလေးတစား ထုတ် ဖော် ချီးကျူးခဲ့ကြသည်။
သို့ဖြစ်၍ ရာမို့စ်သည် ဖိလစ်ပိုင် ပြည်သူ့တော်လှန်ရေး၏ သူရဲကောင်းတစ်ဦးအဖြစ် အမည်တွင် ခဲ့လေသည်။
Source: Bloomberg, Bangkok Post
- By CNI
- Category: နိုင်ငံရေး
- Hits: 1820
CNI International News
မော်စကို၊ ဩဂုတ် ၁
ကမ္ဘာ့သမုဒ္ဒရာများကို လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့အတွက် အမေရိကန်၏ လမ်းစဉ်နှင့် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (နေတိုး) ၏ လှုပ်ရှားမှုများသည် ရုရှားအတွက် ကြီးမားသည့် လုံခြုံရေး ခြိမ်းခြောက်မှုဖြစ်ကြောင်း ဇူလိုင် ၃၁ ရက်၌ သမ္မတ ဗလာဒီမာ ပူတင်က အတည်ပြုခဲ့သော ပင်လယ်ရေကြောင်းဆိုင်ရာ အယူအဆသစ်ထဲတွင် သတ်မှတ်ဖော်ပြခဲ့သည်။
အဆိုပါ အယူအဆသစ်ကို ရုရှားအစိုးရ၏ တရားဝင် သတင်းအချက်အလက်များ ထုတ်ပြန်နေကျဖြစ်သည့် Web Portal တွင် လွှင့်တင်လိုက်ကြောင်း တာ့စ်က ရေးသားဖော်ပြသည်။
“ကမ္ဘာ့သမုဒ္ဒရာနှင့် ဆက်စပ်၍ ရုရှားဖက်ဒရေးနိုင်ငံအတွက် အမျိုးသားလုံခြုံရေးနှင့် ရေရှည်ဖွံ့ဖြိုးမှုဆိုင်ရာ အဓိက စိန်ခေါ်မှု များနှင့် ခြိမ်းခြောက်မှုများမှာ သမုဒ္ဒရာများကို လွှမ်းမိုးချုပ်ကိုင်နိုင်အောင် အမေရိကန်၏ မဟာဗျူဟာလမ်းစဉ်များဖြစ် ကြောင်း၊ ရေကြောင်းဆိုင်ရာ နိုင်ငံတကာ လုပ်ငန်းစဉ်အပေါ် အမေရိကန်က ဩဇာလွှမ်းမိုးနိုင်ရေး ကြိုးစားနေကြောင်း၊ သမုဒ္ဒရာ ရေကြောင်းတွင် သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင် အရင်းအမြစ်လည်း ပတ်သက်ဆက်နွှယ်ကြောင်း” စသည်ဖြင့် ရုရှား၏ အယူအဆသစ်ထဲတွင် ဖော်ပြထားသည်။
ထိုအယူအဆသစ်အရ နေတိုး စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို ရုရှားနယ်စပ်သို့ ထိစပ်လာအောင် တိုးချဲ့ခြင်း၊ ရုရှားပိုင်နက်နှင့် ကပ်လျက်တည်ရှိသော ပင်လယ်ရေပြင်၌ နေတိုး စစ်ရေးလေ့ကျင့်မှု အကြိမ်ရေ တိုးလာခြင်းတို့ကို လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် ပိုင်းခြား သတ်မှတ်ထားသည်။

အမေရိကန်တပ်ဖွဲ့
ကမ္ဘာ့သမုဒ္ဒရာ အရင်းအမြစ်များနှင့် အရေးပါသော ရေကြောင်း သွားလာမှုများတွင် ရုရှားဝင်ရောက်ခြင်းကို ကန့်သတ်ရန် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ ကြိုးပမ်းနေကြောင်း၊ ရေတပ်အင်အား၌ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်လိုခြင်းမှာ အမေရိကန်၏ ဆန္ဒဖြစ်ကြောင်း ယခုအယူအဆသစ် စာတမ်းထဲတွင် ထောက်ပြထားသည်။
ရုရှား၏ ရေကြောင်းဆိုင်ရာ အယူအဆသစ်သည် အာတိတ်ဒေသ၌လည်း လှုပ်ရှားမှုများ အရှိန်မြှင့်တင်ရန် ပြဋ္ဌာန်းလိုက် ကြောင်း၊ စပစ်ဘာဂန်၊ ဖရန့်ဂျိုးဇက်ကျွန်းနှင့် နိုဗာယာဇမ်လျာကျွန်းစုများနှင့် ဝရန်ဂျယ်ကျွန်းတို့ရှိ ရေကြောင်း လှုပ်ရှားမှု များကို မြှင့်တင်ရန် မျှော်မှန်းထားကြောင်း အဆိုပါ စာတမ်းထဲတွင် ဆက်လက် ရေးသားထားသည်။
ယခု အယူအဆသစ်အရ ရုရှားသည် အမျိုးသားလုံခြုံရေးနှင့် ကမ္ဘာ့သမုဒ္ဒရာများရှိ ၎င်း၏အကျိုးစီးပွားများကို ကာကွယ်ရန် အတွက် ရေတပ် စစ်ဆင်ရေး စွမ်းရည်ကိုလည်း တိုးမြှင့်သွားမည်ဟု သိရသည်။
ထို့အပြင် ကမ္ဘာ့အရှေ့ဖျားရှိ ခေတ်မီ အဆင့်မြင့် နည်းပညာသုံး သင်္ဘောတည်ဆောက်ရေး လုပ်ငန်းကို အကောင်အထည် ဖော် ခြင်း (အထူးသဖြင့် အာတိတ်ဒေသ) နှင့် ရေတပ်အတွက် နည်းပညာမြင့် လေယာဉ်တင်သင်္ဘောများ တည်ဆောက်ရေး ဒီဇိုင်း ရေးဆွဲခြင်းတို့လည်း ရုရှားက စီစဉ်ထားသည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1608
CNI International News
ကိယက်ဗ်၊ ဩဂုတ် ၁
ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ မာလ်ကိုလိုင်ဗ် (Mykolaiv) ဆိပ်ကမ်းမြို့ကို ရုရှားဒုံးကျည်များ ကျရောက် ပေါက်ကွဲ ခဲ့ခြင်းကြောင့် ဆန်စပါးတင်ပို့သည့်လုပ်ငန်းရှင်တစ်ဦး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြ သည်။
အလားတူ ရုရှားနိုင်ငံ၊ ဆီဘတ်စတိုပို (Sevastopol) မြို့ရှိ ပင်လယ်နက် ရေတပ်အခြေစိုက်စခန်းကို ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်မှုသည် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ရုရှားလွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့သည်။
ရုရှားဒုံးကျည် ကျရောက်ပေါက်ကွဲပြီးနောက် ဆန်စပါးလုပ်ငန်းရှင်နှင့် နီဘူလွန်(Nibulon) စိုက်ပျိုးရေးကုမ္ပဏီ တည်ထောင်သူ အိုလက်ဆီးဗာဒါတာစကီနှင့် ဇနီးတို့သည် နေအိမ်တွင် သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း မာလ်ကို လိုင်ဗ်မြို့ အုပ်ချုပ်ရေးမှူး ဗီတယ်လီကင်မ် (Vitaliy Kim) က တယ်လီဂရမ်ချန်နယ်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရုရှားသိမ်းပိုက်ထားသည့် ခါဆွန်ဒေသနှင့်နယ်နိမိတ်ချင်းထိစပ်နေပြီး မဟာဗျူဟာအရ အရေးပါသော မာလ်ကို လိုင်ဗ်မြို့တွင် ရုံးချုပ်ထားရှိသည့် နီဘူလွန်ကုမ္ပဏီသည် ဂျုံ၊ မုယောစပါးနှင့်ပြောင်းများ ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း လုပ်ငန်းများကို အဓိကထားလုပ်ကိုင်သည်။ ကုမ္ပဏီ၏ကိုယ်ပိုင်ရေယာဉ်များနှင့် သင်္ဘောကျင်းများလည်း ထူထောင်ထားသည်။

ယူကရိန်းနိုင်ငံ ခါကိဗ်မြို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းပျက်ဆီးနေသည့် အဆောက်အဦးကို မီးသတ်သမားတစ်ဦးမှ မီးငြိမ်းသတ်ပေးနေစဉ်(ဓါတ်ပုံ-AFP)
ရုရှားဘက်မှ ဒုံးကျည် ၁၂ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရကြောင်း၊ စစ်ပွဲကာလ ၅ လအတွင်း မြို့အတွင်းရှိ လူနေ အိမ်များနှင့်စာသင်ကျောင်းများကို ထိမှန်ခဲ့၍ အနည်းဆုံး လူ ၃ ဦးသေဆုံးကာ ယခုတစ်ခေါက်မှာတော့ အပြင်း ထန်ဆုံး တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မာလ်ကိုလိုင်ဗ်မြို့တော်ဝန် အိုလက်ဇန္ဒားဆန်ချက် (Oleksandr Senkevych) က ပြောကြားခဲ့သည်။
ဇူလိုင် ၃၁ ရက် ညနေပိုင်းတွင် ရုရှားဘက်မှတိုက်ခိုက်မှု ပြန်လည်စတင်ခဲ့သည်ဟု ၎င်းက ဆက်လက်၍ သတင်း ထုတ်ပြန်သော်လည်း အသေအပျောက်(သို့မဟုတ်) ထိခိုက်ပျက်စီးမှုသတင်း မသိရသေးပေ။
ရုရှားတို့ သိမ်းယူထားသည့် ခရိုင်းမီးယားဒေသ(Crimean)ရှိ ဆီဘတ်စတိုပိုမြို့(Sevastopol)တွင် ရုရှားရေတပ်မှ စစ်မှုထမ်း ၅ ဦး ဒဏ်ရာရစေခဲ့သည်ဟု ယူဆရသော မောင်းသူမဲ့လေယာဉ် (ဒရုန်း) တစ်စင်းမှာ ရုရှားပင်လယ်နက် ရေယာဉ်စုအဝန်းအဝိုင်းထဲသို့ ပျံဝဲခဲ့ကြောင်း အဆိုပါမြို့အုပ်ချုပ်ရေးအရာရှိ မီခေးလ်ရက်ဗိုဇာယက်ဗ် (Mikhail Razvozhayev) က ရုရှားမီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။
အဆိုပါဒရုန်းပျံဝဲမှုကြောင့် ၎င်းက ယူကရိန်းကို အပြစ်တင်ခဲ့ပြီး “ကျနော်တို့ ရေတပ်အထိမ်းအမှတ်နေ့ (Navy Day) ကို အနှောင့်အယှက်ပေးတယ်လို့ ယူဆပါတယ်” ဟု ပြောကြားခဲ့သည်။
Source: Reuters
